← Chapters

စွမ်းအား

Vol. 46 Ch. 635

စွမ်းအား

Vol. 46 Ch. 635

စွန်းရှန် သူ့နှလုံးသားထဲတွင် ထိုဂါထာကို ရွတ်ျက်လိုက်သောအခါ သူ၏ခန္ဓာကိုယ်မှ လောင်ကျွမ်းနေသော အသက်စွမ်းအင်က စကြဝဠာကြီးထဲရှိ ဥပဒေဿအချို့ကြောင့်ချက်ချင်းပင် ပြောင်းလဲလာသည်။

ဤပြောင်းလဲမှုက တိမ်များ၊ ကြယ်များ၊ ၎င်းတို့ပတ်ဝန်းကျင်ရှိ လေ၊ မြေပြင်အနေအထားနှင့် လောကကြီးပေါ်ရှိ အခြားအရာအားလုံးနှင့်အညီ လုပ်ဆောင်နေပုံရသည်။ စွန်းရှန်က အပ်ရှစ်ချောင်းကို သူ့ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပြီးနောက် ဖြစ်ပေါ်လာသော မှော်အစီအရင်နှင့် တင်းကျပ်စွာ ချိတ်ဆက်ခဲ့သည်။

ထိုအချိန်တွင်စွန်းရှန်၏ ခန္ဓာကိုယ်က မမြင်နိုင်သော တွင်းနက်ကြီး ဖြစ်သွားပြီး လီ သောင်းနှင့်ချီ ဝေးကွာသော တစ်နေရာနှင့် ချိတ်ဆက်ထားသည့် နေရာတစ်ခုဖြစ်သည်။ စွန်းရှန်က ဟင်းလင်းပြင်မှတဆင့် အမှတ်နှစ်ခုကို ချိတ်ဆက်ပေးသည့် ကြားခံအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်က အမှတ်နှစ်ခုထဲမှ တစ်ခုဖြစ်လာခဲ့သည်။ အခြေတည်ဝိညာဉ်တစ်ခုက အချိန်ခရီးသွားပြီးလျှင် သူ့အပေါ်သို့ ဆင်းသက်နိုင်ပေလိမ့်မည်။

စွန်းရှန်းပ သူ့စိတ်ထဲတွင် အေးစက်စွာ ရယ်မောနေသည်။ သူပြင်ဆင်ထားသော ထို အစီအစဉ်က ကောင်းသည်ဟု ယုံကြည်နေလေသည်။စုမင်က သူ့ကိုမသတ်ဘဲ စွမ်းရည်ကို အကောင်အထည်ဖော်ခွင့်ပြုချိန်၌

စွန်းရှန် က သူ့ကို သေမင်းထောင်ချောက်ထဲ တည့်တည့် လျှောက်လှမ်းနိုင်မယ်လို့ လုံးဝယုံကြည်ခဲ့သည်။

သူယခက်ကလုပ်ခဲ့သမျှမှာ ဤနောက်ဆုံးအခိုက်အတန့်အတွက်ပင်ဖြစ်သည်။ ဂူပေါက်ဖွင့်လိုက်သည်နှင့် စုမင်၏ အာရုံကို ဖမ်းစားလိုက်သော သူ့အတွင်းမှ စွမ်းအင်များ ပေါက်ကွဲသွားလေတော့သည်။ ဤအရာလုပ်ဆောင်ရန် သူကခဏမျှသာ လိုအပ်သည်။ စုမင်က ထိုအရာ နောက်မှ သတိထားမိခဲ့ရင်တောင် ဘာမှမထူးခြားသေးပေ။

သို့သော်... သူစိတ်ကူးယဉ်ခဲ့သော ဤစိတ်ကူးယဉ်အခြေအနေများအားလုံးက လက်တွေ့တွင် စီစဉ်ထားသည့်အတိုင်း အလုပ်မဖြစ်ပေ။ သာဓကအားဖြင့် စွန်းရှန်က သူ၏ဆရာကြီး၏ အခြေတည်နတ်ဘုရား ဆင်းသက်လာစေရန် စိတ်နှလုံးထဲ၌ ရွတ်ဆိုနေခဲ့သည်။ ထိုအချိန်တွင် ဂူပေါက်ဝ ပွင့်လာသည်ကိုမြင်သော် စုမင်က သူ့ကို အေးစက်စွာကြည့်နေခဲ့သည်။

ထိုအကြည့်တွင် လှောင်ပြောင်သယောင်ယောင် ပုံပေါ် ပြီး စွန်းရှန်း က ရှင်းရှင်းလင်းလင်း မြင်လိုက်သည်နှင့် တပြိုင်နက် တုန်လှုပ်ချောက်ချားသွား လေသည်။ စုမင်၏အကြည့်က သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသော ဓားထက်ထက်နှင့်တူပြီး ထိုအကြည့်အောက်တွင် သူ၏လျှို့ဝှက်ချက်များအားလုံးကို ထုတ်ဖော်လိုက်သလို ခံစားလိုက်ရသည်။ သူက စုမင်ကို မည်သည့်အရာမှ မဖုံးကွယ်နိုင်ပေ။

‘မဖြစ်နိုင်ဘူး..ငါ့အတွေးတွေကို သူသတိမထားမိနိုင်ဘူး။။။ တစ်ကြိမ်တောင် မလွှဲချော်ခဲ့ဘူး...’

စွန်းရှန်၏ နှလုံးသားမှ ကျယ်လောင်သော ရင်ခုန်သံများ ထွက်လာပြီး သူ့ခန္ဓာကိုယ်သည် တုန်ခါလာသည်။သူ့တွင် အလွန်အမင်း တွေးတောရန် အချိန် သို့မဟုတ် လွတ်လပ်မှု မရှိတော့ပေ။ သူ့လက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး ချိတ်တံဆိပ်တစ်ခု ဖန်တီးလိုက်သည်။

စွန်းရှန်က ပြင်းထန်စွာ ပေါက်ကွဲသံနှင့်အတူ စတင်တုန်လှုပ်လာသည်။ သူ့အတွင်းမှ အခြားနတ်ဘုရားအာရုံတစ်ခု ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ပျံ့နှံ့ထွက်လာသည်။ ထိုနတ်ဘုရားအာရုံက လျင်မြန်စွာကြီးမားလာပြီး စွန်းရှန်ရှမ်း၏ခန္ဓာကိုယ်ကို သိမ်းပိုက်ကာ အခြေတည်နတ်ဘုရားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

အစကနေ အဆုံးထိ စုမင်က သူ့ကိုကြည့်နေပြီး ဘယ်တော့မှ တားရန် မကြိုးစားခဲ့ပေ။စွန်းရှန်က ထိုအရာကိုမြင်သော် သူ့စိတ်များ ရွှင်မြူးသွားသသည်။တစ်ချိန်တည်းမှာပဲ သူလည်း မသေချာမရေရာဖြစ်သွားသည်။ စုမင်၏ အတွေးများဖြင့် သူ မမြင်နိုင်ခဲ့သော ခံစားချက်က သူ့ရင်ထဲတွင် တစ်ဖန် တိုးလာပြန်သည်။

“ဆင်းသက်ပြီးပြီလား”

စုမင်က ပြတ်ပြတ်သားသား မေးလိုက်သည်။

ထိုမေးခွန်းကို ထုတ်လိုက်သည်နှင့် တပြိုင်နက် စွန်းရှန်၏ နှလုံးသားက ပြင်းထန်စွာ တုန်ခါလာသည်။ ကံတရားမျက်နှာသာ ပေးမှုကြောင့် ဖြစ်ပေါ်လာသည်ဟု သူထင်ခဲ့သမျှ အရာအားလုံးက ပြိုပျက်သွားခဲ့သည်။ ယခင်ကတည်းက စုမင်က သူလုပ်မည့်အရာများကို ရှေ့တစ်ကွက် ကြိုမြင်နေလေသည်။ သူ့ဆရာကို ဆင်းသက်ရန် ဖိတ်ခေါ်သည့် လုပ်ငန်းစဉ် တစ်ခုလုံးကို မပြီးအောင်တားနိုင်သည်။သို့သော် စုမင်က မတားခဲ့ပေ။ သူက နုံအသော လူမိုက်ဖြစ်လျှင် သို့မဟုတ် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိမှသာ ဖြစ်လိမ့်မည်။

စွန်းရှန်က သူ့ဆရာကို သူ့အပေါ် ဆင်းစက်ခိုင်းလျှင် စုမင်ကို လုံးလုံး စိုးမိုးနိုင်မည်ဟု သူယုံကြည်လေသည်။

သို့သော် စွန်းရှန်းက ဖြည်းဖြည်းချင်းနားလည်လာခဲ့သည်။ သူ့အသိစိတ်က ပျောက်ကွယ်သွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး ထိုအတွေးများက သူ့ခေါင်းထဲမှာ ပေါ်လာသည်။ သူ၏ မြင့်မြတ်သော စွမ်းရည်ကို ပြီးမြောက်အောင် ပြုလုပ်ခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့်နေရာမှ ထွက်ပေါ်လာသော နတ်ဘုရားအာရုံ ကကျယ်ပြန့်ပြီး အခြေတည်သော နတ်ဘုရားအဖြစ်သို့ အတူတကွ စုစည်းနေပြီဖြစ်သည်။

သူ့မျက်လုံးများ မှိတ်ထားကာ ခေါင်းငုံ့သွားပြီးနောက် သူ၏ချီအားလုံးက သူ့အသိစိတ်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ သို့ပေမဲ့ တစ်ချိန်တည်းမှာပဲ ကြောက်စရာကောင်းသော အရာတစ်ခုက သူ့၏ချီကို လျင်မြန်စွာ အစားထိုးသွားသည်။ သူ့ခန္ဓာကိုယ်ကနေ ပေါက်ကွဲသွားသော်လည်း ပေါက်ကွဲမှု၏ ပေတစ်သောင်းစက်ဝိုင်းဧရိယာမှာသာ ကန့်သတ်ထားသည်။ နတ်ဆိုးဂိုဏ်း၏ ထောက်လှမ်းမှုကို ရှောင်ရှားရန် ဖြစ်သည်။

“ဆရာကြီး..ကျုပ်ကို နည်းနည်းဂရုစိုက်ပေးပါ့ခင်ဗျာ...ကျုပ် ဘာပဲဖြစ်ဖြစ် ပြန်ပေးဆပ်ရပါ့မယ်...”

စွန်းရှန်၏ နှုတ်ဖျားမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူ ဖြည်းညင်းစွာ စကားစပြောသောအခါတွင် မှိတ်ထားသော မျက်လုံးများ လျင်မြန်စွာ ပွင့်လာသည်။သူ ခေါင်းမမော့မီ လျှပ်တစ်ပြက် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာသည်။

ထိုသို့ပြုလုပ်သောအခါတွင် စုမင် ၏မျက်လုံးများရှေ့တွင် သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာအိုမင်းလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်စွန်းရှန်းဆို‌ သောလူငယ်လေးက ထိုနေရာသို့ မရှိတော့ပေ။ ရှေးလေထုကို ထုတ်လွှတ်သည့် လူအိုတစ်ဦးနှင့် အစားထိုးလိုက်လေသည်။ သူ့အရေပြားက အရေးအကြောင်းများနှင့် ပြည့်နှက်နေလေသည်။ သူ့ဆံပင်များက မီးခိုးရောင်ဖြစ်နေဘေသည်။ စွန်းရှန်နှင့်မသက်ဆိုင်သော အင်အားကြီးမားသော တည်ရှိမှုက သူ့ခန္ဓာကိုယ်မှ တဖြည်းဖြည်း ပျံ့နှံ့လာသည်။

“မင်းငါ့ကိုပြန်ဆပ်ချင်ရင် မင်းရဲ့ ကိုယ်ပျောက်ကွပ်မျက်ကျင့်စဥ်မှာ တာအိုဘယ် လောက်ပေါင်းစပ်ရတာလဲ ပြောပြလေ..”

စုမင်က ပြတ်ပြတ်သားသားပြောပြီးနောက် သူ့အမူအရာက တည်ငြိမ်သွားသည် ။

ထိုအချိန်တွင် စွန်းရှန်၏ ခန္ဓာကိုယ်မှ ကွဲအက်သံများ ထွက်ပေါ်လာပြီး စွန်းရှန်၏‌ဆရာက ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ထိုလူက စုမင်ကိုကြည့်ရင်း

ရုတ်တရက် ရယ်မောမိတော့သည်။

“ဒါဆို မင်းက ဖုံးကွယ်နဂါးဂိုဏ်းရဲ့ ကိုယ်ပျောက်ကွပ်မျက်ကျင့်စဉ်ကို ကျင့်ပြီသွားပြီပေါ့.. ငါက တာအို ခြောက်ခုကို ကျင့်စဉ်ထဲမှာ ပေါင်းစပ်နိုင်တယ်..”

တစ်ချိန်တည်းမှာပင် အဘိုးအိုက ထိုစကားများကို ပြောရင်း စုမင်ဆီသို့ ခြေတစ်လှမ်း လှမ်းခဲ့သည်။ သူ့ခြေဖဝါးက ဟင်းလင်းပြင်ကြီးပေါ်တွင် ဆင်းသက်လာသသည်။ထိုအခါ အားပြင်းသော လှိုင်းလုံးကြီးများကြောင့် လေထုက ရေအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ အရပ်ရပ်သို့ ပြန့်ကျဲသွားဘယလေသည်။

ထိုလှိုင်းလုံးများက သာမန်ဟုထင်ရသော်လည်း အမှန်မှာ၊ တစ်ခုစီတွင် အဖိုးအို၏ကနဦးကျင့်ကြံမှု၏ စွမ်းအားများပါရှိသည်။ စုမင်က ညာဘက်ခြေကို ဆန့်ထုတ်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ဆင်းသက်သည်နှင့် တပြိုင်နက် လှိုင်းလုံးများက သူ့ခြေဖဝါးအောက်မှ ပြန့်ကျဲလာပြီး အဖိုးအို၏ကနဦးကျင့်ကြံမှုဖြင့် ဖန်တီးထားသည့် လှိုင်းလုံးများထဲသို့ တိုးဝင်သွားသည်။ ဆန့်ကျင်ဘက်လှိုင်းများ ထိတိုက်မိသောအခါ ကျယ်လောင်သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ အဘိုးအိုက အော်ဟစ်ကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ့ခေါင်းကို မော့ကြည့်လိုက်သော် သူ့အမူအရာ ပြောင်းသွားလေသည်။

“မာန်စိတ်ဝိညာဉ်နယ်ပယ်မှာ ကြီးစွာ ပြီးမြောက်ခြင်း...”

သူ့မျက်လုံးများ ပြူးကျယ်သွားလေသည်။

“စွမ်းအားကြီးနယ်ပယ်ရဲ့ကနဦးအဆင့်...”

စုမင်၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းယိုင်သွားသော်လည်း အဘိုးအိုကိုကြည့်ကာ ဖြည်းညှင်းစွာပြောကာ အောက်သို့မဆင်းပေ။

“မင်းက မန်ယာလား... ဒါမှမဟုတ် မင်း ပုန်းအောင်းပြီး အသွင်အပြင် ပြောင်းထားတဲ့.. ဝူရွမ်း၊ ရွှယ်ရှာ...ထျန်းချီ.. ဒါမှမဟုတ် ချီလေ့ထျန်းလား..”

အဘိုးအိုက စုမင်ကို စိုက်ကြည့်ကာ ဤအမည်ငါးမျိုးကို တစ်ချက်တည်းပြော လိုက်သည်။ စုမင်က သူ ပြောပြခဲ့သော ငါးယောက်တွင် ချီလေ့ထျန်း ၏အမည်ကို ရင်းနှီးသော်လည်း အခြားလေးယောက်ကို ယခင်က မကြားခဲ့ဖူးပေ။

သို့သော်လည်း စုမင်ကို မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်ခမ်းနားစွာ ပြီးမြောက်အောင်မြင်ခဲ့သောကျင့်ကြံသူ ဖြစ်သည်ဟု ယူဆပါက၊ ထိုလူများက စုမင် ရှိသည်ဟု ယူဆထားသည့်အတိုင်း တူညီသော ကျင့်ကြံမှု အဆင့်ရှိရမည်မှာ သေချာပါသည်။

‘ဒီလူငါးယောက်ဟာ အရှေ့မြေရိုင်းနယ်မြေအတွင်းမှာရှိတဲ့ မာန်စိတ်ဝိညာဉ်နယ်ပယ်က်ု ပြီးမြောက်အောင်မြင်ခဲ့တဲ့ ငါးယောက် ဖြစ်ရမယ်..ချီလေ့ထျန်း အပြင်၊ သူပြောခဲ့တဲ့ နာမည်တွေထဲက တစ်ခုက ပင်လယ်ကိုဖြတ်ပြီး ငါ့ကို တိုက်ခိုက်ခဲ့တဲ့ Entities Clan ရဲ့ မျိုးနွယ်ဝင်လည်း ဖြစမယ်’

စုမင်က သူ့မေးခွန်းကို မဖြေပေ။ ခြေတလှမ်းချင်းမလှမ်းမီ သူ့မျက်လုံးထဲတွင် အရိပ်တစ်ခု ပေါ်လာသည်။ သူ ရှေ့သို့ ရွေ့သွားသည့်အခိုက်တွင်၊ ကြီးမားသော စွမ်းအင်ပမာဏသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ခြေဖဝါးအတွင်းသို့ ပေါင်းစပ်သွားကာ ပေတစ်သောင်းအတွင်း ရာသီဥတု ပြောင်းလဲသွားကာ ကောင်းကင်တွင် ကြီးမားသောဝဲဂယက်များ ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ကြီးမားသော ခြေဖဝါးကြီးက လေထဲ၌ ပေါ်လာသည်။ ဤခြေတစ်လှမ်းက မာန်နတ်ဘုရား၏နတ်ဘုရားခြေလှမ်းခုနှစ်သွယ်ပင် ဖြစ်သည်။

စွန်းရှန်၏ ဆရာကြီးက လျင်မြန်စွာ နောက်ပြန်ဆုတ်သွားသည်။ ထိုအချိန်တွင် သူ့နှလုံးသားထဲတွင် ကျိန်ဆဲနေပါသည်။ သူ၏အခြေတည်သောနတ်ဘုရားကို ဤနေရာကို‌ မလွှတ်ဘဲ သူပါ လိုက်လာခဲ့သည်။သို့သော်လည်း သူ၏အခြေတည်နတ်ဘုရားက ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပျက်စီးသွားခဲ့ပါက၊ ၎င်းသည်လည်း သူ့အတွက် ဘေးဥပဒ်ဖြစ်လိမ့်မည်။

အင်မော်တယ်စွမ်းအားကြီးနယ်ပယ်နှင့် ညီမျှသောမာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ပြီးမြောက်အောင်မြင်ခဲ့သော တန်ခိုးကြီးသောရန်သူနှင့် ရင်ဆိုင်ရန် သူ့တပည့်က သူ့ကို ဤနေရာတွင် ခေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထိုအကြောင်းကို စောစောကသိခဲ့လျှင် တပည့်တစ်ဦးတည်း ၏ခေါ်သံ သို့မဟုတ် သူ့အသက်ရှင်ကျန်နေရေးအကြောင်း စိတ်ဝင်စားမှာ မဟုတ်ပေ။

ဤနေရာမှ တောက်ပသောယန်ကျောက်တုံး၏ အကျိုးဆက်များကို လျစ်လျူရှုရင်း ဤနေရာသို့ ဆင်းသက်နိုင်သည်။သို့သော် မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သော ကျင့်ကြံသူကို တိုက်ခိုက်ရလျှင် ဤအရာအားလုံးက မထိုက်တန်ပေ။

အမှန်တော့၊ သူ့တပည့်ပဲဖြစ်ဖြစ် တောက်ပသောယန်ကျောက်တုံး ပဲဖြစ်ဖြစ် ထိုအရာနှစ်ခုလုံးက ပြင်ပအရာတွေချည်းပင်။ ထို့အပြင် တောက်ပသောယန်ကျောက်တုံး တွင် သူ့ဝိညာဉ်မရှိသောကြောင့် သူ့အသက်ရှင်သန်မှုအတွက်လည်း စိတ်ပူစရာမလိုပေ။

သူ နောက်ပြန်ဆုတ်သွားသည်နှင့် သူ့အမူအရာက မည်းမှောင်လာပြီး သွေးစိမ်းထွက်ရန် လျှာဖျားတွင် ကိုက်ရင်း လက်ကို မြှောက်လိုက်သည်။ သူက ချိတ်တံဆိပ်ခတ်ပြီး လက်နှစ်ဘက်ဖြင့် ရှေ့သို့ ချိန်ရွယ်လိုက်သည်နှင့် သွေးများက လျင်မြန်စွာ ပျံ့နှံ့သွားသည်။ထို့နောက် ရှေ့ကိုအရှိန်တင် နေသည့် လူသားအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် ချက်ချင်းပင် ထိုသွေးလူသား၏ ခန္ဓာကိုယ်က ရှေ့သို့ရွေ့သွားကာ လ နောက်တစ်ကြိမ်တုန်လှုပ်ကာ လေးပိုင်းကွဲသွားခဲ့သည်။ သွေးလူသားအယောက်တစ်ရာနီးပါးက လေထဲတွင်ရှိနေပြီး ၎င်းတို့က ကောင်းကင်ရှိ စုမင်ဆီသို့ တညီတညွတ်တည်း ရွေ့လျားသွားကြသည်။

စုမင်က တခဏချင်းပင် ရပ်တန့်မသွားခဲ့ပေ။ သူက ခြေလှမ်းခုနှစ်လှမ်းကို ဆက်တိုက်လှမ်းခဲ့သည်။ ထိုစဉ် လောကကြီးက တုန်လှုပ်သွားပြီး၊ ဤနေရာမှ လှိုင်းဂယက်များစတင်ကာ အရပ်ရပ်သို့ အလျားလိုက် လွှမ်းမိုးသွားခဲ့သည်။ ကျယ်လောင်သော အသံများအောက်တွင် စွန်းရှန် ဆရာကြီး၏ မျက်နှာက ဖြူဖျော့သွားသည် ။ သူ လျင်မြန်စွာ ဆုတ်သွားပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ထိတ်လန့်မှုလည်း သူ့မျက်နှာပေါ် ပေါ်လာသည်။

‘သူက မာန်စိတ်ဝိညာဉ်နယ်ပယ်ရဲ့ ကြီးကျယ်တဲ့ ပြီးမြောက်မှု အဆင့်မှာ မဟုတ်ဘဲ...အသက်လမ်းကျင့်စဥ် ပေါ်ကို ရောက်နေပြီ..သူက ယင်ပုံရိပ်ယောင်နဲ့ ယန်ဒြပ်ထုအခြေအနေနဲ့ တူညီနေပြီ”

အဘိုးအိုက တုံ့ဆိုင်းမနေပေ။ ဆက်လက်တိုက်ပွဲဝင်ချင်စိတ် မရှိတော့ပေ။ ထိုအချိန်တွင် သူ့စိတ်ထဲမှာရှိနေသည့် တစ်ခုတည်းသော အတွေးမှာ သူတို့ကြားက အကွာအဝေးကို ကျယ်စေပြီး ဤခန္ဓာကိုယ်မှ ထွက်သွားရန် ကြိုးပမ်းခြင်းပင်။

သို့သော်လည်း ပေရာနှင့်ချီ၍ပင် ဆုတ်ခွာမသွားနိုင်မီတွင်စုမင်က မြှားတစ်စင်းကဲ့သို့ အရှိန်ဖြင့် သူ့ဆီသို့ ဦးတည်လာသည်။ သူ့ညာလက်ကို မြှောက်လိုက်သောအခါ အနက်ရောင်မီးခိုးငွေ့များ ပျံ့နှံ့သွားပြီး မကောင်းဆိုးဝါး လှံအဖြစ်သို့ ပြောင်းလဲသွားသည်။ သူဆုပ်ကိုင်လိုက်သည်နှင့် ရှေ့သို့ လျင်မြန်စွာ ပစ်ချလိုက်သည်။

မကောင်းဆိုးဝါးအစောင့်အရှောက်လှံ မှ ဖောက်ထွက်လာသော အသံက အဘိုးအိုဆီသို့ ဦးတည်သွားသည့် အနက်ရောင် အလင်းတန်းရည်အဖြစ်သို့ ပြောင်းလဲသွားသည်။ အဘိုးအိာ ဤနေရာသို့အမြန် ဆင်းသက်လာသောအခါတွင် ထူးဆန်းသော ရတနာများ ယူဆောင်လာနိုင်ခြင်း မရှိပေ။ထို့ကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်များကြား ကွာဟချက်မှာ ကြီးမားလွန်းလှပါသည်။ လှံရှည်က သူ့အပေါ်ကို နီးကပ်လာသည့်အခါ သူ့လက်ကို အမြန်မပြီးပန်းအိုးနဲ့တူသော ထူးဆန်းသည့်တံဆိပ်တစ်ခုကို ဖန်တီးလိုက်သည်။

၎င်းမှ စီးဆင်းနေသော အလင်းတန်းများပါသည့် ပန်းအိုးတစ်လုံးက ချက်ချင်းထင်ရှားလာပြီး လှံရှည်နှင့် တိုက်မိသွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပန်းအိုးကွဲသွားကာ လှံရှည်က ကျိုးပဲ့သော အပိုင်းအစများအတွင်းမှ အဘိုးအို၏ ညာဘက်လက်ကို ဖြတ်သွားခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အဘိုးအို၏ ညာဘက်လက်က ချက်ချင်း ပေါက်ကွဲသွားကာ သွေးထွက်သံယို စုတ်ပြဲနေသော အသားစများအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့မျက်နှာက ဖြူဖျော့သွားသော်လည်း သွားများကို အံကြိတ်ကာ အလျင်စလို နောက်ပြန်ဆုတ်သွားသေးသည်။ ခြေတစ်လှမ်းချင်း နောက်ပြန်ဆုတ်လိုက်သည်နှင့် ခန္ဓာကိုယ်ထဲတွင် ရှိနေခြင်းက အနည်းငယ် လျော့ကျသွားမည်ဖြစ်သည်။

“ခြေလှမ်းခြောက်လှမ်းတည်းနဲ့ စိတ်ဝိညာဉ် ပြန်လာခြင်း’

အဘိုးအိုက ရန်ဖြစ်ချင်စိတ်မရှိတော့ပေ။ ထိုအချိန်တွင် သူ့စိတ်ထဲမှာရှိနေသည့် တစ်ခုတည်းသော အတွေးမှာ ဖုံးကွယ်နဂါးဂိုဏ်းသို့ သူ၏ အခြေတည်နတ်ဘုရားကို ပြန်သွားစေရန် ဖြစ်သည်။ သူနောက်ကိုသုံးလှမ်းလှမ်းလိုက်သည်နှင့် သူ၏ရောက်ရှိမှုသည် ကြီးမားသောအနားသတ်တစ်ခုသို့ လျော့ကျသွားသော်လည်း သူ၏ စတုတ္ထခြေလှမ်းနောက်ပြန်ဆုတ်ခါနီးတွင် စုမင်က သူ့အပေါ်သို့ တိုးဝင်လာခဲ့သည်။

Note...

ကိုယ်ပျောက်ကွပ်မျက်ကျင့်စဉ်.. ယခင်က ဟုန်လော့က အခြားအဘိုးကြီးတစ်ဦးထံ ပြောပြခဲ့သည်။ အဘိုးအိုက ထိုစွမ်းရည်ကိုအသက်သွင်းလိုက်ပြီးနောက် ဟုန် လော့ သူ့မျက်လုံးကို လုယူသွားခဲ့သည်။

All Chapters