← Chapters

မီးကိုဝင်တိုးတဲ့ပိုးဖလံ..

Vol. 46 Ch. 636

မီးကိုဝင်တိုးတဲ့ပိုးဖလံ..

Vol. 46 Ch. 636

စုမင်က အဘိုးကြီးထက် အနည်းငယ်မြန်သည်။ အဘိုးအို နောက်သို့လိုက်နေသော ရှည်လျားသော မြှားတစ်စင်းလို ဖြစ်နေသည်။ အဘိုးအို၏ မျက်လုံးများ တောက်ပလာသည်။ သူ၏အခြေတည်နတ်ဘုရား မထွက်ခွာမီ ခြေလှမ်းသုံးလှမ်းသာ ကျန်ရှိတော့မည်ဖြစ်သည်။ စုမင်ကသူ့အား မည်မျှ မြန်မြန်ဆန်ဆန် တားဆီးနိုင်မည်နည်း။

သူ့မျက်နှာက ဖြူဖျော့သွားသည်။ သူ မည်ကဲ့သို့ ခေါင်းလှည့်ပြီး တွေးနေပါစေ ရှင်သန်ဖို့ နည်းလမ်း ရှာမတွေ့ပေ။ သူ့တွင် မြင့်မြတ်သောရတနာပစ္စည်များ မရှိပေ။ စုမင်၏ တိုက်ခိုက်ခြင်းကို တားဆီးရန် အထောက်အကူ ပစ္စည်း များ မပါရှိပေ။ သူ၏ စွမ်းအားက အခြားအရာများနှင့် နှိုင်းယှဉ်၍ မရပါ၊ သူ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ များစွာ နည်းပါးပါသည်။ သူ့မှာ မာန်မာနတွေ လုံးဝပျောက်ကွယ်သွားပြီး စိတ်ပျက်အားငယ်နေသောအမူအရာများနှင့် အစားထိုးသွားခဲ့သည်။

သူ၏ စိတ်ပျက်အားငယ်မှုအလယ်တွင် သူ့အတွက် ကျန်ရစ်မည့်လမ်းတစ်ခုသာ ရှိပုံရသည်။

မိမိကိုယ်ကို ဖျက်ဆီးခြင်း

သူက အခြေတည်နတ်ဘုရား၏ ပေါက်ကွဲခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ဖုံးကွယ်နဂါးဂိုဏ်းရှိ သူ့ကိုယ်က ဘေးဥပဒ်ကို ကြုံတွေ့ရသည့်အပြင် သူ၏ စွမ်းအား လျော့ကျသွားသဖြင့် စုမင် ကို ထိခိုက်စေနိုင်သည်။

ထိုအရာက သူ့အတွက် မကောင်းပေ။ ထိုအချိန်တွင် အဘိုးအိုက စွန်းရှန်အပေါ် မုန်းတီးမှု ကြီးမားလာကာ သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့သည် ။

‘ချီးးးး.. ငါတကယ်ပဲ ကိုယ့်ကိုယ်ကို ဖျက်ဆီးရမှာလား..”

အဘိုးအိုက စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ထို့သို့ လုံးဝမလုပ်လျှင် ရွေးချယ်စရာမရှိပေ။ ထိုအရာ သူလုံးဝလက်မခံနိုင်သောအရာပင်။

စုမင်ကို ထိခိုက်စေနိုင်ရင်တောင်မှ သူ့ကျင့်ကြံမှုအဆင့်က ကျဆင်းသွားမည်။ သူက အင်မော်တယ်ပြည်သို့ပင် မပြန်နိုင်တော့ပေ။ ရောက်ရှိလာတော့မည့် မငြိမ်မသက်မှုများအတွင်း သူသေသွားနိုင်သည်။

ဖုံးကွယ်နဂါးဂိုဏ်းမှာ ရန်သူမရှိဟု စိတ်ကူးယဉ်ထားလေသည်။ သူ့၏စွမ်းအား လျော့ကျသွားလျှင် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသော အခြေအနေမှာ အဆုံးသတ်သွားလိမ့်မည်။

ထိုအခြေအနေက အကျပ်ရိုက်စရာပင်။

ထိုအတွေးမျိုးက ခဏတာမျှသာဖြစ်သော်လည်းယခုအချိန်တွင် အဘိုးအို၏အ ခြေအနေနှင့် ထင်ဟပ်နေသည့်အရာဖြစ်သည်။ စုမင်က ပို၍ နီးကပ်လာသည်ကို မြင်သောအခါတွင် သူ့ထံ ချဉ်းကပ်ပြီး သူ့လုပ်ရပ်များကို နှောက်ယှက်မည်ကို သူသိလိုက်သည်။

‘ငါဘာလုပ်သင့်သလဲ...”

အဘိုးကြီးက မျက်လုံးဖွင့်လိုက်သည်။ သူ့နဖူးမှာ ချွေးမိား စီးကျလာပြီး စိုးရိမ်စိတ်က သူ့မျက်နှာမှာ ပေါ်လာသည်။ သို့သော် စိတ်အားထက်သန်စွာ တိုက်ခိုက်ရန် ကြံစည်နေချိန်၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရသည်။ ကောင်းကင်တွင် လျှပ်စီးလက်နေသည့် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ သူ့ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။

‘လျှို့ဝှက်ကွပ်မျက်ကျင့်စဉ်...ဟုတ်ပြီ.. ဒီလူက ပေါ်လာတဲ့အချိန်မှာ ပထမဆုံးမေးတာက လျှို့ဝှက်ကွပ်မျက်ကျင့်စဉ်အကြောင်းပဲ...”

အဘိုးအိုက စွမ်းအားကြီးနယ်ပယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ဉာဏ်ရည်ဉာဏ်သွေးမှာ ထူးကဲသော စံနှုန်းများရှိသည်။ သူ့ခေါင်းထဲမှာ အတွေးတစ်ခု ပေါ်လာသည့်အခါ သူ ဘာလုပ်ရမည်ကို ချက်ချင်း သဘောပေါက်သွားသည်။

ထိုဖြတ်ထိုးဉာဏ်က သူ့အပေါ်၌ နိုးကြားလာသည်နှင့်အမျှ စိတ်ဆင်းရဲမှုလည်း တိုးလာသည်။

‘တော်တော်တွက်ချက်တတ်တဲ့သူပဲ..အနာဂတ်မှာ သူက ငါတို့အင်မော်တယ်တွေရဲ့ ရန်သူကြီး ဖြစ်လာမှာ သေချာတယ်...”

‘ငါ့ကို အဲ့ဒီကျင့်စဉ်မေးဖို့ သူ စောင့်နေတာပဲ.. သူဘယ်မှာကြားဖူးလဲတော့မသိပေမဲ့.. သူ့ပုံကြည့်ရတာ ဒီကျင့်စဥ်ကို မယုံနိုင်လောက်အောင် ရင်းနှီးနေပုံရပြီး လူတိုင်းက အဲ့ဒီ့ကျင့်စဉ်ကို သုံးနိုင်တာကိုလည်း သူသိတယ်...”

‘ဒီလူက ငါ့တပည့်ကို သေချာမေးတော့ သူ့အဖြေကို မကျေနပ်တဲ့အတွက် ငါ့ကို ဆင်းသက်ခွင့်ပြုလိုက်တာ... ဒါတွေအားလုံးဟာ သူ့အစီအစဉ်တွေပဲ...စွန်းရှန်က ဒါကိုတောင် သတိမထားမိခဲ့ဘူး..”

‘သူက ရည်ရွယ်ချက်ရှိရှိနဲ့ ငါ ဆင်းလာဖို့ စောင့်မျှော်နေတာ.. တိုက်ပွဲရဲ့ ရလဒ်ကို သူသိထားပြီးသားမို့ ဒီမေးခွန်းကိုတောင် မေးခဲ့တယ်.. ငါက သူ့ပြိုင်ဘက်မဟုတ်မှန်း သေချာသိပြီး ပြေးဖို့ရွေးချယ်မယ်ဆိုတာ သူသိတယ်.. ငါသေချာပေါက် ငါ့ရွေးချယ်မှုတွေအတွက် ဝေခွဲရခက်မယ် ဆိုတာကိုလည်း သူသိတယ်.. ဒီအချိန်မှာ သူမေးတဲ့ ပထမဆုံးမေးခွန်းကို င..” မှတ်မိနေမယ်ဆိုတာ သူသိတယ်။

‘အခုကတော့ ရှင်းတယ်...ကိုယ်တိုင် ဖျက်စီးပြီး ထိခိုက်ဒဏ်ရာရတာမျိုးလည်း မဖြစ်ချင်ဘူး...သူက ငါ့ကို ထွက်သွားခွင့်ပေးမယ်...ဒါပေမဲ့..တန်ရာတန်ကြေးကတော့ လျှို့ဝှက်ကွပ်မျက်ကျင့်စဉ်ပဲ...”

စိတ်ဆင်းရဲမှုများနှင့် ပြည့်နှက်နေသော အဘိုးအို၏ မျက်နှာမှာ ပြတ်ပြတ်သားသား အကြည့် ပေါ်လာသည်။ စုမင်က သူ့အပေါ်ကို နီးကပ်ခါနီးမှာ ညာလက်ကို မြှောက်ပြီး ရှေ့ကို တွန်းပစ်လိုက်သည်။

“ဖုံးကွယ်နဂါးနမဝတာအို...အတွင်းအားကိုစုစည်းမယ်.. “

အဘိုးအို၏ အသံကလေထဲတွင် တဟုန်ထိုး တုန်ခါနေပြီး သူ၏ ညာလက် လှုပ်ရှားနေချိန်တွင် ညာဘက်မျက်လုံးတွင် မှောင်မှိုက်သောပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာသည်။

“ဖုံးကွယ်နဂါးအဌမတာအို...”

သူ့ပါးစပ်မှ စကားလုံးများ လျင်မြန်စွာ ထွက်ကျလာချိန်တွင် ညာလက်ရှိ တံဆိပ်ကို ပြောင်းပြီး ညာမျက်လုံးကို ချိန်ရွယ်လိုက်သည်။ ထို့နောက်တွင်၊ ထိုနေရာတွင် မှောင်မိုက်သောပုံရိပ်က လျင်မြန်စွာ စုစည်းလာကာ သူ့မျက်လုံးများ၏ ထောင့်စွန်းများက ကြည်လင်လာသည်။

“ဖုံးကွယ်နဂါးသတ္တမမြောက်တာအို..”

အရိပ်ထဲတွင် သီချင်းများကို ဖုံးအုပ်ထားသည်။”

ဤစကားများဖြင့် သူက စတုတ္ထခြေလှမ်းကို နောက်ပြန်ဆုတ်သွားလေသည်။ သူ၏တည်ရှိမှုက လျော့နည်းသွားသောအခါ သူ၏ညာလက်ရှိမှောင်မိုက်သောပုံရိပ်မှုနှင့်ကြည်လင်မှုတို့က ရောနှောသွားလေသည်။ သူ၏ညာမျက်လုံးများက ပုံရိပ်များဖြင့်ဖုံးလွှမ်းခဲ့သည်။

“ဖုန်းကွယ်နဂါးဆဌမတာအို.. အင်္ကျီလက်ထဲကမီး...”

အဘိုးအိုက ဘယ်လက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်ကို ပြောင်းလိုက်သည်။ သူ့အင်ကျီလက်အကျများတွင် မီးတောက်အနည်းငယ် ပေါ်လာသည်။ ထိုမီးတောက်က မှိတ်တုတ်မှိတ်တုတ်လင်းလက်လာသောအခါ သူ့ညာဘက်မျက်လုံးတွင် မီးဘောလုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူ့လက်ထဲက ပေါ်လာသော မီးပွားများကို သူ့မျက်လုံးက ချက်ချင်း စုပ်ယူသွားလေသည်။ အဘိုးအိုရှေ့မှာ စက်ဝိုင်းပုံစံ မီးတောက်များရှိနေပြီး ၎င်းတို့အားလုံးက သူ့ဆီ တဟုန်ထိုး တိုးဝင်လာခဲ့သည်။

ထိုအချိန်တွင် သူ၏ညာဘက်မျက်လုံးက မှောင်မှိုက်သွားလိုက် ကြည်လင်သွားလိုက်နှင့် အဆက်မပြတ် တလှည့်စီဖြစ်နေပြီး ထိုအရာအားလုံးက တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

“ပုန်းနေသောနဂါး၊ဝပ်နေသောကျား..”

အဘိုးအိုက ခပ်အုပ်အုပ် အော်ဟစ်လိုက်ပြီး ပဉ္စမခြေလှမ်းကို နောက်ပြန်ဆုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ၊ သူ့တည်ရှိမှုက မယုံနိုင်လောက်အောင် အားနည်းသွားပြီး ထိုခန္ဓာကိုယ်ထဲရှိနတ်ဘုရားအာရုံပက တဒင်္ဂအတွင်း ဖရိုဖရဲ ဖြစ်သွားသော ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။

သူ၏ အသံက လေထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူ၏ ညာလက်ရှိ တံဆိပ်က ပြောင်းလဲလာသည်နှင့်အမျှ တံဆိပ်ခတ်ခြင်း၏ နောက်ဆက်တွဲပုံရိပ်ယောင်များက သူ့ရှေ့တွင် ပေါ်လာသည်။ ထိုနောက်ဆက်တွဲ ပုံရိပ်ယောင်များက မြူခိုးများကဲ့သို့ ပေါ်လာပြီး နဂါးဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်။ထို့ပြင် ချိပ်တံဆိပ်များကဟိန်းဟောက်သောနဂါးအဖြစ်သို့ ပြောင်းလဲဆက်စပ်သွားလေသည်။

တစ်ချိန်တည်းမှာပင် အဘိုးအို၏ ညာဘက်မျက်လုံးတွင် သွေးသွေးကြောမျှင်များ ပေါ်လာသည်။ ၎င်းတို့က ကန့်လန့်ဖြတ်ပုံစံ ဖြစ်ပေါ်သောအခါ ကျားကိုယ်ရှိအစင်းကြောင်းများနှင့်တူညီလာခဲ့သည်။

ထိုခဏ၌ အဘိုးအို၏ ရှေ့တွင် ဟိန်းဟောက်နေသော နဂါးက သူ၏ ညာဘက်မျက်လုံးကို ထိုးဖောက်ကာ အစင်းကြောင်းများနှင့် ရောထွေးသွားသည်။

“ဖုံးကွယ်နဂါးဒုတိယတာအို.. ဖုံးကွယ်ခြင်း... “

အဘိုးအိုက အော်လိုက်ပြီးနောက် သူ့မျက်လုံးထဲက သွေးကြောမျှင်လေးများကက မျက်ဆံအလယ်ဗဟိုမှာ နဂါးအသွင်ပြောင်းသွားသည်။ထို့ပြင် ထိုနဂါးပုံရိပ်ပတ်လည်မှာ ‌ကျားအစင်းများရှိနေလေသည်။ သွေးနီရောင်အလင်းတန်းတစ်ခုလည်း ပေါ်လာပြီး သူ၏ညာဘက်မျက်လုံးက ထူးထူးခြားခြား စွဲမက်ဖွယ်ကောင်းစေသည်။

သူ့ခြေထောက်ကို မြှောက်၍ ခြောက်လှမ်း မြောက်ခြေလှမ်းလှမ်းရန် ရွှေ့လိုက်သောအခါ သူ့ညာဖက်မျက်လုံးစွပ်ထဲသို့ လက်ညိုးထိုးဖောက်လေသည်။ ပြင်းထန်သော နာကျင်မှုကို လျစ်လျူရှုလိုက်ကာညာဖက်မျက်လုံးကို ခန္ဓာကိုယ်မှ ဆွဲထုတ်ကာ သူ့ဆီလာနေသောစုမင်ဆီသို့ လွှင့်ပစ်လိုက်သည်။

“ငါ ဒီနေ့ ရူးသွပ်စွာ ပြုမူခဲ့ပါတယ်.. အခု ဒီလျို့ဝှက်ကွပ်မျက်ကျင့်စဉ်ကို ငါ့ရဲ့ လုပ်ရပ်အတွက် တောင်းပန်မှုအဖြစ်နဲ့ ထားလိုက်ပါ.. ငါတို့ နောက်နောင် ပြန်ဆုံကြတာပေါ့...”

အဘိုးအိုက သူ၏ ခြောက်လှမ်းမြောက် ခြေလှမ်းကို လှမ်းလိုက်သည်။ သူက စုမင်၏ အတွေးအမြင်များကို နားလည်ပြီး သူ့ဆန္ဒအတိုင်း လုပ်ဆောင်ခဲ့နိုင်သည်။သို့သော်လည်း စုမင် စိတ်ပြောင်းလာမည်ကို စိုးရိမ်နေပြီး သူ့ အမြဲတစေသတိကပ်နေလေသည်။ စုမင် တစ်ခုခုလုပ်လျှင် အဘိုးကြီးက ကိုယ့်တိုင်ဖျက်စီးခြင်းကို လုပ်ဆောင်ရလိမ့်မည်။

သူခြောက်လှမ်းလှမ်းလိုက်သည့်အခိုက်တွင် စုမင်က ထိုမျက်လုံးကို ဖမ်းကိုင်လိုက်ပြီး အဖိုးအိုဆီသို့ လှမ်းကြည့်လိုက်သည်။ အဘိုးအို၏ ခန္ဓာကိုယ်ရှိ အခြေတည်နတ်ဘုရားက နတ်ဘုရားအာရုံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းက တွင်းနက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ စွန်းရှန်၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားခဲ့သည်။ သူ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်၊ အဘိုးအိုက စွန်းရှန်၏ကိုယ်ကို စွန့်ပြီး သောင်းနှင့်ချီသော လှိုဏ်ခေါင်း၏ အကွာအဝေးတွင်ရှိသော ဖုံးကွယ်နဂါးဂိုဏ်းသို့ ပြန်သွားကြောင်း ထင်ရှားသော လက္ခဏာဖြစ်သည်။

အဘိုးအို၏ အခြေတည်နတ်ဘုရားကို ဆုံးရှုံးလိုက်ရသော စွန်းရှန်က နံဘေးသို့ လဲကျသွားကာ သတိလစ်နေသော အနေအထားတွင် ပြင်းထန်စွာ တုန်လှုပ်နေသည်။ သူ့ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ အားပျော့သော အနေအထားတွင် မျက်လုံးဖွင့်ရန် ရုန်းကန်ရသော်လည်း မျက်ခွံများ တုန်နေလေသည်။သူ့ စွမ်းအားများ ဆုံးရှုံးသွားကာ နောက်ဆုံး အသက်ရှုသွင်းရင်း မျက်လုံးများကို မှိတ်ထားလိုက်ပြန်သည်။

စုမင်ကြောင့် သူ မသေခဲ့ပေ။သို့သော်လည်း သူ့ဆရာက ထွက်ခွာမသွားခင် သူ့အသက်စွမ်းအားများကို စုပ်ယူသွားခဲ့လေသည်။

စုမင်က သူ့လက်ထဲမှ လျှို့ဝှက်ကွပ်မျက်ကျင့်စဥ်ကို တစ်ချက်ကြည့်လိုက်သည်။ ဟုန်လော့က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားချိန်မှာ ထိုကျင့်စဥ်၏အသုံးပြုမှုကို မြင်လိုက်ရသည်။ ထိုအရာက သူလိုချင်ရသော တစ်ခုတည်းသောအကြောင်းပြချက်မဟုတ်ပေ။ ထို့ထက် ပို၍အရေးကြီးသည်မှာဟုန်လော့ထံမှ သူအမွေဆက်ခံခဲ့သော အမှတ်ရစရာများမှလည်း ဖုံးကွယ်နဂါးဂိုဏ်း မှ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းကျင့်စဥ်ဖြစ်သည့် ဤလျှို့ဝှက်ကွက်မျက်ကျင့်စဉ်ဖြစ်သည်။ထိုကျင့်စဥ်က ချိပ်တံဆိပ်များစွာကို ချိုးဖျက်နိုင်စွမ်းရှိကြောင်း သူသိလာခဲ့သည်။

သို့သော် ထိုစွမ်းရည်က ရက်စက်ကြမ်းကြုတ်လှသည်။ လူတစ်ယောက်က ထိုကျင့်စ‌ဉ် ကို ကျင့်ကြံနိုင်ရုံသာမက၊ ယခုဖြစ်ပျက်ခဲ့သည့်အတိုင်း ကျင့်သူထံမှလည်း လုယူနိုင်သည်။ ဤကျင့်စ‌ဥ်ကို ကျင့်သုံးသူ၏ ညာဘက်မျက်လုံးကို လုယူသွားသည်နှင့် တစ်ပြိုင်နက် ထိုကျင့်စဉ်မှရသော အကျိုးကျေးဇူး အားလုံးကို ဆုံးရှုံးရလိမ့်မည်။ သို့သော် ဤအခြေအနေအတွက် ကုစားစရာ မရှိဟု မဆိုလိုပေ။ ထိုလူမှာ သူ့ဆီက ကျင့်စဉ်ကို လုယူသောသူဆီက ပြန်ယူရန်သာ လိုသည်။

သို့သော် စုမင်က အသေးစိတ်ကို မသိပေ။ ကျင့်စဥ်ဘယ်လိုအလုပ်လုပ်သလဲဆိုသော ယေဘူယျ အယူအဆကို သူသိလေသည်။

သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး စွန်းရှန်၏အလောင်းကို လေထဲမှာ လွှင့်ပစ်လိုက်သည် အလောင်းက ချက်ချင်း ပြာဖြစ်သွားသည်။ စုမင်၏လက်ဖဝါးပေါ် အလောင်းမတင်ခင် စွန်းရှန်၏ သိုလှောင်အိတ်ကို ယူပြီး သူ့ရင်ခွင်ထဲကို ထည့်လိုက်သည် ။ စုမင်က သူ့မျက်လုံးထဲတွင် ပြောင်သလင်းခါနေသည့် လွင်ပြင်အောက်ရှိ မြေကို ငုံ့ကြည့်နေသည်။

တိုက်ပွဲကြောင့် တောင်တန်းကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားကာ ပြန့်ပြူးသော အပျက်အစီးတစ်ခုအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။ တတိယနတ္တိ တောင်ကုန်း၏ အစိတ်အပိုင်း အနည်းငယ်သာ ကျန်ရှိတော့သည်။ ၎င်းမှာ ၎င်းပေါ်တွင် ကပ်ထားသော ချိပ်တံဆိပ်ဖြင့် ကာကွယ်ထားသောကြောင့် ဖြစ်သည်။

စုမင်က ချိပ် တံဆိပ်ကိုကြည့်ရင်း ရုတ်တရတ် အမူအရာပြောင်းသွားသည် ။ သူ့ ခေါင်းကိုမော့ပြီး မြစ် တစ်ထောင်ချိုင့်ဝှမ်းဆီသို့ တစ်ချက်ကြည့်လိုက်သည်။ ဤနေရာ၌ ယခုပေါ်လာသော စွမ်းအားလှိုင်းများက ခြေလှမ်းတစ်သောင်းသာ ကန့်သတ်ထားသည်။သို့သော် စွန်းရှန်၏ဆရာကြီး ထွက်ခွာသွားသောအခါတွင် သူ နှိုးဆော်ခဲ့သော လောက၏စွမ်းအားက နတ်ဆိုးဂိုဏ်းရှိ တန်ခိုးကြီးကျင့်ကြံသူများကို ချက်ချင်း သတိပြုမိစေခဲ့သည်။

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ အလင်းတန်းများကြားတွင် ကွယ်ဝှက်ထားသော ဂူအိမ် ရှေ့ဆီသို့ ရောက်ရှိလာသည်။ သူက လျှို့ဝှက်ကွပ်မျက်ခြင်းကျင့်စဥ်ရှိသော ညာဘက်လက်ကို ရှေ့သို့ တွန်းလိုက်ရာ မျက်လုံးများက ထူးဆန်းသော အလင်းရောင်တစ်ခုဖြင့် ချက်ချင်း လင်းလက်သွားသည်။ အတွင်းမှ နဂါးနှင့် ကျားက ဟောက်ပြီး Trigrams ရှစ်ခု ပေါ်လာသည်။ သွေးကြောမျှင်များက တံဆိပ်ခတ်ထားသော ပုံစံများနှင့် ကိုက်ညီနေသကဲ့သို့ ၎င်းတို့၏ အနေအထားကို ပြောင်းလဲသွားစေလေသည်။ တခဏချင်းပင် လေထဲတွင် ကွဲအက်နေသော အသံများ ထွက်ပေါ်လာကာ ဂူအပြင်ဘက်တွင် စီးဆင်းနေသော အလင်းရောင်တန်းများက ချက်ချင်း ကွယ်ပျောက်သွားသည်။

ဂူတံခါးက ဖြည်းညှင်းစွာပွင့်လာပြီး အတွင်းမှ အားပြင်းသော အလင်းတန်းများ ထွက်လာသည်။ တောက်ပသောယန်၏ တည်ရှိနေမှုက ချက်ချင်း ပျံ့နှံ့သွားသည်။ ထိုစဉ် ခန္ဓာကိုယ်က လျင်မြန်စွာ ညှိုးနွမ်းသွားသော်လည်း ထိတ်လန့်ခြင်းမရှိပေ။ ယင်းအစား သူ့မျက်လုံးများ တောက်ပလာသည်။

ဤတည်ရှိမှုနှင့်ပတ်သက်၍ သူအနည်းငယ်ရင်းနှီးသည်။ အတိတ်က ကြေးဓားဓားဖြင့် ကိုးရင်ကမ္ဘာမှ ထွက်ခွာသွားသောအခါ နဂါးငွေ့တန်း၌ ခံစားခဲ့ရသည့်အတိုင်း ရှိနေခြင်းပင်ဖြစ်သည်။

ဂူတံခါးကို လုံးလုံးဖွင့်လိုက်သည်နှင့် အဝေးမှ ထွက်လာသော အလင်းတန်းခုနှစ်ခုကို တွေ့လိုက်ရသည်။ စုမင်က ဂူကို စိုက်ကြည့်ရင်း လေထဲ၌ လွင့်မျောနေသည့် အရာတစ်ခုကို တွေ့လေသည်ာ

လက်သီးအရွယ်လောက်ရှိ သောကျောက်တုံးက ရွှေဖြင့် ပြုလုပ်ထားသည်။ ၎င်း၏ကိုယ်ထည်မှ တောက်ပသောအလင်းရောင်က နေ ရောင်ကဲ့သို့ဖြစ်ပြီး

လူတို့ထံတွင် နွေးထွေးမှုကို ခံစားရစေနိုင်သည်။သို့သော်လည်း စုမင် အတွက် ဤအလင်းရောင်နှင့် တည်ရှိမှုက အဆိပ်ကဲ့သို့ဖြစ်ပြီး ၎င်းက သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ညှိုးနွမ်းစေခဲ့သည်။

‘တောက်ပတဲ့ ယန်ကျောက်တုံး’

စုမင်၏ အသားအရေက အရေးအကြောင်းများဖြင့် ပြည့်နေပြီး ဂူဖွင့်ချိန်မှစ၍ အသက်နှစ်ရှိုက်စာအတွင်း သူ့ဘဝသက်တမ်းတစ်ခုလုံးဖြင့် လျှောက်လှမ်းနေပုံရသည်။ သေခြင်းတရား၏ ထူထပ်သော အငွေ့အသက်က သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားသည်။သို့သော်လည်း ဤတောက်ပသော ယန်ကျောက်တုံးမှ အလင်းရောင်ကို ထိလိုက်သောအခါတွင် နှင်းများကဲ့သို့ အရည်ပျော်သွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

စုမင်က ခဏတာ တုံ့ဆိုင်းသွားသော်လည်း မဆိုင်းမတွပင် ခြေလှမ်းကျဲကျဲနှင့် သူ့ဘဝ ပျောက်ကွယ်သွား စေမည့် အလင်းရောင်ကို ရင်ဆိုင်လိုက်ရသည်။ သူက ကျောက်တုံးဆီသို့ ဦးတည်သွားလေသည်။ ထိုအချိန်တွင် သူ မီးထဲသို့ တည့်တည့်တိုးဝင်နေသော ပိုးဖလံတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

သူက တောက်ပသောယန်ကျောက်တုံးကို ဖမ်းကိုင်လိုက်ရာ ညာဘက်လက်မှ အနက်ရောင် မီးခိုးငွေ့များ ပျံ့နှံ့သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲသို့ စူးစူးရှရှ ပြင်းထန်သော နာကျင်ကိုက်ခဲမှုတစ်ခုကြောင့် စုမင် ခံနိုင်ရည်မရှိတော့ပေ။ သူ နာကျင်သော်လည်း ကျောက်ပတ်ပတ်လည်တွင် ဆုပ်ကိုင်ထားမှုကို မဖြေလျှော့။ ယင်းအစား သူ့လက်ချောင်းများကို ပိုတင်းကျပ်စွာ ရစ်ပတ်လိုက်သည်။

“စုမင်.. မင်း အခု ကျောက်တုံးသေးသေးလေးကို မကိုင်နိုင်ဘဲ လက်လျှော့လိုက်ရင်..မင်း ယင်မရဏဒေသက ထွက်သွားရင် နောက်အခက်ခဲ တွေဘယ်လိုရင်ဆိုင်မှာလဲ...”

စုမင်က ဖျော့တော့သော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။ ထိုမေးခွန်းကို သူ့ကိုယ်သူ မေးချလိုက်သည်။သူက ထိုကျောက်တုံးကို ဖမ်းကိုင်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လေထဲသို့ တိုးဝင်ကာ ချက်ချင်း ပျောက်ကွယ်သွားသည်။၊ ထိုအခိုက်တွင် ကောင်းကင်မှ မရေမတွက်နိုင်သော ရှည်လျားသော အလင်းတန်းများ နီးကပ်လာလေသည်။

All Chapters