← Chapters

သေးငယ်တဲ့ယန်ကျောက်တုံးလေး

Vol. 46 Ch. 637

သေးငယ်တဲ့ယန်ကျောက်တုံးလေး

Vol. 46 Ch. 637

ထိုခြေလှမ်းလှမ်းရုံဖြင့် စုမင်၏ခန္ဓာကိုယ်မှ အနက်ရောင်အခိုးအငွေ့များ ထွက်လာသည်။ အနက်ရောင်မီးခိုးငွေ့မှ မရဏ အငွေ့အသက်က မယုံနိုင်လောက်အောင် ထူထဲနေလေသည်။ ၎င်းကို မြင်သူတိုင်း စိတ်နှလုံး တုန်လှုပ်ချောက်ချားသွားစေလောက်အောင်ပင်။ ထိုအငွေ့အသက်များကို ထိမိလျှင် မည်သည့်အကျိုးဆက်ဖြစ်စေမည်ကို မသိနိုင်ပေ။

စုမင် ထွက်ခွာသွားသောအခါတွင် ဖော်မပြနိုင်သော နာကျင်မှုက ပျောက်ကွယ်သွားသည်။ ဂူအိမ်က ပေါက်ကွဲသံနှင့်အတူ ပြိုကျကာ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ထိုနေရာပတ်ဝန်းကျင်တွင် သေခြင်းတရား၏ ထူထပ်သော ရောင်ဝါရှိနေဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် စုမင် ပျောက်ကွယ်သွားပြီး အပျက်အစီးများပေါ်တွင် ရှည်လျားသော အလင်းတန်းများ လျင်မြန်စွာ နီးကပ်သွားကာ ဦးဆောင်သူမှာ ရှန်းတုန်ဖြစ်သည်။ သူ့နောက်မှာ နတ်ဆိုးဂိုဏ်းက ဆင်းသက်လာခဲ့သူများမှာ စွမ်းအားကြီးအင်မော်တယ်များပင်ဖြစ်သည် ။

“သေခြင်းတရားရဲ့ ကြီးကျယ်ခမ်းနားတဲ့ အငွေ့အသက်..မရဏအငွေ့အသက်..”

“ဘယ်သူလဲ..သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမဲ့ ဒီသေမင်းရဲ့ ထူထဲတဲ့ အငွေ့အသက်က ကြောက်စရာကောင်းတယ်..သူက ကောင်းကင်ဘုံမကောင်းဆိုးဝါးလား..”

“ဒီနေရာမှာ တစ်စုံတစ်ယောက်ရဲ့ အခြေတည်နတ်ဘုရား ဆင်းသက်လာတဲ့ လက္ခဏာလည်း ရှိတယ်...”

ရှန်းတုန်၏အကြည့်များ စုမင်ထွက်ခွာသွားသည့် လမ်းကြောင်းဆီသို့ မရောက်မီ နေရာတဝိုက်ကို ကြည့်လိုက်ရာ သူ့အတွေးထဲတွင် နစ်မွန်းသွားသလိုပင်။ သူ့နောက်ကွယ်ရှိလူများက ထူးဆန်းသော မြင်ကွင်းများဖြင့် ဆွဲဆောင်ခံရလေသည်။နေရာတဝိုက်က အဖြစ်အပျက်များကို သူတို့အချင်းချင်း ဆွေးနွေးကြလေသည်။ မရဏအငွေ့အသက်များကြားထဲတွင် ကြာကြာမနေလိုသောကြောင့် ပြန်ဆုတ်သွားကြလေသည်။

“အကြီးအကဲ..ကျုပ်တို့ သူ့နောက် ဆက် လိုက်ရမှာလား..”

ရှန်းတုန် နောက်ကနေ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထွက်လာတယ်။ သူ့မျက်နှာပေါ်တွင် သတိထားမှုအနည်းငယ်ရှိနေသည်။ ထိုနေရာတစ်ဝိုက်ရှိ မရဏအငွေ့အသက်ကို တစ်ချက်ကြည့်လိုက်ပြီး ရှန်းတုန်ဆီသို့ အရိုသေပြုဟန်လုပ်ထားလေသည်။

“မလိုဘူး..ငါတို့ ကူယွင်ဟိုင်ဆီက ယန်ကျောက်တုံးကို ယူထားပြီးပြီ၊ ငါတို့ရဲ့ တာဝန်ပြီးဆုံးသွားပြီ..ငါတို့အတွက် ပြဿနာအသစ်တွေ ထပ်ရှာစရာ မလို

တော့ဘူး”

ရှန်းတုန်က ငြိမ်သက်သွားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“တကယ်တော့.. ငါတို့က အကြီးအကဲကျီအန်းပေးတဲ့ တခြားတာဝန်ကို ပြီးအောင်လုပ်ပြီး တခြားဂိုဏ်းတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်ရမယ်.. ဒီမှာ ထူထပ်တဲ့မရဏအငွေ့အသက်တွေကြည့်ရင် အခုနမှ ထွက်သွားတဲ့သူဟာ အံ့ဩစရာအဆင့်တစ်ခု ရှိမှာ သေချာတယ်.. သူ့ကို ရန်စဖို့ မလိုဘူး”

အနီရောင် ၀တ်စုံဝတ် အဘိုးအိုက လေးနက်သော အသံဖြင့် ပြောသည်။

ပေါင်ချိုးကလည်း အဖွဲ့ထဲတွင် ပါဝင်ခဲ့သည်။ ထိုအချိန်တွင် သူမ၏ ရင်ဘတ်ကညတဒုတ်ဒုတ်ခုန် နေလေသည်။ သူတို့က စုမင် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ကြ

ပေ။ သူမ၏အာရုံအရ ထူထဲသောမရဏအငွေ့အသက်ကိုထုတ်လွှတ်ခဲ့သူမှာ စုမင်ပင်ဖြစ်သည်။

ဦးဆောင်သူအဖြစ်ရှန်းတုန်ပါသောအဖွဲ့က သေချာစွာရှာဖွေရန် ထိုနေရာတွင်အနည်းငယ်ကြာခဲ့သည်။ ထိုသို့ပြုလိုက်သည်နှင့် တဖြေးဖြေးဝေးဝေးသို့ ထွက်ခွာသွားကာ ရှည်လျားသောအလင်းတန်းများအဖြစ် ကောင်းကင်သို့ ပျံတက်သွားကြသည်။

‘ဒီနေရာက ဆင်းသက်လာတဲ့ စွမ်းအားကြီး ကျင့်ကြံသူကို အနိုင်ယူနိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က သူပဲဖြစ်နိုင်တယ်...’

ရှန်းတုန်ထွက်သွားသောအခါ စုမင်က ခေါင်းကိုလှည့်ကာ သေမင်း၏အငွေ့အသက်များ ပြည့်နေသောနေရာကို တစ်ချက်ကြည့်လိုက်သည်။ မေ့မရနိုင်သော လူတစ်ယောက်၏ ပုံရိပ်က သူ့ခေါင်းထဲတွင် ပေါ်လာပြီး‌ ပေါင်ချိုးကို ပေါ့ပေါ့ပါးပါး ပုံစံဖြင့် တစ်ချက်ကြည့်လိုက်သည်။

စုမင်က ပထမအကြိမ်တိုက်ပွဲအပြီး နေရာတစ်ဝိုက်တွက် ပြန်လည်ပေါ်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ပုံပျက်သွားကာ မြစ်တစ်ထောင်ချိုင့်ဝှမ်းနားရှိ ဂူထဲ၌ ပေါ်လာလေသည်။သူ ထိုနေရာမှာရှိနေတုန်းမှာပင် သူ တုန်လှုပ်သွားသည်။ သူ့တစ်ကိုယ်လုံးကို သေမင်း၏ အနက်ရောင်ရောင်ဝါဖြင့် ဝန်းရံထားပြီး အထူးသဖြင့် ၎င်း၏ညာဘက်လက်တစ်ဝိုက်တွင် ထူထဲ ပြီး အရည်ပျော်တော့မယ့်ပုံပင်။

စူးရှသော ဝေဒနာက စုမင်၏ တစ်ကိုယ်လုံး ပြည့်သွားသည် ။ သူက ဂူအတွင်း၌ အံကိုကြိတ်ကာ တင်ပျဉ်ခွေထိုင်ကာ ညာလက်ရှိ ကျောက်တုံးကို စိုက်ကြည့်နေသည်။ ၎င်းမှထွက်လာသော အစွန်းရောက်ယန်တည်ရှိမှုက ရေခဲအားလုံးကို အရည်ပျော်သွားစေသည့် ပူလောင်နေသော နေရောင်တစ်ခုကဲ့သို့ပင်။

သူ့လက်ထဲမှာ ဘယ်တော့မှမငြိမ်းနိုင်သော မီးလုံးတစ်လုံးကို ကိုင်ထားသကဲ့သို့ပင် ခံစားရ‌ လေသည်။လက်ရှိ သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုပင်ဖြစ်သည်။

စုမင်က သူ့လက်ထဲတွင်ရှိသော တောက်ပသောယန် ကျောက်တုံးကို စိုက်ကြည့်ရင်း အသက်ရှုကြပ်ကာ မျက်လုံးများ နီရဲလာသည်။

‘ဒါက ကျောက်တုံးသေးသေးလေးပဲ..ဒါပေမဲ့ ငါ့ကို ဒီလို သနားစရာကောင်းတဲ့ အခြေအနေရောက်အောင်လုပ်တယ်.. တကယ်လို့ ဒီနေရာကနေ ထွက်သွားပြီးအနာဂတ်မှာ တောက်ပတဲ့ယင်နယ်မြေကို ရောက်ရင် အသက်ရှိုက်စာနည်းနည်းလေးအတွင်းမှာပဲ ငါ ပျောက်ကွယ်သွားလောက်တယ်.....’

စုမင်က ကျောက်တုံးတစ်ဝိုက်တွင် သူ၏ ဆုပ်ကိုင်မှုကို မဖြေလျော့ဘဲ သူ့လက်ချောင်းများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

‘ငါ့ရဲ့ကျင့်ကြံမှု အဆင့်နဲ့ ဒီသေးငယ်တဲ့ တောက်ပတဲ့ ယန်ကျောက်တုံးကို ငါမကိုင်တွယ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး..”

စုမင်၏ မျက်နှာပေါ်တွင် သွေးကြောများ ပေါက်ထွက်ပြီး သူ၏ စွမ်းအားက သူ့ခန္ဓာကိုယ်မှ လျင်မြန်စွာ ထွက်ပေါ်လာသည်။ မာန်ကျင့်ကြံသူကဲ့သို့ သူ၏ စွမ်းအားရှိသမျှက သူ့ဆီ ပျံ့နှံ့သွားကာ သူ့ခန္ဓာကိုယ်မှ သေမင်း၏ အငွေ့အသက်ကို ပို၍ပင် ပျံ့နှံ့သွားစေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်၊ ဂူထဲတွင် အနက်ရောင်မီးခိုးများ ပြည့်လာပြီး အလွန်မှောင်နေသဖြင့် စုမင်က သူ့လက်ချောင်းများကို ဆန့်လိုက်သော်လည်း မမြင်နိုင်တော့ပေ။

သူ၏ စွမ်းအား လည်ပတ်မှု အရှိန်အဟုန်ဖြင့် တိုးလာသည်။ ထိုအချိန်တွင် သူ့လက်တွင်းရှိ တောက်ပသော ကျောက်တုံးကို ဖြိုခွင်းနိုင်စေရန် စုစည်းနိုင်သော စွမ်းအားအားလုံးကို ဖြန့်ကျက်နေလေသည်။

‘ဒီကျောက်တုံးက မီးလုံးနဲ့တူတယ်... တခြားလူတွေကျ ဘာမှမဖြစ်ပေမဲ့ ငါ့အတွက်တော့ ဒါဟာ ငါ့ဘဝနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသလိုပဲ...”

စုမင်က သူ၏ ဘယ်လက် မြှောက်လိုက်ပြီး ချိပ်တံဆိပ်တစ်ခုဖန်တီးလိုက်သည်။ထို့နောက် ယန်ကျောက်တုံးကို သူ့ ညာဘက်လက်ပေါ် လျင်မြန်စွာ ချလိုက်သည်။ ၎င်းနှင့်အတူ သူ၏ဘယ်လက်က ချက်ချင်းပျောက်ကွယ်သွားသည့် အရိပ်အယောင်များပြသလေသည်။ သူ၏ကြိုးစားမှုအားလုံးက အချည်းနှီးဖြစ်ပြီး ကျောက်တုံးကို ဘာမှမလုပ်နိုင်ပေ။ ထို့ပြင် သူ၏ခန္ဓာကိုယ်ကလည်း တုန်ခါလာသည်။

‘ဒီလိုမလုပ်နိုင်ဘူးဆိုတာကို မယုံဘူး’

စုမင်၏ မျက်လုံးများတွင် လေးနက်သော အကြည့်တစ်ခု ပေါ်လာသည်။

‘ဒီကျောက်က မီးတောက်ဖြစ်ပြီး ငါက ပိုးဖလံတစ်ကောင်ဖြစ်ရင်တောင် ငြှိမ်းသတ်ဖို့ ငါ့ခန္ဓာကိုယ်ကို သုံးမယ်...အဲ့ဒီကျောက်တုံးက နေဖြစ်ပြီး ငါကအရည်ပျော်မဲ့ ရေခဲတွေပဲ ဖြစ်ဖြစ်.. အဲ့ဒီ့ကျောက်တုံးအေးစက်သွားအောင်လုပ်ပြမယ်..”

စုမင်၏ ခန္ဓာကိုယ်က လျင်မြန်စွာ အိုမင်းလာသည်။ ထိုအချိန်တွင် သူက ရှေးအဘိုးကြီးတစ်ဦးနှင့်တူလေသည်။ထိုအချိန်တွင် သူ့အနီးအနားရှိလူတစ်ဦးက သူ့ရှေ့တွင် ပေါ်လာလျှင်ပင် သူ့ကို မှတ်မိရန် ခက်ခဲလိမ့်မည် ။

သူ့ခန္ဓာကိုယ်မှ စွမ်းအင်များ ထွက်ပေါ်လာသည်နှင့်အမျှ စုမင်က နေလုံးကြီးပေါ် အဆုံးမရှိသော ရေခဲများ ဖြန်းလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူက အဆက်မပြတ် အရည်ပျော်နေပြီး အဆက်မပြတ် ပျောက်ကွယ်နေသော်လည်း သူ အရှုံးမပေးသေးပေ။ သူ လက်လျော့ရန် ငြင်းဆန်ခြင်းနှင့်အတူ သူ့အတွင်း၌ ဆုံးဖြတ်ချက်တစ်ခု ရှိလာခဲ့သည်။

သူ့ကို ကျောက်တုံးလေးက အနိုင်ယူတာကို မယုံကြည်နိုင်ခဲ့ပေ။ ထိုကျောက်တုံးကိုတောင် မနှိမ်နင်းနိုင်ခဲ့လျှင် သူ ယင်မရဏဒေသကို ရောက်လျှင် မည်သို့နေထိုင်ရမည်နည်း။

အချိန် ကုန်ဆုံးပြီး မျက်စိတစ်မှိတ်အတွင်းမှာ ခုနစ်ရက်ကြာသွားလေသည်။ ထိုအတောအတွင်း စုမင်၏ ခန္ဓာကိုယ်အများစုက မထင်မရှားဖြစ်လာပြီး အဆက်မပြတ်ပြင်းထန်သော နာကျင်မှုကို မခံနိုင်သလို သူ့အလိုဆန္ဒများပင် လှုပ်ခါစပြုလာသည်။ တစ်စုံတစ်ခုက သူ့အသက်နှင့်ခန္ဓာကို အိုးစားကွဲအောင်လုပ်ဆေနသကဲ့သို့ ခံစားရလေသည်။

စုမင် အံကြိတ်ထားသော်လည်း တောက်ပသောယန်ကျောက်တုံးတစ်ဝိုက်တွင် ဆုပ်ကိုင်ထားမှုကို မဖြေလျှော့ပေ။ယခုအချိန်တွင် ကျောက်တုံးကို ခဏသိမ်းထားလိုက်ပြီး သူ့ကျင့်ကြံအဆင့်မြင့်မားသောအခါမှ ပြန်ဖိနှိပ်ရန်ကြိုးစားနိုင်လေသည်။

သို့ပေမဲ့ သူမလုပ်ခဲ့ပေ။

သူ ထို့သို့လုပ်ချင်စိတ်မရှိခဲ့ပေ။ နောက်ကြောင်းပြန်ရန် အတွေးက သူ့စိတ်ထဲမှာ ဖြစ်ပေါ်လာပြီး ရှောင်လွှဲမှုက သူ့စိတ်ထဲမှာ မျိုးစေ့ချသွားခဲ့လျှင် ယင်မရဏဒေသကနေ ထွက်ခွာရန် သတ္တိဆုံးရှုံးသွားလိမ့်မည်။

ကျောက်တုံး လေးတစ်တုံးက သူ့ကိုသတ်နိုင်စွမ်းရှိမည်ဟု သူ မယုံခဲ့ပေ။

မည်မျှပင် ပင်ပန်းဆင်းရဲခဲ့ရပါစေ သူ၏ဆန္ဒက မတုန်မလှုပ် ဆက်လက်တည်ရှိနေမည်ဟု ယုံကြည်လိုစိတ်ရှိခြင်းကြောင့် ဖြစ်ပေသည်။ ခုနစ်ရက်အတွင်း ကျောက်တုံးကို ဖြိုခွင်းရန် လုံးလုံးလျားလျား ပေါက်ကွဲထွက်စေရန် သူ၏ခန္ဓာကိုယ်အတွင်း၌ သူ၏စွမ်းအားကို ရူးသွပ်စွာ ဖြန့်ကျက်ထားခဲ့သည်။

“မင်းက မီးဆိုရင် ငါက မီးကို ငြိမ်းစေမဲ့.. ရေခဲပဲ..”

‘မင်းက နေမင်းဆိုရင် ငါဟာ နေကို မောင်းထုတ်မဲ့ အမှောင်ထုပဲ..”

‘မင်းနဲ့ငါက တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်အနေနဲ့ မွေးဖွားလာပေမဲ့ မင်းငါ့ကို ဆန့်ကျင်တာဆိုတော့ ငါလည်း မင်းကို ဆန့်ကျင်နိုင်တယ်..”

စုမင်က သူ့နှလုံးသားထဲတွင် ဟစ် ကြွေးလိုက်သည်။

ရှစ်ရက်မြောက်နေ့တွင် သူ၏ခန္ဓာကိုယ်မှ စွမ်းအားအားလုံး ထွက်ပေါ်လာပြီး ရှစ်ရက်ဆက်တိုက် နှိမ်နင်းပြီးနောက် အားနည်းသွားသည့် အရိပ်အယောင်များ ပြသလာသောအခါ ပထမအကြိမ်တွင် သူ၏လက်ရှိ ယန်ကျောက်တုံးကြီးက ကွဲအက်သံများ ထွက်လာပြီး အက်ကွဲသွားတော့သည်။

ထိုအက်ကွဲကြောင်း ပေါ်လာသည်နှင့်အမျှ မရဏ အငွေ့အသက် အများအပြားက အတွင်းဘက်သို့ တိုးဝင်သွားပြီး အတွင်းရှိစွမ်းအားများနှင့်ထိတိုက်မိသွားလေသည်။ ထိုအချိန်တွင် မီးနှင့်ရေက အချင်းချင်းထိတိုက်နေသကဲ့သို့ ယန် ကျောက်တုံးအတွင်း၌ အစွန်းရောက်ယန်တည်ရှိမှုက စုမင်၏ အဆက်မပြတ်တိုက်ထုတ်ခြင်းမှတစ်ဆင့် အားပျော့သွားသည့် ရှားပါးသော အရိပ်အယောင်များ ပြသလာသည်။

ဤအခိုက်အတန့်ကို မည်သည့်အင် မော်တယ်မဆို မည်သူမဆို မြင်ခဲ့မည်ဆိုလျှင်သေချာပေါက် ထိတ်လန့်သွားမည်ဖြစ်သည်။တောက်ပသောယန်ကျောက်တုံးများက အင်မော်တယ်ပြည်ရှိ၎င်းတို့၏ဝိညာဉ်များကို ထိန်းသိမ်းထားနိုင်သော အရာများဖြစ်သသည်။ထို့ကြောင့် ၎င်းတို့က ယင်မရဏဒေသတွင် ဆင်းသက်ပြီးသည်နှင့် ကုန်းမြေ၏ဒဏ်ကို လွန်စွာသိပ်မခံစားပေ။ ဤတောက်ပယန်ကျောက်တုံးများက တောက်ပသောယန်ဒေသတွင်ပင် ရှားပါးခဲ့သည်။

ကျောက်တုံးကြီးကို ပြောင်းလဲပစ်ရန် လက်တွေ့မှာ မဖြစ်နိုင်သလို မရဏအငွေ့အသက်အပြည့်လည်း ဖြစ်မနေပေ။ အဘယ်ကြောင့်ဆိုသော် ဘယ်နေရာပဲရောက်ရောက် မရဏအငွေ့အသက်အားလုံးက ချက်ချင်း ပြန့်ကျဲသွားသောကြောင့်ဖြစ်သည်။

ယခုတော့... စုမင်ကြောင့် တောက်ပသောယန်ကျောက်တုံးက ပြောင်းလဲလာပြီး ဖိနှိပ်ခံရသည့် အရိပ်အယောင်များ ပြနေသည်။ ဤနိမိတ်လက္ခဏာများက ကျောက်တုံးကို အမှန်တကယ် ပြောင်းလဲခြင်းမှ ဝေးကွာနေသေးသော်လည်း အဆိုပါ လက္ခဏာများ၏ အသွင်အပြင်က ၎င်းကို သိရှိနိုင်သူတိုင်းကို ထိတ်လန့်သွားစေလောက်အောင်ပင် ဖြစ်သည်။

ဆယ်ရက်မြောက်နေ့ရောက်သောအခါ၊စုမင်၏ ကနဦးကျင့်ကြံမှုက ပို၍ပင် ခန်းခြောက်သွားသော်လည်း သူ့မျက်လုံးများရှိအနီရောင်က သူ့စိတ်အားထက်သန်မှုကို ပြသနေသည်။ သူ့လက်ထဲရှိတောက်ပသောယန်ကျောက်တုံးမှ အစွန်းရောက်ယန် တည်ရှိနေခြင်းက လွန်ခဲ့သော ဆယ်ရက်ကနှင့် မနှိုင်းယှဉ်နိုင်တော့ပေ။ သန်မာဆဲဖြစ်နိုင်သော်လည်း စုမင် ခံစားရသည့်အားပျော့မှုကလည်း မမှားနိုင်ပေ။

ဤဆယ်ရက်အတွင်း သူက အဖော်ပြနိုင်သော အသွင်ကူးပြောင်းမှုတစ်ခုကို ဖြတ်သန်းခဲ့ရသည်ဟု ဆိုနိုင်သည်။ ပြင်းထန်သော နာကျင်မှုနှင့် ရူးသွပ်မှုတို့ကြားမှ အားလုံးကို ခံနိုင်ရည်ရှိပြီး ကြာရှည်စွာ ခံနိုင်ရည်ရှိလေလေ တောက်ပသောယန်ကျောက်တုံးက အားနည်းလေလေ ဖြစ်လာသည်။

‘ဒီရက်ပိုင်းမှာ ငါ ဒီကျောက်တုံးကို အပြီးအပိုင် ပြောင်းလဲပြီး သူ့ရဲ့ စွမ်းအားအားလုံးကို မရဏအရှိန်အဝါအဖြစ် ပြောင်းလဲနိုင်မှာဖြစ်ပြီး ဒီတောက်ပတဲ့ ယန်ကျောက်တုံးကို ယင်မရဏကျောက်တုံးအဖြစ် ပြောင်းလဲပစ်လိုက်မယ်...”

ကျောက်တုံး၏စွမ်းအားက အလွန်အားနည်းလာပြီး ဖိနှိပ်ခံရသည့် လက္ခဏာများ ပေါ်လာသောအခါ စုမင်က သူ၏ ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ ရင်ဘတ်တစ်ခွင်ကို ဖြတ်လိုက် သော် ဒါဏ်တစ်ခု ပေါ်လာသည်။ ထိုဒဏ်ရာ ပေါ်လာသည်နှင့် တပြိုင်နက် ညာဘက်လက်မှ တောက်ပသော ယန်ကျောက်တုံးကို ဒဏ်ရာပေါ်သို့ ဖိလိုက်သည်။

စုမင် ထိုသို့လုပ်လိုက်သည်နှင့် သူ့မျက်လုံးများက မှုန်ဝါးလာပြီး ရုတ်တရက် အာရုံစူးစိုက်မှုကင်းမဲ့သွားသည်။သို့ပေမဲ့ ချက်ချင်းဆိုသလို ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ သူက အံကြိတ်ကာ တောက်ပသောယန်ကျောက်တုံးကို သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် ဒဏ်ရာထဲသို့ တွန်းပို့လိုက်သည်။

ဤသည်မှာ တောက်ပသောယန်နယ်မြေ ကို တန်ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။

ပူလောင်နေသော ခံစားချက်ကို သူ သတိရချင်မိသည်။ တောက်ပသော အောက်မှာ ညှိုးနွမ်းသွားရသော ခံစားချက်ကို သူ အမှတ်ရချင်ခဲ့သည်။ သူက ဤအရာအားလုံးကို မှတ်မိပြီး ဖြည်းညှင်းစွာ ကျင့်သုံးချင်သည်။ သူက ပြင်ဆင်မှုများ ပြုလုပ်ကာ အနာဂတ်တွင် ဤနေရာမှ ထွက်ခွာသည့်အခါ ဤခံစားချက်ကို ကျင့်သုံးသွားမည်ဖြစ်သည်။

တောက်ပသောယန်ကျောက်တုံးက စုမင်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသောအခါ သူက လက်နှစ်ဘက်ဖြင့် တံဆိပ်ခတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ချက်ချင်းပင် ဂူအတွင်းရှိ မရဏအရှိန်အဝါအားလုံးကို ဖြိုခွင်းကာ ဂူတွင်းသို့ စီးဝင်လာသော ဧရာမ ရေကြောင်းတစ်ခုနှင့် တူသွားလေသည်။

ကျယ်လောင်သော မြည်ဟည်းသံများက လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် သူ့ရင်ဘတ်ရှိ ဒဏ်ရာထဲသို့ အငွေ့အသက်များ စိမ့်ဝင်သွားသည် ။ ဤဖြစ်စဉ်က လေးနာရီကြာပြီး ဂူတွင်းရှိ မရဏအငွေ့အသက်ကို စုပ်ယူလိုက်သည်နှင့် စုမင်၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာက ပိတ်သွားပြီး မမြင်နိုင်တော့ပေ။

သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် တောက်ပသော ယန်ကျောက်တုံးကြီးတစ်ခု ရှိနေပြီး နာကျင်မှုကို ဆက်တိုက်ခံနိုင်ရည်ရှိစေခဲ့သည်။ သို့ပေမဲ့ ထို နာကျင်မှုက... စုမင် လိုချင်သော အရာဖြစ်သည်။

‘ငါ နာကျင်မှုကို မခံစားရတော့တဲ့အခါ တောင်ပတဲ့ယန်‌နယ်မြေကိုရောက်တဲ့အခါ ခံနိုင်ရည်ရှိလောက်တယ်.. ဒါက ရာသီ

တွေကို ပြောင်းပြန်စီးဆင်းစေတာပဲ..

ဆောင်းရာသီကို နွေဦးဆီ ကူးပြောင်းတဲ့ ဖြစ်စဉ်ပါပဲ-- ငါနားလည်လာပြီ...”

‘သေခြင်းမှ ရှင်ခြင်းသို့ ပြောင်းရွှေ့ခြင်း’

စုမင်က စူးစူးရှရှ အသက်ရှုရှိုက်ပြီး မျက်လုံးကိုမှိတ်လိုက်သည်။ ပြင်းထန်သော ဝေဒနာများကြားတွင် ထိုကျောက်တုံးကို နှိမ်နှင်းရာတွင်လည်း ၎င်းအား ဖြည်းညှင်းစွာ ပြန်လည်ကောင်းမွန်ရန်နှင့် သူ့အတွင်းမှ ဟန်ချက်ထိန်းနိုင်ရန် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ဖြည်းညှင်းစွာ ဖြန့်ကျက်လိုက်သည်။

ထို့နောက် သူ့နတ်ဘုရားအာရုံကိုဖြန်ကျက်လိုက်သည်။ သုံးရက်အကြာတွင်၊ မြေပြင်အတွင်း၌ နက်ရှိုင်းသော မြစ်တစ်ထောင်ချိုင့်ဝှမ်း၏ ဝိညာဉ်သွေးကြောကို တွေ့ရှိခဲ့သည်။

All Chapters