← Chapters

ကြီးကျယ်ခမ်းနားစွာပြီးမြောက်ခြင်း

Vol. 46 Ch. 638

ကြီးကျယ်ခမ်းနားစွာပြီးမြောက်ခြင်း

Vol. 46 Ch. 638

၎င်းက မြစ်တစ်ထောင်ချိုင့်ဝှမ်းအောက်၌ ကွေ့ကောက်နေသော ဝိညာဥ် သွေးကြောဖြစ်သော်လည်း နေရာအနှံ့ ပြန့်ကျဲနေသည်။ ပို၍တိကျစွာပြောရလျှင် ဤဝိညာဉ်ကြော မပြည့်မစုံဖြစ်ပြီး အပိုင်းပိုင်းကွဲသွားခြင်းဖြစ်နိုင်သည်။ ‘မြစ်တစ်ထောင်’ ဟူသော စကားလုံးက ဤဝိညာဥ်သွေးကြောအတွက် မှန်ကန်သကဲ့သို့၊ ၎င်းက ထိုနေရာတွင် သွေးကြောတစ်ထောင်အဖြစ်သို့ မြေကြီး၏ နက်ရှိုင်းသော နေရာတွင်ပင်ကွဲသွားလေသည်။

သွေးကြောတစ်ခုစီက မယုံနိုင်လောက်အောင် အားနည်းနေပြီး သိသာထင်ရှားလွန်းသော်လည်း ဤသွေးကြောတစ်ထောင်အဆုံးတွင် လောကကြီး၏ စွမ်းအားက ဖုံးကွယ်နဂါးဂိုဏ်းကို ထိုမြစ်တစ်ထောင်ချိုင့်ဝှမ်းသို့ အသွင်ပြောင်းစေနိုင်သည်။ ထို့အတွက်ကြောင့် ၎င်းတို့၏ဂိုဏ်းခွဲတည်ထောင်ရန် ဤနေရာကို ရွေးချယ်ခဲ့ကြသည်။

စုမင် ထိုဂိုဏ်းခွဲသို့လာရသည့်အ‌ကြောင်းရင်းရှိလေသည်။ ရှာမန်တို့တွင် ရှာမန်သလင်းကျောက် ဟုခေါ်သော ကျောက်တုံးများ၊ မာန်ကျင့်ကြံသူတို့၏မာန်စွမ်အားကျောက်တုံးများနှင့် အင်မော်တယ်များကြားရှိ ဝိညာဉ်ကျောက်တုံးများက မြစ်တစ်ထောင် ချိုင့်ဝှမ်းသို့ လာရသည့် အကြောင်းရင်းဖြစ်သည်။အရေးကြီးဆုံးမှာ ဆေးအမြုတေများရှိသောကြောင့်ဖြစ်သည်။

ရက်အတော်ကြာသော် စုမင်က ဂူထဲမှာ ရှိ နေပြီး မျက်စိဖွင့်လိုက်သည်။ သူ့မျက်နှာက တည်ငြိမ်နေပြီး မည်သည့်အမူအရာကိုမျှ မတွေ့နိုင်ပေ။ ထိုအချိန်တွင် သူ

မည်ကဲ့သို့ ဝေဒနာ ခံစားနေရသည်ကို မည်သူမျှ ခန့်မှန်း၍မရပေ။

သို့သော် စုမင်က ဤဝေဒနာနှင့် ရင်းနှီးရမည်ဟု သူသိသည်။

သူက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး တစ်ချက်လှုပ်ရုံဖြင့် ဂူထဲမှ ပျောက်သွားသည်။ သူပြန်ပေါ်လာသောအခါ၊ သူက မြေ၏နက်နဲရာသို့ ရောက်နေပြီဖြစ်သည်။ သူက မြေကြီးကိုဖြတ်၍ ကူးခတ်နေစဉ် သူ့ရှေ့တွင် သလင်းကျောက်အလင်းအလွှာတစ်ခုကို သူတွေ့လိုက်ရသည်။

၎င်းမှာ အကွေ့အကောက်များသော လမ်းကြောင်းပေါ်မှ ပေတစ်ရာ ရှည်လျားသည့် ကြည်လင်သော သွေးကြောတစ်ခုဖြစ်သည်။ ၎င်းက သလင်းကျောက် သွေးကြောကဲ့သို့ ပေါ်လာသော်လည်း စုမင်က နတ်ဘုရားအာရုံဖြန့်ကျက်လိုက်သောအခါ ၎မြေကြီးအနက်၌ နစ်မြုပ်နေသော နဂါးငယ်လေးတစ် ကောင်လို ခံစားလိုက်ရသည် ။

“ဟုန့်လော့ရဲ့ကျင့်စဉ်တွေကို အသက်သွင်းလိုက်ရအောင်...”

စုမင် ၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ လွန်ခဲ့သည့် ဆယ်ရက်အတွင်း တောက်ပသောယန် ကျောက်တုံးကို နှိမ်နင်းရန် သူအသုံးပြုခဲ့သော စွမ်းအားက လုံးဝပြန်လည်ကောင်းမွန်လာခဲ့သည်။ ထိုသို့ပြုလုပ်သောအခါတွင် သူ၏ကနဦးကျင့်ကြံမှူက အနည်းငယ်တိုးလာသည်ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။ အများကြီးမဟုတ်သော်လည်း သူခံစားခဲ့ရ သောဒဏ်ရာကနေ အပြည့်အဝပြန်လည်ကောင်းမွန်လာရန် သူ့ ၏ကနဦးကျင့်ကြံမှုက ဆယ်ပုံကိုးပုံနီးပါးကို ရောက်သွားစေခဲ့သည်။

သို့သော် သူ၏ကျင့်ကြံမှု၏ ဆယ်ပုံ ကိုးပုံကို လုံးလုံးပြန်မရရမီ အကွာအဝေးတစ်ခုသာ ကျန်ရှိတော့သည်။

‘ဒီကျင့်စဥ်အလုပ်ဖြစ်ရင်၊ ငါတစ်ခါမှမရောက်ဖူးတဲ့အခြေအနေတစ်ခုကို အချိန်တိုအတွင်းမှာ ပြန်ရနိုင်မှာပဲ...မာန်စိတ်ဝိညာဉ်နယ်ပယ်ကို ရောက်အောင်ကြိုးစားရမယ်...”

‘ငါသာမာန်စိတ်ဝိညာဉ်နယ်ပယ်ကို ကိုရောက်နိုင်ရင်...’

စုမင်၏ မျက်လုံးများတွင် တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားသော်လည်း သူ့မျက်လုံးများကို မျက်မှောင်ကြုတ်လိုက်သောအခါတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ့ရှေ့မှ သလင်းကျောက်သွေးကြောဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ ခန္ဓာကိုယ်က သာမာန်ထက် သိသိသာသာ နှေးကွေးသော အရှိန်ဖြင့် မြေပြင်သို့ ရွေ့လျားနေသော်လည်း၊ ဤရွေ့လျားမှုမျိုးက စွမ်းအားများစွာကို အသုံးပြုထားသောကြောင့် ဖြစ်သည်။ ခဏအကြာတွင် စုမင်က သလင်းကျောက် သွေးကြောနား ပေါ်လာသောအခါ သူ့မျက်လုံးများက အလင်းရောင်တစ်ခုနှင့် လင်းလက်လာသည်။ သူ့ညာလက်ကို မြှောက်၍ တံဆိပ်ခတ်လေ၏။ ကိုးကြိမ်တိုင်တိုင် ပြောင်းလဲပြီးနောက် လှိုင်းဂယက်များက သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားပြီး အရပ်ရပ်သို့ ထွက်သွားလေသည်။

ထို့ နောက် စုမင်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း မထင်မရှားဖြစ်လာသည်။ စုမင်က သလင်းကျောက် သွေး ကြောပေါ်တွင် တစ်နာရီခန့်ကြာအောင်တင်ပျဉ်ခွေထိုင်ခဲ့သည်။ ထိုအခြေအနေတွင် ရှိနေစဉ် သူ့ခန္ဓာကိုယ်တွင် ထူးဆန်းသောပြောင်းလဲမှုတစ်ခု စတင်ပေါ်ပေါက်လာသည်။

‘အမှန်အတိုင်းပြောရရင် သလင်းကျောက်သွေးကြောကို ဝါးမြိုဖို့ ဒီကျင့်စဥ်ဟာ ... အသွင်ကူးပြောင်းမှု ကိုးသွယ်..အသွင်ပြောင်းခြင်း ဆယ်သွယ်..ကလာတာပဲ.. အသွင်ကူးပြောင်းမှု ကိုးသွယ်က စွမ်းအားရဲ့ ကန့်သတ်ချက်ကို ရောက်ရှိစေဖို့ ဘယ်စွမ်းရည်ကိုမဆို ကိုးဆအထိ တိုးမြှင့်နိုင်တယ်...”

‘အသွင်ကူးပြောင်းခြင်းဆယ်သွယ်က လူတစ်ဦးကို ပြောင်းလဲနိုင်တဲ့ မြင့်မြတ်တဲ့စွမ်းရည်တစ်ခုပဲ... ဟုန် လော့ရဲ့အမွေဆက်ခံမှုမှာ ဒီအသွင်ပြောင်းခြင်းဆယ်သွယ်က ကိုယ်တိုင်ပြောင်းလဲလိုတဲ့ပစ္စည်းအဖြစ်ကို ပေါင်းစပ်လိုက်တာနဲ့ အသွင်ကူးပြောင်းမှုစတင်မယ်...အဲ့ဒါကိုရွေးချယ်ပြီးတာနဲ့ နောက်ပြန်လှည့်လို့မရနိုင်ဘူး...”

‘အသွင်ပြောင်းခြင်းဆယ်သွယ်က ငါ့ကို မတူညီတဲ့အရာဝတ္ထုဆယ်ခုအဖြစ် ပေါင်းစပ်လို့ရတယ်.... ငါ့ရဲ့အသွင်ပြောင်းခြင်းဆယ်သွယ်နဲ့ ပထမဆုံး ပြောင်းလဲသွားမဲ့အရာက ကြည်လင်သောသွေးကြောတစ်ခုပဲ...”

စုမင်၏ မျက်လုံးများ တောက်ပလာသည်။ သူထိုင်လိုက်သောအခါတွင် သူ၏ခန္ဓာကိုယ်က မထင်မရှားဖြစ်လာသည်။ သူ့ခြေထောက်များက တဖြည်းဖြည်းပြောင်းလဲလာပြီး သလင်းကျောက်များက ၎င်းတို့အပေါ်တွင် စတင်ဖြစ်ပေါ်လာသည်။ သူတို့က သူ့ခြေထောက်များကို ဆက်လက်ဖြန့်ကျက်ကြပြီး တစ်နာရီအကြာတွင် သူ၏တစ်ကိုယ်လုံးက သလင်းကျောက်ကဲ့သို့ ဖြစ်သွားသည်။

အမှန်မှာ ပထမတစ်ချက်တွင်စုမင်က ကြည်လင်နေသော သွေးကြောများနှင့် အလွန်ဆင်တူသည်။ နှစ်နာရီအကြာတွင်၊ မြေပြင်ရှိ သလင်းကျောက်သွေးကြောမှ ထွက်လာသည့် အပိုအပိုင်းတစ်ခုဖြင့် အစားထိုးရန် လုံးလုံးပင် ပျောက်ကွယ်သွားခဲ့သည်။

ထိုအပိုအပိုင်းက လူတစ်ဦး၏ပုံသဏ္ဍာန်ဖြစ်သော်လည်း ၎င်းက သလင်းကျောက်သွေးကြောတစ်ခုဖြစ်ပြီး ရှင်းရှင်းလင်းလင်း ခွဲခြားမရနိုင်ပေ။ ထိုနေရာမှာ တခြားတစ်ယောက်ယောက်ရှိခဲ့လျှင် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုသလင်းကျောက်ကြောနှင့်ပတ်သတ်၍ အမှားအယွင်းကို မမြင်နိုင်ကြပေ။

ဤသည်မှာ အသွင်ကူးပြောင်းမှုဆယ်သွယ်ဖြစ်သည်။ ၎င်းက မိမိကိုယ်မိမိ ပြောင်းလဲလိုသော အရာတစ်ခုကို ရွေးချယ်ကာ ၎င်းနှင့် ပေါင်းစပ်နိုင်စေမည်ဖြစ်သည်။ သူအောင်မြင်ပြီးသည်နှင့် သူနှင့်ပေါင်းစပ်ထားသည့်အရာကဲ့သို့ တူညီသောအရာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ သူတို့၏အသွင်အပြင်က ဆင်တူရုံသာမက ၎င်းတို့၏အတွင်းပိုင်းတည်ဆောက်ပုံများလည်း အတူတူပင်ဖြစ်လိမ့်မည်။

စုမင်က အသွင်ကူး ပြောင်းခြင်းဆယ်သွယ်တွင် ပထမဆုံးအသွင်ပြောင်းခြင်းအဖြစ် သလင်းကျောက်ကို ရွေးချယ်ခဲ့သည်။ နာရီအနည်းငယ်ကြာသောအခါတွင် သူက ကြည်လင်သောသွေးကြောအဖြစ်သို့ အောင်မြင်စွာပြောင်းလဲသွားခဲ့သည်။ ၎င်းတို့ကြားတွင် ခြားနားချက်တစ်ခုမျှ မတွေ့နိုင်တော့ပေ။ ထို့နောက် ၎င်းက သူ၏ခန္ဓာကိုယ်အပြင်ဘက်ရှိ ဝိညာဉ်အရှိန်အဝါများကို စုပ်ယူခွင့် ပေးသည်။ အတွင်းမှ သလင်းကျောက်သွေးကြောကို ဝါးမြိုသွားစေသည်။

သူက သလင်းကျောက်သွေးကြောများနှင့် တစ်သားတည်းဖြစ်ပြီး ၎င်းတို့၏ ပေါင်းစပ်မှုများက ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည်။ အချိန်ကုန်သွားကာ သုံးရက်ကြာသောအခါ သလင်းကျောက်သွေးကြောများ ခန်းခြောက်သွားသည့် အရိပ်အယောင်များ ပြလာသည်။ ၎င်း၏ဝိညာဉ်အရှိန်အဝါများက ပျောက်ကွယ်သွားသဖြင့် တဖြည်းဖြည်း မှောင်လာခဲ့သည်။ လူသားပုံသဏ္ဍာန်ရှိသော သလင်းကျောက်သွေးကြောများသာ ပိုတောက်ပလာသည်။

ပဉ္စမနေ့တွင် ဤအပိုင်းက တစ်ဖန် မထင်မရှားဖြစ်သွားပြီး စုမင်အဖြစ်သို့ တဖြည်းဖြည်း ပြန်ပြောင်းသွားသည်။ယခင်ကလို အားမပျော့တော့ဘဲ ပြန်လည်အသက်ဝင်လာခဲ့ပါသည်။

သူ၏ကနဦးကျင့်ကြံမှုစွမ်းအား အများအပြားကိုလည်း ပြန်လည်ရရှိခဲ့သည်။

‘ငါ ဒီနည်းကို သုံးလို့ရတယ်..’

စုမင်၏ မျက်လုံးများ တောက်ပလာပြီး တစ်ချက်လှုက်ရုံဖြင့် ပျောက်ကွယ်သွားလေသည်။ သူပြန်ပေါ်လာသောအခါ၊ သူအရင်ရောက်ဖူးသည့်နေရာနှင့် ပေတစ်ရာကွာဝေးသော အခြားသလင်းကျောက်သွေးကြောပေါ်တွင် ရှိနေပလေသည်။ ယခင်ကကဲ့သို့ပင်၊ သူက ထိုသလင်းကျောက်သွေးကြောကို ထိလိုက်သောအခါ သူက ၎င်းအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းနှင့် တစ်သားတည်းဖြစ်လာသည်။

ဤတစ်ကြိမ်တွင်၊ သူက စွမ်းအားကို စုပ်ယူရန် ငါးရက်မျှ အချိန်မယူဘဲ လေးရက်သာ ယူလေသည်။ ဤရက်များ နောက်ပိုင်းတွင် ကြည်လင်သောသလင်း ကျောက် သွေးကြောက ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။

အချိန်များ တဖြည်းဖြည်းကုန်ဆုံးသွား လေသည်။ စုမင် သူ၏ လုပ်ဆောင်ချက်များကြောင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားစဉ် ကြည်လင်သောသလင်း ကျောက် သွေးကြောများကို ဆက်လက်စုပ်ယူနေလေသည်။ တစ်လကြာပြီးနောက်၊ သူစုပ်ယူမှုအရှိန်ကို ငါးရက်ကနေ တစ်ရက်ထိ လျှော့ချနိုင်ခဲ့သည်။

ထိုကာလက တိုတောင်းလေသည်။ အကယ်၍ သူဤအမြန်နှုန်းဖြင့် ဆက်သွားပါက၊ မကြာမီ ရက်အနည်းငယ်အတွင်း သူစုပ်ယူလိုက်သော သလင်း ကျောက်သွေးကြောပမာဏက ပြီးခဲ့သောလတွင် သူစုပ်ယူခဲ့သော ပမာဏနှင့် ညီမျှပေမည်။

စုပ်ယူမှု အရှိန်ပိုမြန်လာရခြင်းမှာ စုမင်က ကျင့်စဉ်နှင့် ရင်းနှီးလာပြီး သူ့ကိုယ်ပိုင်ပြောင်းလဲမှုကြောင့် ဖြစ်သည်။

ပြီးခဲ့သောလများအတွင်း သလင်းကျောက်သွေးကြောများကို စုပ်ယူခြင်းကြောင့် သူ့ကနဦးကျင့်ကြံမှု၏ ဆယ်ပုံကိုးပုံသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

သူအောင်မြင်ရုံသာမက သူ၏ကနဦးကျင့်ကြံမှုလည်း တိုးလာသေးသည်။

ကြည်လင်နေသော သွေးကြောများကို ဆက်၍ ဝါးမျိုရင်း အခိုက်အတန့်တိုင်းတွင် သူ့ကိုယ်သူ ပိုသန်မာလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။စုမင် ထိုခံစားချက်က စွဲလန်းသွားပြီး သူ့ခန္ဓာကိုယ်ထဲက တောက်ပသောကျောက်တုံးကို ချိုးနှိမ်နိုင်စွမ်းကိုလည်း အားကောင်းစေလေသည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်...စုမင်၏ နောက်ကွယ်က ကြည်လင်သော သွေးကြောတွေ ကွဲအက်သွားလေသည်။ နောက်ထပ် တစ်လခွဲကြာသည့်ချိန်တွင် ကြည်လင်သော သွေးကြောများကို စုပ်ယူရန် သူလိုအပ်သောအချိန် ပမာဏက ခြောက်နာရီပင် ဖြစ်သည်။

သူ၏အရှိန် တိုးလာသည်နှင့်အမျှ မြစ်တစ်ထောင်ချိုင့်ဝှမ်း အောက်တွင်ရှိသော ကြည်လင်သောသွေးကြောတစ်ထောင်က လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။မြစ်တစ်ထောင်ချိုင့်ဝှမ်း ရှိ ဝိညာဉ်အရှိန်အဝါက တဖြည်းဖြည်း လျော့နည်းလာသည်။ ဤသည်မှာ လူအများ၏ အာရုံကို ဖမ်းစားနိုင်စေခဲ့သည်။

ထူးဆန်းသည်မှာ မည်သူမျှ လာရောက်စစ်ဆေးခြင်း မရှိသဖြင့် စုမင်က သူကြိုတင်ပြင်ဆင်ထားသည့် တိုက်ခိုက်မှုအားလုံးကို အသုံးမပြုနိုင်တော့ပေ။ ၎င်းက သလင်းကျောက်သွေးကြောများကို ဆက်လက်စုပ်ယူနေချိန်တွင် သူ့အား စိတ်ရှုပ်ထွေးစေသည့်အရာဖြစ်သည်။

သို့သော် ထိုအချိန်တွင် သူက အရေးကြီးသော အခိုက်အတန့်တွင် ရှိနေခဲ့ပြီး စစ်ဆေးရန် အပြင်ဘက်သို့ ထွက်သွားရန်အလို့ငှာ အဆင်မပြေပေ။ သလင်းကျောက်သွေးကြောများကို စုပ်ယူခြင်းကလည်း ပေါင်ချိုး နှင့် ဆက်စပ်မှု လုံးဝမရှိသလောက်ဖြစ်သဖြင့် အပြင်ဘက်တွင် ဘာတွေဖြစ်နေသည်ကို သူမ မသိနိုင်ပေ။

ထိုအချိန်တွင် သူ၏ကနဦးကျင့်ကြံမှုကို ပြန်လည်ရရှိရန်ကညအရေးကြီးလေသည်။ အပြင်ဘက်ရှိ မည်သည့်အရာကမျှ အရေးမကြီးနိုင်သောကြောင့် ထိုအကြောင်းကို ဆက်မတွေးတောနေတော့ပေ။နှစ်လကြာသွားသောအခါ စုမင်က ကြီးမားသော သလင်းကျောက်သွေးကြောပေါ်တွင် ထိုင်နေပြီး နှစ်နာရီမပြည့်မီတွင် အပိုင်းပိုင်းကွဲသွားသည်။ မျက်လုံးဖွင့်လိုက်သောအခါတွင်။သူ့မျက်လုံးတွင် စူးစူးရှရှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

‘ငါ့ကျင့်ကြံမှုရဲကိုးဆယ့်ခုနစ်ရာခိုင်နှုန်းကို ပြန်လည်ရရှိသွားပြီ... ကြီးကျယ်ခမ်းနားစွာ ပြီးမြောက်ရန် ခြေတစ်လှမ်းသာလိုတော့တယ်...”

စုမင်က သလင်းကျောက်သွေးကြောများ မည်မျှ စုပ်ယူခဲ့သည်ကို မသိသော်လည်း သူ့ခန့်မှန်းချက်အရ ရာဂဏန်းနီးပါးကို ဝါးမျိုခဲ့သည်။

ထိုအချိန်တွင်၊ သူထိုင်နေသော သလင်း ကျောက်ကဲ့သို့ ကြီးမားသော သွေးကြောများကို စုပ်ယူရန် နှစ်နာရီခန့် လိုအပ်သည်။ အစတွင် သူရွေးချယ်ထားသည့် သေးငယ်သော သွေးကြောများကို စုပ်ယူရန် နာရီဝက်သာ လိုအပ်သည်။

‘ငါ ဒီအရှိန်နဲ့ ဆက်နေရင် နောက်လ အတွင်းမှာ ငါ လုံးဝ ပြန်ကောင်းလာလိမ့်မယ်.. အမှန်တော့ ငါ့အမြန်နှုန်းကို တိုးနိုင်ရင် တစ်လတောင် မလိုဘူး...”

စုမင်က စိတ်အားထက်သန်နေလေသသည်။ အတိတ်က တိထျန်းကို တိုက်ခိုက်ခဲ့တုန်းက သူ့ စွမ်းအား၏ အထွတ်အထိပ်ကို ကျော်သွားနိုင်သော်လည်း သူ့ခန္ဓာကိုယ်က အပြည့်အဝ ပြန်ကောင်းမလာသေးပေ။သူ့စွမ်းအားများကို ဖြန့်ကျက်သောအခါ၌ အတားအဆီးအချို့ရှိသေးသည်။ ထိုအချိန်တွင် အပြည့်အဝပြန်လည်ကောင်းမွန်လာရန်မျှော်လင့်ချက်က စုမင်၏ အနည်းငယ် စိတ်လှုပ်ရှားစေလေသည်။

‘တိထျန်း...လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါရခဲ့တဲ့ ဒဏ်ရာတွေက မင်းကြောင့်ပဲ...’

သတ်ဖြတ်လိုစိတ်က စုမင်၏ မျက်လုံးများတွင် တောက်ပလာခဲ့သည်။ သူ မျက်လုံးမှတ်လိုက်သောအခါတွင် အခြားသလင်းကျောက်သွေးပြန်ကြောပေါ်တွင် ပေါ်လာပြီး ၎င်းကို စတင်စုပ်ယူလိုက်သည်။

သုံးရက်...ငါးရက်.. ခုနစ်ရက်...

ဆယ်ရက်...

နောက်ထပ် ဆယ်ရက်ကြာသောအခါ စုမငခ စုပ်ယူထားသော သလင်းကျောက်သွေးကြောများ အရေအတွက်က ယခင်က သူစုပ်ယူခဲ့သော သလင်းကျောက်သွေးကြောများ အရေအတွက်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ယခင်ကရှိပြီးသား တစ်ထောင်ကနေ နည်းနည်းလေးသာ ကျန်တော့သည်။ အများစုမှာစုမင် ၏ ဝါးမျိုခြင်းကို ခံခဲ့ရပြီးဖြစ်သည်။

ထိုအချိန်တွင်သူ၏အရှိန်ဖြင့် သလင်းကျောက်ကို ဖုန်မှုန့်အဖြစ် ပြုလုပ်ရန် အသက်တစ်ရာရှိုက်စာမျှသာ လိုတော့သည်။

ဆယ်ရက်မြောက်နေ့တွင် စုမင်က ကြောက်မက်ဖွယ်ရာအရှိန်ဖြင့် သူ့အောက်တရှိ ကွဲအက်ပြိုကျနေသော အခြားသွေးကြောများ၏ အသက်ဝင်မှုကို ဝါးမြိုလိုက်ပြီးနောက် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုအချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စုမင်၏ ခန္ဓာကိုယ်မှ ဖော်မပြနိုင်သော အစွမ်းထက်သော အသံတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။

သူ၏ကနဦးကျင့်ကြံမှုက ရပ်တန့်ခြင်းမရှိပဲ ဆက်လက်မြင့်တက်နေကာ နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာသည်။ သူ၏စွမ်းအားကို ဖြန့်ကျက်ရာတွင် ယခင်ကရှိခဲ့သော အတားအဆီးများနှင့် အတားအဆီးများ မရှိတော့ပေ။ သူ့ကိုယ်တွင်းရှိ လမ်းကြောင်းများက မျဉ်းဖြောင့်များကဲ့သို့ပင် ချောမွေ့နေလေသည်။

ဤသည်မှာ ၎င်း၏ အမှန်ကန်ဆုံး အဓိပ္ပါယ်ဖြင့် ပြီးမြောက်ခြင်း ဖြစ်သည်။ သူ၏ အသွေးအသားအားလုံးက စစ်မှန်သော မာန်ကျင့်ကြံသူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ့အရိုးတိုင်းက မာန်အရိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ့သွေးတစ်စက်ချင်းစီက ရွှေရောင်အလင်းတန်းများနှင့် တောက်ပနေပြီး သူ့ကိုယ်တွင်းအင်္ဂါ အားလုံးက ကြီးကျယ်စွာပြီးမြှောက်ခြင်းကို ရောက်ရှိခဲ့သည်။

ထိုအချိန်တွင် စုမင်က သူ့ရှေ့တွင် လမ်းကြောင်းတစ်ခုသာရှိသဖြင့် မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ရောက်ရှိရန်မှာ ခိုင်မာသောဆန္ဒတစ်ခုရှိခဲ့သည်။

သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သော် အံ့သြဝမ်းသာ ပီတိတွေ တိုးလာသော်လည်း အမျိုးမျိုးသော အမူအရာတွေ ပေါ်လာသည်။ထို သူ့မျက်နှာမှာတွေဝေမှုများဖြင့်ပြည့်နှက်သွားလေသည်။

မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ သူရောက်ရှိသည်နှင့် တစ်ပြိုင်နက် ကနဦး၊ အလယ်လတ်၊ နှောင်းပိုင်း အဆင့်များကို အရင်ကျော်ဖြတ်ရမည်။ ထို့နောက် ကြီးကျယ်ပြီးဆုံးခြင်းကိုရောက်ရှိနိုင်မည့် ဖြစ်နိုင်ခြေတစ်ရပ်ရှိနေပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့ကနဦးကျင့်ကြံစွမ်းအားကသူ့ကို လုပ်ပိုင်ခွင့် ပေးထားသောကြောင့်ဖြစ်သည်။

သို့သော်လည်း မာန်စိတ်ဝိညာဉ်နယ်ပယ် သို့ရောက်ရှိရန် လုပ်ငန်းစဉ်က အလွန်ခက်ခဲမည်ဟုလည်း ဆိုလိုပါသည်။ ဤအခက်အခဲက ထိုနယ်ပယ်သို့ရောက်ရန် သာမာန်လူတစ်ဦးထက် အဆတစ်ရာ ပိုမြင့်မားနိုင်သည်။

ကံကောင်းထောက်မစွာဖြင့်စုမင်၏ကနဦးကျင့်ကြံမှုကြောင့် မာန်စိတ်ဝိညာဥ်နယ်ပယ်ကိုရောက်ရန် ကြိုးစားရာမှာ မအောင်မြင်ခဲ့လျှင်တောင် တခြားသူများကဲ့သို့ ဖျက်ဆီးခံရမှာ မဟုတ်ပေ။ သို့သော် သုံးကြိမ်ထက်ပို၍ ရှုံးလျှင် မအောင်မြင်နိုင်ပေ။ ထို့နောက် သူသေသွားနိုင်သသည်။ ဤသည်မှာ စုမင် ၏ကနဦးကျင့်ကြံမှုက ပြန်လည်ကောင်းမွန်ပြီး သူ့ခန္ဓာကိုယ်က နလန်ထနိုင်မှုကြောင့် သဘာဝကျကျ နားလည်လာခဲ့သည့် အရာဖြစ်သည်။

‘ငါလုပ်သင့်လား..မလုပ်သင့်ဘူးလား..’

စုမင်က အောင်မြင်ရန်အတွက် ယုံကြည်မှုတစ်စတောင်မရှိပေ။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ့မျက်လုံးများတွင် ပြတ်ပြတ်သားသား အကြည့်တစ်ခု ပေါ်လာသည်။

‘ငါလုပ်မယ်....”

All Chapters