← Chapters

ငါ့ဝိညာဥ်က လောကကြီးထဲမှာ ရှိတယ်

Vol. 46 Ch. 639

ငါ့ဝိညာဥ်က လောကကြီးထဲမှာ ရှိတယ်

Vol. 46 Ch. 639

စုမင်က ဤအရာအတွက် အပြည့်အဝ ပြင်ဆင်မှု မပြုလုပ်ခဲ့ဘဲ သူ ကျရှုံးမည့် ဖြစ်နိုင်ခြေ မြင့်မားသော်လည်း မာန်စိတ်ဝိညာဉ်နယ်ပယ်ကို ချိုးဖျက်ရန် သူရွေးချယ်ခဲ့သည်။

စုမင်က သာမာန်မာန်စိတ်ဝိညာဉ်နယ်ပယ် အတွင်းသို့ ၀င်ရောက်ရန် မကြိုးစားတော့ဘဲ မာန်စိတ်ဝိညာဉ်နယ်ပယ်၏ ကြီးကျယ်သော ပြီးမြောက်မှုဆီသို့ ဦးတည်သွားနေ လေသည်။ သူက ဧရာမနယ်မြေကို ဖြတ်ကျော်သွားလိမ့်မည် ။

ထိုအရာကို အရှုံးပေးရန် မရွေးချယ်ခဲ့ပေ။ မအောင်မြင်ခဲ့လျှင်တောင် ရှုံးနိမ့်မှုများကို ရင်ဆိုင်ရဲသည့် သတ္တိရှိရန် လိုအပ် လေသည်။

စုမင်၏ မျက်လုံးများ တောက်ပလာပြီး မြေပြင်သို့ တစ်ရှိန်ထိုးတိုးဝင် လေသည်။ သူနှင့် မျက်နှာပြင်ကြား အကွာအဝေးကို မဆုံးဖြတ်နိုင်တော့ဘဲ မြေပြင်မှ ဖိအားများ ပြင်းထန်လာသောအခါ စုမင်က ကြည်လင်သော သွေးကြောတစ်ခုပေါ်တွင် ထိုင်နေလေသည်။ ဖိအားကြောင့် မြေကြီး ပေတစ်ရာခန့် ကျယ်ဝန်းသော နေရာလွတ်ကို ဖော်ထုတ်နိုင်သောကြောင့် သူ့ပတ်ဝန်းကျင်တွင် မြေကြီးမရှိ တော့ပေ။

ထိုနေရာက တိတ်ဆိတ်သွားလေသည်။ အသံတစ်သံမျှ မကြားရတော့ပေ။ စုမင်က တရားထိုင်နေစဉ် မျက်လုံးကိုမှိတ်ထားပြီး သူ့အတွင်း၌ သူ၏ စွမ်းအားအားလုံးကို ဖြန့်ကျက်လိုက်သောအခါ၊ သူ၏ချီက အဆက်မပြတ် မြင့်တက်လာသည်။

ထိုတိုးလာမှု၏ အရှိန်က အလွန်ကြီးမားသဖြင့် ချီစွမ်းအားက ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။ လွန်ခဲ့သောနှစ်များအတွင်း ထျန်းရှဲ့ကျီက သူ၏တပည့်များအား မာန်စိတ်ဝိညာဉ်နယ်ပယ် သို့ရောက်ရန် ကြိုးပမ်းရန်ပြောသောအခိုက်အတန့်က စုမင်၏ ခေါင်းထဲတွင် တုန်လှုပ်သွားခဲ့သည်။

မာန်စိတ်ဝိညာဥ်နယ်ပယ်၏ အဓိက အယူအဆက စိတ်ဝိညာဉ်ထဲတွင် တည်ရှိနေသည်။ ၎င်းက မာန်အမှတ်အသား၏ ကြီးကျယ်သော ပြီးမြောက်မှုဖြစ်သည်။ မာန်ကျင့်ကြံသူက သူ ၏မာန်အမှတ်အသားကို လှုံ့ဆော်ရန်အတွက် သူ၏ခန္ဓာကိုယ်ရှိ မာန်အရိုးများအားလုံး၏ စွမ်းအားကို အသက်သွင်းရန် လိုအပ်သည်။ ထို့နောက် ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဌာန် ရှိလာသောအခါ၊ ထိုဝိညာဉ်က လောကကြီးနှင့် ဆက်သွယ်နိုင်မည်ဖြစ်သည်။ လူအား လောကကြီး၏ စွမ်းအားကို အသုံးပြုခွင့်ပေးကာ သဘာဝ၏ပြောင်းလဲမှုကို ဖြတ်သန်းနိုင်စေမည်ဖြစ်သည်။

၎င်းကို စိတ်ဝိညာဉ်၏အသွင်ပြောင်းမှုဟုလည်း ခေါ်နိုင်သည်။

မာန်အမှတ်အသား၏ဝိညာဉ်အဖြစ်သို့ပြောင်းလဲခြင်းက မာန်ကျင့်ကြံသူ ၏အလိုဆန္ဒနှင့်သူ၏ချီအားလုံး၊ သွေးမျိုးဆက်များကိုစုဆောင်းရမည်။ထို့မှသာ ကိုယ်ပိုင်မာန်နတ်ဘုရားရုပ်တုကို ဖန်တီးနိုင်မည်။ ထို့နောက် ရုပ်တုက ရောင်ပြန်ဟပ်မှုဖြင့် ပေါင်းစပ်ပြီးနောက် မာန်စိတ်ဝိညာဉ်နယ်ပယ် သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

‘နက်မှောင်တောင်က ငါ့အမှတ်အသား…နဝမမြောက်တောင်ထွဋ်ကလည်း ငါ့အမှတ်အသား၏ တစ်စိတ်တစ်ပိုင်းပဲ...”

စုမင် ၏ မာန်အမှတ်အသားက သူ့မျက်နှာပေါ်တွင် ပေါ်လာပြီး နဝမမြောက်တောင်ထွဋ်၏ အမှတ်အသားကလည်း သူ့ခန္ဓာကိုယ်ပေါ်တွင် ထင်ရှားနေသည်။ မြက်ခင်းများ၊ အပင်များ၊ အိမ်များနှင့် အခြားအရာအားလုံးက သူ့အပေါ် ထင်ရှားစွာ ထင်ဟပ်နေပါသည်။

မာန်အမှတ်အသားက နှလုံးသားမှ မွေးဖွားလာပြီး ခန္ဓာကိုယ်ပေါ်တွင် ပြသထားသည်။ ထိုအရာ၏ လူတစ်ယောက်၏ နှလုံးသားနှင့်ဝိညာဉ်တစ်ခုလုံး ၏အစိတ်အပိုင်းတစ်ခုပင်။။

“နက်မှောင်တောင်က ငါ့ဝိညာဉ်ပဲ”

စုမင်က တိုးတိုးလေးပြောသည်။ ချက်ချင်းပင် သူ့မျက်နှာပေါ်၌ လက်ငါးချောင်းပုံဏ္ဍာန်ရှိတောင်က တွန့်လိမ်သွားပြီး မြေအောက်၌မြုပ်နေသော တောင်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ သူ့နောက်တွင် တဖြည်းဖြည်း ပေါ်လာသည်။

“နဝမမြောက်တောင်ထွဋ်ကလည်းငါ့ရဲ့ ဝိညာဉ်ပဲ...”

စုမင် မျက်စိရှေ့မှာတင် ဒုတိယအကြီးဆုံးအစ်ကိုထျန်းရှဲ့ကျီ၊ အကြီးဆုံးအစ်ကို ဟူကျီ... နှင့်နဝမြောက်တောင်ထွဋ်ရှိကျန်အားလုံးပေါ်လာလေသည်။

ပေါက်ကွဲသံနှင့်အတူ နဝမမြောက်တောင်ထွဋ်က သူ့ရှေ့တွင် ထင်ရှားလာသည်။ ၎င်းက သူ့နောက်ကွယ်မှ နက်မှောင်တောင်၏ ဆန့်ကျင်ဘက်တွင် တည်ရှိပြီး တောင်နှစ်စင်းလုံးကြောင့် မြေကြီးမှ နက်ရှိုင်းသော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

“ငါ့ရဲ့မာန်ဝိညာဉ်က နက်မှောင်တောင်နဲ့ ထာဝရဆက်သွယ်မှုရှိတယ်... ပြီးတော့ နဝမမြောက်တောင်ထွဋ်ကို ထာဝရကျေးဇူးတင်တယ်...”

စုမင်၏မျက်လုံးက တောက်ပနေပြီး သူ့ လက်ကို မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။

သူ့အကြီးအကဲနှင့် နက်မှောင်တောင်ရှိ အရာအားလုံးကို မြင်နိုင်သလို ခံစားလိုက်ရသည်။ သူ့နားထဲတွင် သစ်သားပု လွေ၏ သံစဥ်များကိုပင် ကြားလိုက်ရသည်။ ဝမ်းနည်းမှုနှင့် မှိုင်တွေသောလေထုကို ယူဆောင်လာသော်လည်း တစ်ချိန်တည်းမှာပင် နဝမြောက်တောင်ထွဋ်ရှိ နေဝင်ချိန်ကို သူမြင်လိုက်ရသည်။

ဤအရာအားလုံးက သူ့မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါင်းစပ်သွားပြီး တစ်ခုနှင့်တစ်ခု ထပ်နေသောအခါတွင် သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ ထိုခဏတွင် သူ့အတွင်းမှ ချိပ်တံဆိပ်တစ်မျိုးမျိုး စတင်ကွဲသွားသကဲ့သို့ သူ့ခေါင်းထဲတွင် အက်ကွဲအသံများ ထွက်ပေါ်လာသည်။

“ကံကြမ္မာက ငါ့ကောင်းကင်ဖြစ်လိမ့်မယ်...”

စုမင်က တီးတိုးပြောနေရင်း မြေကြီး၏ နက်နဲရာမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာ လေသည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး မြေကြီး တုန်ခါလာ လေသည်။ သူ့အထက်တွင် ကလေးငယ်၏အရိပ်တစ်ခုပေါ်လာသော်လည်း ထိုအရိပ်က အဆက်မပြတ်ပြောင်းလဲသွားကာ ရံဖန်ရံခါတွင် ခရမ်းရောင်ဆံပင်နှင့် လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူ့ပတ်ဝန်းကျင်ရှိ မရဏအငွေ့အသက်က ကောင်းကင်သို့ပျံတက်သွားသည်။ မြေကြီးက ဤထင်ယောင်ထင်မှာအရိပ်ကိုပင် ကြောက်နေသကဲ့သို့ပင် မရပ်မနား ပြင်းထန်စွာ တုန်လှုပ်နေလေသည်။

“ငါ့ဝိညာဉ်က ဒီလောကထဲမှာရှိတယ်...”

စုမင်က သူ့လက်များကို လျင်မြန်စွာ ရွှေ့လိုက်ပြီး သူ၏ လှုပ်ရှားမှုများနှင့်အတူ သူ၏ နတ်ဘုရားအာရုံက အပြင်သို့ ပျံ့နှံ့သွားပြီး နက်မှောင်တောင် ၊ နဝမ မြောက်တောင်ထွဋ်နှင့် ကံကြမ္မာတို့ ပေါင်းစပ်သွားသည်။ သူ၏အလိုဆန္ဒကို ဗဟိုထားကာ သူ၏စိတ်ဝိညာဉ်က နက်မှောင်တောင် ၊ နဝမမြောက်တောင်ထွဋ်၊ ကံကြမ္မာ၏ပုံရိပ်တို့နှင့် ပေါင်းစပ်သွားလေသည်။

စုမင်က တုန်လှုပ်လာသည်။ ဤအရာသုံးခုကို ပိုမိုနီးကပ်စေပြီး ၎င်းတို့ကို ပေါင်းစပ်လိုက်သော စွမ်းအားက သူ၏သွေးနှင့် အသားများအားလုံးတွင် သိုလှောင်ထားသည့် မာန် စွမ်းအားဖြစ်ပြီး သူ၏ မာန်အရိုးများဖြစ်ကြောင်း သူခံစားနိုင်သည်။ သူ့ခန္ဓာကိုယ်မှာရှိသော အရာအားလုံးနှင့် ထိုအရာသုံးခုက ဖြည်းဖြည်းချင်း ပေါင်းစပ်နေလေသည်။

ပေါင်းစပ်မှုပြီးသွားသည်နှင့် ၎င်းတို့သုံးဦးသည် တစ်သားတည်းဖြစ်လာသောအခါ စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ် သို့ရောက်ရန်ကြိုးစားရာတွင် သူ၏ပထမခြေလှမ်းကို ပြီးသွားပြီဖြစ်ကြောင်း ဆိုလိုပါသည်။ နောက်တစ်ဆင့်က မာန်နတ်ဘုရားရုပ်တု၏ဝိညာဉ်ရောင်ပြန်ဟပ်ခြင်းပင်ဖြစ်သည် ။

ဒုတိယခြေလှမ်းကို မဆိုထားဘိ။ ပထမခြေလှမ်းတစ်လှမ်းက စုမငခအတွက် မယုံနိုင်လောက်အောင် ခက်ခဲနေခဲ့သည်ာ သူ့ခန္ဓာကိုယ်ထဲက စွမ်းအားအားလုံးကို ပေါက်ကွဲအောင်လုပ်ထားပြီးသားဖြစ်သော်လည်း အရာဝတ္ထုသုံးခုကို မြန်မြန်ဆန်ဆန် မပေါင်းစပ်နိုင်သေးပေ။ သို့သော် တဖြည်းဖြည်းချင်း တစ်သားတည်းဖြစ်အောင် လုပ်နိုင်ခဲ့သည်။

တကယ်တော့ သူ့မှာ တစ်ခုခု ချို့တဲ့နေကြောင်း အမြဲတစေ ခံစားနေရသော်လည်း မည်သည့်အရာများချို့တဲ့နေသည်ကို သူမသိပေ။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ခြောက်နာရီကြာသွားသည်။စုမင်၏ တစ်ကိုယ်လုံး ချွေးများရွှဲနေသည်။ သူ့မျက်နှာက ဖြူဖျော့နေသော်လည်း အံကြိတ်ကာ ခံနိုင်ရည်ရှိနေဆဲပင်။ သူ့ခေါင်းထဲတွင် ကွဲအက်သံများ မကြာခဏ ထွက်ပေါ်လာပြီး ချိပ်တံဆိပ်တစ်ခု ကျိုးသွားသလို ခံစားလာရသည်မှာ ပို၍ပင် ထူးခြားလာသည်။

သူ့စိတ်ထဲမှာ ချိပ်တံဆိပ်ကျိုးသွားသည့်အခါ ဟုန်လော့ ချန်ထားခဲ့သော အသက်လမ်းလမ်းစဉ်၏ အမွေအနှစ်များက လုံးလုံးလျားလျား ကွယ်ပျောက်သွားသည်။စုမင် တံဆိပ်ခတ်ထားခံရသော အမှတ်တရများက ပြန်လည်အသက်ဝင်လာသည်။ ထိုအချိန်၌ သူ့အထဲမှာ မြှုပ်ထား သောအရာအားလုံးကို သူမြင်နိုင်ခဲ့သည်။

စုမင်က အရာဝတ္ထု သုံးခုကို ပေါင်းစပ်ရန် ကြိုးစားသည်နှင့် တပြိုင်နက် သူ့စိတ်ထဲရှိ ချိပ်တံဆိပ်များ ဆက်လက် ကွဲအက်သွားသည်။ မြစ်တစ် ထောင်ချိုင့်ဝှမ်းရှိ ဝိညာဉ်အရှိန်အဝါများက စတင် ဖရိုဖရဲ ပြောင်းလဲလာကာ ကောင်းကင်ရှိ ရာသီဥတုလည်း ပြောင်းလဲလာသည်။ မိုးခြိမ့်သံများ ထွက်ပေါ်လာပြီး မိုးကအဆက်မပြတ်ရွာသွန်းနေလေသည်။ တခြားအချိန်များမှာ နှင်း ကျတတ်သလို တစ်ခါတရံမှာ‌ နေထွက်လာလေသည်။

ဤရာသီဥတုပြောင်းလဲမှုများက မြစ်တစ်ထောင်ချိုင့်ဝှမ်းရှိနတ်ဆိုး ဂိုဏ်းဝင်များအားလုံးကို ထိတ်လန့်စေခဲ့ပြီး အားလုံးက ခေါင်းကိုမော့ကြည့်လိုက်ကြသည်။

‘ဒါတွေက... မာန်စိတ်ဝိညာဥ်နယ်ပယ်ကိုရောက်ဖို့ ကြိုးစားနေတဲ့ ကျင့်ကြံသူရဲ့ လက္ခဏာတွေပဲ...’

ရှန်းတုန်က ခေါင်း မော့ကာ မယုံနိုင်လောက်အောင် လေးနက်သော မျက်နှာဖြင့် ကောင်းကင်ကို စိုက်ကြည့်နေသည်။ ထိုအရာက မာန်စိတ်ဝိညာဥ်နယ်ပယ်ကိုရောက်အောင် ကြိုးစားနေသော ကျင့်ကြံသူ၏ သာမန်လုပ်ထုံးလုပ်နည်းတစ်ခုမျှသာမဟုတ်ကြောင်း သူ ပြောနိုင်သည်။ ထနုအရာက အစပဲရှိသေးသည်။ ပုံသဏ္ဍာန်အားဖြင့် အချိန်ကြာလာသည်နှင့်အမျှ ဤပြောင်းလဲမှုများက ပိုမိုအားကောင်းလာမည်ဖြစ်သည်။

စုမင် နှင့် အကွာအဝေးတစ်ခု၌ တည်ရှိသော အရှေ့မြေရိုင်းနယ်မြေများ အတွင်းရှိ တောင်တန်းတစ်ခုတွင် မားမားမတ်မတ်တည်ရှိနေသော ခန်းမကြီးတစ်ခု ရှိနေသည် ။

ဤနေရာရှိ အဆောက်အအုံများက အဆုံးမရှိဟု ထင်ရပြီး ကောင်းကင်တွင် နန်းတော်ပေါင်း တစ်ရာကျော်မျှ လွင့်မျောနေပါသည်။ သူတို့ အသီးသီးက စူးစူးရဲရဲ အလင်းတန်းများဖြင့် လင်းလက် နေကြသည်။ အဝေးမှ မြင်သူတိုင်း ဤနေရာ၏ အလယ်တည့်တည့်တွင် မြေပြင်၌ ဓားအကြီးကြီး ဓားတစ်ချောင်း ထိုးထားသည်ကို အံ့သြသွားကြသည်။ ထိုဓားက ပေတစ်သိန်းမြင့်ပြီး လီများစွာရှိသော စက်ဝိုင်းဧရိယာကို ဖုံးအုပ်ရန် ဓားရောင်ဝါက ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စိမ့်ထွက်နေသည်။

ဓားကုန်းပေါ်တွင် ရွှေနန်းတော်တစ်ခုရှိပြီး ၎င်းမှထွန်းလင်းသောအလင်းရောင်က ရွှေရောင်ကဲ့သို့ထင်ရစေသည်။

ဤသည်မှာ မာန်မျိုးနွယ်စုနယ် မြေတွင် တည်ရှိသော မဟာမြူရွက်အင်မော်တယ်ပင်မဂို‌ဏ်းကြီး ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ထိုရွှေနန်းတော်တွင် လူနှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ထိုလူနှစ်ယောက်က အသွင်သဏ္ဍာန်ချင်း မတူကြသော်လည်း သူတို့ ၏အဝတ်အစားကတော့ အတူတူပင်။ သူတို့နှစ်ဦးစလုံးက ဧကရာဇ်မင်းမြတ်၏ ၀တ်စုံနှင့် သရဖူကို ဝတ်ဆင်ထားကြသည်။ သူတို့ နှစ်ယောက်လုံးမှာ ခက်ထန်နေသော အရိပ်အယောင်များ ရှိနေကြပြီး သူတို့၏ အမူအရာများက အေးစက်နေခဲ့သည်။

သူတို့ထဲက တစ်ယောက်က ရွှေရောင် ဝတ်ရုံကို ဝတ်ထားပြီး တစ်ယောက်က ခရမ်းရောင် ဝတ်ရုံကို ၀တ်ထားသည်။ အရောင်ကွဲပြားနိုင်သော်လည်း ၎င်းတို့နှစ်ဦးစလုံးက ဧကရာဇ်မင်းမြတ်၏ ၀တ်ရုံများဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက အံ့ဩလောက်အောင် ဆင်တူသည်။

အကယ်၍ စုမင်က ခရမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်ကို မြင်ပါက ဤသူက မရဏပင်လယ်၌ တိုက်ခိုက်ခဲ့သော တိထျန်း ဖြစ်သည်ကို တစ်ချက်တည်း သိနိုင်မည်ဖြစ်သည်။

ရွှေ ရောင်ဝတ်ထားသူကလည်း… တိထျန်းဖြစ်သည်။

ထိုလူနှစ်ယောက်က မာန်မျိုးနွယ်စု နယ်မြေထဲကို ပို့လိုက်သော တိထျန်း၏ ကိုယ်ပွားနှစ်ယောက်ပင်။

စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်ကို ချက်ချင်းရောက်အောင် ကြိုးစားနေလေသည်။ သူ့စိတ်ထဲရှိ ချိပ် တံဆိပ်က ကွဲအက်နေသည့် အရိပ်အယောင်များ ပြသနေစ‌ဉ် ခရမ်းရောင် ၀တ်စုံဝတ်ထားသည့် တိထျန်းက မျက်လုံးများ ပွင့်လာပြီး အံ့သြစရာ အလင်းတန်းများ လင်းလက်လာသည်။ နန်းတော်အပြင်ဘက်သို့ လျင်မြန်စွာ ကြည့်လိုက်ရာ တိထျန်း မျက်မှောင်ကြုတ်သွားလေသည်။

“သူ့ကိုခတ်ထားတဲ့ချိပ်တံဆိပ်က ကျိုးသွားတယ်လို့ ငါ ခံစားရတယ်...”

“ငါ သူပုန်းနေတဲ့နေရာကို မတွေ့ဘူး..”

ဤစကားကို ပြောသော သူက ရွှေရောင်ဝတ်ရုံဝတ်ထား၍ မျက်စိကို ဖွင့်လိုက်သည်။

“ငါတို့ရဲ့ ထိန်းချုပ်မှုကနေ သူ လွှတ်နေပြီ...”

“ငါတို့က ဒီအကြောင်းကို သိပြီးသားပဲ.. ဒါပေမဲ့ သူက ငါတို့ဆီ သူ့ဆန္ဒကို မပို့သေးဘူး... သူက တုံ့ဆိုင်းနေပုံရတယ်..”

“ဒီနှစ်ပေါင်းမြောက်မြားစွာမှာ ဟုန်လော့ကြောင့် ငါတို့ရဲ့အကြံအစည်တွေ ပျက်သွားခဲ့တယ်...ဒါကအင်မော်တယ်က တော်ဝင်သွေးတော်တွေအတွက် အလွန်ကြီးကျယ်တဲ့ ရာဇ၀တ်မှုတစ်ခုပဲ... သေခြင်းတရားနဲ့ပြန် ပေးဆပ်ရင်တောင် သူတို့ရဲ့ အပြစ်တွေကို ခွင့်မလွှတ်နိုင်ဘူး...”

“သူ့တံဆိပ်က ကျိုးနေပြီ..မာန်စိတ်ဝိညာဉ်နယ်ပယ်ကို သူရောက်ဖို့ ကြိုးစားနေတာပဲ..... ငါတို့ သူ့ကို အောင်မြင်ခွင့် မပေးနိုင်ဘူး..”

“ငါတို့က သူရဲ့အလိုဆန္ဒကို လက်မခံဘူး.

..အရင်က သူ ငါတို့ကိုပေးခဲ့တဲ့ဆန္ဒအတိုင်း လုပ်ဆောင်မှာပဲ...သူက မရေမတွက်နိုင်အောင် လူဝင်စားသွားပြီးတာတောင် ငါတို့ရဲ့ချိပ်တံဆိပ်က အလွယ်တကူ ကျိုးပျက်သွားမှာမဟုတ်ဘူး …”

ကိုယ်ပွားနှစ်ခု ငြိမ်သက်စွာ စကားပြောနေစဉ်တွင် ခရမ်းရောင် ၀တ်စုံဝတ်ထားသည့်တိထျန်းက သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ၏ မျက်ခုံးအလယ်တည့်တည့်တွင် လက်ဖဝါးကို ဖိလိုက်သည်။ ခဏအကြာ သူ့လက်ကို မြှောက်လိုက်သောအခါ သူ့ခန္ဓာကိုယ်အတွင်းမှ စိမ်းရင့်ရောင်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။

ထိုကျောက်တုံးကြီးမှ လွန်ကဲသော မရဏ အရှိန်အဝါတစ်ခု ပျံ့နှံ့သွားသည်။ မရဏ အငွေ့အသက်ကျောက်တုံးက သူ့အလိုလို ငရဲ၏ အနှစ်သာရကို စုဆောင်းထားသကဲ့သို့ ဖြစ်နေသည်။ ၎င်းက တောက်ပ သောယန်ကျောက်တုံး နှင့် ဆင်တူသော်လည်း ၎င်း၏တည်ရှိမှုက လုံးဝကွဲပြားပါသည်။

ထို့ထက် ပိုအရေးကြီးသည်မှာ ထိုကျောက်တုံးပေါ်တွင် ပုံရိပ်တစ်ခုရှိ၍ စုမင်ပုံစံကဲ့သို့ ယောင်ဝါးဝါးဖြစ်နေသော လူတစ်ယောက်၏အသွင်အပြင်ကို ပုံဖော်ထားသည်။

“သူက ငါ့ရှေ့မှာ ပေါ်လာပြီး သူ့ကိုယ်သူ ထုတ်ဖော်ဝံ့မှာ မဟုတ်ဘူး.. သူက ငါ့ကို မတိုက်ဝံ့တော့ဘဲ နှစ်ပေါင်းများစွာ ပုန်းနေခဲ့တယ်... သူ့ကို မတွေ့နိုင်သေးဘူး... ဒါပေမယ့် သူ့ကို တံဆိပ်ခတ်ထားတာကို ပိုခိုင်ခံ့အောင် လုပ်နိုင်တယ်...”

ခရမ်းရောင်ဝတ်ရုံဝတ် တိထျန်းက အေးဆေးတည်ငြိမ်စွာပြောပြီး သူ့ဘယ်လက်ကို ဆန့်လိုက်ပြီး စိမ်းရင့်ရောင် ကျောက်တုံးပေါ်တွင် သူ့လက်ဖဝါးကို လျင်မြန်စွာ နှိပ်လိုက်သည်။ ထိုကြောင့် ကျောက်တုံးပေါ်ရှိ မရဏအငွေ့အသက်က တုန်ခါလာသည်။

တစ်ချိန်တည်းမှာပင် ပြင်းထန်သောတုန်ခါမှုက ပေါက်ကွဲ မြစ်တစ်ထောင်ချိုင့်ဝှမ်းအနက်အောက်ရှိတရားထိုင်နေသော စုမင်ကို နှောင့်ယှက်နေလေသည်။ထိုစဉ် စုမင်က နက်မှောင်တောင်၊ နဝမ မြောက်တောင်ထွဋ်နှင့်ကံကြမ္မာတို့ကို ပေါင်းစည်းနေချိန်ဖြစ်သည်။

စူးစူးရှရှ နာကျင်ကိုက်ခဲမှုတစ်ခုက သူ့စိတ်ထဲမှာ ပေါက်ကွဲထွက်လာသည်။ထိုနာကျင်မှုကြောင့် သူ့မျက်လုံးထဲမှ ချက်ချင်းသွေးများထွက်လာသည်။ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော စွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး သူ့စိတ်ထဲတွင် ချိပ်တံဆိပ်မှ ကွဲအက်နေသော အရိပ်အယောင်တွေ ချက်ချင်း ပျောက်ကွယ်သွားသည်။

နာကျင်မှုက ချက်ချင်းရောက်လာပြီ စုမင်၏ ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေပြီး သူ့ရှေ့တွင် ဝိညာဉ်တစ်ခုနှင့် ရောနှောနေသော အရာသုံးခုက ချက်ချင်းဆိုသလို ပေါက်ကွဲသံကြီးဖြင့် ပြိုကျပျက်စီးသွားသည်။

ထို့နောက် နက်မှောင်တောင်က ပျောက်ကွယ်သွားပြီး နဝမမြောက်တောင်ထွဋ်ကလည်း ပျောက်ကွယ်သွားသည်။ ကံကြမ္မာကလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ ဤအရာများအားလုံးက စုမင် ၏ခန္ဓာကိုယ်ထဲသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ရောက်ရှိရန် ကြိုးပမ်းမှုကို ပျက်စီးစေခဲ့သည်...

စုမင်၏ ပါးစပ်က သွေးများ စီးကျလာသည်။ သူ့မျက်နှာက ဖြူဖျော့လာသည်နှင့်အမျှ သူ့စိတ်ထဲမှာ ပြင်းထန်သော နာကျင်မှုကို ခံနိုင်ရည်ရှိပြီး ခေါင်းကို အမြန်မော့လိုက်သည်။ နီရဲသော မျက်လုံးများ ပြည့်နှက်နေပြီး ၎င်းတို့အတွင်း၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

“တိထျန်း...”

စုမင်၏ အသံအတွင်းမှ သတ်ဖြတ်လိုစိတ်က သူ့ထံမှ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ပျံ့လွင့်သွားစေသည်။ တိထျန်းကို သတ်လိုသော ဆန္ဒက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ထိုအချိန်တွင် စုမင်၏ စိတ်ထဲတွင် မယုံနိုင်လောက်အောင် အစွမ်းထက်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

‘ငါ တိထျန်းကို သတ်မယ်..’

စုမင်၏ပထမစိတ်ကူးက တိထျန်းကို သ

တ်ပစ်ရန်ဖြစ်ပြီး တိထျန်းလက်ကနေ ထပ်မံပုန်းအောင်‌နေရန် မစဉ်းစားတော့ပေ။

All Chapters