နတ်ဆိုးအင်မော်တယ်နဲ့အင်မော်တယ်
Vol. 46 Ch. 640
တိထျန်းက ဤတစ်ကြိမ်တွင် မတိုက်ခိုက်ခဲ့လျှင်ပင် စုမင်က မာန်စီတ်ဝိညာဉ်နယ်ပယ် သို့ရောက်ရှိရန် အခွင့်အလမ်းနည်းပါးနေသေးသည်။ ထိုအရာကို စောစောက မျှော်လင့်ထားပြီး မာန်စိတ်ဝိညာဉ်နယ်ပယ်ကိုရောက်ရန် သူဖြတ်သန်းနေချိန်မှာ လေးနက်စွာ ခံစားခဲ့ရသည်။ သို့သော်လည်း သူအောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ အရေးမကြီးဘဲ စုမင်က ထိုအရာမှထွက်ပြေးရန် မရွေးချယ်သေးပေ။ သူကျရှုံးခဲ့လျှင်တောင် သူ့ကျရှုံးမှုမှာ အောင်မြင်မှုဆီကို ဦးတည်စေမည့် အရာကိုရှာတွေ့နိုင်သေးဘူး။ယခုတစ်ကြိမ်မှာတော့ သူကျရှုံးရသော အကြောင်းရင်းက သူ့ကိုယ်တိုင်ကြောင့်မဟုတ်ဘဲ တိထျန်း၏ချိပ် တံဆိပ်ကြောင့်ပင်။ အခြားသူတစ်ဦးမှ သူ၏အောင်မြင်မှုများကို ဖြတ်တောက်လိုက်သည့် ဤခံစားချက်က စုမင်ဧ။် တိထျန်းအပေါ်သတ်ဖြတ်လိုစိတ်ကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ စုမင်က သူ့နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးများ၌ ပြည့်နှက်နေသော သွေးရောင်က ပြန့်ကျဲသွားသော်လည်း သူ့မျက်လုံးထဲတွင် သတ်ပစ်ရန် ရည်ရွယ်ချက်ကို ဖုံးကွယ်ထားသော်လည်း စုမင်၏ မျက်နှာက သုန်မှုန်နေသေးသည်။
“ တိထျန်း ကို မသတ်ရင် မာန်စိတ်ဝိညာဉ်နယ်ပယ်ကို ငါရောက်နိုင်မှာ မဟုတ်ဘူး...”
စုမင်က စကားလုံးတစ်လုံးစီကို သေချာ ပြောလိုက်ပြီး တိထျန်းကိုသတ်လိုသောဆန္ဒတစ်ခုစီပါရှိသည်။
သို့ပေမဲ့ စုမင်က ယခုတစ်ကြိမ် ရှုံးနိမ့်မှုကနေ ဘာတစ်ခုမှ မရရှိခဲ့ဟု မဆိုလိုပေ။ အနည်းဆုံးတော့ မာန်စိတ်ဝိညာဉ်နယ်ပယ် ကိုရောက်ရှိခြင်းက သူ့အမှတ်တရများပေါ်မှာ ရှိနေသောချိပ်တံဆိပ်ကို ချိုးဖျက်နိုင်ကြောင်း သူသိလေသည်။ ချိုးဖျက်လိုက်တာက တိထျန်း ၏အာရုံကို ဆွဲဆောင်နိုင်လေသည်။ ထိုလူက သူ့ ၏အောင်မြင်မှုများကို အနှောင့်အယှက်ပေးလိမ့်မည်။ အကယ်၍ ထိုသို့ဖြစ်လျှင် တိထျန်းကို မသတ်ပါက မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ ဒုတိယအကြိမ် ကြိုးပမ်းသောအခါတွင်လည်း အလားတူပင် ဖြစ်ပေလိမ့်မည်။ တတိယအကြိမ်လည်း အလားတူပင် ဖြစ်လိမ့်မည်။ ထိုအရာက စုမင်လက်မခံနိုင်သော အရာပင်။ ထိုအချိန်တွင် သူ့ရှေ့တွင် လမ်းကြောင်းတစ်ခုသာ ရှိ တော့သည်။ ၎င်းမှာ ... တိထျန်း ကိုသတ်ရန်ပင်ဖြစ်သည်။ သို့ပေမဲ့ တိထျန်းက မယုံနိုင်လောက်အောင်ကို သန်မာသည်... စုမင်က သူ့ကိုသတ်ရန် ယုံကြည်မှုမရှိခဲ့ပေ။ သူ့ မျက်လုံးမှိတ်ထားကာ သူ၏ကနဦးကျင့်ကြံမှုကို ငြိမ်သက်စေလေသည်။မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ရောက်ရှိရန် ပျက်ကွက်မှုကြောင့် သူ့ခန္ဓာကိုယ်အတွင်း ဖရိုဖရဲဖြစ်သွားသည့် စွမ်းအားက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏ စွမ်းအားအားလုံးက ပြန်လည်ပေါင်းစည်းပြီး သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
စုမင်၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်နေသည်။ ဤသည်မှာ သူ၏အသွေး၊ အသားနှင့် အရိုးများအားလုံး၏ တိုက်ရိုက်ထင်ရှားလာသော လက္ခဏာရပ်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ အစွမ်းထက်သော တည်ရှိမှုတစ်ခုက သူ့ပတ်ဝန်းကျင်ရှိ ပြိုကျ နေသောမြေကြီးက ရပ်တန့်သွားသည်။ သူ့ခန္ဓာကိုယ်အောကရှိ ကြည်လင်သော သွေးကြောများက ဖုန်မှုန့်များအဖြစ် တစ်လက်မစီချင်း စတင်ဖြစ်ပေါ်သွားသည်။
ဤအခိုက်အတန့်တွင် စုမင်၏ ခန္ဓာကိုယ်မှ ပျံ့နှံ့သွားသော အစွမ်းထက်မှုက မာန်စိတ်ဝိညာဉ်နယ်ပယ် သို့ရောက်ရှိရန် မကြိုးစားမီကထက် အနည်းငယ် ပိုမိုအားကောင်းခဲ့သည်။ ထိုစွမ်းအားက စက်ဝိုင်းပုံစံ လည်ပတ်နေပြီး ခန္ဓာကိုယ်ကို ပုံမှန်ပြန်ဖြစ်သွားသည်။ထိုစဉ် စုမင်၏ မျက်လုံးများတွင် တောက်ပနေသော အလင်းရောင်က မြေပြင်ရှိ အလွှာကိုးလွှာလုံးကို ထိုးဖောက်ရန် လုံလောက်ပါသည်။စုမင် မျက်လုံးဖွင့်လိုက်သည်နှင့် ပျံ့နှံ့သွားသော ပြင်းထန်သောဖိအားကို မခံနိုင်သကဲ့သို့ မြေကြီးက တုန်လှုပ်သွားသည်။
“ငါ မာန်ဝိညာဉ်နယ်ပယ်ကိုကြိုးစားတဲ့အချိန်မှာ မအောင်မြင်ခဲ့ဘူး...ဒါပေမဲ့ ငါ့ရဲ့ စွမ်းအားတွေ လျော့မသွားဘဲ အနည်းငယ်တိုးလာတယ်... ငါ့ကျင့်ကြံမှုရဲ့ဆယ်ပုံရှစ်ပုံက ကြီးစွာ ပြီးမြောက်မှုကို ရရှိခဲ့တဲ့ ကျင့်ကြံသူကို တိုက်ထုတ်နိုင်တယ်.. သူတို့နဲ့လက်ရည်တူ တိုက်နိုင် သေးတယ်...”
စုမင်က အဝေးကို ငေးကြည့်နေမိသည်။
“ငါ လမ်းတစ်ဝက်ရောက်နေပြီပဲ... မာန်စိတ်နယ်ပယ် ကိုရောက်ရင် အသက်လမ်းကျင့်စဉ်တစ်ဝက်လောက်ရောက်ပြီလို့ သတ်မှတ်လို့ရတယ်...အခုတော့...”
ပြီးတော့အသက်လမ်းစဉ်အောက်မှာ ငါ့ကိုအနိုင်ယူနိုင်တဲ့သူနည်းနည်းပဲ ရှိပါသေးတယ်..”
စုမင်ကဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ခြေတစ်လှမ်းဖြင့် သူ့ခန္ဓာကိုယ် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါတွင် သူက မြေပြင်၏ နက်နဲသောနေရာတွင် ရှိနေဆဲဖြစ်သည်။ ထို့ နောက် ဂူထဲတွင် သူပေါ်လာပြီး ပေါင်ချိုး ၏ အရေးတကြီးခေါ်ဆိုမှုက သူ့နှလုံးသားထဲတွင် နက်ရှိုင်းစွာ ထွက်ပေါ်လာသည်။ ဤသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း စုမင်က ကျင့်ကြံစွမ်းအားဖြင့် မာန်စိတ်ဝိညာဥ်နယ်ပယ်သို့ရောက်ရှိရန်ကြိုးစားနေသောကြောင့် မေ့ လျော့ခဲ့သည်။စုမင်က ခေါင်းကို မော့ပြီး ဂူထဲက မျက်နှာကျက်ကို တစ်ချက်ကြည့်လိုက်သည်။ ခဏတာ ငြိမ်သက်သွားပြီးနောက် သူက ဂူဝင်ပေါက်ဆီသို့ ရွေ့သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် မြစ်တစ်ထောင်ချိုင့်ဝှမ်းရှိ နတ်ဆိုးဂိုဏ်းဝင်အများအပြားက ကောင်းကင်ကိုကြည့်နေသည်။ မြောက်မြားစွာသော ထူးဆန်းသော ဖြစ်စဉ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကောင်းကင်က ပုံမှန်ပြန်ဖြစ်လာသောအခါ ၎င်းတို့အတွင်း၌ မေးခွန်းများစွာကို ဖုံးလွှမ်းထားဆဲဖြစ်ပြီး တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။
ဤနေရာရှိလူအများစုက မာန်စိတ်ဝိညာဉ်နယ်ပယ် သို့ရောက်ရှိရန်ကြိုးစားနေသော ကျင့်ကြံသူ ကြောင့်ဖြစ်သည်။ ထိုအရာက လွယ်ကူသောအောင်မြင်မှုမဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ လောကကြီးထဲရှိ ထူးဆန်းသော ဖြစ်စဉ်များ ပျောက်ကွယ်သွားခဲ့ပြီး မာန်နတ်ဘုရားသခင်ရုပ်ထုတစ်ခုမျှ ပေါ်မလာခဲ့ပေ။ ဆိုလိုသည်မှာ မာန်စိတ်ဝိညာဉ်နယ်ပယ် သို့ရောက်ရန်ကြိုးစားသူ မအောင်မြင်ခဲ့ပေ။
မာန်စိတ်ဝိညာဉ်နယ်ပယ် သို့ရောက်ရှိခြင်းက ကျင့်ကြံသူများကြားတွင် ရှင်ခြင်းနှင့်သေခြင်းအခြေအနေတစ်ခုဖြစ်သည်။ မအောင်မြင်လျှင် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ပျက်စီးသွားလိမ့်မည်။ ဤအရာအတွက် ခြွင်းချက်အနည်းငယ်သာရှိသောကြောင့် ဤနေရာတွင် လူအများစုက မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ရောက်ရှိရန် ပျက်ကွက်ခဲ့သောလူက ယခုသေဆုံးသွားပြီဖြစ်ကြောင်း ယုံကြည်ကြသည်။
ရှန်းတုန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့မှာ မသေချာမရေရာများစွာ ရှိ
နေလေသည်။ထိုအရာက သူ့တွင်ရှိနေသည့် ခံစားချက်တစ်ခုသာဖြစ်ပြီး ၎င်းကို စုံစမ်းရန် အချိန်များစွာလည်း မရှိပေ။ ထို့ကြောင့် သူ ခေါင်းတွင်တွင်ခါပြီး ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။
မြစ်တစ်ထောင်ချိုင့်ဝှမ်းအကွာအဝေးတွင် ရပ်တန့်ခိုင်းခဲ့သော ရှည်လျားသောအလင်းတန်းများက ယခုတစ်ဖန် ပြန်၍ အရှိန်ပြန်စလာသည်။ ဤရှည်လျားသော လမ်းကြောင်းများအတွင်းမှ လူများအားလုံးက နတ်ဆိုးဂိုဏ်း၏ တပည့်များဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အမိန့်တစ်မျိုးမျိုး လက်ခံရရှိခဲ့ပြီး အားလုံးက ထိုအမိန့်ကို နာခံရန်မြစ်တစ်ထောင်ချိုင့်ဝှမ်း သို့ အဆက်မပြတ် အရှိန်အဟုန်ဖြင့် လျှောက်လာခဲ့ကြသည်။
ထိုအချိန်တွင်မြစ်တစ်ထောင်ချိုင့်ဝှမ်း တွင် ထောင်ပေါင်းများစွာသော နတ်ဆိုးဂိုဏ်း၏ တပည့်များ ရှိသည်။ သို့ရာတွင် ဤလူများကြားတွင် ၎င်းတို့၏ သွေးမျိုးဆက်ကို ပြောင်းလဲခဲ့သောကျင့်ကြံသူများပင်ရှိခဲ့ပြီး ၎င်းတို့က တစ်သောင်းနီးပါးအထိ အရေအတွက်များခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချိုင့်ဝှမ်းမှာ သက်ဝင်လှုပ်ရှားလာခဲ့ပြီး လူများ၏ ပြောဆိုသံများက လေထဲတွင် ကျယ်လောင်ခဲ့သည်။ မည်သူမဆို အနီးကပ်လေ့လာကြည့်လျှင် ထူးဆန်းနေလေသည်။မြစ်တစ်ထောင်ချိုင့်ဝှမ်းတွင် စုဝေးခဲ့ကြသော ဤမကောင်းဆိုးဝါးဝိညာဉ်ဂိုဏ်းမှ တပည့်များက သာမာန်အားဖြင့် ဝေခွဲမရဖြစ်နေလေသည်။ ကျယ်လောင်သော လူသားတို့၏ အော်ဟစ်သံကလည်း နေ့ရက်များကြာလာသည်နှင့်အမျှ လူအားလုံး တိတ်ဆိတ်သွားသည်အထိ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
နတ်ဆိုးဂိုဏ်းဝင်များက နေ့စဥ် တိတ်တဆိတ် လေ့ကျင့်ကြပြီး သူတို့၏ ထူးဆန်းသော ရတနာများနှင့် ဓားများကို တိတ်တဆိတ် ပွတ်တိုက်နေလေသည်။
ပေါင်ချိူးက မြစ်တစ်ထောင်ချိုင့်ဝှမ်းရှိ တောင်ထိပ်တစ်ခုတွင်ရှိသော သူမ၏ခန်းမအတွင်း တရားထိုင်သည်။ သူ့ပတ်ဝန်းကျင်မှာ ချိပ်တံဆိပ် အများကြီးချထားလေသည်။ အများစုကတော့ သူမ၏ အဘွားကြီး အသွင်အပြင်မှာ ရှိနေပြီး သူမ၏ အမူအရာက မှုန်သုနနေသောကြောင့် မည်သူမှအနားကပ်မရပေ။
ထိုအရာက သူမတည်းခိုသော ခန်းမကို ဆိတ်သုဉ်းသွားတဲ့ အကြောင်းရင်းတစ်ခုပင်ဖြစ်သည်။
ထိုအချိန်တွင် သူမ၏ နှလုံးသားထဲတွင်။စုမင်အား ထပ်ခါထပ်ခါ ခေါ်နေလေသည်။ ဤသည်မှာ တစ်ပတ်လုံး ကြာသွားသော်လည်း သူမအော်လိုက်တိုင်း သူမ၏အသံက ပင်လယ်ထဲသို့ ကျသွားသည့် ကျောက်တုံးကဲ့သို့ နစ်မြုပ်သွားမည်ဖြစ်သည်။ စုမင်က သူမကို တုံ့ပြန်မှု မပေးဘဲ ဤနေရာကို လုံးဝမေ့သွားသကဲ့သို့ပင်ဖြစ်သည်
ပေါင်ချိုး၏ မျက်နှာပေါ်တွင် နာကျင်နေသော အကြည့်တစ်ခု ပေါ်လာပြီး သူမ သက်ပြင်းချလိုက်သည်။
‘ငါတို့ ထွက်သွားဖို့ နှစ်ရက်ကျန်သေးတယ်... ဒါပေမယ့် သူပြန်မဖြေသေးပါဘူး... သူ ဒီနေရာနဲ့ နီးတဲ့နေရာမှာ ရှိနေတယ်လို့ငါ ခံစားမိတယ်...’
ပေါင်ချိုး ၏အမူအရာက အမြဲပြောင်းလဲနေသည်။စုမင်က သူမ၏ဝိညာဉ်ပေါ်တွင် တံဆိပ်ခတ်ထားပြီး သူမ၏အသက်က သူမ၏လက်ထဲတွင်မရှိတော့ပေ။ နောက်နှစ်ရက်အကြာတွင် ဖြစ်ပေါ်လာမည့် တိုက်ပွဲကြီးအကြောင်းကို သူမတွေးမိလေသည်။ နတ်ဆိုးဂိုဏ်း၏ကောင်းကင်ဝါးမျိုမှော်အစီအရင်ကိုအသက်သွင်းရန် သူမ၏ဝိညာဉ်ကို စတေးရလိမ့်မည်။
ဤအစွမ်းထက်သော မှော်အစီအရင်ကို အသက်သွင်းရန် အတူတကွ ပေါင်းစည်းခဲ့ရပြီး ပေါင်ချိုးက ခါးသီးစွာ ပြုံးလိုက်သည်။
သူမ၏ ဝိညာဉ်က အခြားသူများနှင့် ပေါင်းစည်းလိုက်သည်နှင့် သူမနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို မည်သူမှ ရှာတွေ့နိုင်မည်လား သူမ မသေချာခဲ့ပေ။ သို့ပေမဲ့ သူမ၏ ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပြီး ထိုကိစ္စကို ရှာဖွေတွေ့ရှးန် အခွင့်အလမ်းက တော်တော်များသည်။ နောက်ဆုံးတော့ ထိုမဟာကောင်းကင်ဝါးမျိုမှော်အစီအရင်ကို စီမံခန့်ခွဲမယ့်သူက အကြီးအကဲကျီအန်း၏ ကိုယ်ရေးကိုယ်တာ လက်ထောက်ဖြစ်ပြီး ထိုလူ၏ကျင့်ကြံမှုအဆင့်က ရှန်းတုန် ထက် ပိုမြင့်လေသည်။
ထို့ကြောင့် သူမက လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း စုမင်ကို အရေးတကြီး ခေါ်ဆိုခဲ့ခြင်းကြောင့် ဤပြဿနာအတွက် အဖြေရှာနိုင်မည်။ နောက်ဆုံးတွင် မဟာကောင်းကင်ဝါးမျိုမှော်အစီအရင် ကို စတင်အသုံးပြုသောအခါတွင် သူမနှင့်ပတ်သက်သည့် အမှားတစ်ခုခုတွေ့ရှိပါက သူမက ကြီးစွာသောဒုက္ခဖြစ်လိမ့်မည်။
‘ ငါမထွက်သွားခင် ငါ့ခေါ်တာကို သူ မတုံ့ပြန်သေးရင် ငါဂိုဏ်းအကြီးအကဲ ရှန်းတုန်ဆီကိုသွားပြီး အမှန်အတိုင်းပြောရမယ်… ဒါပေမဲ့ ငါ့အပေါ်ထားတဲ့ သူ့ရဲ့တံဆိပ်က…’
ပေါင်ချိုးက ခဏလောက် ရုန်းကန်နေခဲ့သည်။ ထို့နောက် သူမ ရုတ်တရက် သက်ပြင်းချလိုက်သည်။
သူမ ထိုသက်ပြင်းကို ချလိုက်သည့်အခိုက်တွင် အအေးဓာတ်က ရုတ်တရက် ကျောရိုးအောက်မှ စိမ့်တက်လာသည်။ သူမ၏ နားထဲတွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းက ငါ့ကို အကြိမ်ကြိမ်ခေါ်တာ ဘာဖြစ်လို့လဲ”
ပေါင်ချိုးက တုန်လှုပ်သွားပြီး ခေါင်းလှည့်ကြည့်လိုက်သော် စုမင်က သူမနှင့်နီး သောအကွာအဝေးတစ်ခုမှာရောက်နေသည်ကို တွေ့လိုက်ရသည်။ သူ၏အဖြူရောင်ဝတ်ရုံနှင့် ဆံပင်ရှည်များကို ရင်းနှီးသောမြင်ကွင်းကြောင့် ပေါင်ချိုးက အရိုအသေပေးလိုက်သည်။
“နှုတ်ဆက်ပါတယ်...သခင်လေး..”
“သခင်လေး...နတ်ဆိုးဂိုဏ်းက တိုက်ခိုက်မှုတစ်ခုလုပ်ဖို့ အမိန့်ရထားတယ်.. နောက်နှစ်ရက်အကြာမှာတော့ နတ်ဆိုးဂိုဏ်း ရဲ့ တိုက်ခိုက်ရေးအင်အားစုတစ်ခုလုံးက မဟာမြုရွက်အင်မော်တယ်ဂိုဏ်းက ဦးဆောင်မဲ့ တခြားအင်မော်တယ် ဂိုဏ်းအားလုံးကို တိုက်ခိုက်သွားမှာပါ.. နတ်ဆိုးဂိုဏ်းက ကောင်းကင်ဝါးမျိုမှော်အစီအရင်ကိုအသက်သွင်းတော့မှာ...”
ပေါင်ချိုးက ခေါင်းငုံ့ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ၏ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့သော အရာများကို စုမင်အား အမြန်ပြောပြသည်။
သို့သော် သူမပြောပြီးသောအခါ စုမင် ထံမှ အကြောင်းပြန်ကြားခြင်း တစ်စုံတစ်ရာ မရရှိခဲ့ပေ။ စုမင်ကိုကြည့်ရန် ခေါင်းမမော့ခင် ခဏလောက် တုံ့ဆိုင်းသွားသည်။ ထို့နောက်တွင်စုမင်၏အတွေးတစ်ခုကြောင့် သူ့မျက်လုံးထဲတွင် စူးစူးဝါးဝါးအကြည့်ကို မြင်လိုက်ရသည်။
ပေါင်ချိုးက စုမင်၏ သူ့မျက်လုံးများရှိ သတ်ဖြတ်လိုစိတ်ကို မြင်လိုက်သောအခါ သူမ၏ နှလုံးသား တုန်လှုပ်သွားပြီး သူ့ကို မျက်လုံးထဲတွင် မကြည့်ဝံ့တော့ပေ။
စုမင်က ယခင်ကနှင့် အနည်းငယ် ကွာခြားသည်ဟု ခံစားချက်ရှိခဲ့သော်လည်း ယခင်နှင့်မတူသည့်အရာကို ဖော်ပြမပြနိုင်ပေ။ ယခုအချိန်တွင် သူမက ယခင်က အကြီးအကဲကျီအန်း နှင့်တွေ့ဆုံခဲ့ရစဉ်ကကဲ့သို့ပင် သူမအတွင်း၌ စိုးရိမ်ပူပန်မှုမျိုးကို ခံစားခဲ့ရသည်။
“မင်းပြောတာ...မဟာမြူရွက်အင်မော်တယ်ဂိုဏ်း..”
အချိန်အတန်ကြာပြီးနောက် စုမင်က အလောတကြီး မေးလိုက်ရာ သူ့အကြည့်များက ပေါင်ချိုး၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။
စုမင်က မဟာမြူရွက်အင်မော်တယ်အကြောင်းကို ကြားခဲ့သည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ အမှန်မှာ၊ အချိန်ကြာလာသည်နှင့်အမျှ သူပိုမိုထိတွေ့ခွင့်ရလာသည်နှင့်အမျှ နတ်ဆိုးဂိုဏ်း နှင့် တောင်ပိုင်းအရုဏ်ဦးနယ်မြေ အရှေ့ပိုင်းရှိ နတ်ဆိုးဂိုဏ်း မှလွဲ၍ အခြားသောအင် မော်တယ်ဂိုဏ်းများစွာရှိနေကြောင်း သဲလွန်စမျိုးစုံမှ ပြောပြနိုင်ခဲ့သည်။
ဖုံးကွယ်နဂါးဂိုဏ်းက ရှာမန်များကို ရှင်းရှင်းလင်းလင်း ပစ်မှတ်ထားပြီး အရှေ့မြေရိုင်းနယ်မြေ တွင်လည်း သြဇာလွှမ်းမိုးမှု များစွာရှိခဲ့သည်။
ကောင်းကင်တာအိုမြူခိုးဂိုဏ်းက ကောင်းကင်မြူခိုး ဘိုးဘေးများနှင့် အဆက်အသွယ်ရပြီး ထျန်းလန်းမုန့် လည်း ထိုနေရာမှာ ရှိနေလေသည်။
မဟာမြူရွက်အင်မော်တယ်ဂိုဏ်း အတွက်ကတော့ တောင်ပိုင်းအရုဏ်ဦးနယ်မြေ မှာ မာန်မျိုးနွယ်စု နယ်မြေနှင့် အရှေ့မြေရိုင်းနယ်မြေ၏ အရေးကြီးဆုံး အစိတ်အပိုင်းတွေကို သိမ်းပိုက်ထားသည်။ တိထျန်း၏ အစေခံက ဤဂိုဏ်းမှဖြစ်သည်... နှင့် တိထျန်းကလည်း ဤဂိုဏ်းမှဖြစ်ကြောင်း ထင်ရှားသည်။
“ဟုတ်တယ်. ဒီတစ်ခါတော့ ငါတို့ရဲ့ အဓိကပြိုင်ဘက်ကမဟာမြူရွက်အင်မော်တယ်ဂိုဏ်းပဲ.. နောက်ဆုံးတော့ဖုံးကွယ်နဂါးဂိုဏ်းနဲ့ကောင်းကင်တာအိုမြူခိုးက ဧကရာဇ်တွေက ဒီကို ဆင်းသက်လာမှာ မဟုတ်ဘူး..နတ်ဆိုးဂိုဏ်းမှာ ကျွန်မတို့အပြင် အကြီးအကဲကျီအန်းလည်းရှိတယ်...မဟာမြူရွက်အင်မော်တယ်ဂိုဏ်းမှာ သာယာတဲ့ ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင် အစိတ်အပိုင်းများ ရှိတယ်.. ဧကရာဇ်ငါးပါးထဲက တိထျန်းက သူရဲ့ကိုယ်ပွားနှစ်ခုကို ဒီနေရာသို့ စေလွှတ်နိုင်တယ်..”
သူတို့က ငါတို့ရဲ့ အကြီးမားဆုံးရန်သူပဲ”
ပေါင်ချိုးက ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ဒြပ်စင်များပိုင်ဆိုင်ထားသည့်မဟာမြူရွက်အင်မော်တယ်အကြောင်းကိုပြောသောအခါ စုမင် ကို အလိုလို တစ်ချက်ကြည့်လိုက်သည်။
“ကိုယ်ပွားနှစ်ခု”
စုမင်၏ မျက်လုံးများက လင်းလက်လာပြီး သူ့စိတ်က ပို၍ပင် ခက်ထန်လာသည်။ ပေါင်ချိုးက လိမ်ညာနေခြင်းမဟုတ်ကြောင်း သူပြောနိုင်သည်၊ သူမအနေနှင့် ဤအကြောင်းကို လိမ်ညာရန်မလိုအပ်တော့ပေ။ ထိုသို့ဖြစ်လျှင် သူ့အထင်က နည်းနည်းမှားသွားပြီ။ တိထျန်းမှာ ကိုယ်ပွားနှစ်ယောက်ရှိသော်လည်း ဤနေရာသို့ ကိုယ်ပွားတစ် ယောက်မှမပို့သေးပေ။
ခဏတာတိတ်ဆိတ်သွားပြီးနောက်စုမင်၏မျက်လုံးများက ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် တောက်ပလာပြီး “ဒီတိုက်ပွဲအပေါ် မင်းဘယ်လောက်ယုံကြည်ချက်ရှိလဲ” ဟု ရုတ်တရက်မေးလိုက်သည်။ .
“အကြီးအကဲကျီအန်းနဲ့တိုက်ရင်.. ငါးဆယ့်ငါးဆယ်ပဲ”
ပေါင်ချိုးက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ တိုးတိုးလေးပြောသည်။
“ကျီအန်း...”
စုမင်က တိုးတိုးလေးပြောသည် ။ သူ နတ်ဆိုး ဝိညာဉ်ဂိုဏ်းတွင် ရှိနေစဉ် ဤအမည်ကို အကြိမ်ကြိမ် ကြားဖူးသည်။ သူ့နှုတ်ခမ်းပေါ်တွင် တဖြည်းဖြည်း ညစ်ကျယ်သောအပြုံးတစ်ခု ပေါ်လာသည်။