← Chapters

အပိုင်း(၁၁၈)-မူရုန်အန်းအတွက်အစီအစဉ်

Vol. 002 Ch. 118

အပိုင်း(၁၁၈)-မူရုန်အန်းအတွက်အစီအစဉ်

Vol. 002 Ch. 118

ဖက်တီးကျူနှစ်ခါရယ်လိုက်ပြီးမှ ပြောလိုက်သည် “မင်းအစကတည်းက အစီအစဉ်မရှိရင် ဒီလိုဝိုင်ဧည့်ခံပွဲမျိုးကို မင်းလာတက်မှာကိုမဟုတ်ဘူး၊ မင်းသွားချင်တယ်ဆိုတော့ မင်းမှာအစီအစဉ်တစ်ခုရှိလို့ပဲ”

“မင်းတော်တယ်” ရှီမာယူယူ သူ့အားချီးကျူးလိုက်သည်။

ဖက်တီးကျူသည်  ဂုဏ်ယူစွာဖြင့် မေးမော့ကာ ပြောလိုက်သည် “ဒါပေါ့ ပြောသာပြော၊ မင်းအတွက်ဘာလုပ်ပေးရမလဲ”

“တကယ်ကို ရိုးရိုးလေးပါပဲ ဒီလာခဲ့ မင်းကိုရှင်းပြမယ်…”

သူတို့သည် ဝိုင်ဧည့်ခံပွဲကျင်းပရာနန်းဆောင်သို့ ရောက်သောအခါ လူငယ်အများစုတက်ရောက်ကြသည်ကို ရှီမာယူယူတွေ့လိုက်ရသည်။ များစွာသော ဧည့်သည်များအကြားတွင် သူမ မူရုန်အန်း၏ အရိပ်အားကြည့်ရုံနှင့်ပင် မှတ်မိလိုက်သည်။

ထိုအချိန်တွင် မူရုန်အန်းသည် ရှီမိုလီနှင့် တစ်စုံတစ်ရာကိုပြောကြားနေကြသည်။ သူ ခုဏကထွက်သွားသည့်အကြောင်းများကို ပြန်ရှင်းပြနေသည်။ နာလန်လန်နှင့် နာလန်မျိုးနွယ်၊ တခြားမိန်းကလေးများသည် ဝိုင်ခွက်ကိုကိုင်ကာ သူတို့နှင့် မနီးမဝေးတွင်စကားပြောနေကြသည်။ သူမမျက်လုံးများသည် မူရုန်အန်း ဆီသို့ရောက်ရှိနေပြီး သူတို့စကားပြောနေသည်များကို အာရုံစိုက်လျက်ရှိသည်။

“ငါးယောက်မြောက်သခင်လေး”

သူမ ဝင်လာသည်နှင့် အားလုံး၏အာရုံစိုက်မှုကို ရှီမာယူယူရရှိလိုက်သည်။ အားလုံးသည် သူမအားအမှိုက်ဟုသာ လက်ခံထားကြသည်၊ သို့သော် သူမသည် ပါရမီရှင်ဖြစ်လာသည့်နောက်တွင် အားလုံးသည် ထူးဆန်းမှုကို ခံစားလိုက်ရသည်။

သို့သော် ထူးဆန်းသည်မှာ တစ်ခုရှိသေးသည်။ ပါရမီရှင်လျှောက်သွားသည့်နေရာတိုင်းတွင် သူတို့သည် သူမအား ချီမွှမ်းကြသည်။ အများစုသည် သူမနှင့် ပတ်သတ်ရန် အခွင့်အရေးကို ရယူချင်ကြသည်။

ရှီမာယူယူသည် ထိုလူများအား ဧည့်ခံရန် ဆန္ဒမရှိပေ။ သူတို့အား စိတ်ဝင်စားမှုမရှိပေ။ လျင်မြန်စွာပင် အများစုသည် သူမအား အနှောက်အယှက်မပေးရန်ဆုံးဖြတ်လိုက်ကြသည်။

မူရုန်အန်း၊ ရှီမိုလီနှင့် နာလန်လန်တို့သည် ရှီမာယူယူဝင်လာသည်ကို သတိထားမိလိုက်ကြသည်။ ရှီမာယူယူအားကြည့်သော သူတို့အားလုံး၏ မျက်လုံးထဲတွင် မကျေနပ်မှုများပြည့်နှက်နေခဲ့သည်။

သူသည် အမှိုက်…. ဘယ်လိုဖြစ်ပြီး အဂ္ဂိရတ်ပညာရှင်ဖြစ်လာရတာလဲ။

ရှီမိုလီသည် ရှီမာယူယူအားမြင်သည်နှင့် သူမလက်ထဲမှ ဝိုင်ခွက်သည် ကွဲမတတ်ဖြစ်သွားသည်။

သူမသည် အသက်နှစ်ဆယ်မရောက်ခင်တွင် ဒုတိယ်အဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်ခဲ့သော ပါရမီရှင်တစ်ဦး… သို့သော် ရှီမာယူယူပေါ်လာချိန်တွင် သူမသည် ထိုဂုဏ်ပုဒ်မှ အဆင့်ရှောသွားခဲ့သည်။ သူမကဲ့သို့ နာမည်ကျော်ကြားသောသူသည် ထိုကဲ့သို့အကြောင်းအရာကိုလက်မခံနိုင်ပေ။

ထိုအချိန်တွင် ဖက်တီးကျူသည် ရုတ်တရက် ကျယ်လောင်စွာအော်လိုက်သည်။ ခန်းမထဲမှာ လူအားလုံးသည် ထိုအသံအား အာရုံစိုက်မိသွားကြသည်။

ဖက်တီးကျူပြောသမျှကို ရှီမာယူယူ အာရုံစိုက်နားထောင်ဟန်ဆောင်လိုက်သည် “အသံလျော့ဦး မဟုတ်ရင် တခြားသူတွေကြားရင် ပြဿနာဖြစ်လိမ့်မယ်”

ပြောနေစဉ်အတွင်းတွင် သူမသည် ရှီမိုလီရပ်နေသော နေရာသို့ကြည့်လိုက်သည်၊ သူမ ပြောမည့်အရာများကို ကြားလိုက်မည်စိုးသောကြောင့်ပင်။

ရှီမိုလီသည် ဖက်တီးကျူအားအစကတည်းကပင် အာရုံစိုက်မိနေပြီ၊ သူမရှိရာဘက်သို့ ရှီမာယူယူကြည့်သည်ကို တွေ့သည်နှင့် သူမစိတ်ပူပန်လာရသည်။

သူတို့က သူမအကြောင်းများပြောလိမ့်မလား….

ထိုအကြောင်းအားတွေးမိသည်နှင့် သူမခြေထောက်များသည် အလိုလိုပင် သူတို့ရှိရာဘက်သို့ ဦးတည်သွားလေသည်။

ဖက်တီကျူနှင့် ရှီမာယူယူသည် အားလုံးအားကျောပေးကာ သူမအား အသံတိုးတိုးဖြင့်ပြောလိုက်သည် “ယူယူ မင်းတကယ်ကြားတာလား”

“ဒါပေါ့ မြစ်ဘေးမှာ မူရုန်အန်းနဲ့ နာလန်လန်တို့ ချစ်စကားကြိုက်စကားတွေပြောနေတာ မြင်လို့ ငါနည်းနည်းသွားနားထောင်တာပဲ” ရှီမာယူယူပြောလိုက်သည် “ရှီမိုလီက မသိသေးတာ သနားစရာကောင်းတာပဲ မူရုန်အန်းက သူမကို လက်ထဲမှာ ကစားနေတာပဲ”

“တကယ်လား ယူယူ ရှီမိုလီကြားအောင် မင်းဒီလိုပြောလို့မရဘူး၊ သူမက မင်းက မူရုန်အန်းကို အသရေဖျက်တယ်လို့ ထင်သွားမှာပဲ” ဖက်တီးကျူပြောလိုက်သည်။

“ဒါပေါ့ ငါတွေ့ကရာမပြောပါဘူး၊ ဒီတစ်ကြိမ်တော့ ငါ့မှာအသံကျောက်တုံးရှိတာနဲ့ အဲဒါနဲ့ သူတို့ပြောတာတွေကို အသံသွင်းထားတယ်၊ မင်းနားထောင်ချင်ရင် ဝိုင်ဧည့်ခံပွဲပြီးရင်ပေးနားထောင်မယ်”

ဖက်တီးကျူပြန်ပြောလာမည်ကို စောင့်ရင်း ရှီမာယူယူ ဝိုင်တစ်ငုံသောက်လိုက်သည်။

“ရှီမာယူယူ မင်းဘာတွေပေါက်ကရပြောနေတာလဲ” ဖက်တီးကျူသည် စကားပြောရန်ဟန်ပြင်တုန်းမှာပင် ရှီမိုလီသည် သူတို့ဘေးတွင်အော်လိုက်လေသည်။

ရှီမာယူယူနှင့် ဖက်တီးကျူတို့သည် မိုးကြိုးအပစ်ခံလိုက်ရသလိုပင်။ သူတို့သည် ဖြေးညင်းစွာလှည့်ကြည့်ကာ ပြောလိုက်သည် “ရှီမိုလီ မင်းဘာလို့သူများပြောနေတာကို ခိုးနားထောင်ရတာလဲ”

“မင်းအခုဘာပြောလိုက်တာလဲ” ရှီမိုလီ် သူတို့နှစ်ယောက်အားအေးစက်စွာကြည့်လိုက်သည်.

“ငါတို့ဘာမှမပြောပါဘူး” ရှီမာယူယူ နှင့် ဖက်တီးကျူတို့၏ မျက်လုံးနားသည် ဂနာမငြိမ်တော့ပေ။ သူမသည် ငါးစာဟပ်မိနေပြီဖြစ်သည်။

“မြန်မြန်ပြော မင်းတို့ခုဏက ဘာပြောလိုက်တာလဲ” သူတို့စကားပြန်မပြောသည်ကို မြင်သည်နှင့် ရှီမိုလီအော်လိုက်သည်။

ထိုအော်သံတစ်ချက်ကြောင့်ပင် ခန်းမထဲရှိလူတစ်ယောက်ချင်းစီ၏ အာရုံစိုက်မှုကိုခံလိုက်ရသည်။ သူမသည် ရှီမာယူယူအား အဓိကခန်းမဆောင်တွင် ပြဿနာဖြစ်စေခဲ့သည်ကိုတွေးမိကာ သူတို့နှစ်ယောက် ထပ်ပြီး ရန်ဖြစ်နေပြီဟု အားလုံးက ခန့်မှန်းလိုက်ကြသည်။

ဖက်တီးကျူသည် ရှီမာယူယူအား ပြဿနာဖြစ်သွားသည့်အမူအရာဖြင့်ကြည့်ကာ ပြောလိုက်သည် “ယူယူ ဘာလို့မင်းသူမကို မပြောတာလဲ၊ ဒါမှမဟုတ်ရင် မင်းက သူမကို တစ်ခုခုလုပ်တယ်လို့ သူများတွေထင်သွားလိမ့်မယ်၊ အဲအချိန်ကျရင် အဂ္ဂိရတ်ပညာရှင်အသင်းက စုံစမ်းရင် မင်းပြဿနာထပ်ဖြစ်လိမ့်မယ်”

ဖက်တီးကျူပြောသမျှကိုကြားသည်နှင့် ရှီမာယူယူသည် ရှီမိုလီအားလက်စားချေသည် ဟုတ်၊ မဟုတ်ကို ခန့်မှန်းနေကြသည်။

ရှီမာယူယူ ပတ်ဝန်းကျင်မှလူများအားကြည့်လိုက်ရာ အားလုံး၏မျက်လုံးထဲတွင် စိတ်ဝင်စားမှုများအပြည့်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ သက်ပြင်းချကာ ပြောလိုက်သည် “မင်းကပဲ ငါ့ကိုပြောခိုင်းတာနော် အဲအချိန်ကျရင်တော့ ငါ့ကိုအပြစ်မတင်နဲ့”

“အမ်… ခုဏကပြောလိုက်တာက ဘာကို မင်းက မူရုန်အန်းကို အသရေဖျက်တာလဲ” ရှီမိုလီပြောလိုက်သည်။

“သူ တစ်ခြားတစ်ယောက်နဲ့ တီတီတာတာတွေပြောနေတာငါမြင်ခဲ့တယ်” ရှီမာယူယူပြောသည် “ငါတို့နှစ်ယောက်လုံးက အဂ္ဂိရတ်ပညာရှင်တွေပဲဆိုတော့ မင်းကိုငါတစ်ခုပြောမယ်၊ ဒီမူရုန်အန်းက မင်းနဲ့မတန်ဘူး မင်းသူနုဲ့မြန်မြန်ပြတ်သင့်တယ်”

“ရှီမာယူယူ မင်းဘာတွေလျှောက်ပြောနေတာလဲ” မူရုန်အန်းသည် ထိုကဲ့သို့ အခြေအနေအားမျှော်လင့်ထားခြင်းမရှိသဖြင့် ဝင်လာကာ အော်လိုက်သည်။

ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ငါအဓိပ္ပာယ်မရှိတာတွေပြောနေတယ်ဆိုတာ မင်းဘာကိုကြည့်ပြောတာလဲ”

ရှီမိုလီ သူတို့နှစ်ယောက်အား သံသယဝင်ကာကြည့်လိုက်သည်။ မူရုန်အန်းနှင့်နာလန်လန်တို့ တစ်ချိန်တည်းပျောက်သွားခဲ့သည်ကို တွေးကာ သူမမေးလိုက်သည် “မူရုန် မင်းငါသိက္ခာကျမယ့်အလုပ်ကို တကယ်လုပ်ခဲ့တာလား”

“မိုလီ မင်းငါ့ကို မယုံသေးဘူးလား၊ ဒီရှီမာယူယူက ငါ့အကြောင်းကို အမြဲမရိုးမသားတွေးနေတာ၊ ငါတို့နှစ်ယောက်ကိုခွဲချင်လို့တော့ မဖြစ်နိုင်ဘူး” သူနှင့် နာလန်လန်အကြောင်းကို ရှီမာယူယူသိသွားမည်ဟု မူရုန်အန်းထင်မထားပေ၊ ထို့ကြောင့် ထိုကောလဟလဖြစ်သွားမည့် သတင်းအား ရှီမာယူယူက သူ့အား လိုက်နေသည့်သတင်းအဖြစ် လူအများ၏ အာရုံကိုပြောင်းပေးလိုက်သည်။

“ကျွတ်၊ မင်းလိုလူကတော့လေ ခေါင်းစဉ်ကိုတွေ့ကရာပြောင်းပစ်တယ်၊ မိန်းကလေးတွေအပေါ်လည်းဖောက်ပြန်တယ်၊ မင်းက ရှီမာယူယူရဲ့ ဖိနပ်သယ်ဖို့တောင် မတန်ဘူး” ဖက်တီးကျူ မူရုန်အန်းအားအထင်သေးကာ ပြောလိုက်သည် “ယူယူ မင်းမှာသက်သေရှိတယ်လို့ပြောတယ်မလား၊ အားလုံးမြင်အောင် ထုတ်ပြလိုက်၊ မဟုတ်ရင် မင်းက သူ့ကိုအသရေဖက်ပြီး သူတို့ကို ကွဲအောင်လုပ်ချင်တယ်လို့ ဖြစ်နေမယ်”

“ဒါက…” ရှီမာယူယူ တစ်ခဏမျှတွေဝေကာပြောလိုက်သည် “အဲဒါမကောင်းဘူးထင်တယ်..”

“ဘာမကောင်းတာလဲ” ဖက်တီးကျူ စတင်အံအားသင့်စွာပြောလိုက်သည် “ဒီကောင်က မင်းရဲ့နာမည်ကောင်းကို ဖျက်နေတာလေ၊ မင်းကဘာတွေ တွေဝေနေတာလဲ”

“မင်းမှာ ဘာသက်သေရှိတာလဲ” ရှီမိုလီ ရှီမာယူယူအားကြည့်လိုက်သည် “မင်းမှာသက်သေရှိတာကောင်းမယ်၊ မင်းမူရုန်အန်းကို အသရေဖျက်တာဆိုရင်တော့ အဂ္ဂိရတ်ပညာရှင်အသင်းက မင်းကိုနာမည်ပျက်စာရင်းထဲထည့်လိုက်ရင် ငါ့အဆိုးမဆိုနဲ့”

ခြိမ်းခြောက်လိုက်တာလား…. ရှီမာယူယူမျက်ခုံးပင့်လိုက်သည်။

“ကောင်းပြီလေ ဒါဆိုလည်း ငါ အဂ္ဂိရတ်ပညာရှင်အသင်းကို ဝင်ရရ မဝင်ရရ၊ ဒီလောက်လူတွေအများကြီးကြည့်နေမှတော့ ငါအသရေအဖျက်မခံနိုင်ဘူး၊ ရှီမိုလီ မင်းဒါကို နောင်တမရဖို့မျှော်လင့်ပါတယ်”

ထိုသို့ပြောပြီးနောက် သူမအသံကျောက်တုံးကိုထုတ်ကာ ဝိညာဉ်ချီအားထည့်လိုက်လေသည်။ အသံကျောက်တုံးမှ သွေးကြောများသည် စတင်လှုပ်ရှားလာပြီး သွင်းထားသော စကားများ ထွက်လာသည်။ ထိုစကားများသည် မူရုန်အန်းနှင့် နာလန်လန်တို့မြစ်ဘေးတွင်ပြောသော စကားများဖြစ်ကြသည်။

သူတို့နှစ်ယောက် အပြန်အလှန်ပြောသော စကားများကိုကြားသောအခါ ဘေးမှလူများသည် အံ့သြသွားကြသည်။ ပထမတွင် ရှီမိုလီသည် မယုံရဲပေ၊ သို့သော် နောက်တွင် သူမ ဂုဏ်အားထည့်မတွက်တော့ပဲ နောက်လှည့်ကာ မူရုန်အန်းအား စိုက်ကြည့်ကာ အားပြင်းပြင်းဖြင့် ရိုက်လိုက်လေသည်။

“ရှင် သာရာညာပေါင်း ကလိမ်ကကျစ်ပဲ ရှင်က လူရှုပ်လူပွေပဲ ရွံစရာကောင်းလိုက်တာ”

All Chapters