အပိုင်း(၁၁၉)-မူရုန်အန်းကျရှုံးခြင်း
Vol. 002 Ch. 119
ပထမတွင် နာလန်လန် အသံကျောက်တုံးမှစကားများကို ကြားရချိန်တွင် မူရုန်အန်းနှင့် မိုရှီတို့ အတူတွဲမရှိတော့မည်ကို တွေးကာ သူမအနည်းငယ်ပျော်နေခဲ့သည်။
သူမကြည့်လိုက်သောအချိန်တွင် ရှီမိုရှီသည် မူရုန်အန်းအား ပါးရိုက်လိမ့်မည်ကို သူမ ထင်မထားပေ။ သူမသည် လမ်းလျှောက်သွားကာ မူရုန်အန်းအားဆွဲကာ ရှီမိုလီအား အော်လိုက်သည် “လူကိုဘာလို့ရိုက်တာလဲ”
ရှီမိုရှီ အေးစက်စွာ အသက်ကိုရှုသွင်းလိုက်ပြီး ပြောလိုက်သည် “ငါသူ့ကိုတင်ရိုက်တာမဟုတ်ဘူး၊ မင်းကိုလည်းရိုက်မှာ”
ထိုသို့ပြောပြီးနောက် သူမသည် နာလန်လန်အားရိုက်ရန်ကြိုးစားပြန်သည်။
သို့သော် နာလန်လန်သည်လည်း ခေသူမဟုတ်။ ရှီမိုလီ သူမအားရိုက်ရန် လက်ရွယ်နေသည်ကို မြင်သောအခါ ဆန့်ထွက်လာသော လက်အားဟန့်တားလိုက်ရန်ဟန်ပြင်စသ် သူမဘေးမှ မူရုန်အန်းသည် ရပ်ရန်ဆွဲထားလေသည်။
“နာလန်လန် ပြဿနာမရှာနဲ့”
နာလန်လန်၏ လက်သည် ဆွဲထားခြင်းခံရသော်လည်း ရှီမိုလီ၏ လက်သည်ရပ်တန့်မနေပေ။
“ဖြန်း”
နာလန်လန်၏ မျက်နှာတွင် ပန်းရောင်သန်းသော လက်ရာထင်သွားသည်။
နာလန်လန်သည် ရိုက်ချက်ကြောင့် အနည်းငယ်မူးသွားကာ မူရုန်အန်းအား ကြောင်စီစီပြန်ကြည့်မိသည်။
“ငါ့ကိုဘာလို့ဆွဲတာလဲ”
မူရုန်အန်းသည် အခုချိန်တွင် နာလန်လန်အားရှင်းပြရန်အချိန်မရှိပါ။ သူသည် သူမလက်အားလွှတ်လိုက်ပြီး ရှီမိုလီရှေ့သွားကာ ပြောလိုက်သည် “မိုလီ အဲစကားတွေကိုမယုံနဲ့၊ သူမက ငါ့ကိုအမြဲနှောင့်ယှက်နေပြီး မြူဆွယ်လို့ဖြစ်ရတာ၊ သူမနဲ့ ညှိဖို့အတွက် ဒီလိုစကားတွေပြောရတာပါ၊ ငါ့ကိုယုံပါ”
စောင့်ကြည့်နေကြသော မျက်လုံးများရှေ့တွင် သူမကြားရသည့်စကားများကို မယုံနိုင်တော့ပဲ ခြေလှမ်းများတဖြည်းဖြည်း နောက်ဆုပ်သွားလေသည်။
“ဘာ.. ရှင်ဘာပြောလိုက်တယ်”
မူရုန်အန်း သူမအားကြည့်လိုက်ကာ ပြောလိုက်သည် “ငါမင်းကို မကြိုက်တော့တာကြာပြီ၊ မင်းငါ့ကို နှောင့်ယှက်နေခဲ့တာလေ၊ မြစ်ဘေးမှာတုန်းကလည်း ငါ့ကို မင်းပဲနှောင့်ယှက်တာလေ”
“မူရုန်အန်း ရှင်လူလိမ်လူညစ်ပဲ” မူရုန်အန်း၏ စူးရှသော စကားလုံးများကြောင့် နာလန်လန် ကျိန်ဆဲကာ သူမမျက်နှာပြင်တွင် မျက်ရည်များစီးကျလာရတော့သည်။
“မိုလီ ငါ့ကိုယုံပါ၊ ငါတကယ်ချစ်တာမင်းပါ” မူရုန်အန်းသည် နာလန်လန်အား လျစ်လျူရှုကာ ရှီမိုလီအား ရှင်းပြရသည်နှင့်သာ အလုပ်ရှုပ်နေခဲ့သည်။
နာလန်လန်နှင့် အဂ္ဂိရတ်ပညာရှင်အသင်းတို့ယှဉ်လျှင် လုံးဝယှဉ်စရာမလိုပေ။ အထောက်အပံဆက်ယူရန် ရှီမိုလီအား တွယ်ကပ်ရုံအပြင် ရွေးချယ်စရာမရှိပေ။
“သြော် မင်းပြောသလိုဆို မင်းအတင်းအကျပ်လုပ်ရတဲ့အရိပ်အယောင်တစ်ခုမှ ငါမကြားမိပါဘူး၊ မင်းတကယ်ပျော်နေတဲ့ပုံပါပဲ” ဖက်တီးကျူ ရုတ်တရတ် စကားဖြတ်ပြောသည်။
အားလုံးသည် ထောက်ခံသည့်သဘောနှင့် ခေါင်းညိတ်သည်။ အတင်းအကျပ်လုပ်ရသည့် ပုံစံမျိုး ဘယ်သူမှမကြားမိပေ။ သူသည်သာ အတင်းအကျပ်ခိုင်းစေသည့်ပုံစံမျိုးဖြစ်နေသည်။
ရှီမိုလီ ငြိမ်သက်နေသည်။ သူမ မူရုန်အန်းနှင့် နာလန်လန်ကိုသာ အေးစက်စွာကြည့်နေခဲ့သည်။ မူရုန်အန်း သူမလက်အား လာဆွဲသည်ကို မြင်သည့်အခါတွင် သူမ ပြင်းထန်စွာခွာချကာ အေးစက်စွာပြောလိုက်သည် “မူရုန်အန် ကျွန်မတို့ပြတ်ပြီ၊ ကျွန်မ ရှင့်လိုမျိုး ယောက်ျားကိုအလိုမရှိသလို ကျွန်မအဖေကလည်း ရှင့်လို တပည့်ကိုလက်ခံမှာမဟုတ်ဘူး”
သူမ ပြောပြီးနောက်တွင် လှည့်ထွက်သွားလေသည်။
“မိုလီ”
မူရုန်အန်း နောက်မှပြေးလိုက်ချင်သော်လည်း သူ့အားဝေဖန်ပြောဆိုနေသော နာလန်လန်က လှမ်းဆွဲထားလိုက်သည်။
“မူရုန်အန်း ရှင် သူမနောက်ကိုလိုက်သွားရင် ရှင်နဲ့ ကျွန်မ သေခန်းပြတ်ပဲ”
မူရုန်အန်း နာလန်လန်အား တစ်ချက်လှည့်ကြည့်ပြီး နောက်ပြန်လှည့်မကြည့်တော့ပဲ ပြေးထွက်သွားလေသည်။
မူရုန်အန်းသည် အတွင်းအပြင်မတူညီသော လူဖြစ်လိမ့်မည်ဟု နာလန်လန်ထင်မထားပေ။ သူမ ကြက်သေသေသွားခဲ့ကာ ကျယ်လောင်စွာ ဟန်လုပ်ရယ်မောလိုက်သည်။
“မူရုန်အန်း ရှင်က တကယ့်လူလိမ်လူညစ်ပဲ ကျွန်မ ရှင့်ကိုနောင်တရအောင် သေချာပေါက်လုပ်ပြမယ် ကြည့်နေ”
နာလန်လန်နောက်လိုက်သော မိန်းကလေးသည် သူမနှင့်အတူသွားသော လမ်းတစ်လျှောက်တွင် မည်သည့်စကားမှ မပြောပဲလိုက်ပါလာခဲ့သည်။
သူတို့ ပင်မှခန်းမဆောင်မှထွက်ခွာချိန်တွင် နာလန်လန်သည် ထိုကိစ္စ၏ ကြိုးကိုင်သူဖြစ်သူကို သတိရကာ ရှီမာယူယူအား မုန်းတီးစွာလှည့်ကြည့်လိုက်သည်။ မုန်းတီးမှုအပြည့်ဖြင့် သူမမျက်ဝန်း၏ နောက်ကွယ်တွင် မျက်ရည်များကျလာခဲ့သည်။
သူမအတွက်အကောင်းဆုံးပြင်ဆင်လာခဲ့သည်ကို တွေးကာ ရှီမာယူယူ နာလန်လန်အားပြုံးပြလိုက်သည်။ ထိုအရာသည် သူမအားပိုဒေါသထွက်သွားစေပြီး လှည့်ထွက်သွားလေတော့သည်။
ဇာတ်လိုက်များ ထွက်သွားသည့်နောက်တွင် ဖက်တီးကျူသည် အားလုံးအားလက်ဝေ့ပြကာ ပြောလိုက်လေသည်။ “ကောင်းပြီ.. ကောင်းပြီ ပွဲပြီးသွားပြီ၊ မင်းတို့စားချင်တာစားပြီး သောက်ချင်တာသာသောက်ကြတော့”
ဝမ်ဘေချွမ်းသည် တစ်ခဏမျှထွက်သွားသော်လည်း သူပြန်လာသောအခါ တစ်ခုခုဖြစ်ခဲ့ပြီဆိုသည်ကို အနေအထားအားကြည့်ပြီးသိလိုက်သည်။ သူ နန်းတွင်းသူအား ခေါ်မေးမြန်းရာ ထိုကိစ္စအားသိသွားလေသည်။
ပင်မဆောင်တွင် သောက်နေကြသော လူနှစ်ယောက်အားကြည့်ရာ သူတို့သည် ရိုးသားသည်ဟု ယုံနိုင်စရာမရှိပေ။ သို့သော် ရှီမာယူယူသည် အခုချိန်တွင် အဂ္ဂိရတ်ပညာရှင်တစ်ယောက် သူဆိုလျှင်တောင် သူတို့နှင့် ပတ်သတ်ရန်အကြောင်းမရှိပေ။ နောက်ဆုံးတွင် သူသက်ပြင်းချလိုက်ကာ သူတို့စိတ်ချမ်းသာသလို နေရန်ထားလိုက်တော့သည်။
သူတို့ ဝိုင်ဧည့်ခံပွဲတွင် အချိန်ခဏမျှဆက်နေကာ ရှီမာယူယူနှင့် ဖက်တီးကျူတို့သည် ဝမ်ဘေချွမ်းအားရှာကာ ပြန်ရန် နှုတ်ဆက်ကြလေသည်။ ဝမ်ဘေချွမ်းသည် သူတို့အား ဖော်ရွေစွာပင် ပြန်နှုတ်ဆက်လေသည်။
နန်းတော်မှထွက်ခွာပြီးနောက် ရှီမာယူယူနှင့် ဖက်တီးကျူတို့သည် အားရပါးရရယ်မိလေသည်။ တစ်ညလုံးအောင့်အီးနေရခြင်းသည် မွန်းကြပ်စေသည်။
“ယူယူ မင်းမူရုန်အန်းရဲ့ ဖြစ်သွားတဲ့အမူအရာကိုတွေ့လား၊ သူ့မျက်နှာတစ်ခုံး စိမ်းသွားတာပဲ ဟားဟားဟား ငါအသက်ရှုလို့တောင်မရတော့ဘူး”
ရှီမာယူယူပြုံးကာပြောလိုက်သည် “ရှေ့လျှောက်တော့ အားကြီးတဲ့နှစ်ခုရဲ့ ပယ်မဲဖြစ်သွားပြီဆိုတော့ မူရုန်အန်းရဲ့ အနာဂတ်ကတော့ သေချာပေါက်သွားပြီပဲ”
“ဟုတ်တယ်.. ဒီမူရုန်အန်းက လုံးဝလူကောင်းမဟုတ်ဘူး၊ သူဒီတိုင်းဖြစ်သွားတာကမှ လမ်းတည့်သွားတာ” ဖက်တီးကျူခေါင်းညိတ်သည် “ဒါပေမယ့် ယူယူ သူ့ကိုတိုက်ခိုက်ဖို့ ဒီလိုအကြံဘယ်ကရတာလဲ”
ဘာကြောင့်လဲ…. ရှီမာယူယူ ကောင်းကင်မှ လအားမော့ကြည့်လိုက်သည်။ သူမစိတ်ထဲတွင် ရေရွတ်မိသည်။ ထိုအချိန်မှပင် သူမ မူလခန္ဓာကိုယ်ပိုင်ရှင်အား အရိုအသေပေးနိုင်တော့မည်ဖြစ်သောကြောင့်ပင်….
ဝိုင်ဧည့်ခံပွဲတွင်ဖြစ်ပွားသောအဖြစ်အပျက်သည် နောက်တစ်နေ့တွင် မြို့တစ်မြို့လုံးအား ပျံ့နှံ့သွားတော့သည်။ ရှီလေနှင့် နာလန်ဟီတို့သည် သူတို့သမီးများ၏ နစ်နာမှုများကို ကြားသောအခါ မူရုန်အန်းအား နာမည်ပျက်စာရင်သွင်းလိုက်ကြလေသည်။
မူရုန်မျိုးနွယ်မှ လူတစ်ယောက်မှ သူတို့ဆိုင်တွင် အလုပ်မပေးရန် နာလန်ဟီအမိန့်ထုတ်ထားကာ သူတို့မျိုးနွယ်နှင့် ပတ်သတ်မှုအား ငြင်းဆန်ထားသည်။
ရှီလေသည် ပိုပြင်းထန်သည်။ သူသည် သူတို့မျိုးနွယ်အားရောင်းချနေသော အဂ္ဂိရတ်ပညာရှင်အသင်းမှဆေးများအား တင်ပို့မှုရပ်တန့်ပြီး နောက်တွင် သူတို့အား မရောင်းရန်အမိန့်ထုတ်ထားသည်။
အင်အားကြီးနှစ်စုမှ အပြစ်ဒဏ်အား မူရုန်မျိုးနွယ်ကြားသိရချိန်တွင်တော့ သူတို့ ကြက်သေသေသွားခဲ့ရသည်။ ထိုအကြောင်းအရင်း၏ အဓိကတရားခံမှာ မူရုန်အန်းဖြစ်သည်ကို သိရှိပြီးနောက်တွင် အဂ္ဂိရတ်ပညာရှင်အသင်းနှင့် နာလန်မျိုးနွယ်တို့၏ ခွင့်လွှတ်မှုကိုရယူရန် သူတို့သည် မူရုန်အန်းအား ကျောင်းထုတ်ကာ မျိုးနွယ်အတွက် အလုပ်လုပ်ပေးရန် အစွန်အဖျားဒေသတစ်ခုသို့ပို့လိုက်လေသည်။ ထိုသို့ပြုလုပ်ပြီးနောက်မှသာ အင်အားကြီးအုပ်စု၂စုသည် မူရုန်မျိုးနွယ်၏ အပြစ်ဒဏ်အား ပြန်ရုတ်သိမ်းပေးတော့သည်။
ရှီမာယူယူ ထိုသတင်းအားကြားချိန်တွင် အိမ်ထဲတွင်နေပူဆာလှုံကာ ဝိညာဉ်အသီးများစားနေချိန်ဖြစ်သည်။ သူမကျန်ရှိသော ဘဝတွင် မူရုန်အန်းဘယ်တော့မှ ပြန်လာရန်မဖြစ်နိုင်ကြောင်းကို သိရှိချိန်တွင် စိတ်သက်သာရာ ရနေသည်။
“ဒါက မင်းအတွက်လက်စားချေပေးတယ်လို့ ပြောလို့ရလား”
တိုက်ခတ်လာသော လေတစ်ဝေ့သည် သူမအား အဖြေပြန်ပေးခဲ့သည်။
သူမသည် ခုံတန်းတွင်လဲလျောင်းကာ မျက်လုံးမှိတ်ပြီး ချမ်းမြေ့မှုကိုခံစားနေခဲ့သည်။
ချွန်ဂျီအန်းသည် သူမဆီသို့လျှောက်လာသည်။ သူမခန္ဓာကိုယ်မှ အေးချမ်းသောရောင်ဝါထွက်နေပြီး ချမ်းမြေ့နေသည်ကိုတွေ့သည်နှင့် သူမ တစ်ခဏမျှတွေဝေနေခဲ့သည်။
“ဘာလဲ” ချွန်ဂျီအန်း လမ်းလျှောက်လာသည်ကို သူမခံစားမိပြီး သူမဘာမှမပြောသောကြောင့်မေးလိုက်သည်။
ချွန်ဂျီအန်းအသိစိတ်ဝင်လာကာ ပြောလိုက်သည် “သခင်လေး၊ သခင်လေးကိုခေါ်ဖို့စစ်သူကြီးလူလွှတ်လိုက်တယ်”
“အဘိုးပြန်ရောက်ပြီလား၊ ငါသိပြီ မင်းသွားလို့ရပြီ”
ချွန်ဂျီအန်း အရိုအသေပေးပြီးနောက် အိမ်တော်မှ ထွက်သွားရာ ရှီမာယူယူလက်ထဲမှ စားလက်စအသီးအား ပြီးအောင်စားလိုက်ကာ ရှီမာလိုင်စာကြည့်ခန်းသို့ထွက်လာလိုက်သည်။
သူမ ဧည့်ခံပွဲမှ ပြန်လာပြီးနောက် ရှီမာလိုင်သည် မနက်အစောတွင်ထွက်သွားကာ ညမိုးချုပ်မှ ပြန်လာခဲ့သည်။ ရှီမာယူယူ သူနှင့်မတွေ့ရသေးပေ။ ဒီနေ့တွင် သူစောစောပြန်လာလိမ့်မည်ကို သူမထင်မထားပေ။
သူမအား ဘာလို့ခေါ်တာပါလိမ့်။
သူမ ရှီမာလိုင်၏အိမ်သို့ရောက်သောအခါ အစောင့်များသည် သူမအားအရိုအသေပေးကာ တံခါးဖွင့်ပေးကြသည်။ ရှီမာလိုင်တွေဝေစွာရပ်နေသည်ကို သူမတွေ့လိုက်ရသည်။
“အဘိုး..သမီးကို ဘာလို့ရှာတာလဲ”
ရှီမာလိုင်အသိစိတ်ဝင်လာကာ ရှီမာယူယူအားလက်ဝေ့ပြကာ ပြောလိုက်သည် “ယူယူ လာပြီလား လာထိုင်”
ရှီမာယူယူ သွားလိုက်သည်။ ရှီမာလိုင် ထူးဆန်းနေသည်ကို တွေ့သည်နှင့် သူမပြောလိုက်သည် “အဘိုး တစ်ခုခုဖြစ်လို့လား”