← Chapters

အခန်း (၁၁၀၇)

Vol. 80 Ch. 1107

အခန်း (၁၁၀၇)

Vol. 80 Ch. 1107

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သေချာလေ့ကျင့်ထားသော စစ်တပ်ကို ကြည့်သည်။

ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်တပ် ဖြစ်သည်။

ထိုစစ်တပ်နှင့် ရင်ဆိုင်ရလျှင် သူတို့၏ နောက်တွင်ရှိသော မျိုးနွယ်စုအသီးသီး၏ လူဦးရေတစ်သိန်းက ဆယ့်ငါးမိနစ်ပင် ခုခံနိုင်မည်မဟုတ်ပေ။

မဟုတ်သေး‌ပေ။ စစ်တပ်က မြားတချို့ပစ်လိုက်သည်နှင့် သူတို့က ထွက်ပြေးကြလိမ့်မည်။

ဟန်မူယဲ့က တောင်ကုန်းပေါ်မှဆင်းလာပြီး လက်မြှောက်၍ မြေအောက် နှစ်ပေအကွာအထိ နက်ရှိုင်းစွာစိုက်ဝင်နေသော အစိမ်းရောင်မြားနှစ်ချောင်းကို ကောက်ယူသည်။

“တကယ်ကို လက်ရာမြောက်တာပဲ”

မူချန်ခုံးက တီးတိုးပြောသည်။

မြားတံကို အစိမ်းရောင်သံမဏိဖြင့် ပြုလုပ်ထားပြီး မြားထပ်တွင် ချွတ်ထက်နေသော ဆူးချွန်တစ်ခု ရှိသည်။ မှိန်ဖျော့သော အင်းကွက်တစ်ခုကိုလည်း ထည့်သွင်းထားသည်။

ထိုအင်းကွက်က စွမ်းအားတစ်မျိုးကိုသာ သယ်ဆောင်ထားသည်။

ချပ်ဝတ်ထိုးဖောက်ခြင်း ဖြစ်သည်။

ထောင်ချီနေသော မြားတံများကို ပစ်လွှတ်လိုက်လျှင် မည်သည့်အရာကိုမဆို ထိုးဖောက်နိုင်လိမ့်မည်။

ဟန်မူယဲ့၏ မျက်နှာထားကလည်း အနည်းငယ် လေးနက်နေသည်။

ကောင်းကင်တစ်သောင်းတိုင်းပြည်က သူထင်ထားသည်ထက် ခွန်အားကောင်းသည်။

သူက ခေါင်းမော့ကြည့်လိုက်သည်။ နေမင်းသည် ကောင်းကင်ထက်တွင် ဝင့်ကြွားစွာ ရှိနေသည်။

ထိုသို့ အားကောင်းသော ကောင်းကင်တစ်သောင်းတိုင်းပြည်နှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားစရာကောင်းသည်။

“သွားကြစို့”

သူက အရပ်မျက်နှာတစ်ခုသို့ ဦးတည်လိုက်ပြီး ပျံထွက်သွားသည်။

မူချန်ခုံးက တခြားလူများကို ဦးဆောင်ပြီး နောက်မှ လိုက်လာသည်။

သူတို့က ဆယ်ရက်အကြာတွင် မြက်ခင်းပြင်တစ်ခုသို့ ရောက်လာခဲ့သည်။

ရှေ့တွင် မျိုးနွယ်စုအသီးသီးမှ လူသုံးသိန်းခန့်သည် သားရဲအုပ်စုကို ဝိုင်းရံထားကြသည်။

“ကြယ်ကောင်းကင်ချိုတစ်ချောင်းမြင်း”

“ငါက အဲဒီဦးချိုကို လိုအပ်တယ်”

မူချန်ခုံးက တိုက်ခိုက်လိုစိတ်ကို စုစည်းသည်။

“ကောင်းတယ်”

ဟန်မူယဲ့က လှံဖြင့် ရှေ့သို့ ညွှန်ပြလိုက်သည်။

“ယူကြတာပေါ့”

ရွှေကျီးကန်း အဆီအနှစ်ဝိညာဉ်နှစ်ခုက ရှေ့သို့ ပြေးထွက်သွားသည်။

ကြယ်ကောင်းကင်ချိုတစ်ချောင်းမြင်းကို ဝိုင်းရံထားသော တခြားကျွမ်းကျင်သူများက နောက်သို့ လှည့်ကြည့်လိုက်ပြီး အော်ဟစ်သည်။

“ချိုတစ်ချောင်းမြင်းကို လုယူဖို့ တခြားလူတွေ ရောက်လာကြပြီ”

“သူတို့ကို တားလိုက်”

လူတချို့က ပျံသန်းလာပြီး ဟန်မူယဲ့နှင့် မူချန်ခုံးကို တားဆီးရန် ကြိုးစားသည်။

“ဖွင့်စမ်း”

မူချန်ခုံးက ဓားမော့ဖြင့် ခုတ်ချလိုက်ပြီး ကြည်လင်သော အလင်းစီးကြောင်းတစ်ခုကို ဖြစ်လာစေသည်။

ရှေ့တွင်ရှိသော ပေတစ်သောင်းအကျယ်အဝန်းသည် ခုတ်ပိုင်းခံလိုက်ရပုံပေါ်သည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက ပြတ်တောက်သွားသည်။

ရှေ့တွင်ရှိသော ကျွမ်းကျင်သူများက တွန်းထုတ်ခံလိုက်ရသည်။

မူချန်ခုံးက သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိပေ။ ထိုသို့မဟုတ်လျှင် ဓားမော့ခုတ်ချက်ကြောင့် အနည်းဆုံး လူဆယ်ယောက် သေဆုံးသွားလိမ့်မည်။

“သွားစမ်း”

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ဝိုင်းရံထားသောလူများကို ကျော်ဖြတ်၍ လှံရှည်ဖြင့် ပေငါးဆယ်ကြီးမားသော ချိုတစ်ချောင်းမြင်းကို တိုက်ခိုက်သည်။

ထိုတိုက်ခိုက်မှုက ရုတ်တရက် ဖြစ်ပေါ်လာသောကြောင့် ဝိုင်းရံထားသော ကျွမ်းကျင်သူများနှင့် ချိုတစ်ချောင်းမြင်းက အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။

“ဘန်း”

လှံရှည်က ချိုတစ်ချောင်းမြင်း၏ ဦးခေါင်းနှင့် ထိတွေ့သွားသည်။ ထို့နောက် ရွှေအလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။

ပေါက်ကွဲနေသော အသံက မိုင်ချီပြီး ပဲ့တင်ထပ်သွားသည်။

ဦးချိုက ပျက်စီးသွားပြီး ရွှေရောင်အလုံးတစ်လုံး ပေါ်ထွက်လာသည်။

“ကြယ်ဝိညာဉ်ပုလဲလုံး”

“ကြယ်ကောင်းကင်ချိုတစ်ချောင်းမြင်းရဲ့ ကြယ်ပုလဲလုံးက အဆီအနှစ်ဝိညာဉ် နဝမအဆင့်ရဲ့ အစစ်အမှန်ဝိညာဉ်အရိုးကို စုစည်းတဲ့နေရာမှာ ကူညီပေးနိုင်တယ်”

မရေမတွက်နိုင်သောအသံများ ပေါ်ထွက်လာသည်။ ချိုတစ်ချောင်းမြင်းကို ဝိုင်းရံတိုက်ခိုက်နေသော လူများက ကြယ်ပုလဲလုံးဆီသို့ ဦးတည်လိုက်ကြသည်။

ဓားအလင်းများသည် ဟန်မူယဲ့၏ မျက်လုံးထဲတွင် ပေါ်ထွက်လာသည်။ သူက လက်ထဲတွင်ရှိသော လှံရှည်ကို လှုပ်ရှားလိုက်သည်။

“ဘုန်း”

ရွှေကျီးကန်းပုံရိပ် ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။

အဆီအနှစ်ဝိညာဉ် အဌမအဆင့်၏ အောက်တွင်ရှိသော ကျွမ်းကျင်သူများအားလုံးက လွင့်ထွက်သွားကြသည်။ အဌမအဆင့် ကျွမ်းကျင်သူများကလည်း ခုခံနိုင်ရုံသာ ဖြစ်သည်။

ထိုတိုက်ခိုက်မှုသည် လူတိုင်းကို အံ့အားသင့်သွားစေသည်။

‘အရမ်းသန်မာတယ်’

အဆီအနှစ်ဝိညာဉ် နဝမအဆင့်သို့ မ‌ရောက်သေးလျှင် ထိုတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က လူတိုင်းကို တွန်းထုတ်လိုက်ပြီး ရွှေရောင်ပုလဲလုံးကို ဖမ်းယူသည်။ ထို့နောက် မူချန်ခုံးဆီသို့ ပေးလိုက်သည်။

“ဟီ ....”

ချိုပျက်စီးသွားသော ကြယ်ကောင်းကင်ချိုတစ်ချောင်းမြင်းက နာကျင်မှု၊ ဒေါသများနှင့်အတူ အသံပေးလိုက်ပြီး ကြယ်အလင်းအဖြစ် ပြောင်းလဲ၍ ဟန်မူယဲ့ဆီသို့ ဝင်ရောက်လာသည်။

ဟန်မူယဲ့က မူချန်ခုံးကို အော်ပြောလိုက်သည်။

“အစ်ကိုကြီးမူ၊ အရင်သွားနှင့်ပါ”

မူချန်ခုံးက ကြယ်ပုလဲလုံးကို ဖမ်းယူလိုက်ပြီး ကျွမ်းကျင်သူများ၏ကြားတွင် ရှိနေ‌သော ဟန်မူယဲ့ကို ကြည့်သည်။

အောက်တွင်ရှိနေသော တခြားချိုတစ်ချောင်းမြင်းများကလည်း ဟန်မူယဲ့ဆီသို့ တိုးဝင်လာကြသည်။

“ကောင်းပြီ”

မူချန်ခုံးက ရွှေကျီးကန်းပုံရိပ်ကို ထုတ်လွှတ်လိုက်သည်။ နဝမအဆင့်၏ အထွတ်အထိပ်တွင်ရှိနေသော အဆီအနှစ်ဝိညာဉ်က ကြက်သွေးရောင်မီးတောက်များကို ပေါက်ကွဲထွက်လာစေသည်။

ရွှေကျီးကန်းနတ်ဘုရားမီးတောက် ....

နတ်ဘုရားမီးတောက်က မူချန်ခုံးကို လွှမ်းခြုံလိုက်ပြီး အဝေးသို့ လျင်မြန်စွာရောက်သွားသည်။

သူက ကြယ်ပုလဲကိုသန့်စင်ပြီး အဆင့်တက်ရန်အတွက် လုံခြုံသောနေရာကို ရှာဖွေရမည်။

သူက အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်သွားလျှင် ဤအမဲလိုက်ပွဲက ထိုက်တန်လိမ့်မည်။

မူချန်ခုံးက ထွက်သွားသောအခါ ဟန်တောင်တန်းရွှေကျီးကလန်နှင့် မူယန်တောင်တန်းရွှေကျီးကလန်၏ နောက်သို့ လိုက်လာသော မျိုးနွယ်စုများက တစ်ယောက်ကိုတစ်ယောက် စိုးရိမ်စွာ ကြည့်လိုက်ပြီး အလိုလျောက် နောက်ဆုတ်ကြသည်။

ဟန်မူယဲ့က ဝိုင်းရံခံထားရသည်။ မူချန်ခုံးက ထွက်သွားသည်။ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ မရှိသောကြောင့် ရွှေကျီးကန်းများက ရှေ့ဆက်သွားနိုင်တော့မည်မဟုတ်ပေ။

“ဝင်္ကပါ”

ဟန်တောင်တန်းကလန်တွင် ဟန်ယွင်ဟယ်က အော်ဟစ်လိုက်သည်။

ဟန်ချောင်ဟူက ဟန်တောင်တန်းကို ထိန်းချုပ်ရန် နေရစ်ခဲ့သည်။ ဟန်မူယဲ့နှင့် ပါလာသောလူများထဲတွင် အကြီးအကဲဟန်ယွင်ဟယ်က ဂုဏ်သိက္ခာအရှိဆုံး ဖြစ်သည်။

ဟန်မူယဲ့က စစ်တပ်ဝင်္ကပါကို ထိန်းချုပ်နိုင်ရန် သင်ကြားပေးခဲ့သည်။

“ဘုန်း ....”

ဟန်ယွင်ဟယ်က အော်ဟစ်လိုက်သောအခါတွင် ဟန်တောင်တန်းကလန်၏ ကလန်သားသုံးထောင်က လှုပ်ရှားလိုက်သည်။

ရွှေကျီးကန်းများ၏ အဆီအနှစ်ဝိညာဉ်က ပေါင်းစပ်သွားပြီး ပေတစ်သောင်းကြီးမားသော ရွှေကျီးကန်းပုံရိပ်ကို ဖြစ်ပေါ်စေသည်။

“တက်”

ရွှေကျီးကန်းပုံရိပ်က သူတို့အားလုံးကို လွှမ်းခြုံထားပြီး ရှေ့တက်သွားသည်။

သူတို့၏ ခေါင်း‌ဆောင်က ဝိုင်းရံခံထားရသည်။ သူတို့က ထိုင်ကြည့်နေရန် မဖြစ်နိုင်ပေ။

မူယန်တောင်တန်း၏ ရွှေကျီးကလန်သားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ဟန်တောင်တန်းကလန်ရဲ့ခေါင်းဆောင်ကို ကယ်လိုက်ကြ”

ရှေ့ဆုံးတွင်ရပ်နေသော လူအိုကြီးက ခပ်အုပ်အုပ်အော်ဟစ်သည်။ သူက လက်မြှောက်ပြီး ပြေးထွက်သွားသည်။

ဟန်တောင်တန်းကလန်၏ ခေါင်းဆောင်က သူတို့၏ ခေါင်းဆောင်အတွက် ကြယ်ပုလဲလုံးကို ယူပေးခဲ့သည်။ သူတို့က အစွမ်းကုန်ကြိုးစားပြီး ဟန်မူယဲ့ကို ကယ်တင်ပေးရမည်။

တခြားမျိုးနွယ်များ၏ လူတစ်သောင်းခန့်က နီးကပ်စွာ လိုက်လာခဲ့သည်။

ကျန်လူများကတော့ ထွက်သွားကြသည်။

‘လူဦးရေသုံးသိန်းကို တိုက်ခိုက်တာက သေလမ်းရှာနေတာမဟုတ်ဘူးလား’

“ဝီ”

ဟန်တောင်တန်းကလန်က ပြေးထွက်သွားသောအချိန်တွင် တုန်ခါသံတစ်ခု ပေါ်ထွက်လာသည်။

ရှေ့တွင်ရှိသော တိုက်ပွဲမှ ရွှေအလင်းတစ်ခု ပြေးထွက်လာခဲ့သည်။

ဟန်မူယဲ့ ဖြစ်သည်။

သူက လှံကို အလွန်လျင်မြန်စွာ ဝှေ့ယမ်းနေသည်။

ချိုတစ်ချောင်းမြင်းများ၏ ကြယ်အလင်းဖြစ်စေ ကျွမ်းကျင်သူများ၏ လက်နက်ဖြစ်စေ တားဆီးခံလိုက်ရသည်။

သူက ထောင်ချီနေသော လူများကို တစ်ယောက်တည်း တိုက်ခိုက်နိုင်သည်။

“ဘုန်း”

လှံက ရွှေကျီးကန်းကိုးကောင်အဖြစ် ပြောင်းလဲသွားသည်။ ရွှေကျီးကန်းပုံရိပ်များက နေရာအနှံ့သို့ ရောက်သွားပြီး ကျွမ်းကျင်သူများကို ရိုက်နှက်လိုက်သည်။

ဟန်မူယဲ့က လေထုထဲတွင် တည်ငြိမ်စွာရပ်နေသည်။

ရုတ်တရက်ဆိုသလိုပင် ကျွမ်းကျင်သူများက စတင်မတိုက်ခိုက်ရဲတော့ပေ။

“ဟမ့်၊ ရွှေကျီးကန်းမျိုးနွယ်က တကယ်မောက်မာတာပဲ”

လူတစ်ယောက်က နှာမှုတ်လိုက်သည်။ သို့သော် မတိုက်ခိုက်ခဲ့ပေ။

“ကြယ်ပုလဲလုံးကို ယူသွားတယ်။ ဒါက ခွင့်မလွှတ်နိုင်တဲ့ အပြုအမူပဲ”

အသံတစ်သံ ပေါ်ထွက်လာသည်။ သို့သော် စကားပြောလိုက်သောလူကို မမြင်ရပေ။

ဟန်မူယဲ့က လှံရှည်ဖြင့် တည်ငြိမ်စွာ ညွှန်ပြလိုက်သည်။

သူ၏ အပြုအမူက ရိုးရှင်းသည်။ စကားပြောနေလျှင်လည်း အသုံးမဝင်ပေ။ စွမ်းရည်ရှိလျှင် တိုက်ခိုက်နိုင်သည်။

“ဟီး ....”

ပေသုံးဆယ်ကျော်ကြီးမားသော ချိုတစ်ချောင်းမြင်းတစ်ကောင်က အော်ဟစ်လိုက်ပြီး ဟန်မူယဲ့ဆီသို့ ပြေးဝင်လာကြသည်။

ထိုမြင်း၏ ဦးချိုက အလင်းရောင်ဖြင့် တောက်ပနေသည်။

ထိုဦးချိုက ကြောက်စရာကောင်းသော အလင်းတန်းနှင့်အတူ လောကကို ထိုးခွဲသွားသည်။

ထိုတိုက်ခိုက်မှုသည် အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူကိုပင် ထိခိုက်စေလိမ့်မည်။

လူတိုင်းက နောက်ဆုတ်သွားပြီး ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသော ချိုတစ်ချောင်းမြင်းကို စောင့်ကြည့်နေကြသည်။

ဟန်မူယဲ့က လှံမြောက်သည်။ သူ့မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပနေသည်။

“သတ်”

ရွှေကျီးကန်းကိုးကောင်က ပြန်လည်ပေါင်းစပ်သွားပြီး လှံရှည်၏ရှေ့တွင် စုစည်းလာသည်။

ဘုံကိုးပါးလှံနည်းစနစ်၏ အသန်မာဆုံးတိုက်ကွက် ဘုံကိုးပါးပေါင်းစပ်ခြင်း ဖြစ်သည်။

လှံရှည်က ဦးချိုနှင့် ထိတွေ့ပြီး မိုင်ထောင်ချီပတ်ဝန်းကျင်ကို ပေါက်ကွဲသွားစေသည်။ မရေမတွက်နိုင်သော ပုံရိပ်များက အဝေးသို့ လွင့်ထွက်သွားကြသည်။

ချိုတစ်ချောင်းမြင်း၏ ဦးချိုက ပျက်စီးသွားပြီး ပုလဲတစ်လုံးကို ထုတ်ပေးသည်။

ထိုပုလဲက လူတစ်ယောက်ကို အဆီအနှစ်ဝိညာဉ် နဝမအဆင့်သို့ရောက်သွားအောင် ကူညီပေးနိုင်သည်။

ဟန်မူယဲ့က ပုလဲလုံးကို ဖမ်းယူပြီး ရှေသို့ ခြေတစ်လှမ်းတိုးသည်။ သူက လှံရှည်ကို သိမ်းလိုက်ပြီး ဟန်တောင်တန်းကလန်၏ ရွှေကျီးကန်းပုံရိပ်ရှေ့တွင် ရပ်နေသည်။

ရွှေကျီးကန်းက တောင်ပံဖြန့်ပြီး သူ့ကို လွှမ်းခြုံထားသည်။

“မင်းတို့ သေချင်တယ်ဆိုရင် လာခဲ့ကြ”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

သူက လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်သည်။

ရန်သူကို သတ်ဖြတ်ရန် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။

အကယ်၍ သူတို့က နောက်တစ်ကြိမ် တိုက်ခိုက်လာလျှင် ဟန်မူယဲ့က ညှာတာနေမည်မဟုတ်ပေ။

သူက အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ထဲတွင် ရှိနေသော ဓားများ၏အသံကို ကြားနိုင်သည်။

ထိုဓားများက သတ်ဖြတ်ခြင်းကို မျှော်လင့်နေကြသည်။

ဓားများသည် သတ်ဖြတ်ခြင်းအတွက် လက်နက်ဖြစ်သည်။

‘ငါတို့ တိုက်ခိုက်ကြအုံးမလား’

မျိုးနွယ်စုအသီးသီး၏ ကျွမ်းကျင်သူများက မှောင်မည်းနေသော မျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။

သူတို့က မကျေနပ်သော်လည်း ဦး‌ဆောင်တိုက်ခိုက်မည့်လူ မရှိပေ။

“ဟမ့်”

တိမ်တိုက်မြင်းမျိုးနွယ်၏ လူအိုကြီးတစ်ယောက်က အေးစက်စွာ နှာမှုတ်သည်။ သူက ဆယ်ပေရှည်လျားသော ဓားမော့ကို သိမ်းလိုက်ပြီး လှည့်ထွက်သွားသည်။

တခြားလူများကလည်း နောက်ဆုတ်လိုက်ကြသည်။

“ခေါင်းဆောင်က ခွန်အားကြီးတယ်”

ကျွမ်းကျင်သူများက နောက်ဆုတ်သွားသောအခါတွင် ဟန်ကျင်းက စိတ်လှုပ်ရှား‌နေသောမျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။

“ခေါင်းဆောင်က ခွန်အားကြီးတယ်”

ကလန်သားသုံးထောင်လုံးက အော်ဟစ်လိုက်ကြသည်။

All Chapters