အခန်း (၁၁၀၉)
Vol. 80 Ch. 1109
‘အဆင့်တူမှာ သားရဲတွေကို လက်သီးနည်းစနစ်နဲ့ ဖိနှိပ်နိုင်တဲ့လူ ရှိနေတာလား’
‘သားရဲတွေက မဟာတောရိုင်းကမ္ဘာရဲ့ ကလန်တွေထက် ခွန်အားပိုကောင်းတယ်မဟုတ်လား’
ကလန်များ၏ အဆီအနှစ်ဝိညာဉ်နှင့် အစစ်အမှန်ဝိညာဉ်သည် ကမ္ဘာဦးနတ်ဘုရားသားရဲများဆီမှ ဆင်းသက်လာကြသည်။
သူတို့၏ သွေးမျိုးဆက်သည် အဆုံးတွင် အစစ်အမှန်ဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီး သားရဲများနှင့် သိပ်မကွာခြားသော ခွန်အားကို ပေးအပ်သည်။
သို့သော် အစစ်အမှန်သားရဲများနှင့် ယှဉ်လိုက်လျှင် ကွာခြားချက်တစ်ခု ရှိနေဆဲဖြစ်သည်။
အဆင့်တူတွင် လူအနည်းငယ်ကသာ ရုပ်ခန္ဓာစွမ်းအားကို အသုံးပြု၍ သားရဲများနှင့် ယှည်ပြိုင်တိုက်ခိုက်နိုင်ကြသည်။
“ရွှေကျီးကန်းသွေးမျိုးဆက်က မဟာတောရိုင်းကမ္ဘာရဲ့ ထိပ်တန်းသွေးမျိုးဆက်တစ်ခုပဲ။ ပြီးတော့ အဲဒီလူရဲ့ လက်သီးနည်းစနစ်က အရမ်းလေးနက်တယ်”
အဝေးတစ်နေရာတွင်ရှိသော လူတစ်ယောက်က ပြောလိုက်သည်။
“ဟုတ်တယ်။ အဲဒီလူရဲ့ လက်သီးနည်းစနစ်က ရွှေကျီးကန်းအဖြစ် ပြောင်းလဲနိုင်တဲ့အဆင့်ကို ရောက်နေပြီ”
မဟာတောရိုင်းကမ္ဘာတွင်ရှိသော မျိုးနွယ်စုများက လက်သီးနည်းစနစ်ကို အလေးထားကြသည်။ သို့သော် သူတို့က ရုပ်ခန္ဓာကျင့်ကြံခြင်းကို ပိုမိုအလေးထားသည်။
လူအနည်းငယ်ကသာ ရန်သူနှင့် ရင်ဆိုင်ရာတွင် လက်သီးနည်းစနစ်ကို ဖော်ထုတ်နိုင်ကြသည်။
လူတစ်ယောက်က ကျင့်ကြံဆင့် မြင့်မားလာသောအခါ တိုက်ပွဲတွင် နည်းစနစ်များကို သိပ်မသုံးတော့ပေ။
“အဲဒီရွှေကျီးကလန်သားက စိတ်ဝင်စားစရာပဲ”
မိုင်သောင်းချီအကွာတွင် စစ်ရထားလုံးကို စီးနင်းထားသော ရွှေသရဖူနှင့် လူသန်ကြီးတစ်ယောက်က ထူးဆန်းသောမျက်နှာထားဖြင့် ပြောသည်။
“ဟုတ်တယ်။ သူ့ရဲ့ လက်သီးနည်းစနစ်က စိတ်ဝင်စားဖို့ကောင်းတယ်”
လူသန်ကြီး၏ဘေးတွင်ရှိသော အနက်ရောင်ချပ်ဝတ်နှင့် လူအိုကြီးတစ်ယောက်က ညင်သာစွာပြောသည်။
သူတို့၏ ရှေ့တွင်ရှိသော ကျောက်စိမ်းစင်မြင့်တွင် ဟန်မူယဲ့နှင့် မျက်လုံးပြာသိမ်းငှက်၏ တိုက်ပွဲကို ရှင်းလင်းစွာ မြင်နေရသည်။
စစ်ရထားလုံး၏ အပြင်ဘက်တွင် တခြားစစ်ရထားလုံးများက ဝင်္ကပါအတိုင်း ဖြည်းဖြည်းချင်း သွားနေကြသည်။
သို့သော် အဝေးတစ်နေရာမှ ကြည့်လိုက်လျှင် စစ်ရထားလုံးများက လေပြင်းဝံပုလွေအုပ်နှင့်တူသည်ဟု ထင်ရသည်။
လေပြင်းဝံပုလွေများသည် ပေဆယ်ချီကြီးမားပြီး တောရိုင်းထဲတွင် လွှမ်းမိုးနိုင်ကြသည်။
စစ်တပ်က ရှေ့တက်လာသောအခါ ပတ်ဝန်းကျင်တွင်ရှိသော သားရဲများက ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။
မဟာတောရိုင်းကမ္ဘာ၏ ပြန့်ကျဲနေသော ကလန်များကလည်း ဘေးဖယ်ပေးလိုက်ကြသည်။
ရထားလုံးစစ်တပ် ဖြတ်သန်းသွားသောအခါ ထူးဆန်းစွာဖြင့် ဘီးလုံးအရာကို မမြင်ရပေ။ ဝံပုလွေခြေရာများသာ ကျန်ရစ်ခဲ့သည်။
ထိုခြေရာကလည်း လေပြင်းဝံပုလွေ၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
စစ်တပ်ဝင်္ကပါတစ်ခုသည် မိုင်သုံးသောင်းအကွာတွင် ညီညာစွာ ချီတက်လာသည်။
စစ်သည်များက ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသောကြောင့် ငွေရောင်သမုဒ္ဒရာနှင့် ဆင်တူနေသည်။
စစ်တပ်၏အလယ်တွင် ဒါဇင်ချီသော ရွှေရောင်ချပ်ဝတ် စစ်သူကြီးများက သားရဲများကို စီးနင်းထားကြသည်။ ထိုသို့ မဟုတ်လျှင်လည်း လျင်မြန်စွာ လှုပ်ရှားနေကြသည်။
ရွှေအလင်းလွှာတစ်ခုသည် သူတို့၏ရှေ့တွင် ရှိနေသည်။
ထိုအလင်းလွှာတွင် ဟန်မူယဲ့နှင့် မျက်လုံးပြာသိမ်းငှက်၏ တိုက်ပွဲကို မြင်နေရသည်။
“ဟမ့်၊ မင်းတို့က အတော်လေး ရက်ရောနေတာပဲ။ အစစ်အမှန်ဝိညာဉ် မျိုးစေ့ကိုတောင် ထုတ်သုံးနေတယ်”
မုတ်ဆိတ်မွေးနှင့် လူသန်ကြီးက လျင်မြန်စွာ ပြေးလွှားနေပြီး အော်ပြောလိုက်သည်။
သူက အထင်သေးနေပုံပေါ်သည်။
သူ့စကားကို ကြားလိုက်ရသောအခါ ဘေးတွင်ရှိသော အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးက ပြုံးလိုက်ပြီး ပြောသည်။
“သူတို့က ကောင်းကောင်းသရုပ်ပြထားရင် ငါတို့က ငါးစာကိုဟပ်မယ်လို့ ထင်နေတဲ့ပုံပဲ”
ထိုစကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက ပြုံးလိုက်ကြသည်။
အလင်းလွှာတွင်ရှိသော ပုံရိပ်က ပြောင်းလဲသွားသည်။ ဟန်မူယဲ့နှင့် သိမ်းငှက်၏တိုက်ပွဲ မဟုတ်တော့ပဲ တဲအိမ်တစ်ခုကို ဖော်ပြနေသည်။
ရွှေကျီးကလန်၏ တဲအိမ် ဖြစ်သည်။
ထိုမြင်ကွင်းက ကျိုးယွမ်ကလန်၏ အစီအစဉ်ကို အပြည့်အဝ ဖော်ပြထားသည်။ စစ်တပ်၏ အစီအစဉ်၊ ခုခံမှုနည်းလမ်းနှင့် တိုက်ပွဲနေရာကို မြင်နေရသည်။
“ဟားဟား၊ ငါတို့ ကောင်းကင်တစ်သောင်းတိုင်းပြည်က သူတို့ရဲ့ အစီအစဉ်ကို ကြိုသိနေမယ်လို့ ထင်ထားမှာမဟုတ်ဘူး”
ရှေ့ဆုံးတွင်ရှိနေသော ရွှေရောင်ချပ်ဝတ်နှင့် စစ်သူကြီးက ပြုံးလိုက်သည်။
“အရှင်မင်းကြီးရဲ့ ကျင့်ကြံခြင်းက နတ်ဘုရားဆန်တယ်။ မဟာတောရိုင်းကမ္ဘာရဲ့ မျိုးနွယ်တွေကို လွယ်လွယ်လေး ဖျက်ဆီးပစ်နိုင်တယ်”
“တကယ်လို့ အရှင်မင်းကြီးက ရွှေကျီးမျိုးနွယ်ကို ဖျက်ဆီးချင်ရင် ရွှေကျီးမျိုးနွယ်က ပျက်စီးသွားရမယ်”
စစ်တပ်ဝင်္ကပါတွင် လူတိုင်း၏မျက်နှာထားက တည်ငြိမ်နေသည်။
ယခင်က ရွှေကျီးမျိုးနွယ်သည် ခမ်းနားခဲ့လိမ့်မည်။
သို့သော် သူတို့က လူသားမျိုးနွယ်နှင့် ယှဉ်ပြိုင်ရန် အဆင့်မမီပေ။
လူသားမျိုးနွယ်က တောရိုင်းကမ္ဘာတွင် မြင့်တက်လာပြီး အရာအားလုံးကို ထိန်းချုပ်လိမ့်မည်။
“ဘုန်း”
ဟန်မူယဲ့က လက်သီးထိုးချသည်။ မျက်လုံးပြာသိမ်းငှက်က ထိတ်လန့်နေပြီး တောင်ပံဖြန့်၍ ထွက်ပြေးသွားရန် ကြိုးစားလိုက်သည်။
“အားကောင်းလိုက်တာ။ သူက အဆင့်တူသားရဲကိုတောင် အနိုင်ယူနိုင်တယ်”
“သူ့ရဲ့ ရွှေကျီးကန်းသွေးမျိုးဆက်က အရမ်းသန့်စင်လိမ့်မယ်”
ပတ်ဝန်းကျင်တွင် အားပေးသံများကို ကြားနိုင်သည်။
စောင့်ကြည့်နေသော ကျွမ်းကျင်သူများက စိတ်လှုပ်ရှားနေကြသည်။
မဟာတောရိုင်းကမ္ဘာ၏ သားရဲကို ချိုးနှိမ်နိုင်သော ဖြစ်ရပ်က အလွန်ကောင်းမွန်သည်။
“မျက်လုံးပြာသိမ်းငှက် ထွက်သွားရင် ငါက သူနဲ့ မိတ်ဆွေဖွဲ့ရမယ်”
“ဟားဟား၊ ဟုတ်တယ်။ အဲဒီလို ကျွမ်းကျင်သူမျိုးနဲ့ မိတ်ဆက်ထားသင့်တယ်”
ထိုလူများသာမက ကျိုးယွမ်ရွှေကျီးကလန်မှ ကျွမ်းကျင်သူများ၏ မျက်နှာထားကလည်း ထူးဆန်းနေသည်။
ရှေ့ဆုံးတွင်ရပ်နေသော ကျိုးယွီက တစ်ခုခုကို စဉ်းစားနေပုံပေါ်သည်။
“ရှားပါးတယ် ....”
တစ်ယောက်ယောက်က ရေရွတ်လိုက်သည်။
နောက်တွင်ရှိနေသော ကျိုးထန်က ခေါင်းငုံ့ထားပြီး မျက်လုံးထဲတွင် အနက်ရောင်အရိပ်တချို့ ဖြတ်ပြေးသွားသည်။
သူက ဘေးတွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးကို မသိမသာ လှည့်ကြည့်သည်။
လူအိုကြီးက ခေါင်းညိတ်လိုက်သည်။
ဟန်မူယဲ့နှင့် မျက်လုံးပြာသိမ်းငှက်၏ တိုက်ပွဲကြားတွင် ရွှေအလင်းတစ်ခု ပေါ်ထွက်လာသည်။
‘နောက်ထပ် မျက်လုံးပြာသိမ်းငှက်လား’
အမှန်ပင်ဖြစ်သည်။
ဆယ်ပေကြီးမားသော မျက်လုံးပြာသိမ်းငှက်တစ်ကောင် ပျံသန်းလာသည်။
သို့သော် သေဆုံးနေသည်။
ထွက်သွားရန်ပြင်နေသော မျက်လုံးပြာသိမ်းငှက်က ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော ရွှေအလင်းက အနီရောင်ပြောင်းသွားသည်။
မျက်လုံးများက အပြာရောင်အလင်းဖြင့် တောက်ပနေပြီး လေထုကို စွန်းထင်းသွားသည်။
ဆယ်မိုင်ပတ်ဝန်းကျင်တွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက တုန်ခါလာသည်။
“တစ်ယောက်ယောက်က ချောက်ချနေတာလား”
“ဘယ်သူက ယုတ်မာနေတာလဲ”
“ဒီလိုကိစ္စမျိုးက မဟာတောရိုင်းကမ္ဘာမှာ ဖြစ်လာတာလား”
ပတ်ဝန်းကျင်တွင် အော်ဟစ်သံများ ပေါ်ထွက်လာသည်။
သေဆုံးနေသော မျက်လုံးပြာသိမ်းငှက်ပေါက်က မျက်လုံးပြာသိမ်းငှက်ကို ရူးသွပ်သွားစေလိမ့်မည်။
ယခုအချိန်တွင် ဟန်မူယဲ့နှင့် မျက်လုံးပြာသိမ်းငှက်က အပြင်းအထန် တိုက်ခိုက်ရတော့မည်။
ကျိုးယွီက ဒေါသများကို ဖိနှိပ်ထားလိုက်ပြီး နောက်တွင်ရှိသော လူများကို လှည့်ကြည့်သည်။
“ဘာဖြစ်နေတာလဲ”
သူ့အကြည့်က ကျိုးထန်အပေါ်သို့ ကျရောက်လာသည်။
တခြားလူများကလည်း ကျိုးထန်ကို ကြည့်လိုက်ကြသည်။
“အဖေ၊ အဲဒီလူက မျက်လုံးပြာသိမ်းငှက်နဲ့ သူ့ကိုယ်သူ လေ့ကျင့်ချင်တာ ဖြစ်ပါလိမ့်မယ်။ သူ့ရည်ရွယ်ချက်ကို သေချာမသိနိုင်ပါဘူး”
“ဖြစ်နိုင်တာ သူက ....”
ကျိုးထန်၏မျက်နှာထားက ပြောင်းလဲသွားပြီး တီးတိုးပြောသည်။
“သူ့ကို လူသားမျိုးနွယ်က စီစဉ်ထားတာ ဖြစ်ပါလိမ့်မယ်”
“သူက ဘယ်သူလဲ”
ကျိုးယွီက ကျိုးထန်ကို စိုက်ကြည့်နေသည်။
သူ့မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပနေသည်။
‘လူသားတွေရဲ့ အစီအစဉ်တဲ့လား’
‘ယုံနိုင်အောင်လဲ ပြောပါအုံး’
“ငါတို့ ရွှေကျီးကလန်က လူသားတွေကို အညံ့ခံမှာမဟုတ်ဘူး”
ကျိုးယွီက အော်ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင်ရှိသော ရွှေအလင်းက ကျိုးထန်းကို လွှမ်းခြုံသွားသည်။
ထို့အကြည့်ကြောင့် ကျိုးထန်က တစ်ကိုယ်လုံး တုန်ခါနေသည်။ သူ့မျက်လုံးထဲတွင်ရှိသော ရွှေအလင်းက ပျောက်ကွယ်သွားသည်။
“သူ့နာမည်က ဟန်မူယဲ့ပါ။ သူက ဟန်တောင်တန်းရွှေကျီးကလန်ရဲ့ ခေါင်းဆောင်ပါ”
“သူက နှစ်တစ်သောင်းအတွင်းမှာ ရွှေကျီးကန်းသွေးမျိုးဆက်ကို ပထမဆုံး နိုးထခဲ့တဲ့လူပဲ”
“သူ့သွေးမျိုးဆက်က လောင်ကျွမ်းနေမင်းအဆင့်မှာ ရှိနိုင်တယ်လို့ အကြီးအကဲဝူချန်က ပြောပါတယ်”
ကျိုးထန်၏မျက်နှာထားက ဗလာဖြစ်နေပြီး အရာအားလုံးကို ပြောပြလိုက်သည်။
သူက လူလွှတ်ပြီး မျက်လုံးပြာသိမ်းငှက်ပေါက်နှင့် မျက်လုံးပြာသိမ်းငှက်ကြီးကို စီစဉ်ခဲ့သည်။
အရာအားလုံးကို အကြီးအကဲဝူချန်က ဆောင်ရွက်ပေးခဲ့သည်။
ဟန်တောင်တန်းကလန်က နှစ်ပေါင်းတစ်သောင်းအတွင်း မြင့်တက်လာလိမ့်မည်ဟုလည်း ပြောခဲ့သည်။
ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်သို့ ရောက်ရန် အခွင့်အရေးအများဆုံးလူ ဖြစ်သည်ဟု အကြီးအကဲဝူချန်က ဆက်ပြောခဲ့သည်။
“ဝူချန်”
ကျိုးယွီက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး ကျိုးထန်၏ဘေးတွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးကို ကြည့်သည်။
“မင်းက သစ္စာဖောက်ပဲ”
ကျိုးယွီက သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်သည်။
လူအိုကြီး၏မျက်နှာထားက ပြောင်းလဲသွားပြီး အေးစက်သောမျက်နှာထားဖြင့် ကျိုးထန်၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
“ခေါင်းဆောင်ကျိုးယွီ၊ ငါက မင်းသားကျိုးထန်အတွက် စဉ်းစားပေးရုံပါပဲ”
“အခု ငါရှုံးနိမ့်သွားပြီ။ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ပဲ မျှော်လင့်တယ်”
ဝူချန်က ဖြည်းဖြည်းချင်း နောက်ဆုတ်သည်။
သူက ကျိုးထန်ကို ဆုပ်ကိုင်ထားသောကြောင့် တခြားလူများက မတားရဲကြပေ။
မည်သို့ပင်ဖြစ်စေ ကျိုးထန်က ကျိုးယွီ၏ သားဖြစ်ပြီး ကျိုးယွမ်မျိုးနွယ်၏ အမွေခံတစ်ယောက် ဖြစ်သည်။
သို့သော် ဝူချန်၏မျက်နှာထားက ပြောင်းလဲသွားသည်။
ကျိုးယွီ၏နောက်တွင် ရွှေကျီးကန်းပုံရိပ် ပေါ်လာသည်။
အစစ်အမှန်ဝိညာဉ် ရွှေကျီးကန်း ဖြစ်သည်။
“လူသားတွေက မင်းကို ဘယ်လိုအကျိုးအမြတ်တွေ ပေးခဲ့တာလဲ”
ကျိုးယွီ၏စကားကြောင့် ဝူချန်၏မျက်နှာက ဖြူဖျော့သွားပြီ တစ်ကိုယ်လုံး တုန်ခါနေသည်။
ကျိုးယွီက ခေါင်းခါလိုက်ပြီး လက်မြှောက်သည်။
ဝူချန်က ကျိုးထန်ကို ရှေ့တွင် ကာထားလိုက်သည်။
သို့သော် သူ့မျက်နှာက နီရဲသွားပြီး သွေးအန်လိုက်ရသည်။
“အစစ်အမှန်ဝိညာဉ်အဆင့်ရဲ့အောက်မှာ ပုရွက်ဆိတ်တွေပဲရှိတယ်”
ကျိုးယု၏အသံက သူ့နောက်တွင် ပေါ်ထွက်လာသည်။
သွေးအလင်းက လှုပ်ရှားလိုက်ပြီး ဝူချန်၏ခန္ဓာကိုယ်က ပျက်စီးသွားသည်။
အဆီအနှစ်ဝိညာဉ် နဝမအဆင့်သို့ ရောက်နေလျှင်လည်း အရေးမပါပေ။ အစစ်အမှန်ဝိညာဉ်အဆင့်၏ အောက်တွင် အားလုံးက ပုရွက်ဆိတ်သာဖြစ်သည်။
“မင်းသားကျိုးထန်က ရက်စက်ပြီး ကိုယ်ပိုင်မျိုးနွယ်ကို ထိခိုက်စေခဲ့တယ်။ ဒီစစ်ပွဲအပြီး ကျိုးယွမ်မျိုးနွယ်ကို အသက်ရှင်လျက် ပြန်ရောက်လာနိုင်ရင် နှစ်တစ်သိန်း အကျဉ်းချထားမယ်။ မင်းသားရာထူးကိုလည်း ပယ်ဖျက်မယ်”
ကျိုးယွီက ပြောလိုက်သည်။
သူက ဟန်မူယဲ့နှင့် အစွမ်းကုန်တိုက်ခိုက်ရန် ပြင်ဆင်နေသော ရွှေလင်းယုန်ကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းခါသည်။
“ထားလိုက်ပါတော့။ သူက ကံကောင်းရင် အသက်ရှင်နိုင်လိမ့်မယ်”
“ငါတို့မှာ သစ္စာဖောက်ရှိနေတယ်။ ငါက ဒီတိုက်ပွဲမှာ ယုံကြည်ချက်မရှိတော့ဘူး”
သူ့စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများ၏ မျက်နှာထားက လေးနက်သွားသည်။
တိုက်ပွဲ စတင်တော့မည့်အချိန်တွင် သူတို့က သစ္စာဖောက်တစ်ယောက်ကို ရှာတွေ့ခဲ့သည်။ ထို့အပြင် ထိုသစ္စာဖောက်က ဆုံးဖြတ်ချက်ချနိုင်သောနေရာတွင် ရှိနေသည်။
ထို့ကြောင့် ရွှေကျီးကလန်၏ အစီအစဉ်များအားလုံးက ပေါက်ကြားသွားလိမ့်မည်။
“ငါတို့က ရွှေကျီးကလန်က တိုက်ပွဲကို မကြောက်ဘူး”
“သူတို့ လာပါစေ”
ကျိုးယွီ၏နောက်တွင်ရှိသော အစစ်အမှန်ဝိညာဉ်က ရွှေအလင်းကို ထုတ်လွှတ်လိုက်သည်။ ပတ်ဝန်းကျင်တွင်ရှိနေသော လူများက မျက်စိကျိန်းသွားကြသည်။
ရွှေအလင်းက တိမ်တိုက်များကို ထိုးဖောက်ပြီး ကောင်းကင်အထိ ရောက်သွားသည်။
“ဟားဟား၊ နောက်ဆုံးတော့ ကျိုးယွီက ရှာတွေ့သွားပြီပဲ”
ရှေ့ဆုံးတွင်ရှိသော ရွှေရောင်ချပ်ဝတ်နှင့် စစ်သူကြီးက ရယ်မောလိုက်သည်။
“ရှေ့တက်ပြီး အစွမ်းကုန်တိုက်ခိုက်ကြမယ်”
“တိုက်”
“တိုက်”
ကျယ်လောင်သောအော်သံနှင့်အတူ အဆီအနှစ်ဝိညာဉ်များ ပေါ်ထွက်လာသည်။
စစ်တပ်ဝင်္ကပါက တုန်ခါသံနှင့်အတူ ရှေ့တက်သွားသည်။
တိုက်ပွဲက စတင်တော့မည်ဖြစ်သည်။