အခန်း (၁၁၁၀)
Vol. 80 Ch. 1110
ထိုအချိန်တွင် ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် မျက်လုံးပြာသိမ်းငှက်ကို လက်သီးဖြင့်ထိုးသည်။
ရူးသွပ်နေသော မျက်လုံးပြာသိမ်းငှက်က ခုခံရန် မကြိုးစားပဲ တိုက်ခိုက်နေသည်။ သိမ်းငှက်၏ အားကောင်းသောစွမ်းအားများက သွယ်ယှက်နေပြီး ဟန်မူယဲ့ဆီသို့ ကျဆင်းလာသည်။
အမြန်နှုန်း၊ ခွန်အား ....
အလွန်တည်ငြိမ်သော မဟာတောရိုင်းကမ္ဘာတွင် ထိုစွမ်းရည်နှစ်ခုက လုံလောက်သည်။
မျက်လုံးပြာသိမ်းငှက်က အဆုံးမရှိသော ပုံရိပ်များကို လေထုထဲတွင် ဖြစ်ပေါ်လာစေသည်။ ထိုငှက်၏ တိုက်ခိုက်မှုတိုင်းက ကမ္ဘာလောကကို ဖျက်ဆီးတော့မည်ဟု ထင်ရသည်။
မြေပြင်တွင် လူတိုင်းက တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
အဆုံးမရှိသော သိမ်းငှက်ပုံရိပ်များ၏အောက်တွင် လူတစ်ယောက်က တည်ငြိမ်စွာ ရှိနေသည်။
သိမ်းငှက်က မည်သို့ပင် တိုက်ခိုက်နေပါစေ ဟန်မူယဲ့က တည်ငြိမ်စွာ ရှိနေခဲ့သည်။
သိမ်းငှက်၏ တိုက်ခိုက်မှုတိုင်းကို လက်သီးဖြင့် ချေဖျက်ခဲ့သည်။
“အဲဒါက ကောင်းကင်ဖျက်ဆီးလက်သီးပေါ့”
အောက်တွင် ဟန်တင်းရီက စိတ်လှုပ်ရှားနေသည်။
“ပြောင်းလဲမှုမရှိရင် ပြောင်းလဲမှုတိုင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ခေါင်းဆောင်ရဲ့ လက်သီးချက်က အဲဒီအဆင့်အထိ ရောက်နေပြီပဲ”
ဟန်ကျင်းက လက်သီးဆုပ်ထားပြီး တစ်ကိုယ်လုံး တုန်ခါနေသည်။
သူက ကိုယ်တိုင်မထိန်းချုပ်နိုင်သော ခွန်အားကို နားလည်ခဲ့သည်။
ဟန်မူယဲ့၏ နှေးကွေးပုံရသော်လည်း အလွန်လျင်မြန်သော လက်သီးချက်များက သူ့ကို ဉာဏ်အလင်းရစေခဲ့သည်။
ဟန်တောင်တန်းရွှေကျီးကလန်၏ ကလန်သားများက လက်သီးဆုပ်ထားကြသည်။ သူတို့၏မျက်နှာထားက ဆက်တိုက်ပြောင်းလဲနေသည်။
“ဘန်း”
ဟန်မူယဲ့က သိမ်းငှက်၏ တောင်ပံကို လက်သီးဖြင့်ထိုးသည်။
သူက သိစိတ်အားကောင်းသောကြောင့် ဖိအားတစ်ခုကို ခံစားမိသည်။
သူက ဤကမ္ဘာ၏ ရင်းမြစ်စွမ်းအားအနည်းငယ်ကို နားလည်ခဲ့သည်။ ယခုအချိန်တွင် ထိုစွမ်းအားက သူ့ကို သတိပေးနေသည်။
အားကောင်းသောရန်သူတစ်ယောက် ပြေးဝင်လာသည်။
‘ငါက ထပ်ပြီး စောင့်နေလို့မရတော့ဘူး’
ဟန်မူယဲ့က တွေးသည်။
သူက လက်မြှောက်ပြီး လက်သီးဆုပ်သည်။
“သတ်”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပထမဆုံးအကြိမ် လှုပ်ရှားသည်။
သူ၏ခန္ဓာကိုယ်က ရွှေကျီးကန်းအဖြစ် ပြောင်းလဲသွားသည်။ သူ၏ လက်သီးက မျဉ်းကွေးတစ်ခုအဖြစ် ရွေ့လျားလိုက်ပြီး ဥက္ကာခဲတစ်ခုသဖွယ် ကျဆင်းလာသည်။
“ဘန်း”
ရူးသွပ်နေသော သိမ်းငှက်က ရပ်တန့်သွားသည်။
ဟန်မူယဲ့က ပိုမိုလျင်မြန်စွာ လှုပ်ရှားသည်။
သူ၏ ခွန်အားနှင့် အရှိန်အဝါက ချက်ချင်းဆိုသလိုပင် အထွတ်အထိပ်သို့ ရောက်လာသည်။
ကောင်းကင်ထက်တွင်ရှိသော ရွှေကျီးကန်း၏ပုံရိပ်က သိပ်သည်းနေပြီး မီးတောက်များကု ထုတ်လွှတ်သည်။
ထိုအချိန်တွင် ရွှေကျီးကန်းက မျက်လုံးပြာသိမ်းငှက်ကို ဖိနှိပ်လိုက်သည်။
မရေမတွက်နိုင်သော လူများ၏အမြင်တွင် ဟန်မူယဲ့၏အရှိန်အဝါက ကောင်းကင်အထိ ထိုးတက်သွားသည်။ သူ၏လက်သီးချက်က တည်ငြိမ်ပြီး သန်မာသည်။ သူက မျက်လုံးပြာသိမ်းငှက်၏ လည်ပင်းကို ရက်စက်စွာ ထိုးနှက်နေခဲ့သည်။
“ဘန်း”
သိမ်းငှက်က ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပဲ ပြုတ်ကျလာသည်။
“ဂီး ....”
“ဂီး ....”
သိမ်းငှက်က နာကျင်စွာအော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်က ကြီးမားလာပုံပေါ်သည်။
“အဲဒီငှက်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်တော့မယ်”
“ငှက်က ကိုယ်ပိုင် အဆီအနှစ်ဝိညာဉ်ကို ဖျက်ဆီးတော့မယ်”
အဝေးတစ်နေရာတွင် ထိတ်လန့်စွာအော်ဟစ်သံများ ပေါ်ထွက်လာသည်။
ထိုသားရဲက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်လျှင် အောက်တွင်ရှိနေသော ရွှေကျီးကန်းများက ရှင်သန်နိုင်မည်မဟုတ်ပေ။
လူတိုင်းက ကောင်းကင်ထက်တွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
‘သူက ဘာလုပ်မှာလဲ’
‘ကယ်မှာလား’
မဖြစ်နိုင်ပေ။
အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကသာ ကယ်တင်နိုင်လိမ့်မည်။
သူက နောက်ဆုတ်သွားရန်သာ ရွေးချယ်နိုင်မည်။
ကိုယ်ပိုင်မျိုးနွယ်ကို စွန့်ပစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမည်။
အကယ်၍ နောက်မဆုတ်ခဲ့လျှင် အပြင်းအထန် ဒဏ်ရာရသွားလိမ့်မည်။ သို့မဟုတ် သေဆုံးသွားနိုင်သည်။
ခက်ခဲသော ဆုံးဖြတ်ချက် ဖြစ်သည်။
“ခေါင်းဆောင်၊ မြန်မြန်ထွက်သွားပါတော့”
အောက်တွင် ဟန်တောင်တန်းရွှေကျီးကလန်၏ လူများက အော်ဟစ်လိုက်ကြသည်။
ရွှေအလင်းသည် ဟန်မူယဲ့၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
သူက အသက်ရှူသွင်းလိုက်ပြီး မဖိနှိပ်နိုင်သော စွမ်းအားကို ခံစားမိသည်။
သူက ကောင်းကင်ထက်တွင်ရှိသော နေမင်းကို မော့ကြည့်သည်။
“ငါက နားလည်လာပြီ”
“အလင်း”
မဟာတောရိုင်းကမ္ဘာကို အလင်းပေးရန်အတွက် ရွှေကျီးကန်းက ကောင်းကင်ထက်တွင် နေထိုင်ရန် ဆန္ဒရှိခဲ့သည်။
မဟာတောရိုင်းကမ္ဘာတွင် သူ၏ မျိုးဆက်များ ရှိသည်။
နတ်ဘုရားသားရဲ၊ ထူးခြားသော သားရဲများနှင့် ထောင်ချီသော လူများသည် သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းအတွက် ကျင့်ကြံခြင်းမဟုတ်ပေ။
ဥပမာအနေဖြင့် သူ့ရှေ့တွင်ရှိသော မျက်လုံးပြာသိမ်းငှက်သည် ငှက်ပေါက်လေး သေဆုံးသွားသောကြောင့် ရောက်လာခဲ့သည်။
“အလင်း”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
သူက ထပ်မံစုစည်းလာသော ဤကမ္ဘာ၏ ရင်းမြစ်စွမ်းအားကို ခံစားမိသည်။
သူက လက်မြှောက်ပြီး ရင်းမြစ်စွမ်းအားကို ရွှေရောင်အလင်းလုံးအဖြစ် ပြောင်းလဲလိုက်သည်။
အလင်းလုံးက ပုလဲလုံးအဖြစ် ဖြည်းဖြည်းချင်း စုစည်းသွားသည်။
သူက ထိုပုလဲလုံးကို သန့်စင်လိုက်လျှင် အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်သွားလိမ့်မည်။
သို့သော် သူက မသန့်စင်ပဲ ပစ်ထုတ်လိုက်သည်။
ရွှေပုလဲလုံးက ပြုတ်ကျနေသော မျက်လုံးပြာသိမ်းငှက်နှင့် ထိတွေ့သွားသည်။
ပုလဲလုံးက သိမ်းငှက်နှင့် တိုက်ရိုက်ပေါင်းစပ်သွားသည်။ မျက်လုံးပြာသိမ်းငှက်က တစ်ကိုယ်လုံး တုန်ခါနေပြီး ထိတ်လန့်သွားပုံပေါ်သည်။
သူက အောက်သို့ ဆက်လက်ပြုတ်ကျနေသော်လည်း နှေးကွေးသွားသည်။
သူ့ခန္ဓာကိုယ်တွင်ရှိသော အလင်းရောင်က အချိန်မရွေး ပေါက်ကွဲနိုင်သည့်အလား ပိုမိုခမ်းနားပြီး လေးနက်နေသည်။
တခြားလူများ၏အမြင်တွင် ထိုသိမ်းငှက်က အသက်ရှူကြိမ်တစ်ရာအတွင်း ပေါက်ကွဲသွားတော့မည်။
လူအများက တီးတိုးပြောလိုက်ပြီး နောင်တရနေပုံပေါ်သည်။
“အဲဒီကလေးက ထွက်မသွားဘူးလား”
မိုင်သောင်းချီအကွာတွင်ရှိသော စစ်ရထားလုံးတွင် အစိမ်းရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည်။
ဘေးတွင်ရှိသော အနက်ရောင်ချပ်ဝတ်နှင့် လူအိုကြီးက ခေါင်းခါလိုက်ပြီး ဂရုမစိုက်စွာ ပြောသည်။
“အဲဒါက တုံးအတာပဲ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်ပြတ်သားရမယ်”
အစိမ်းရောင်ဝတ်စုံနှင့်လူက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် တစ်ဖက်သို့ လှည့်ကြည့်သည်။
သူ၏ စွမ်းအားများက ဖျတ်ခနဲ လှုပ်ရှားသွားသည်။
“ကောင်းကင်တစ်သောင်းတိုင်းပြည်က လှုပ်ရှားတော့မယ်”
ကောင်းကင်တစ်သောင်းတိုင်းပြည်က ဟန်မူယဲ့နှင့် တခြားလူများ၏ မိုင်တစ်ရာအကွာတွင် ရှိနေသည်။
လူတစ်သိန်းရှိသော စစ်တပ် ဖြစ်သည်။
ထိုလူများက အငွေ့အသက်ကို ဖုံးကွယ်ထားပြီး ဖြည်းဖြည်းချင်း ချီတက်လာကြသည်။
ရှေ့ဆုံးတွင်ရှိသော စစ်သူကြီးက လက်သီးဆုပ်ထားသည်။
“အသက်ရှူကြိမ်ဆယ်ခါ စောင့်မယ်”
သူက ဟိန်းဟောက်သည်။
အသက်ရှူကြိမ်ဆယ်ခါအပြီးတွင် သိမ်းငှက်၏ခန္ဓာကိုယ်က ပေါက်ကွဲသွားလိမ့်မည်။ ပေါက်ကွဲသံနှင့် ပတ်ဝန်းကျင်၏ တုန်ခါမှုက သူတို့၏ တိုက်ခိုက်မှုကို ဖုံးကွယ်ပေးလိမ့်မည်။
သူတို့က အသက်ရှူကြိမ်ဆယ်ခါ စောင့်ဆိုင်းရန်သာ လိုအပ်သည်။
လူတိုင်းက ကောင်းကင်ထက်တွင်ရှိသော မျက်လုံးပြာသိမ်းငှက်ကို ကြည့်နေကြသည်။
ဟန်မူယဲ့က ထွက်မသွားခဲ့ပေ။
အကယ်၍ သိမ်းငှက် ပေါက်ကွဲသွားလျှင် သူက အရင်ဆုံး သေရလိမ့်မည်။
“ဝီ”
လေထုထဲတွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားတချို့က ပေါင်းစပ်သွားပုံပေါ်သည်။
ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်တပ်က နေရာယူထားသည်။ သူတို့က လက်နက်မြှောက်ပြီး သွေးချိကို စုစည်းနေသည်။
“ဘုန်း”
ထိုအချိန်တွင် ရွှေအလင်းဖြင့် ရစ်ပတ်ခံထားရသော မျက်လုံးပြာသိမ်းငှက်က ရုတ်တရက် ပျံသန်းထွက်လာသည်။ ထိုငှက်က တောင်ပံဖြန့်ပြီး အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။
မျက်လုံးပြာသိမ်းငှက်က ထွက်သွားခဲ့သည်။
‘ထွက်သွားတာလား’
‘ထွက်သွားတာပဲ’
ထိုမြင်ကွင်းကို စောင့်ကြည့်နေသော လူတိုင်းက ကြောင်အသွားသည်။
‘ဘာဖြစ်လို့ ထွက်သွားတာလဲ’
‘ကိုယ့်ကိုယ် ဖျက်ဆီးဖို့ အသင့်ဖြစ်နေတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ထွက်ပြေးသွားတာလဲ’
ကျိုးယွီ၏မျက်နှာထားက လေးနက်နေပြီး အဝေးတစ်နေရာသို့ ကြည့်သည်။
ပြန့်ကျဲနေသော မျိုးနွယ်စုများကလည်း ခေါင်းလှည့်ပြီး ကြည့်လိုက်ကြသည်။
ရထားလုံးထဲတွင်ရှိသော လူသန်ကြီးနှင့် လူအိုကြီးကလည်း မတ်တပ်ရပ်ပြီး ရှေ့သို့ကြည့်သည်။
လှံရှည်များက လေထုကိုထိုးခွဲပြီး အသံပေးလျက် ကျိုးယွီဆီသို့ ပြေးဝင်လာကြသည်။
အကယ်၍ သိမ်းငှက်က ယခုအချိန်တွင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့လျှင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက တုန်ခါနေလိမ့်မည်။ ထိုလှံများ၏ မြည်သံနှင့် အရိပ်အယောင်ကို သတိထားမိမည်မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် သိမ်းငှက်က ပျံသန်းသွားခဲ့သည်။
ကောင်းကင်တွင် ရွှေအလင်းနှင့် ပေါက်ကွဲသံလည်း မရှိတော့ပေ။
ထို့ကြောင့် ဆင်းသက်လာသော လှံရှည်များက အလွန်သိသာနေသည်။
ကောင်းကင်တစ်သောင်းတိုင်းပြည်၏ ရှေ့ပြေးတပ်ကို ဦးဆောင်ထားသော ခေါင်းဆောင်က အံကြိတ်လိုက်ပြီး အော်ဟစ်သည်။
“တက်”
အလစ်တိုက်ခိုက်မှုက မအောင်မြင်သောကြောင့် ပွင့်လင်းစွာတိုက်ခိုက်ရန်သာ ကျန်တော့သည်။
သူက သေဆုံးရမည်ဆိုလျှင်ပင် တိုက်ခိုက်ရလိမ့်မည်။
“ဟမ့်၊ ကောက်ကျစ်တဲ့လူသားတွေပဲ”
ကျိုးယွီက နှာမှုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
သူ့နောက်တွင် မရေမတွက်နိုင်သော ရွှေကျီးကန်းပုံရိပ်များ ပေါ်ထွက်လာသည်။
ထိုပုံရိပ်များက ချိတ်ဆက်သွားပြီး အလင်းလွှာတစ်ခုကို ဖန်တီးသည်။
“ဘန်း”
လှံရှည်အများစုကို တားဆီးနိုင်ခဲ့သည်။ ဆက်လက်တိုးဝင်လာသော လှံရှည်အနည်းငယ်ကလည်း အန္တရာယ်မပေးနိုင်တော့ပေ။
“သတ်”
အဝေးတစ်နေရာတွင် အော်ဟစ်သံများကို ကြားနိုင်သည်။
“တိုက်”
ကျိုးယွီက အမိန့်ပေးလိုက်သည်။
ဟန်မူယဲ့နှင့် သိမ်းငှက်၏တိုက်ပွဲကို စောင့်ကြည့်နေသော တခြားမျိုးနွယ်စုများက ကြောင်အသွားကြသည်။
‘စုစည်းထားတဲ့ ရွှေကျီးကလန်တွေက ဘာဖြစ်လို့ ဒီနေရာမှာ ပေါ်လာတာလဲ’
‘လူသားစစ်တပ်ကရော ဘာဖြစ်လို့ ဒီရောက်လာတာလဲ’
‘တိုက်ပွဲတစ်ခုက အခုမှ အဆုံးသတ်သွားတာလေ။ နောက်ထပ် တိုက်ပွဲကြီးတစ်ခု ရှိနေသေးတာလား’
“သွားကြစို့”
လူအများအပြားက ထိတ်လန့်နေသည်။
“ထွက်ပြေးမယ်”
မရေမတွက်နိုင်သော လူများက အော်ဟစ်လိုက်ကြသည်။
လေထုထဲတွင်ရပ်နေသော ဟန်မူယဲ့က အဆုံးမရှိသော ရွှေကျီးကန်းစစ်တပ်ကို ကြည့်လိုက်သည်။ သူက တည်ငြိမ်နေပြီး လူသားစစ်တပ်ကို လှမ်းကြည့်သည်။
‘ဒါက ငါအာရုံခံမိတဲ့ အန္တရာယ်လား’
ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်တပ် ....
ထိုစစ်တပ်က အမဲလိုက်ပွဲတွင် ပါဝင်ဆင်နွှဲရန် ရောက်လာသော ရွှေကျီးကန်းများကို တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။
ဟန်မူယဲ့က စစ်တပ်နှစ်ခုနှင့် ထွက်ပြေးသွားသော မျိုးနွယ်စုများကို ကြည့်လိုက်ပြီး ပျံသန်းလာသည်။