အခန်း (၁၁၁၅)
Vol. 80 Ch. 1115
ဟန်မူယဲ့နှင့် ဓားပျံများအားလုံးက ရပ်တန့်သွားသည်။
“ခွန်အားကွာခြားချက်က ကြီးမားလွန်းတယ်”
မျက်လုံးသုံးလုံးကြောင်ဖြူအဖြစ် အသွင်ပြောင်းထားသော ဉာဏ်အလင်းသားရဲက ပြောလိုက်သည်။
အစစ်အမှန်ဝိညာဉ်အဆင့်သည် အစစ်အမှန်ဝိညာဉ်အဆင့် ဖြစ်ပြီး အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူတစ်ယောက်က ယှဉ်နိုင်မည်မဟုတ်ပေ။
ပတ်ဝန်းကျင်တွင်ရှိသော မျိုးနွယ်စုအသီးသီး၏ ကျွမ်းကျင်သူများကလည်း ခေါင်းခါလိုက်ကြသည်။
အဓိပ္ပာယ်မရှိသော စတေးမှုသည် မထိုက်တန်ပေ။
‘သူက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ခွန်အားကို မသိဘူးလား’
‘အဲဒီကွာခြားချက်ကို ကျော်လွှားလို့မရဘူး’
ဟန်မူယဲ့က နည်းလမ်းပေါင်းစုံကို ပိုင်ဆိုင်ထားလျှင်ပင် ကျင်းယုထောင်ဆီမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
“သူက ပုရွက်ဆိတ်တစ်ကောင်ပဲ”
ကျင်းယုထောင်က လှောင်ပြောင်လိုက်ပြီး အနက်ရောင်ဓားမော့အလင်းဖြင့် ဟန်မူယဲ့၏ဦးခေါင်းကို ခုတ်ချသည်။ သူက ဘေးတွင်ရှိသော မျက်လုံးသုံးလုံးကြောင်ဖြူကို ကြည့်လိုက်သည်။
ဉာဏ်အလင်းသားရဲ ....
အံ့ဖွယ်ဝိညာဉ်တိုင်းပြည်၏ လူများအပြင် သူကလည်း ထိုသားရဲကို လိုချင်သည်။
ဉာဏ်အလင်းသားရဲ၏ သွေးမျိုးဆက်နှင့် ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားသော လျှို့ဝှက်ချက်များအားလုံးကို အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက လိုချင်ကြသည်။
ဓားမော့အလင်းက ဟန်မူယဲ့ကို ခုတ်ချနေသောအချိန်တွင် သူက တခြားလက်တစ်ဖက်က ဉာဏ်အလင်းသားရဲကို ဖမ်းဆုပ်လိုက်သည်။
ကြောင်ဖြူက အော်ဟစ်လိုက်ပြီး ထွက်ပြေးသည်။
“ခလွမ် ....”
ထိုအချိန်တွင် ဓားများ ထိတွေ့သံကို ရှင်းလင်းစွာ ကြားရသည်။
ကျင်းယုထောင်က ကြောင်အသွားပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။
သူ၏ ဓားမော့က တားဆီးခံလိုက်ရသည်။
ဟန်မူယဲ့က ဓားရှည်တစ်လက်ကိုင်ထားပြီး ခုခံခဲ့သည်။
အဆီအနှစ်ဝိညာဉ် နဝမအဆင့်တွင် ရှိနေသော လူတစ်ယောက်က အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ၏ ဓားမော့ခုတ်ချက်ကို တားဆီးခဲ့သည်။
လူတိုင်းက စိတ်ရှုပ်ထွေးသွားသည်။
လူတစ်ယောက်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
“သူက ဘယ်လိုချပ်ဝတ်ကို ဝတ်ထားတာလဲ”
ယခုအချိန်တွင် ဟန်မူယဲ့က ပျက်စီးနေသော ချပ်ဝတ်ကို ဝတ်ထားသည်။ ချပ်ဝတ်၏ အက်ကွဲကြောင်းများကို ရှင်းလင်းစွာ မြင်နိုင်သည်။
သို့သော် ထိုချပ်ဝတ်က သူ၏ ခွန်အားကို အစစ်အမှန်ဝိညာဉ်အဆင့်အထိ မြှင့်တင်ပေးခဲ့သည်။
“အဲဒီချပ်ဝတ်က ကမ္ဘာဦးအငွေ့အသက်ကို သယ်ဆောင်ထားသလိုပဲ”
ကျင်းယုထောင်နှင့်ပါလာသော ကျွမ်းကျင်သူကို တားဆီးနေသည့် နဂါးမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူက မျက်မှောင်ကြုတ်လိုက်ပြီး ဟန်မူယဲ့၏ ချပ်ဝတ်ကို ကြည့်သည်။
သူက ထိုချပ်ဝတ်ကို မမြင်ဖူးသော်လည်း အငွေ့အသက်နှင့် ရင်းနှီးနေသည်။
“အဲဒီချပ်ဝတ်က ....”
ကျင်းယုထောင်က ဟန်မူယဲ့၏ ပျက်စီးနေသောချပ်ဝတ်ကို စိုက်ကြည့်သည်။
သူက ထိုချပ်ဝတ်ကို မြင်ဖူးသည်။
အရှင်မင်းကြီးက ထိုချပ်ဝတ်ကို ဝတ်ဆင်ပြီး တိုက်ပွဲတွင် ရှံးနိမ့်မှုမရှိခဲ့ပေ။
‘သူက အရှင်မင်းကြီးနဲ့ ပတ်သတ်နေတာလား’
‘မဟုတ်ရင် အရှင်မင်းကြီးနဲ့ ဆင်တူတဲ့ချပ်ဝတ်ကို ဘာဖြစ်လို့ ဝတ်ထားတာလဲ’
ကျင်းယုထောင်က တုံ့ဆိုင်းနေပြီး နောက်တစ်ကြိမ် မတိုက်ခိုက်ရဲပေ။
‘အရှင်မင်းကြီးက တခြားလူတွေရဲ့ သေခြင်းရှင်ခြင်းကို ဂရုစိုက်စရာမလိုတဲ့ လူတစ်ယောက်ပဲ’
“ဒါပေမဲ့ အရှင်မင်းကြီးက မိတ်ဆွေဆက်ဆံရေးကို တန်ဖိုးထားတယ်’
သူက ရပ်တန့်လိုက်သော်လည်း ဟန်မူယဲ့က မရပ်ခဲ့ပေ။
ထိုအချိန်ကို အခွင့်ကောင်းယူပြီး သူက ချပ်ဝတ်၏ စွမ်းအားကို ဓားတွင် စုစည်းသည်။
ကမ္ဘာဦးချပ်ဝတ်သည် အင်မော်တယ်ဘုရင်တစ်ပါးကို ဖိနှိပ်နိုင်သည်။
ယခုအချိန်တွင် ချပ်ဝတ်က ပျက်စီးနေသော်လည်း အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ခုခံနိုင်သည်။
ဟန်မူယဲ့က ချပ်ဝတ်ကို ဝတ်ထားပြီး ဖယ်ရှားခံလိုက်ရသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို ခံစားကြည့်သည်။
ချပ်ဝတ်က သူ၏ ပတ်ဝန်းကျင်ကို ဗလာဖြစ်သွားစေပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို တွန်းထုတ်သည်။
ကမ္ဘာဦးချပ်ဝတ်က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ဖယ်ရှားနိုင်သည်။
ချပ်ဝတ်ပေါ်တွင် လေးနက်သော အင်းကွက်များ ရှိနေသည်။ ချပ်ဝတ်၏ ဝိညာဉ်သတ္တုကလည်း ကမ္ဘာဦးခေတ်၏ ရတနာတစ်ပါး ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာဦးခေတ်၏ အပြင်ဘက်တွင်ရှိသော စည်းမျဉ်းများအားလုံးကို ဖိနှိပ်နိုင်သည်။
ထိုချပ်ဝတ်က ကပ်ဘေးကိုပင် ခုခံနိုင်သည်။
ချပ်ဝတ်က ကိုယ်ပိုင်နယ်မြေနှင့် ကမ္ဘာကို ဖန်တီးသည်။
ကမ္ဘာဦးချပ်ဝတ်က ပတ်ဝန်းကျင်တွင်ရှိသော စည်းမျဉ်းစွမ်းအားကို ဖယ်ရှားလိုက်သည်။ ထို့ကြောင့် ဟန်မူယဲ့က လှုပ်ရှားနိုင်ခဲ့သည်။
သူက ဓားဖြင့် ထိုးချလိုက်သည်။ ဓားအလင်းက မျှော်စင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဓားမျှော်စင် ဖြစ်သည်။
“ငါသိပြီ”
သူက နားလည်သွားသည်။
အဘယ်ကြောင့် အံ့ဖွယ်ကိုးပါးဓားမျှော်စင် တည်ရှိနေရသနည်း။
ဓားများကို စုစည်းလိုက်လျှင် ချိပ်ပိတ်ရုံသာတတ်နိုင်ပြီး အဘယ်ကြောင့် မဖျက်ဆီးနိုင်သနည်း။
အဘယ်ကြောင့်ဆိုသော် ရန်သူက အလွန်သန်မာပြီး အားကောင်းသောကြောင့် ဓားအလင်းများက အကာအကွယ်ကို မချိုးဖောက်နိုင်ခဲ့ပေ။ ထို့ကြောင့် စည်းမျဉ်းစွမ်းအားကို မှီခိုပြီး ချုပ်နှောင်လျက် ဖြည်းဖြည်းချင်း ဖိနှိပ်ရန်သာ တတ်နိုင်ခဲ့သည်။
ဓားကျင့်ကြံသူများက ရန်သူကို တစ်ချက်တည်း သတ်နိုင်လျှင် ဓားထုတ်ပြီး သတ်ပစ်လိမ့်မည်။ တခြားအရာများကို လုပ်နေရန် မလိုအပ်ပေ။
“ဖိနှိပ်စမ်း”
ဓားအလင်းဖြင့် စုစည်းထားသော ဓားမျှော်စင်က ကျင်းယုထောင်၏ဦးခေါင်းပေါ်သို့ ကျဆင်းလာသည်။
ကျင်းယုထောင်က မျက်လုံးများကို မျေးကျဉ်းလိုက်ပြီး ဒေါသထွက်နေသည်။
ဤလောကတွင် လူမည်မျှက သူ့ကို ချုပ်နှောင်ရန် အဆင့်မီသနည်း။
လူတချို့ ရှိနိုင်သော်လည်း သူ့ရှေ့တွင်ရှိသော ကောင်လေးကတော့ အဆင့်မမီပေ။
ကျင်းယုထောင်က စောင့်ဆိုင်းမနေပဲ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လက်ထဲတွင်ရှိသော ဓားမော့ဖြင့် ခုတ်ချသည်။
“ရွှပ်”
ဓားမျှော်စင်က ကျိုးပျက်သွားသည်။
ဟန်မူယဲ့၏ဓားက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ၏ ဓားမော့ကို မည်သို့ ယှဉ်နိုင်မည်နည်း။
ဓားမျှော်စင်က ပြတ်တောက်သွားသော်လည်း ပြန့်ကျဲမသွားပဲ မျှော်စင်နှစ်ခုအဖြစ် ပြောင်းသွားသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး မတူညီသော ဓားနည်းစနစ်နှစ်ခုကို တစ်ပြိုင်နက် ထုတ်ဖော်သည်။
“ဖိနှိပ်စမ်း”
ဓားမျှော်စင်နှစ်ခုက ကျင်းယုထောင်၏ခေါင်းပေါ်သို့ ပြန်ကျလာပြန်သည်။
ကျင်းယုထောင်က နှာမှုတ်လိုက်ပြီး ရှေ့တက်သည်။ သူ့လက်ထဲတွင်ရှိသော ဓားမော့က ပုံရိပ်ယောင်ဆန်နေသည်။
“ဘန်း”
ဤတစ်ကြိမ်တွင် ဓားမျှော်စင်နှစ်ခုက တုန်ခါနေပြီး ဖြည်းဖြည်းချင်း ပြိုကွဲသွားသည်။
သို့သော် ပြိုကွဲနေသော အပိုင်းအစများက ပျောက်ကွယ်မသွားပဲ ဓားရှည်များအဖြစ် ခွဲထွက်လာသည်။
ဓားမျှော်စင်ကို ဓားရှည်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဟန်မူယဲ့က လက်နှစ်ဖက်ကို ပူးကပ်ထားပြီး အပေါ်သို့ မြှောက်လိုက်သည်။
ကမ္ဘာဦးချပ်ဝတ်က စွမ်းအားများကို ထုတ်ပေးလိုက်ပြီး ပေတစ်ထောင်ကြီးမားသော ရွှေရောင်ချပ်ဝတ်နှင့် စစ်သူကြီးပုံရိပ်ကို ဖန်တီးသည်။
စစ်သူကြီးက လက်မြှောက်ပြီး ဓားဖြင့် ခုတ်ချသည်။
“ဘန်း”
ကျင်းယုထောင်က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။
ခြေတစ်လှမ်းသာ ဖြစ်သည်။
သို့သော် စောင့်ကြည့်နေသူများ၏ အမြင်တွင် ထိုခြေတစ်လှမ်းက ကမ္ဘာတုန်စေနိုင်သည်။
အဆီအနှစ်ဝိညာဉ်အဆင့် လူတစ်ယောက်က အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကို ခြေတစ်လှမ်းနောက်ဆုတ်စေခဲ့သည်။
ဟန်မူယဲ့က မည်သည့်ချပ်ဝတ်ကို ဝတ်ထားပါစေ ထိုခြေတစ်လှမ်းသည် ပုရွက်ဆိတ်က ဆင်တစ်ကောင်ကို လှုပ်ခါနိုင်ကြောင်း ဖော်ပြနေသည်။
အဆီအနှစ်ဝိညာဉ်အဆင့်က အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်သည်။
ထိုတိုက်ခိုက်မှုအပြီးတွင် ပတ်ဝန်းကျင်၏ ကောင်းကင်နှင့်မြေကြီးစွမ်းအားက ပြောင်းလဲသွားပုံပေါ်သည်။
မဟာတောရိုင်းကမ္ဘာ၏ မရေမတွက်နိုင်သော မျိုးနွယ်စုများက တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နှက်နေကြသည်။
စွမ်းအားမျိုးစေ့ ဖြစ်သည်။
“မင်းက သေချင်နေတာပဲ”
ကျင်းယုထောင်က ဒေါသထွက်နေသည်။ သူက ဂရုမစိုက်မိခဲ့ပေ။
အကယ်၍ အကောင်းဆုံးကြိုးစားခဲ့လျှင် ထိုဓားချက်ကို တစ်ချက်တည်း ဖျက်ဆီးပစ်နိုင်သည်။
သို့သော် သူက ဓားမော့ကိုထုတ်ပြီး ပြေးဝင်လာသောအချိန်တွင် တစ်ဖက်လူက ဓားမြှောက်လိုက်ပြန်သည်။
“မှူးမတ်လီကျီချန်း၊ ပူးပေါင်းကြမလား”
ဟန်မူယဲ့က ပြောသည်။
ပူးပေါင်းမည်။
ယခင်က ဟန်မူယဲ့သည် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ၏ရှေ့တွင် အသက်ရှူကြိမ်ဆယ်ခါသာ ခုခံနိုင်သည်။
အသက်ရှူကြိမ်ဆယ်ခါ ပြည့်သွားလျှင် မှူးမတ်လီ ရောက်လာပြီး သူ့ကို ကယ်တင်လိမ့်မည်။
သို့သော် ယခုအချိန်တွင် သူက ပူးပေါင်းရန် ပြောခဲ့သည်။
သူက မှူးမတ်လီနှင့် ပူးပေါင်းချင်သည်။
ဓားတစ်ချက်ဖြင့် သူက စစ်တပ်ကို ထိန်းချုပ်ထားသော လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ မှူးမတ်လီကျီချန်းနှင့် ပူးပေါင်းရန် အဆင့်မီသွားခဲ့သည်။
“ဟားဟား၊ မဟာတောရိုင်းကမ္ဘာရဲ့ သောင်းချီတဲ့မျိုးနွယ်စုတွေကြားမှာ မင်းက ငါနဲ့ပူးပေါင်းမယ်လို့ ပထမဆုံးပြောခဲ့တာပဲ”
မှူးမတ်လီ၏အသံ ပေါ်ထွက်လာသည်။
အဝေးတစ်နေရာမှ မဟုတ်ပေ။ ဟန်မူယဲ့၏နောက်မှ ဖြစ်သည်။
အစိမ်းရောင်ဝတ်စုံနှင့် လူသန်ကြီးက လှံရှည်ကို ကိုင်ထားသည်။
“သတ်”
မှူးမတ်လီက လှံရှည်ဖြင့် ထိုးချလိုက်ပြီး ကျင်းယုထောင်၏ ဓားမော့ကို တားဆီးသည်။
ဟန်မူယဲ့က ခပ်ဟဟရယ်သည်။ ရွှေရောင်ချပ်ဝတ်စစ်သူကြီးက ဓားဖြင့် ခုတ်ချလိုက်ပြန်သည်။
တစ်ချက်၊ နှစ်ချက်၊ သုံးချက် ....
ဓားချက်သုံးချက်အပြီးတွင် ကျင်းယုထောင်က နောက်ဆုတ်ပေးလိုက်ရပြန်သည်။
သူက အံ့အားသင့်စွာ ခေါင်းမော့ကြည့်သည်။
ဟန်မူယဲ့၏ ဓားအလင်းက ပြောင်းလဲမှုမရှိပေ။ အဘယ်ကြောင့် သူ့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်သနည်း။
ဟန်မူယဲ့အသုံးပြုနေသော ဓားနည်းစနစ်ကို သူက မသိပေ။
ထိုဓားနည်းစနစ်က ယခင်ဓားချက်၏ ခွန်အားကို စုစည်းပြီး နောက်ဓားချက်တွင် ပေါင်းထည့်နိုင်သည်။
ဓားချက်သုံးချက်အပြီးတွင် စုစည်းနေသောစွမ်းအားက အလွန်သိပ်သည်းပြီး လောကကိုပင် ထိုးဖောက်နိုင်လိမ့်မည်။
“ဘုန်း”
လေးချက်မြောက် ဖြစ်သည်။
ထိုဓားချက် ဆင်းသက်လာသောအခါတွင် ကမ္ဘာတစ်ခုလုံး တုန်ခါနေသည်။
ကောင်းကင်ထက်တွင်ရှိသော မဟာနေမင်းရွှေကျီးကန်းက ဓားချက်၏အလင်းရောင်ကို ရောင်ပြန်ဟပ်ပေးနေသကဲ့သို့ တောက်ပလာသည်။
ဖယ်ထုတ်ထားသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ဓားချက်ထဲတွင် ထည့်သွင်းခဲ့သည်။
ယခုအချိန်တွင် ဟန်မူယဲ့၏ဓားချက်က အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်နိုင်သည်။
မှူးမတ်လီ၏ မျက်လုံးများက တောက်ပသွားသည်။ သူက လှံရှည်ကို ပြန်သိမ်းလိုက်ပြီး အနက်ရောင်ဦးချိုတစ်စုံနှင့် ဖြူဖွေးနေသော သိုးတစ်ကောင်၏ပုံရိပ်ကို ထုတ်လွှတ်သည်။
သူ၏ အစစ်အမှန်ဝိညာဉ် ရှေးခေတ်နတ်ဘုရားသားရဲ ဖြစ်သည်။
သူက စစ်တပ်ကို ထိန်းချုပ်နိုင်ပြီး အလွန်သန်မာသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
မှူးမတ်လီက ရှေးခေတ်နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ကို လက်ခံပြီး အစစ်အမှန်ဝိညာဉ်အဖြစ် စုစည်းထားသည်။
နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်က ထူးခြားသည်။