← Chapters

အခန်း (၁၁၁၇)

Vol. 80 Ch. 1117

အခန်း (၁၁၁၇)

Vol. 80 Ch. 1117

စစ်ပွဲ၏နောက်ဆက်တွဲ လိုက်လံသတ်ဖြတ်ခြင်းသည် သုံးလကြာမြင့်ခဲ့သည်။

အဆုံးတွင် စစ်သူကြီးကျင်းယုထောင်က ကြည်လင်ကောင်းကင်တောအုပ်မှ ကျန်ရှိနေသော စစ်သည်တစ်သန်းနှင့်အတူ ထွက်သွားသည်။

သူတို့က လူသားမျိုးနွယ်၏ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထို့အပြင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ ဆယ့်တစ်ယောက်လည်း ရှိနေသည်။ ထို့ကြောင့် ရှုံးနိမ့်သွားသော်လည် အစီအစဉ်တကျ ဆုတ်ခွာနိုင်ခဲ့သည်။

မဟာတောရိုင်းကမ္ဘာ၏ တခြားမျိုးနွယ်များ ဖြစ်နေလျှင် ဖရိုဖရဲဖြစ်နေပြီး အပြတ်ရှင်းထုတ်ခံရလိမ့်မည်။

“ဘုန်း”

ကျိုးယွီ၏ နောက်ဆုံးတိုက်ကွက်က လူသားမျိုးနွယ်၏ ကျွမ်းကျင်သူတစ်ယောက်ကို သွေးအန်သွားစေခဲ့သည်။ ကျိုးယွီက လေထုထဲတွင် ရပ်နေပြီး ဟိန်းဟောက်လိုက်သည်။

မျိုးနွယ်စုအသီးသီး၏ တခြားကျွမ်းကျင်သူများကလည်း ကျယ်လောင်စွာ ရယ်မောနေကြသည်။

သူတို့က လန်းဆန်းသွားသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းမှစ၍ လူသားမျိုးနွယ်၏တိုင်းပြည် ပေါ်ထွက်လာပြီး မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်များကို လွှမ်းမိုးခဲ့သည်။ မျိုးနွယ်စုများက ယခုတစ်ကြိမ်စစ်ပွဲကဲ့သို့ ကျေနပ်စရာကောင်းသော တိုက်ပွဲကို မတိုက်ခိုက်ခဲ့ရပေ။

တိုက်ပွဲတိုင်းတွင် လူသားစစ်တပ်က မျိုးနွယ်စုများကို ဖိနှိပ်ခဲ့သည်။

လူသားမျိုးနွယ်က များပြားသော မျိုးနွယ်စုများကို ရှင်းထုတ်ခဲ့သည်။

ကျိုးယွီက နောက်သို့ လှည့်ကြည့်လိုက်ပြီး ရွှေအလင်းဖြင့် ရစ်ပတ်ခံထားရသော ရွှေကျီးကလန်၏ အဆီအနှစ်ဝိညာဉ်များကို မြင်ရသည်။ သူ့အပြုံးက ပိုမိုနက်ရှိုင်းလာသည်။

ထိုအရာသည် ဤအမဲလိုက်ပွဲ၏ အကြီးမားဆုံးအကျိုးအမြတ် ဖြစ်သည်။

အနည်းဆုံး ကလန်သားတစ်သိန်းသည် သွေးမျိုးဆက်တိုးတက်လာပြီး အနည်းဆုံး ကလန်သားတစ်သောင်းက သွေးမျိုးဆက်နိုးထခဲ့သည်။

ထိုဖြစ်ရပ်မျိုးက နှစ်တစ်သောင်းတွင် တစ်ကြိမ်သာဖြစ်နိုင်သည်။

မဟာနေမင်းရွှေကျီးကန်းက ရွှေကျီးကန်းမျိုးနွယ်စုကို စွန့်ပစ်မသွားသေးပေ။

ကောင်းကင်တာအိုက ရွှေကျီးကန်းမျိုးနွယ်စုကို ဂရုစိုက်နေဆဲဖြစ်သည်။

“ဟန်မူယဲ့”

မီးခိုးရောင်ချပ်ဝတ်နှင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျိုးယွီက သက်ပြင်းချသည်။

ထိုလူကြောင့်သာမဟုတ်လျှင် တိုက်ပွဲရလဒ်က အပြည့်အဝ ပြောင်းလဲသွားလိမ့်မည်။

“ခေါင်းဆောင်ကျိုး”

ဟန်မူယဲ့က တည်ငြိမ်နေသည်။ သူက ချပ်ဝတ်ကို သိမ်းလိုက်ပြီး အစိမ်းရောင်ဝတ်စုံကို ဖော်ပြသည်။

မူချန်ခုံးက အပြုံးတစ်ခုနှင့်အတူ သူ့ဘေးသို့ ရောက်လာသည်။

“ကျိုးယွမ်ကလန်ကို လာခဲ့ပါ။ ငါက လက်ထောက်မျိုးနွယ်ခေါင်း‌ဆောင်ရာထူး ပေးမယ်”

ကျိုးယွီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ကျိုးယွမ်ကလန်၏ လက်ထောက်ခေါင်းဆောင် ....

ကျိုးယွီက ဟန်မူယဲ့ကို ကျေးဇူးဆပ်သည့်အနေဖြင့် အကျိုးအမြတ်တချို့ပေးမည်ဟု မူချန်ခုံးက ခန့်မှန်းထားသည်။ သို့သော် လက်ထောက်ခေါင်းဆောင်ရာထူးကို တိုက်ရိုက်ပေးလိုက်မည်ဟု ထင်မထားခဲ့ပေ။

ဤတိုက်ပွဲအပြီးတွင် ကျိုးယွမ်ကလန်က ခွန်အားကောင်းလာသည်။ ကလန်သားတစ်သန်းကို ထိန်းချုပ်ထားသည့်အပြင် မရေမတွက်နိုင်သော တခြားမျိုးနွယ်များကလည်း သူ့အမိန့်ကို နာခံကြလိမ့်မည်။

ဤနေရာတွင်ရှိသော ရွှေကျီးကလန်သားတစ်သိန်းတွင် သွေးမျိုးဆက်နိုးထလာသောလူများ ရှိကြသည်။ သူတို့၏ အနာဂတ်က တောက်ပနေလိမ့်မည်။

နှစ်တစ်ထောင်၊ နှစ်တစ်သောင်းအကြာတွင် ကျိုးယွမ်ကလန်က အမှန်တကယ်ပင် တိုးတက်လာလိမ့်မည်။

ထို့အပြင် ကလန်ကြီးများတွင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက ကိစ္စရပ်များအားလုံးကို ကိုယ်တိုင်ဆောင်ရွက်မည်မဟုတ်ပေ။

ဟန်မူယဲ့က လက်ထောက်ခေါင်းဆောင် ဖြစ်နေသော်လည်း အစစ်အမှန်ခေါင်းဆောင်ကဲ့သို့ အာဏာရှိလိမ့်မည်။

ကျိုးယွီက တံခါးပိတ်ကျင့်ကြံနေလျှင် လက်ထောက်ခေါင်းဆောင်၏စကားက အတည်ဖြစ်သည်။

ကျိုးယွီက ဟန်မူယဲ့၏အလားအလာကို မျှော်လင့်နေကြောင်း မူချန်ခုံးက နားလည်ခဲ့သည်။

ဟန်မူယဲ့၏ ကြိုးစားမှုသာ မရှိလျှင် ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်တပ်နှင့် တိုက်ပွဲက ထိုသို့ လွယ်ကူနေမည်မဟုတ်ပေ။

ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မူချန်ခုံးက စိုးရိမ်နေသည်။

‘သူက ဘာဖြစ်လို့ သဘောမတူသေးတာလဲ’

‘ကျိုးယွမ်ကလန်ရဲ့ လက်ထောက်ခေါင်းဆောင်လေ’

“ခေါင်းဆောင်ကျိုးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

မူချန်ခုံး၏ မျက်နှာထားက ပြောင်းလဲသွားသည်။

ကျိုးယွီကလည်း ကြောင်အနေသည်။

“ကျွန်တော်တို့အားလုံးက ရွှေကျီးကလန်သားတွေ ဖြစ်နေတဲ့အတွက် ကျိုးယွမ်ကလန်ကို ကူညီပေးခဲ့တာပါ”

“ကျိုးယွမ်ကလန်ကို ဝင်ရောက်ဖို့ စိတ်ကူးမရှိပါဘူး”

ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လျင် ပြောလိုက်ပြီး လှည့်ထွက်သွားသည်။

“ဟေး၊ မင်း ....”

မူချန်ခုံးက သူ့ကို တားဆီးချင်သော်လည်း စကားရှာမရပေ။ သူက ခေါင်းခါလိုက်ပြီး ကျိုးယွီကို နှုတ်ဆက်၍ ဟန်မူယဲ့၏နောက်သို့ လိုက်သွားသည်။

ကျိုးယွီက နေရာတွင်ရပ်နေပြီး စကားမပြောပဲ ပျောက်ကွယ်သွားသော လူနှစ်ယောက်ကို ကြည့်သည်။

တခြား အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကလည်း ဟန်မူယဲ့တို့ကို လှမ်းကြည့်နေကြသည်။

“အထင်ကြီးစရာကောင်းတယ်။ လွတ်လပ်တယ်”

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က တီးတိုးပြောသည်။

ဟန်မူယဲ့က တိုက်ခိုက်ခဲ့သောအချိန်တွင် လျှပ်စီးသဖွယ် လျင်မြန်သည်။

ထွက်သွားသောအချိန်တွင်လည်း တွန့်ဆုတ်မနေခဲ့ပေ။

‘ဒါက ရွှေကျီးကလန်ရဲ့ စိတ်ထားမျိုးလား’

“ကလန်ကို ပြန်ရောက်လာရင် အကြီးအကဲကျန်းယုက ဟန်တောင်တန်းကလန်ကို သွားရောက်ရမယ်”

ကျိုးယွီက ဘေးတွင်ရှိသော လူအိုကြီးတစ်ယောက်ကို လှမ်းကြည့်သည်။ ထိုလူအိုကြီးက အစစ်အမှန်ဝိညာဉ် တစ်ဝက်အဆင့်တွင် ရှိနေသည်။

“သူမလိုချင်တာကိုတော့ ငါက တွန်းအားပေးလို့မရဘူး”

ကျိုးယွီက တည်ငြိမ်စွာပြောသည်။

သူက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ကလန်ကြီးတစ်ခုကိုလည်း ထိန်းချုပ်ထားသည်။ ထို့ကြောင့် တင်ကျန်နေသောအကြွေးကို သေချာပေးဆပ်ရမည်။

ကျိုးယွီကလန်အတွက်လည်း အတူတူပင်ဖြစ်သည်။

သူတို့က ဟန်မူယဲ့အပေါ်တွင် အကြွေးတင်နေသည်။

....

ဟန်မူယဲ့က ထွက်မသွားသေးဘဲ အံ့ဖွယ်ဝိညာဉ်တိုင်းပြည်၏ စစ်တပ်ဆီသို့ သွားလိုက်သည်။

“ဟန်တောင်တန်းရွှေကျီးကလန်ရဲ့ ခေါင်းဆောင်၊ နှစ်တစ်သောင်းအတွင်းမှာ ရွှေကျီးကန်းသွေးမျိုးဆက်ကို ကိုယ်ပိုင်ခွန်အားနဲ့ နိုးထစေခဲ့တဲ့ ပထမဆုံးလူ”

“နှစ်ပေါင်းတစ်ရာကျော်ကြာအောင် ကျင့်ကြံပြီး ပန်းပဲပညာနဲ့ အာခီမီကို နားလည်တယ်လို့ ပြောကြတယ်”

အံ့ဖွယ်ဝိညာဉ်တိုင်းပြည်၏ မှူးမတ်လီကျီချန်းက ရှေ့တွင်ရှိသော ဟန်မူယဲ့ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြောသည်။

“သူက ဓားနည်းစနစ်မှာ အကျွမ်းကျင်ဆုံးဖြစ်လိမ့်မယ်” ‘

ဟန်မူယဲ့၏ ဓားချက်များက အလွန်အံ့အားသင့်စရာ ကောင်းသည်။

ဓားအလင်းတိုင်းသည် အလွန်သွက်လက်ပြီး တောက်ပနေသည်။

ထိုဓားနည်းနစ်ကို ရွှေကျီးကလန်သားတစ်ယောက်က ထုတ်ဖော်နိုင်လိမ့်မည်ဟု မည်သူမှ ထင်ထားမည်မဟုတ်ပေ။

“ဟန်မူယဲ့၊ ငါနဲ့အတူ အံ့ဖွယ်ဝိညာဉ်တိုင်းပြည်ကို လိုက်လာချင်လား’

“ငါတို့ရဲ့ ဧကရာဇ်က ပါရမီရှင်တွေကို တန်ဖိုးထားတယ်။ မင်းက ငါတို့တိုင်းပြည်မှာ အဆုံးမရှိတဲ့ အောင်မြင်မှုတွေကို ရလိမ့်မယ်”

လီကျီချန်းက စိတ်ရင်းဖြင့် ပြောသည်။

သူက အမှန်အတိုင်းပြောနေသည်။

အံ့ဖွယ်ဝိညာဉ်တိုင်းပြည်၏ ဧကရာဇ်က နေရာအနှံ့မှ ပါရမီရှင်များကို စုစည်းပြီး တပည့်အဖြစ် လက်ခံထားသည်။

“အခွင့်အရေးရှိရင် ကျွန်တော်က အံ့ဖွယ်ဝိညာဉ်တိုင်းပြည်ကို လာခဲ့ပါ့မယ်”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။ ထို့နောက် လက်မြှောက်ပြီး ဉာဏ်အလင်းသားရဲကို ဆွဲထုတ်သည်။

“အံ့ဖွယ်ဝိညာဉ်တိုင်းပြည်မှာ လိုချင်တာရနိုင်တယ်လို့ နင်ပြောခဲ့တယ်မဟုတ်လား။ ကလေးတစ်ယောက်ကို မလိမ်တာ ပိုကောင်းလိမ့်မယ်”

ဉာဏ်အလင်းသားရဲက ဟန်မူယဲ့၏အင်္ကျီလက်ကို ဆုပ်ကိုင်ထားပြီး မကျေမနပ်ပြောနေသည်။

“ခွန်းဝူကို ကောင်းကောင်းစောင့်ရှောက်ဖို့ သတိရပါ”

ဉာဏ်အလင်းသားရဲက ခွန်းဝူဟူသောစကားလုံးကို တတိယအကြိမ်မြောက် ထုတ်ပြောခဲ့သည်။

ဟန်မူယဲ့က မနေနိုင်တော့ပဲ မေးလိုက်သည်။

“ခွန်းဝူက ဘာလဲ”

ဉာဏ်အလင်းသားရဲက ပြန်မဖြေဘဲ ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ကောင်းကင်ကို မော့ကြည့်သည်။

မျက်လုံးသုံးလုံးကြောင်ဖြူအဖြစ် ပြောင်းလဲထားသော ဉာဏ်အလင်းသားရဲက ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး မှူးမတ်လီကျီချန်း၏ ရထားလုံးပေါ်သို့ ရောက်သွားသည်။

“သွားမယ်။ သွားမယ်။ နင်တို့ရဲ့ လူသားတိုင်းပြည်ကို သွားကြည့်ကြမယ်”

ဉာဏ်အလင်းသားရဲက ရထားလုံး၏ဘောင်တွင် လဲ‌လျောင်းနေပြီး မျက်လုံးများကို မှေးကျဉ်းထားသည်။

ဉာဏ်အလင်းသားရဲက လောက၏ ခုခံနိုင်စွမ်းအကောင်းဆုံးသားရဲ ဖြစ်သည်။ ထိုသားရဲ၏ ခုခံနိုင်စွမ်းက စိတ်ကူးမယဉ်နိုင်လောက်ပေ။

ထို့ကြောင့် သူမက အလွန်ရဲတင်းနေပြီး လူသားတိုင်းပြည်သို့ တစ်ယောက်တည်း သွားရဲခြင်း ဖြစ်လိမ့်မည်။

ထိုသားရဲ၏ ပုံစံက အစစ်အမှန်နှင့် ဝေးကွာနေကြောင်း ဟန်မူယဲ့က သတိထားမိသည်။

လူသားစစ်တပ်က တောရိုင်းမြေမှ ထွက်သွားသည်။ ရထားလုံးများက တန်းစီနေသည်။

ကလန်အသီးသီးကလည်း စိတ်ကျေနပ်စွာ လမ်းခွဲလိုက်ကြသည်။

ဤတစ်ကြိမ်တွင် သူတို့က နတ်ဘုရားသားရဲများကို မသတ်နိုင်သော်လည်း ပိုကောင်းသော အကျိုးအမြတ်ကို ရခဲ့သည်။

သူတို့လက်ထဲတွင်ရှိသော ချပ်ဝတ်နှင့် လက်နက်များကို မျိုးဆက်တစ်လျှောက် အသုံးပြုနိုင်လိမ့်မည်။

“ဟန်တောင်တန်းကို ပြန်ကြမယ်”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ကလန်သားများကို စုစည်းသည်။ သူတို့က ပေတစ်သောင်းကြီးမားသော ရွှေကျီးကန်းပုံရိပ်ကို ဖွဲ့စည်းလိုက်ပြီး တောင်ပံဖြန့်လျက် ပျံသန်းသွားသည်။

“ဝှစ် ....”

အဝေးတစ်နေရာတွင် မျက်လုံးပြာသိမ်းငှက်တစ်ကောင်ကို မြင်ရသည်။

အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်သွားသော မျက်လုံးပြာသိမ်းငှက်က သူတို့ကို နှုတ်ဆက်နေသည်။

မူချန်ခုံးကလည်း ရယ်လိုက်ပြီး ကလန်သားများကို စုစည်း၍ ပေသုံးသောင်းကြီးမားသော ရွှေကျီးကန်းကို ဖွဲ့စည်းသည်။

ရွှေကျီးကန်း အသေးတစ်ကောင်နှင့် အကြီးတစ်ကောင်က ကောင်းကင်ထက်တွင် ပျံသန်းသွားကြသည်။ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ၏ အကြည့်အောက်တွင် သူတို့က ပျောက်ကွယ်သွားသည်။

‘အဲဒါက ဟန်တောင်တန်းကလန်ရဲ့ ဟန်မူယဲ့ပဲ”

လူအများအပြားက တီးတိုးရေရွတ်နေကြသည်။

ဟန်မူယဲ့နှင့် ဟန်တောင်တန်းကလန်က အသန်မာဆုံးမဟုတ်ပေ။

သို့သော် လူတိုင်းက ဟန်မူယဲ့၏ နာမည်ကို မှတ်မိနေကြသည်။

သူက အချိန်တစ်ခုအတွင်း တိုးတက်လာလိမ့်မည်။

ထိုအချိန်တွင် ရွှေကျီးကန်းမျိုးနွယ်စု၏ ခမ်းနားသောခေတ်သို့ ပြန်ရောက်လာလိမ့်မည်။

“လူသားတိုင်းပြည်နှစ်ခုက နှစ်သုံးသိန်းကြာအောင် လွှမ်းမိုးထားခဲ့တယ်။ အခု ငါတို့ မဟာတောရိုင်းကမ္ဘာရဲ့ မျိုးနွယ်စုတွေအလှည့်ကို ရောက်လာပြီ”

လူတစ်ယောက်က ထွက်ခွာသွားသော ရွှေကျီးကန်းများကို ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“ဟုတ်တယ်။ မဟာတောရိုင်းရဲ့ သောင်းချီနေတဲ့ မျိုးနွယ်စုတွေကြားမှာ ရွှေကျီးကလန်က တိုးတက်လာမယ်ဆိုရင် ပြဿနာမရှိဘူး’

လူတစ်ယောက်က ပျံသန်းနေသော ရွှေကျီးကန်းများကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

လူအများက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

ကိစ္စရပ်များကို အတွေးတစ်ခုဖြင့် မဆုံးဖြတ်သင့်ပေ။

အစစ်အမှန်ကျွမ်းကျင်သူများက အစွမ်းကုန်ကြိုးစားပြီး ဒဏ္ဍာရီတစ်ပုဒ်ကို ဖန်တီးကြလိမ့်မည်။

....

ဟန်မူယဲ့က ကလန်သို့ပြန်သွားရန် အလျင်မလိုပေ။

သူတို့က ဟန်တောင်တန်းသို့ ပြန်ရောက်လာရန် တစ်လကြာခဲ့သည်။

ဤအမဲလိုက်ပွဲသည် ဟန်တောင်တန်းတစ်ခုလုံးအတွက် အကျိုးရှိခဲ့သည်။

ဟန်ယွင်ဟယ်နှင့် ဟန်တင်းရီတို့အပြင် ဟန်ကျင်းတို့ မျိုးဆက်သစ်များကလည်း သွေးမျိုးဆက်နှင့် ခွန်အား တိုးတက်လာကြသည်။

ကလန်တစ်ခုလုံးက ယခင်ထက် ဆယ်ဆခန့် ပိုမိုအားကောင်းလာသည်။

ထို့အပြင် လူသားမျိုးနွယ်၏ လက်နက်နှင့် ချပ်ဝတ်များကို ကလန်အများစုက သိမ်းယူခဲ့သည်။

ထိုချပ်ဝတ်နှင့် လက်နက်များကို လွယ်ကူစွာဝယ်ယူရန် မဖြစ်နိုင်ပေ။

စီယွမ်က ဟန်မူယဲ့ယူလာသော ချပ်ဝတ်နှင့် လက်နက်များကို ကြည့်နေပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ဆရာ၊ စိတ်ချပါ။ ကျွန်တော်က ဒီချပ်ဝတ်နဲ့ လက်နက်တွေအားလုံးကို ပုံတူကူးနိုင်အောင် ကြိုးစားပါ့မယ်”

စီယွမ်က တီးတိုးပြောလိုက်ပြီး ငွေရောင်ချပ်ဝတ်ကို ပွတ်သပ်နေသည်။

All Chapters