← Chapters

အခန်း (၁၁၂၀)

Vol. 80 Ch. 1120

အခန်း (၁၁၂၀)

Vol. 80 Ch. 1120

အဆုံးမဲ့တောင်တန်းတွင် ဖြစ်သည်။

တောင်ထိပ်သည် တိမ်တိုက်များထဲတွင် ပုန်းကွယ်နေသည်။ စိမ်းလန်းနေသော တောင်တန်းသည် ကောင်းကင်အထိ ဆန့်တန်းသွားသည်။

ဤတောင်တန်းသည် မဟာတောရိုင်းကမ္ဘာမှ သားရဲများအတွက် အိမ်တစ်လုံး ဖြစ်သည်။

“ဒီနေရာမှာ အထူးစည်းကမ်းတွေ မရှိပေမဲ့ သားရဲတွေကိုမသတ်တာ အကောင်းဆုံးပဲ”

ရှေ့တွင်သွားနေသော ကျိုးယွီက တီးတိုးပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သူတို့နှစ်ယောက်က မိုင်ပေါင်းသန်းသုံးဆယ်ကို ကျော်ဖြတ်ပြီး ပြန်လည်‌မွေးဖွားခြင်းမီးတောက်ကို လဲလှယ်ရန်အတွက် အဆုံးမဲ့တောင်တန်းသို့ ရောက်လာကြသည်။

ဖီးနစ်ငှက်၏ ပြန်လည်မွေးဖွားခြင်းမီးတောက်သည် ရွှေကျီးကန်းမီးတောက်နှင့် အဆင့်တူသည်။ ထို့ကြောင့် မီးတောက်နှစ်ခုကို ပေါင်းစပ်နိုင်လျှင် ဟန်မူယဲ့၏ ရွှေကျီးကန်းမီးတောက်က ပိုမိုအားကောင်းလာလိမ့်မည်။

ဟန်မူယဲ့က ပြန်လည်မွေးဖွားခြင်းမီးတောက်ကို ပိုင်ဆိုင်ထားသည်။ သို့သော် ပမာဏနည်းပါးပြီး သက်ရောက်မှုသိပ်မရှိနိုင်ပေ။

သူတို့က တောင်တန်းတွင် များပြားသော သားရဲများကို မြင်ခဲ့ရသည်။

အဆုံးမဲ့တောင်တန်းက ကျယ်ဝန်းသည်။ သူတို့က ဆယ်ရက်ကြာအောင် လျှောက်သွားခဲ့သော်လည်း တောအုပ်ထဲတွင် သတင်းတချို့ပေးနိုင်သော မျိုးနွယ်စုများမှလွဲ၍ ဖီးနစ်ကလန်၏ သတင်းကို မသိခဲ့ရပေ။

“မဟာတောရိုင်းကမ္ဘာက ဒီလိုပဲ”

ကျိုးယွီက သက်ပြင်းချလိုက်ပြီး ရှေ့တွင်ရှိသော တောင်တန်းကို ကြည့်သည်။

“အားကောင်းတဲ့ မျိုးနွယ်စုတွေက အပြင်လောကနဲ့ မပတ်သတ်ချင်ကြဘူး”

“မဟုတ်ရင် လူသားမျိုးနွယ်က ဒီလောက် အတင့်ရဲနေမှာမဟုတ်ဘူး”

လူသားမျိုးနွယ်က အရေအတွက်နှင့် စစ်တပ်ဝင်္ကပါကို အားကိုးပြီး အစစ်အမှန်ကျွမ်းကျင်သူများ သိပ်မရှိပေ။

မဟာတောရိုင်းကမ္ဘာတွင် နတ်ဘုရားသားရဲကျွမ်းကျင်သူများ ရှိနေကြသည်။

မဟာတောရိုင်းကမ္ဘာ၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကို စုစည်းလိုက်လျှင် လူသားမျိုးနွယ်ထက် အဆပေါင်းများစွာ ပိုနေလိမ့်မည်။

ဟန်မူယဲ့က ကျိုးယွီ၏အတွေးကို နားလည်သည်။

ကျိုးယွီက လူသားစစ်တပ်၏ ဝိုင်းရံသတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် သူက ရန်ငြိုးထားနေသည်။

သို့သော် မဟာတောရိုင်းကမ္ဘာသည် ထိုသို့ပင် ဖြစ်သည်။ မျိုးနွယ်စုများအားလုံး ပေါင်းစည်းရန် မဖြစ်နိုင်ပေ။

မျိုးနွယ်စုအသီးသီး၏ အကျင့်စရိုက်နှင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ၏ သွေးမျိုးဆက်စွမ်းအားနှင့် သက်ဆိုင်နေသည်။

အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်နေသော ကျွမ်းကျင်သူများက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားပြီး အဆင့်တက်ရန် ကြိုးစားနေကြသည်။

အစစ်အမှန်ဝိညာဉ်အဆင့်၏ အောက်တွင်ရှိသော လူအားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။

အစစ်အမှန်ဝိညာဉ်နှင့် အဆီအနှစ်ဝိညာဉ်သည် တူညီသောကမ္ဘာတွင် မရှိပေ။

အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ၏ကမ္ဘာကို အစစ်အမှန်ဝိညာဉ်အဆင့် လူတစ်ယောက်ကသာ ဝင်ရောက်နိုင်သည်။

ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှင့် တိုက်ခိုက်နိုင်သော်လည်း အစစ်အမှန်ဝိညာဉ်အဆင့်သို့ မရောက်သေးပေ။

ကျိုးယွီ၏စကားအရ သူက အလောမကြီးသင့်ပေ။ သူ၏ ကျင့်ကြံမှုအတိုင်းဆိုလျှင် အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်ရန်အတွက် နှစ်ပေါင်းတစ်သိန်းခန့် ကြာမြင့်လိမ့်မည်။

နှစ်တစ်သိန်းအကြာတွင် ကျိုးယွီက သူ့ကို အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ၏ လောကသို့ ခေါ်သွားလိမ့်မည်။

သို့သော် ဟန်မူယဲ့က နှစ်တစ်သိန်းစောင့်နေရန် လိုအပ်ပေ။

နှစ်တစ်သောင်းဆိုလျှင်ပင် အလွန်ကြာမြင့်နေသည်။

“ဝှစ်”

ရှေ့တွင် မီးမြားတစ်စင်းကို မြင်လိုက်ရသည်။

သမင်ဖိုတစ်ကောင်က မြားမှန်သွားပြီး အကြိမ်ရေအနည်းငယ်ခန့် ရုန်းကန်နေသည်။ ထို့နောက် ငြိမ်သက်သွားခဲ့သည်။

ဟန်မူယဲ့နှင့် ကျိုးယွီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြုံးသည်။

သူတို့ရှာနေသောလူကို တွေ့လိုက်ရသည်။

ဖီးနစ်ကလန်သားများ ဖြစ်ကြသည်။

သူတို့နှစ်ယောက်က လဲကျနေသော သမင်ဖိုဆီသို့ သွားလိုက်ကြသည်။

သူတို့က ခြေလှမ်းအနည်းငယ်ခန့်သာ ရွေ့လျားရသေးသော်လည်း မီးမြားတစ်စင်း ပေါ်ထွက်လာသည်။

ထိုမြားက သူတို့နှင့် ဆယ်ပေအကွာတွင် မြေကြီးထဲသို့ စိုက်ဝင်သွားသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ရှေ့ဆက်မတိုးခဲ့ပေ။

အနက်ရောင်သားရေဝတ်စုံနှင့် မိန်းကလေးတစ်ယောက်သည် အဝေးတစ်နေရာတွင်ရှိသော တောင်တန်းမှ ပြေးထွက်လာသည်။

ထိုမိန်းကလေးက လက်ထဲတွင် အနီရောင်လေးကိုင်းကို ကိုင်ထားသည်။ သူမ၏ နောက်ကျောတွင် မြားသုံးချောင်းထည့်ထားသော မြားကျည်တောက်တစ်ခု ရှိသည်။

သူမက ဓားတိုတစ်လက်ကို ကိုင်ထားပြီး ဟန်မူယဲ့နှင့် ကျိုးယွီကို စိုးရိမ်စွာ ကြည့်သည်။ သူမ၏ မျက်နှာထားမှတစ်ဆင့် သူတို့ကို သတိပေးနေကြောင်း မြင်နိုင်သည်။

သူမက သမင်ဖိုဆီသို့ လျှောက်သွားပြီး ဒဏ်ရာကို စစ်ဆေးကြည့်သည်။ ထို့နောက် ပျော်ရွှင်သွားပြီး ဦးချိုကို ဖြတ်ယူသည်။

သူမက သမင်ဖိုကို ဆွဲယူပြီး ဟန်မူယဲ့နှင့် ကျိုးယုဆီသို့ လျှောက်လာသည်။ ထို့နောက် မြေပြင်တွင် စိုက်ဝင်နေသော မြားတံကို ဆွဲနုတ်ပြီး မြားကျည်တောက်ထဲသို့ ပြန်ထည့်သည်။

“ဒီမှာ မြင်တဲ့လူတိုင်းက ဝေစုတစ်ခု ရတယ်”

မိန်းကလေးက ဦးချိုကို ဟန်မူယဲ့ဆီသို့ ပစ်ပေးသည်။

ဟန်မူယဲ့က ဦးချိုကို ဖမ်းလိုက်သည်။

သူက မိန်းကလေးကို ကြည့်သည်။

သူမ၏ နဖူးပေါ်တွင် ဖီးနစ်ငှက်ပုံရိပ် ရှိနေသည်။

“ရွှေကျီးကန်းတွေလား”

“အဆုံးမဲ့တောင်တန်းမှာ ရှားပါးတယ်”

မိန်းကလေးက ဟန်မူယဲ့နှင့် ကျိုးယွီ၏ အထောက်အထားကို သတိထားမိသည်။ သူမက ‌ခေါင်းစောင်းလိုက်ပြီး ပြောသည်။

“ရှင်တို့က ဖီးနစ်မျိုးနွယ်ကို လာရှာတာလား”

ကျိုးယွီက ရယ်သည်။

ဟန်မူယဲ့က လက်မြှောက်ပြသည်။ ရွှေနီရောင်အလင်းတစ်ခုက အဝေးတစ်နေရာမှ ပျံသန်းလာသည်။

ဟန်မူယဲ့က အဆီအနှစ်ဝိညာဉ် နဝမအဆင့် ဖြစ်ပြီး ကျိုးယွီက အစစ်အမှန်ဝိညာဉ်အဆင့်တွင် ရှိနေသည်။

ဖီးနစ်မျိးနွယ်၏ ကျွမ်းကျင်သူက သူတို့နှစ်ယောက်ကို အချိန်အတော်ကြာအောင် စောင့်ကြည့်နေခဲ့သည်။

ယခုအချိန်တွင် ထိုကျွမ်းကျင်သူက ထွက်လာသည်။

“ဆရာဦးလေး”

မိန်းကလေးက ပြောသည်။

ထိုလူက မျိုးနွယ်စု၏ ပထမအကြီးအကဲ ဖြစ်ပြီး အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သူက မျိုးနွယ်စုထဲတွင် အသန်မာဆုံး ဖြစ်သည်။

‘အကြီးအကဲကိုယ်တိုင် ရောက်လာအောင် ရှေ့မှာရှိနေတဲ့ လူနှစ်ယောက်က ဘယ်သူတွေလဲ’

“ရွှေကျီးကလန်ရဲ့ မိတ်ဆွေနှစ်ယောက်က အချိန်အတော်ကြာအောင် စောင့်လိုက်ရတယ်မဟုတ်လား”

ရွှေရောင်ဝတ်စုံနှင့် အကြီးအကဲရွှယ်ယန်က ပြောသည်။

ဟန်မူယဲ့နှင့် ကျိုးယွီက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

ကျိုးယွီက အစစ်အမှန်ဝိညာဉ်အဆင့်တွင် ရှိနေသော်လည်း ယဉ်ကျေးနေသည်။

သူတို့က အကူအညီတောင်းရန် ရောက်လာခြင်းဖြစ်သည်။

လူအိုကြီးက သူတို့နှစ်ယောက်ကို မျိုးနွယ်စုဆီသို့ ခေါ်သွားခဲ့သည်။

ဟန်မူယဲ့နှင့် ကျိုးယွီက သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်ကြသည်။

ဤနေရာတွင်ရှိသော ဖီးနစ်မျိုးနွယ်စုကို ကျူလျန်တောင်တန်းမျိုးနွယ်ဟု ခေါ်သည်။ လူဦးရေသုံးသောင်းခန့် ရှိသည်။

ဖီးနစ်မျိုးနွယ်တွင် လူဦးရေသုံးသောင်းကို ကလန်ကြီးတစ်ခုအဖြစ် ယူဆနိုင်သည်။

ရွှယ်ယန်ဟုခေါ်သော လူအိုကြီးက အဆီအနှစ်ဝိညာဉ် နဝမအဆင့်တွင်ရှိပြီး ဖီးနစ်သွေးမျိုးဆက်ကို နိုးထခဲ့သည်။

ဖီးနစ်မျိုးနွယ်နှင့် အနည်းငယ် စကားပြောပြီး ဟန်မူယဲ့က ရည်ရွယ်ချက်ကို ဖော်ပြလိုက်သည်။

ဟန်မူယဲ့က ပြန်လည်မွေးဖွားခြင်းမီးတောက်ကို လိုချင်ကြောင်း ကြားလိုက်ရသောအခါတွင် ရွှယ်ယန်က မျက်မှောင်ကြုတ်သည်။

သို့သော် ဟန်မူယဲ့က ရွှေကျီးကန်းမီးတောက်ကို ထုတ်ပြလိုက်သောအခါတွင် ထိုလူအိုကြီး၏ မျက်လုံးများက တောက်ပသွားသည်။

ဟန်မူယဲ့က ပြန်လည်မွေးဖွားခြင်းမီးတောက်ကို လိုချင်သည်။ ရွှယ်ယန်က ရွှေကျီးကန်းမီးတောက်ကို လိုချင်သည်။

သို့သော် ဟန်မူယဲ့၏ ရွှေကျီးကန်းမီးတောက်က အရည်အသွေးကောင်းသည်။

“ငါ့ဆီမှာ ပြန်လည်မွေးဖွားခြင်းမီးတောက်တွေ သိပ်မရှိဘူး”

ဟန်မူယဲ့နှင့် မီးတောက်နှစ်ဆယ်ခန့် လဲလှယ်ပြီးသောအခါ ရွှယ်ယန်က တီးတိုးပြောသည်။

“ဒါပေမဲ့ ငါက မင်းကို ယွင်လျန်တောင်တန်းမျိုးနွယ်ဆီ ခေါ်သွားနိုင်တယ်”

ယွင်လျန်တောင်တန်းမျိုးနွယ်က အဆုံးမဲ့တောင်တန်းတွင် အကြီးမားဆုံး ဖီးနစ်မျိုးနွယ်စု ဖြစ်သည်။

ဖီးနစ်ငှက်များ၏ နေအိမ်လည်း ဖြစ်သည်။

ယွင်လျန်တောင်တန်းတွင် ယွင်လျန်မြို့ကို တည်ဆောက်ထားပြီး သိန်းချီသော ဖီးနစ်ကလန်သားများ နေထိုင်ကြသည်။ ထို့အပြင် တခြားမျိုးနွယ်စုများလည်း ရှိနေသည်။

ရွှယ်ယန်ကြောင့်သာမဟုတ်လျှင် ဟန်မူယဲ့တို့က ယွင်လျန်မြို့အကြောင်းကို သိမည်မဟုတ်ပေ။

ရွှယ်ယန်က ဟန်မူယဲ့တို့ကို ယွင်လျန်မြို့သို့ ခေါ်သွားမည်ဖြစ်သော်လည်း မျိုးနွယ်စုအတွက် စီစဉ်ပေးရဦးမည်။

ဟန်မူယဲ့နှင့် ကျိုးယွီက ကျူးလျန်မျိုးနွယ်စုတွင် တစ်ညနေလိုက်ပြီး နောက်နေ့တွင် ရွှယ်ယန်နှင့်အတူ ယွင်လျန်တောင်တန်းသို့ ထွက်လာခဲ့သည်။

သူတို့နှင့်အတူ မနေ့ကတွေ့ခဲ့သော မိန်းကလေးအပြင် ဖီးနစ်ကလန်သားလေးယောက်လည်း ပါလာသည်။

ရွှယ်ယန်က ယွင်လျန်မြို့သို့ တစ်ခါတလေမှ သွားသောကြောင့် ကလန်သားတချို့ကို တစ်ခါတည်း ခေါ်လာခဲ့သည်။

ယွင်လျန်မြို့၏ သခင်လေးက နောက်လိုက်များကို ရှာဖွေနေသည်ဟု ကြားခဲ့သည်။ အထူးသဖြင့် ငယ်ရွယ်ပြီး လေ့ကျင့်ပေးနိုင်သော မျိုးနွယ်ဝင်များ ဖြစ်သည်။

“သခင်လေးက ထူးခြားတယ်။ သူက နှစ်ပေါင်းနှစ်ရာကျော် ကျင့်ကြံလိုက်ရုံနဲ့ အဆီအနှစ်ဝိညာဉ် အဌမအဆင့်ကို ရောက်လာတယ်။ ပြန်လည်မွေးဖွားခြင်းသွေးမျိုးဆက်ကိုလည်း နိုးထခဲ့တယ်။ ခေါင်းဆောင်ကတောင် သူ့ကို သတိထားမိသွားတယ်လို့ ပြောကြတယ်”

ရွှယ်ယန်က ခံစားချက်များနှင့်အတူ တီးတိုးပြောသည်။

သူ့စကားကြောင့် နောက်တွင်ပါလာသော လူငယ်များက လေးစားအားကျနေကြသည်။

သန်မာသူများက နေရာတိုင်းတွင် လေးစားခံရသည်။

“သခင်လေးရဲ့နောက်လိုက် ဖြစ်နိုင်ရင် တကယ်ကောင်းမှာပဲ”

သမင်ဖိုကို အမဲလိုက်ခဲ့သော ရွှယ်ချင်ဟုခေါ်သည့် မိန်းကလေးက တီးတိုးပြောသည်။

တခြားလူများကလည်း ခေါင်းညိတ်လိုက်ကြသည်။

ယွင်လျန်မြို့က ဝေးကွာသည်။ ကံကောင်းစွာဖြင့် လူတိုင်းက ပျံသန်းနိုင်ကြသည်။

ဟန်မူယဲ့နှင့် ကျိုးယွီက ရွှေကျီးကန်းအဖြစ် ပြောင်းလဲသွားသည်။ ရွှယ်ယန်က လူငယ်များကို ခေါ်လိုက်ပြီး ဖီးနစ်ငှက်အဖြစ် အသွင်ပြောင်းသည်။

နေ့တစ်ဝက်အကြာတွင် တောင်တန်းကိုမှီ၍ တည်ဆောက်ထားသော မြို့တစ်မြို့ကို မြင်ရသည်။

ထိုမြို့က သိပ်မကြီးပေ။

သို့သော် တောင်တန်းနှင့် တောအုပ်များကြားတွင် အဖြူရောင်ကျောက်သားနံရံနှင့် လက်ရာမြောက်သော စံအိမ်များက အလွန်ဖမ်းစားနိုင်သည်။

မြို့ထဲသို့ ရောက်လာသောအခါတွင် မျိုးနွယ်စုအသီးသီး၏ လှုပ်ရှားသွားလာနေသော လူများကို မြင်ရသည်။

တချို့က ဈေးဝယ်နေသည်။ တချို့က လိုအပ်သောအရာများကို ရှာဖွေနေသည်။

ယွင်လျန်မြို့၏ လူအနည်းငယ်ကသာ ပျက်စီးခြင်းပုတီးစေ့များကို အသုံးပြုကြသည်။

ဤနေရာသည် တခြားမျိုးနွယ်များနှင့် အလွန်ကွာဝေးပြီး အဆုံးမဲ့တောင်တန်း၏ အတွင်းပိုင်းတွင် ရှိနေသည်။ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်သိပ်မရှိပေ။

ဟန်မူယဲ့နှင့် ကျိုးယွီ၏ ရွှေကျီးကန်းအမှတ်အသားက တခြားများ၏အာရုံကို ဆွဲဆောင်လိုက်သည်။ သူတို့က နဖူးပေါ်တွင်ရှိသော ရွှေကျီးကန်းအမှတ်အသားကို ကြည့်နေကြသည်။

ဤနေရာသို့ ရွှေကျီးကလန်သား အနည်းငယ်သာ ရောက်လာတတ်သည်။

ရွှယ်ယန်၏ ဦးဆောင်မှုနောက်တွင် ဟန်မူယဲ့တို့က မြို့သခင်ခြံဝိုင်းသို့ လျင်မြန်စွာ ရောက်လာကြသည်။

မြို့သခင် ဖုန်းမင်ထိုက်က နှစ်ပေါင်းမရေမတွက်နိုင်အောင် အစစ်အမှန်ဝိညာဉ်အဆင့်တွင်ရှိနေသော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ကျိုးယွီကို မြင်လိုက်ရသောအခါတွင် သူတို့နှစ်ယောက်လုံးက အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို တုန်ခါသွားစေသည်။

“ဒီလိုကျွမ်းကျင်သူမျိုး ယွင်လျန်တောင်တန်းကိုမလာတာ အရမ်းကြာသွားပြီ”

“ရွှေကျီးကလန်သားတွေပဲ။ ရှားပါးတယ်”

ဖုန်းမင်ထိုက်က ဟန်မူယဲ့နှင့် ကျိုးယွီကို အထဲဿို့ ဖိတ်ခေါ်လိုက်သည်။ ရွှယ်ယန်ကတော့ လူငယ်များနှင့်အတူ မြို့ကို လျှောက်ကြည့်ရန် ထွက်သွားခဲ့သည်။

သူတို့က ဤနေရာတွင် ဆက်နေရန် မလိုအပ်ပေ။

မြို့သခင်ခြံဝိုင်းတွင် ဖုန်းမင်ထိုက်က ပြုံးလိုက်ပြီး ဟန်မူယဲ့နှင့် ကျိုးယွီကို ထိုင်ရန် အချက်ပြသည်။

ကျိုးယွီက ကျိုးယွမ်ကလန်၏ ခေါင်းဆောင်ဖြစ်ပြီး အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။

ထို့ကြောင့် သူက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကြားတွင် အားကောင်းသည်။

All Chapters