မင်းက ကောင်းချီးလည်း ဟုတ်တယ်။ ကပ်ဘေးလည်း ဟုတ်တယ်
Vol. 95 Ch. 1311
ကောင်းကင်ထဲ တိမ်တိုက်များက ထူပိတ်နေသော်လည်း မိုးက သည်းမနေတော့ပေ။ ထိုအရာက တိမ်တိုက်ပေါ်ရှိ မသေမျိုးတစ်ယောက်က ခွန်အားများများ မသုံးဘဲ ဖြည်းဖြည်းချင်း ဖိနှိပ်နေသကဲ့သို့ ဖြစ်သည်။
ထို့ကြောင့် အဝေးမှကြည့်လျှင် မိုးရွာသွန်းနေသော်လည်း လှပသည့် အဓိပ္ပာယ်ရှိကာ မြို့တစ်ခုလုံးကို အုံ့မှိုင်းမှိုင်းအနေအထားသို့ ရောက်ရှိသွားစေသည်။ ထိုအရာက လက်တွေ့ကို ထင်ဟပ်ပြသနေသည့် ပုံရိပ်ယောင်တစ်ခုအလား ဖြစ်၏။
ကောင်းကင်က ဖြည်းဖြည်းချင်းစီ မှောင်မဲသွားသည်။ ထိုအရာက နေဝင်သွားမှုကြောင့် ဖြစ်၏။ ထို့ကြောင့် အလင်းရောင်အနည်းငယ်ကသာ တိမ်မဲများကို ထိုးဖောက်ပြီး ကျရောက်လာနိုင်သည်။ ထိုအရာက နေဝင်ခြင်းကို ပို၍ပင် သာမန် ဖြစ်စေသည်။ တခြားသော နေ့များတွင် အချိန်ကို ဖြတ်သန်းလာသလိုမျိုး အမှောင်ထုက အလျင်အမြန် ရောက်ရှိလာခဲ့၏။
လမ်းပေါ်ရှိ ဖြတ်သန်းဖြတ်လာများကလည်း အတူတူသာ ဖြစ်သည်။ စည်ကားအသက်ဝင်နေသည့်အသံများက ပုံမှန်သာ ဖြစ်၏။ ဈေးသည်များကလည်း ဝမ်ပေါင်လဲ့ မြင်တွေ့နေသည့်အရာနှင့် သိပ်မကွာလှပေ။ လမ်းကြားထဲရှိ အရက်သမားက လှည့်ကြည့်ကာ အိပ်မက် ဆက်မက်နေသည်။
“စိတ်ဝင်စားစရာပဲ” တော်ဝင်နန်းဆောင်ထဲတွင် ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်းစီ ထွက်လာလေ၏။ သူ့အမူအရာက ယခင်အတိုင်း တူညီနေသော်လည်း သူ့မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
ထိုအိပ်မက်၏ နောက်ကွယ်တွင် နက်ရှိုင်းသည့် အဓိပ္ပာယ်တစ်ခု ရှိနေဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့က သွားလက်စကို ရပ်ပြီး မြေနက်ဧကရာဇ်ရှိရာဆီ လှမ်းကြည့်လိုက်သည်။ သူ့လက်ရှိကျင့်ကြံဆင့်ဖြင့် မြေနက်ဧကရာဇ်သည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိလိုက်သည်။
တခြားသူက ဉာဏ်ကောင်းဟန်မပေါ်ပေ။ ထို့အပြင် သတ်မှတ်ထားသည့် အစိတ်အပိုင်းများကဲ့သို့သာ ဖြစ်နေသည်။ ဤသည်က တော်ဝင်နန်းဆောင်အပြင်ဘက်မှ လူများနှင့် အတူတူသာ ဖြစ်နေ၏။ ကြည့်လိုက်ပြီဆိုပါက သူတို့က အသက်ဝင်လှုပ်ရှားနေကြသော်လည်း သေချာအနီးကပ်ကြည့်မည်ဆိုလျှင် သူတို့သည် မြေနက်ဧကရာဇ်နှင့် တူညီကြောင်း မြင်ရလိမ့်မည်။
ဝူလေးတစ်ယောက်တည်းကပဲ…
ဝမ်ပေါင်လဲ့က တွေးပြီး ခြေတစ်လှမ်း လျှောက်လိုက်သည်။ နောက်အခိုက်အတန့်လေးတွင် သူက ပျောက်ကွယ်သွားခဲ့၏။ သူ ပေါ်ထွက်လာသည့်အခါ တော်ဝင်နန်းဆောင်၏ ဘေးခန်းမထဲ ရောက်ရှိနေပြီ ဖြစ်သည်။ သူက ဒေါသတကြီးဖြစ်နေသည့် ဝူလေးကို မြင်လိုက်ရသည်။
ဝမ်ပေါင်လဲ့က ဝူလေးကို မြင်လိုက်သည့်အခိုက်အတန့် ဝူလေးကလည်း ဝမ်ပေါင်လဲ့ကို မြင်လိုက်သည်။ သူက ခြေလှမ်းကို ရပ်တန့်ပြီး ပြောလိုက်၏။
“မင်း မလာသင့်ဘူး”
ထိုစကားများ ပြောလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ သွက်လက်မှုတို့က အစအနမရှိ ပျောက်ကွယ်သွားလေသည်။ သူက မြေနက်ဧကရာဇ်လိုမျိုး ဖြစ်လာပြီး သူ့မျက်ဝန်းထဲရှိ စိတ်ခံစားချက်များက တည်ငြိမ်မှုများဖြင့် အစားထိုးဝင်ရောက်လာသည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ဝူလေးကို လျစ်လျူရှုထားလိုက်၏။ ထိုအစား မျက်စိတစ်မှိတ်အတွင်း သူက ဝူလေး၏ ခေါင်းကို ကိုင်စွဲကာ စောစောလေးက သူ့ခန္ဓာကိုယ်ရှိ သက်ဝင်လှုပ်ရှားမှုသည် အသိစိတ်အဖြစ် ပြောင်းလဲသွားပြီး အရှိန်ပြင်းပြင်းဖြင့် လွတ်မြောက်ဖို့ ကြိုးစားနေကြောင်း သိလိုက်ရသည်။
သို့သော်လည်း ထိုအသိစိတ်အမျှင်က ပို၍ပင် စိတ်ရှုပ်ထွေးဖို့ ကောင်းလာသည်။ ဝမ်ပေါင်လဲ့က ထိုအရာကို ဆုပ်ကိုင်လိုက်သည့်အခါ အသိစိတ်အမျှင်ကို ဖမ်းယူလိုက်နိုင်ဟန်ပေါ်၏။ သို့သော်လည်း ထိုအရာက နောက်အခိုက်အတန့်လေးအတွင်း အပြီးတိုင်ပျောက်ကွယ်သွားခဲ့၍ ဝမ်ပေါင်လဲ့က မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။
“ဒီဖြူဖျော့ဖျော့နေရာမှာ ဒါက တစ်ခုတည်းသော အရောင်လား”
“ဒီအသိစိတ်အမျှင်က ဘယ်သူပဲဖြစ်ဖြစ် အသိဉာဏ်ရှိတယ်။ သူတို့က တကယ့်လူတွေလိုပဲ။ အိပ်မက်အရှင်သခင်ကပဲ ဒီအသိစိတ်ရဲ့ မူလပိုင်ရှင် ဖြစ်နိုင်တယ်”
ဝမ်ပေါင်လဲ့က ချက်ချင်း နားလည်လိုက်သည်။ သူက အခြေအနေကို အခွင့်ကောင်းယူကာ ကောင်းကင်အထက် ပျံသန်းလိုက်၏။ ခြေလှမ်းအနည်းငယ်ဖြင့် တော်ဝင်နန်းဆောင်မှ ထွက်လာပြီး ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်။ သူက မြို့ကို ကြည့်ကာ အသိစိတ်မျှင်ကို လိုက်လံရှာဖွေလိုက်သည်။ ထိုအခိုက်အတန့်တွင် သူက တည်နေရာတစ်ခုကို တွေ့ရှိသွား၏။ သူက လမ်းကြားထဲရှိ အရက်သမားကို ကြည့်နေရင်း အကြည့်များ တောက်ပလာသည်။
ဝမ်ပေါင်လဲ့က ဖြတ်သန်းသွားတော့မည့်ဆဲဆဲတွင် မြို့ထဲရှိ သက်ရှိအားလုံးက လုပ်လက်စကို ရပ်တန့်ပြီး ခေါင်းမော့ကြည့်လာကြသည်။
ဈေးသည်များ၊ လေလွင့်နေသူများနှင့် တေးဆိုသူများကပင် ခေါင်းမော့ကြည့်လာကြသည်။ သူတို့က လေထဲတွင် ရှိနေသည့် ဝမ်ပေါင်လဲ့ကို ကြည့်ကာ ပြောလိုက်ကြ၏။
“မင်း မလာသင့်ဘူး”
“မင်း မလာသင့်ဘူး”
“မင်း မလာသင့်ဘူး”
မြို့ထဲရှိ လူအားလုံးဆီမှ ထိုစကား ထွက်ပေါ်လာသည်။ သူတို့အားလုံးကို စုဝေးလိုက်သည့်အခါ မြို့ထဲတွင် အော်သံကြီးသဖွယ် ထွက်ပေါ်လာသည်။ ထိုလေလှိုင်းက ကောင်းကင်ယံကို လှုပ်ခတ်သွားပြီး မုန်တိုင်းသဖွယ် ဖြစ်ပေါ်လာစေသည်။
ထိုအရာက ဝမ်ပေါင်လဲ့၏ နတ်ဘုရားအသိစိတ်ကို တားဆီးထားနိုင်သည့် အားကောင်းကောင်း အသံလှိုင်းတစ်ခု ဖွဲ့စည်းလာသည်။ တစ်ချိန်တည်းဆိုသလို တုန်ခါလှိုင်းလည်း ထွက်ပေါ်လာခဲ့၏။ ထိုတွန်းကန်မှုက မြို့ထဲရှိ သက်ရှိအားလုံးဆီမှ ဖြစ်သည်။ သူတို့က အတူတကွ ပေါင်းစည်းသွားကြဟန်ပေါ်၏။ သူတို့က ပေါင်းစည်းသွားကြဟန်ပေါ်ပြီး ကောင်းကင်စည်းမျဉ်းနှင့် စည်းမျဉ်းဥပဒေသများကို အစားထိုးလာခဲ့သည်။
ထို့ကြောင့် သူတို့၏ မကြိုဆိုမှုက ဝမ်ပေါင်လဲ့အား ကမ္ဘာကြီးမှ ငြင်းဆန်မှုကို ဖြစ်စေသည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ညာဖက်လက်ကို မြှောက်လိုက်သည်။ သူက ထိုအရာကို ရှင်းတော့မည့်ဆဲဆဲတွင် လမ်းကြားထဲမှ အရက်သမားဆီမှ ချောင်းဟန့်သံ ထွက်ပေါ်လာသည်။
သူက ချောင်းဆိုးရင်းဖြင့် ကမ္ဘာကြီးက ချက်ချင်း ပြန်လည်ကောင်းမွန်သွား၏။ အားလုံးက ယခင်က အော်ဟစ်သံများကိုပင် မေ့လျော့သွားဟန်ဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။ တစ်ချိန်တည်းဆိုသလို အရက်သမားက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာလေ၏။
မြို့ထဲ ရွာသွန်းနေသည့် မိုးရေစက်များကလည်း ရပ်တန့်သွားခဲ့သည်။ ဤသည်က သက်ရှိများအားလုံးအတွက်လည်း အတူတူသာ ဖြစ်၏။ ကျန်သူများကလည်း မလှုပ်မယှက်ဖြင့် ရပ်တန့်သွားကြ၏။ ဈေးသည်ကလည်း ကုန်ပစ္စည်းများကို ဈေးဝယ်သူအတွက် ရွေးချယ်ပေးနေရင်း တန်းလန်းကြီး ဖြစ်နေ၏။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲ အကြည့်တစ်ချက် ဖြတ်ပြေးသွားလေသည်။ သူက ကောင်းကင်ယံမှ ဆင်းသက်လာပြီး လမ်းကြားထဲ ပြေးဝင်လာ၏။ သူက အရက်သမားရှေ့ ရပ်လိုက်သည်။
အရက်သမား၏ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး မျက်ဝန်းက ရီဝေနေသည်။ သူ့နားတွင် အရက်နံ့ မွှန်ထူနေ၏။ သူ့သွင်ပြင်အရ ဤသည်မှာ မြေနက်ဧကရာဇ်နှင့် တစ်ပုံစံတည်းဖြစ်ကြောင်း ပြောနိုင်လိမ့်မည်။
ထိုအရာကိုမြင်ကာ ဝမ်ပေါင်လဲ့၏ အကြည့်များက ပြတ်သားလာ၏။ သူက စိတ်ထဲတွင် အပြည့်ရှိပြီးသား ဖြစ်သည်။ သူ့ရှေ့တွင် ရှိနေသည့်လူက တကယ့်မြေနက်ဧကရာဇ် ဖြစ်ပေသည်။ ဤသည်က သူ့အိပ်မက် ဖြစ်၏။ တော်ဝင်နန်းဆောင်တွင် ရှိနေသည့်သူအတွက်မူ ဤအိပ်မက် သို့မဟုတ် ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်လေသည်။
ထိုအခိုက်အတန့်၌ အရက်သမားက နံရံကိုမှီရင်း ခေါင်းကို ဆောင့်ကြည့်လိုက်သည်။ သူက သူ့ဘေးတွင် ရှိနေသည့် သေရည်အိုးကို ကောက်ကိုင်ပြီး တစ်ငုံပြီးတစ်ငုံ သောက်သုံးလိုက်၏။ ထို့နောက် သူက သက်ပြင်းချကာ ဝမ်ပေါင်လဲ့ဆီ လှည့်ကြည့်လိုက်သည်။
“ငါ့ရဲ့ အိပ်မက်လှလှလေးကို နှောင့်ယှက်တာထက် လုပ်နိုင်တာ မရှိဘူးလား။ မင်းဆီမှာသာ ငါ့သားရဲ့ အငွေ့အသက် မရှိခဲ့ရင် မင်းကို မောင်းထုတ်ပြီးလောက်ပြီ”
“လူကြီးမင်း ကျွန်တော်က နှောင့်ယှက်ရုံအပြင် ရွေးချယ်စရာ မရှိလို့ပါ” ဝမ်ပေါင်လဲ့က တည်တည်ငြိမ်ငြိမ်ဖြင့် လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
“မင်းက အိပ်မက်အရှင်သခင်ကို လာရှာတာမလား။ ပြီးတော့ မင်းရဲ့ အိပ်မက်ကို သုံးပြီးတော့ မူလစကြဝဠာတာအိုနယ်မြေထဲ ဝင်ချင်တာ” အရက်သမားက သေရည်အိုးကို ကိုင်ရင်း ခေါင်းယမ်းကာ ပြောလိုက်သည်။
“လူကြီးမင်း ကျွန်တော်ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်” ဝမ်ပေါင်လဲ့က သူ့ရှေ့တွင် ရှိနေသည့်လူသည် ထိုအရာအားလုံးကို သိနေသည်ကို အံ့အားသင့်ခြင်း မရှိပေ။ မြေနက်ဧကရာဇ်လိုမျိုး အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်အတွက် အကြည့်တစ်ချက်ဖြင့်ပင် အရာအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်း ရှိ၏။
“ကောင်းကင်က မကြာခင် မှောင်တော့မယ်” အရက်သမားက ရုတ်ချည်း ပြောလိုက်သည်။
သူက သူစောစောလေးက ပြောလိုက်သည့်အရာနှင့် မသက်ဆိုင်သည့်အရာကို ပြောလိုက်ကာ မျက်လုံးကို မှိတ်လိုက်သည်။
“ဟမ်” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခု ပြောလိုသော်လည်း သူ့အမူအရာက ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူက တစ်ခုလုံးကို နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်၏။ ကောင်းကင်ယံရှိ တိမ်မဲများက နောက်ဆုံးသော အလင်းရောင်ကို ဖုံးလွှမ်းသွားခဲ့၏။ မြေကြီးက ပို၍ပင် မှေးမှိန်သွားခဲ့သည်။ တစ်ချိန်တည်းဆိုသလို ရပ်တန့်နေဟန်ပေါ်သည့် သက်ရှိများကလည်း ပြန်လည်လှုပ်ရှားလာသည်။
သို့သော်လည်း သူတို့၏ အမူအရာက ယခင်နှင့် လုံးဝကွဲပြားနေ၏။ ဆီစိမ် ထီးအောက်တွင် အတူတကွ ချစ်ကြည်နူးနေသည့် စုံတွဲကလည်း ရုတ်ချည်းဆိုသလို ရန်စဖြစ်လာသည်။ သူတို့၏ မျက်နှာထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေပြီး တစ်ယောက်နှင့် တစ်ယောက် ကျိန်ဆဲနေကြ၏။
ကစားနေသည့် ကလေးငယ်လေးကလည်း စတင်ကြမ်းတမ်းစွာ တိုက်ခိုက်လာခဲ့သည်။
စီးပွားရေး လုပ်နေသည့် ကုန်သည်ကလည်း သူ့အင်္ကျီကြားမှာ ဓားကို ထုတ်ကာ ဈေးဝယ်သူကို အဆက်မပြတ် ထိုးစိုက်နေသည်။
တေးဆိုခြင်းနှင့် ကခုန်ခြင်းတို့ကို ပြုလုပ်နေသည့် သူကပင် တစ္ဆေတစ်ကောင်အလား ပြောင်းလဲသွားကဲ့သကဲ့သို့ ဖြစ်၏။ မြို့ထဲတွင်ရှိနေသည့်သူအားလုံးက အမှောင်အတွင်း တစ္ဆေအဖြစ် ပြောင်းလဲသွားကြဟန်ပေါ်သည်။
အော်သံများ၊ ကျိန်ဆဲသံများနှင့် ထူးထူးခြားခြားအော်ဟစ်သံများက ပဲ့တင်ထွက်နေ၏။
နေ့ဖက်တွင် လူကောင်းဖြစ်ပြီး ညဘက်တွင် လူဆိုး ဖြစ်၏။ ထိုမြင်ကွင်းက ဝမ်ပေါင်လဲ့၏ စိတ်နှလုံးသားကို ဝေဝါးသွားစေသည်။ သူက မည်သို့သော စိတ်အခြေအနေမျိုးသည် သူ့အိပ်မက်အတွင်း ကောင်းခြင်းဆိုးခြင်းကို ဖန်တီးနိုင်သည်လား နားမလည်ပေ။
“အိပ်မက်ထဲမှာ လူအားလုံးက ကောင်းတဲ့အတွေးနဲ့ ဆိုးတဲ့အတွေးတွေကို ရှိကြတယ်” အရက်သမားက အိပ်မက်ထဲတွင် စကားပြောနေသကဲ့သို့ မျက်လုံးမှိတ်ထားလိုက်သည်။ သူက သူ့ဘေးတွင်ရှိနေသည့် နေရာမှ သေရည်ကို ထုတ်ယူလိုက်၏။
“မင်းက ငါ့ဆီကနေတဆင့် ဒီနေရာကနေ ထွက်သွားပြီး မူလစကြဝဠာတာအိုဆီ သွားချင်တာမလား။ ကောင်းပြီ။ ငါ မင်းကို မေးခွန်းတစ်ခု မေးမယ်။ ခန့်မှန်းကြည့်”
“ လူကောင်းလား၊ လူဆိုးလား ဆိုတာလား”
“မင်း ခန့်မှန်းတာမှန်တယ်ဆိုရင် မင်းကို နိုးထခွင့်ပြုပြီးတော့ မူလစကြဝဠာတာအိုနေရာထဲ ဝင်ခွင့်ပေးမယ်။ မင်း ခန့်မှန်းတာ မှားသွားမယ်ဆိုရင်တော့ မင်းကို ထွက်သွားစေချင်တယ်။ မင်း ဒီကို မလာသင့်ဘူး”
ဝမ်ပေါင်လဲ့က အရက်သမားကို ကြည့်လိုက်သည်။ သူက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ခေါင်းမော့ကာ တော်ဝင်နန်းဆောင်ကို လှမ်းကြည့်လိုက်၏။
“ကောင်းတာကို မြင်ရင် ကောင်းတာဖြစ်ပြီးတော့ ဆိုးတာကို မြင်ရင် ဆိုးတာဖြစ်မယ်။ ဒါတွေအားလုံးက အတွေးထဲမှာ ရှိတယ်”
ထိုစကားများကို ပြောလိုက်သည်နှင့် အရက်သမားက သေရည်အိုးကို ယူသည့်အမူအရာအား ရပ်တန့်သွား၏။ သူက တိတ်ဆိတ်သွားလေ၏။ သူက ခဏအကြာတွင် သူက ဖြည်းဖြည်းချင်းစီ မျက်လုံးပွင့်လာသည်။ သူက သွေးဆာနေပြီး မဖော်ပြနိုင်ဖွယ် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေကာ ဝမ်ပေါင်လဲ့ကို ကြည့်လာခဲ့သည်။
“အဲဒါက မင်းပဲ” အရက်သမားက တီးတိုးရေရွတ်ကာ ခါးသီးစွာ ပြုံးလိုက်သည်။ သူက ညာဖက်လက်ကို မြှောက်ကာ အသာဝှေ့ယမ်းလိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို မြို့တော်တည်ရှိနေသည့် ကမ္ဘာက ဝေဝါးခဲ့သည်။ ပြောရမည်ဆိုလျှင် ပူဖောင်းတစ်ခုက ပေါက်ထွက်သွားသကဲ့သို့ ဖြစ်၏။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ မြေနက်ဧကရာဇ်ပြောလိုက်သည့်အရာက သူ့အား ထူးဆန်းသည့် ခံစားချက်ကို ဖြစ်စေသည်။
“လူကြီးမင်း အဲဒါက ဘာကိုဆိုလိုတာလဲ”
အရက်သမားက ဘာမှမပြောပေ။ ထိုအစား သူက ပြုံးလိုက်၏။ ကမ္ဘာကြီးက ပိုမိုဝေဝါးလာကာ သူတို့ရှိနေသည့် လမ်းကြားကပင် စတင်ပျောက်ကွယ်လာသည်။
ခါးသီးမှုနှင့် စိတ်ရှုပ်ထွေးမှုတို့နှင့် ရောထွေးနေသည့် ရယ်သံကသာ လေထုထဲ ပဲ့တင်ထွက်လျက်ရှိသည်။
“မင်းက အစတုန်းကတော့ မကြိုဆိုတဲ့ ဧည့်သည်ပဲ။ ဒါပေမဲ့ သေရည်ကြောင့် မင်းကိုတွေ့တာ ကံကောင်းသွားတာပဲ။ မင်းက ကောင်းချီးလည်း ဟုတ်သလို ကပ်ဘေးလည်း ဟုတ်တယ်”
“လူကြီးမင်း” ဝမ်ပေါင်လဲ့က အံ့အားသင့်သွားလေ၏။ ထိုစကားများက သူ့စိတ်ထဲမှ ထူးထူးဆန်းဆန်း ခံစားချက်ကို ပိုမိုအားကောင်းလာစေသည်။
“မင်းကို နောက်ထပ် မေးခွန်းတစ်ခု မေးမယ်” လမ်းကြားအပါအဝင်မြို့တစ်ခုလုံးက ပျောက်ကွယ်သွားပြီ ဖြစ်၏။ အရက်သမား ကိုယ်တိုင်ကလည်း အတူတူသာဖြစ်သည်။ အရက်သမားက ပျောက်ကွယ်တော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့ကို ကြည့်ကာ ရုတ်ချည်း ပြောလာခဲ့သည်။
“မင်းက ဘယ်လိုလဲ။ ကောင်းတာလား။ ဆိုးတာလား။ ဒါမှမဟုတ်ဘူးဆိုရင် အတွေးတစ်ချက်ပဲလား”