နာခံခြင်း
Vol. 95 Ch. 1312
ထိုအရက်သမား၏ စကားကို ကြားသည့်အခါ ဝမ်ပေါင်လဲ့၏ အကြည့်က နက်ရှိုင်းလာသည်။ သူက ပြန်မဖြေပေ။ သူက ထိုအရက်သမားနှင့် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ကမ္ဘာကြီးကိုသာ တည်တည်ငြိမ်ငြိမ် ကြည့်နေသည်။ အသက်တစ်ရှိုက်စာအပြီးတွင် ကမ္ဘာတစ်ခုလုံးက ပူဖောင်းသဖွယ် ပြိုလဲသွားပြီး ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။
ထိုအရာ ပျောက်ကွယ်သွားသည်နှင့် အိပ်မက်နယ်မြေနှင့် လက်တွေ့တို့က ရောယှက်သွား၏။ ဝမ်ဝေ့၏ ခန္ဓာကိုယ်ပေါ်တွင် အိပ်မက်တာအိုနည်းစနစ်က အလိုအလျောက် လှုံ့ဆော်လာသည်။ သူက ထိုအခွင့်အရေးကို အသုံးချကာ မျက်လုံးကို အသာမှိတ်လိုက်၏။
တစ်ချိန်တည်းဆိုသလို ကောင်းကင်လျှောက်လှမ်းတံတားအောက်တွင် တင်ပျဉ်ခွေကာ တရားထိုင်နေသည့် ဝမ်ပေါင်လဲ့၏ မူလခန္ဓာကိုယ်က ဖြည်းဖြည်းချင်း မှုန်ဝါးသွားသည်။ သူ့တည်ရှိမှုက ပန်းချီကားထဲမှ လူတစ်ယောက်ဖြစ်လာသကဲ့သို့ ဖြစ်၏။ ဖြည်းဖြည်းချင်းစီ လွင့်ပြယ်သွား၏။
ထိုအရာ လွင့်ပြယ်သွားသည်နှင့် အပြီးတိုင်ပျောက်ကွယ်သွားခဲ့သည်။ မူလစကြဝဠာတာအိုနေရာထဲတွင် ရှိနေသည့် ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းဖြင့် အသွေးအသားဖြစ်တည်လာသည်။
သူက အိပ်မက်ထဲတွင် မရှိတော့ပေ။
ရှေ့တွင် မြင်လိုက်ရသည့်ကမ္ဘာက မရင်းနှီးသည့်ကမ္ဘာတစ်ခုသာ ဖြစ်၏။
ဤနေရာရှိ ကောင်းကင်ယံက မီးတောက်နေသကဲ့သို့ နီရဲနေပြီး သွေးနံ့များလည်း ရှိနေသည်။ ထိုအရာက မဖော်ပြနိုင်ဖွယ် ဆိုးယုတ်မှုတို့ကို ပေးစွမ်း၏။
ကုန်းမြေအတွက်မူ ကျတ်တီးမြေဖြစ်နေသည်။ မြက်ပင်တစ်ပင်မျှ မရှိဘဲ သက်ရှိအရိပ်အယောင်ကိုပင် မြင်တွေ့ဖို့ရာ ခက်ခဲလှသည်။ သူ့မြင်ကွင်းထဲတွင် အပြိုအပျက်များသာ ရှိနေလေ၏။ သက်ရှိအရိပ်အယောင်တစ်ခုမှပင် မမြင်ရပေ။
ဤသည်က သက်ရှိအတွက် တားမြစ်ဇုန်တစ်ခုကဲ့သို့ ဖြစ်၏။
အထီးကျန်ခြင်းနှင့် လူသူကင်းမဲ့ခြင်းက ဤနေရာ၏ အဓိကပုံစံဖြစ်နေဟန်ပေါ်သည်။ တိုက်ခတ်နေသည့် လေပြင်းကပင် ကြမ်းတမ်းသည့် ခံစားချက်မျိုး ပေးစွမ်း၏။ ထိုအရာက ဝမ်ပေါင်လဲ့အပေါ် ကျရောက်လာသည့်အခါ ပျောက်ကွယ်သွားသလိုမျိုး ခံစားလိုက်ရသည်။
ဤနေရာရှိ လေထဲတွင် သီးသန့်ဇစ်မြစ်တစ်ခု ကိန်းအောင်းနေ၏။
အဲဒါက ငါ့ရဲ့ အသက်ဓာတ်စွမ်းအားကို စုပ်ယူနေတဲ့ပုံပဲ…
ဝမ်ပေါင်လဲ့က ထိုအရာကို တိတ်တဆိတ် အာရုံခံလိုက်မိသည်။ သူက ဘေးပတ်လည်ကို ထပ်မံကြည့်လိုက်၏။ ထို့နောက် သူက နတ်ဘုရားအသိစိတ်ကို ထုတ်ဖော်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
သူက ဤသည်က မည်သို့သော နေရာမျိုးဖြစ်ကြောင်း သိချင်မိ၏။ သို့သော်လည်း ဤသည်မှာ စကြဝဠာထဲ ဖိနှိပ်မှုတစ်ခု ဖြစ်ကြောင်း သိသာသည်။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်ဖြင့်ပင် သူက ပမာဏအနည်းငယ်သာ ထုတ်လွှတ်နိုင်လိုက်သည်။
ပမာဏအနည်းငယ်သာဖြစ်သော်လည်း ကျယ်ပြန့်နေပြီဖြစ်၏။ ထိုအရာက ကျောက်ပြားကမ္ဘာအရွယ်အစားလောက်ရှိသည်။
သူ့နတ်ဘုရားအသိစိတ် နယ်နိမိတ်အတွင်း မြေကြီးက ပြောင်းလဲမှု မရှိပေ။ ထိုအရာက နဂိုအတိုင်း ကျန်ရှိနေ၏။ အစမှအဆုံးထိ သက်ရှိအရိပ်အယောင်ဟူ၍ မရှိခဲ့ပေ။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ထားလိုက်၏။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး အဝေးတစ်နေရာဆီ ပြေးထွက်သွားသည်။ လေးနာရီကြာ ပျံသန်းသွားပြီးသည့်နောက်တွင်ပင် မျက်မှောင်ကြုတ်လိုက်၏။
သူ ရောက်မလာခင်က သူ သိထားသည့် အရာပေါ်တွင် မူတည်၍ ဤသည်မှာ မူလစကြဝဠာတာအိုနေရာထဲ စွမ်းအားကြီးပုဂ္ဂိုလ် ၁၀၈ယောက်မှ ဖွဲ့စည်းထားသည့် စကြဝဠာတစ်ခု ဖြစ်ပေသည်။ သဘောတရားအရပြောရလျှင် သူ ရှိသင့်နေသည့်နေရာက စကြဝဠာတစ်ခုအတွင်း ဖြစ်သင့်သည်။ သို့သော်လည်း လေးနာရီကြာ သွားလာပြီးသည့်နောက်တွင် သူ့နတ်ဘုရားအသိစိတ်က ဤနေရာတွင် ဖိနှိပ်ထားခံရလျှင်ပင် သူ့အနေဖြင့် စကြဝဠာတစ်ခုကို ဖြတ်သန်းဖို့ရာအတွက် လုံလောက်နေပြီ ဖြစ်၏။ ဤသည်က ကုန်းမြေတစ်ခုသာဖြစ်ကြောင်း မညွှန်းဆိုရသေးပေ။
သို့သော်လည်း ယခုအချိန်အထိ သူ မြင်တွေ့ခဲ့သမျှ၊ ခံစားခဲ့သမျှထဲတွင် အပြောင်းအလဲ မရှိပေ။ သူက ကုန်းမြေ၏ နယ်နိမိတ်ကိုလည်း မရောက်ရှိသေးပေ။ ဤနေရာတွင် သက်ရှိတို့က ပျက်သုဉ်းနေဆဲသာ ဖြစ်၏။
တစ်ခုခုတော့ မမှန်ဘူး။ ဒီနေရာမှာ သက်ရှိတွေဆိုတာ မရှိဘူး။ မဟုတ်ရင် ငါ့ရဲ့ အိပ်မက်တာအိုထဲမှာ မြင်ခဲ့တဲ့ အလင်းပြောက်တွေက ဘယ်သူတွေလဲ…
ဝမ်ပေါင်လဲ့က သွေးနီရောင်ကောင်းကင်ကြီးအောက်တွင် ရပ်နေရင်း မြေကြီးကို ငုံ့ကြည့်လိုက်သည်။ အချိန်အတော်ကြာ ကြာမြင့်ပြီးသည့်နောက်တွင် သူက ခေါင်းမော့လျက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ ကောင်းကင်ကြီးက ကုန်းမြေက အဆုံးသတ်မရှိသည့်အတွက် သူက ကောင်းကင်ကို တစ်ချက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို မြင့်တက်သွားပြီး သွေးနီရောင်ကောင်းကင်ကြီးဆီ ဦးတည်သွားသည်။ သို့သော်လည်း ကောင်းကင်ကြီးက အင်မတန် ထူးဆန်လှ၏။ ဤသည်ကလည်း အဆုံးသတ်ရှိဟန်မပေါ်ပေ။ ဝမ်ပေါင်လဲ့က မည်မျှပင်သွားနေစေကာမူ ကောင်းကင်ထဲ မည်မျှပင် ဝင်ရောက်စေကာမူ ပတ်ဝန်းကျင်ထဲတွင် အနီရောင်အလင်းတန်းဖြင့် ပြည့်နှက်နေသော်လည်း သူကမူ အပြီးတိုင် မချိုးဖောက်နိုင်သေးပေ။
သူရှိနေသည့် ကမ္ဘာကြီးက အဆုံးမဲ့ဖြစ်နေသကဲ့သို့ ဖြစ်၏။
အဆုံးသတ်တွင် အနီရောင်အလင်းက တောက်ပလွန်းလာသည့်အတွက် အနီရောင်မြူခိုးအဖြစ် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း သူက ပိတ်မိနေဆဲသာ ဖြစ်ပြီး ထွက်လမ်းကို မရှာဖွေနိုင်သေးပေ။
ဤသည်က ဝမ်ပေါင်လဲ့ကို မျက်မှောင်ကြုတ်သွားစေ၏။ သူ့မျက်ဝန်းထဲ အေးစက်စက် အကြည့်တစ်ချက် ဖြတ်ပြေးသွားကာ ညာဖက်လက်ကို မြှောက်ပြီး အစွန်းရောက်တာအို ၈ပါးကို ထုတ်သုံးလိုက်သည်။ ဓာတ်ငါးပါးတာအိုကို လည်ပတ်လိုက်ပြီး သူက ကမ္ဘာကြီးမှ အားသုံးချိုးဖောက်တော့မည် ဖြစ်၏။
သို့သော်လည်း ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့၏ အမူအရာက ရုတ်ချည်းဆိုသလို တောင့်တင်းသွား၏။ သူ့နတ်ဘုရားအသိစိတ်၏ နယ်နိမိတ်အတွင်း လှိုင်းတွန့်တစ်ခု ရှိခဲ့သည်။ သူ့နတ်ဘုရားအသိစိတ်က ရေကန်တစ်ခုနှင့် နှိုင်းယှဉ်ပါက ထိုလှိုင်းတွန့်သည် ရေကန်ထဲ ကျလာသည့် ပွင့်ချပ်တစ်ခုမျှသာ ဖြစ်၏။
ထိုအရာကို အာရုံခံစားမိသည်နှင့် ဝမ်ပေါင်လဲ့၏ နတ်ဘုရားအသိစိတ်က ထိုအရာကို အာရုံစိုက်ထားလိုက်သည်။ သူက အနီရောင်မြူခိုးနယ်မြေအတွင်း ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ ထိုအရာက အင်မတန် မြန်ဆန်လွန်းသည့်အလျင်ဖြင့် ရွေ့လျားလာနေသည်။
ထိုပုံရိပ်က ထူးဆန်း၏။ ဝမ်ပေါင်လဲ့နှင့် ယှဉ်ပါက အရှိန်ကွာဟချက် ကြီးကြီးမားမား ရှိနေသော်လည်းဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံဆင့်ဖြင့်ပင် ထိုအရာကို ဘာလဲဆိုတာ မမြင်ရပေ။
သူက ထိုအရာကို ခံစားမိသည့်အခါ ဝေဝေဝါးဝါးသာ သိလိုက်၏။ တစ်ဖက်သူတွင် ပျော်ရွှင်မှု ရှိနေခြင်း ဖြစ်သည်။ သူကပင် သက်ရောက်ခံလိုက်ရပြီး သူ့စိတ်ထဲ ပျော်ရွှင်မှု ထွက်ပေါ်လာ၏။
ထိုပုံရိပ်၏ နောက်ကွယ်တွင် တခြားသူလိုမျိုး ဝေဝါးနေသည့် နောက်ထပ်ပုံရိပ်နှစ်ခု ရှိနေသည်။ သူတို့က ထိုသူ့အား လိုက်ဖမ်းနေကြခြင်းဖြစ်၏။ ထိုပုံရိပ်နှစ်ခုက ထိုပျော်ရွှင်နေသည့် လူထက် နတ်ဆိုးဆန်နေသည်။ အတိအကျပြောရလျှင် သူတို့က ပြီးပြည့်စုံသည့် လူသားအသွင် မဟုတ်ပေ။
ဝမ်ပေါင်လဲ့က ထိုလိုက်ဖမ်းသူ နှစ်ယောက်သည် လက်တွေ့နှင့် ပုံရိပ်ယောင်ကြားတွင် ရှိနေသလိုမျိုး ခံစားမိ၏။ သူတို့က လက်တွေ့တွင်ရှိသည့်အခါ သူတို့၏ လူသားအသွင်က ဖြည်းဖြည်းချင်း ပျက်စီးနေသော်လည်း ပုံရိပ်ယောင်ရှိနေစဉ်အခါ သူတို့က အပြီးတိုင် ပျောက်ကွယ်သွားလေသည်။ ဝမ်ပေါင်လဲ့ ယခင်က မကြားဖူးသည့် သံစဉ်နှစ်ခုသာ ကျန်ရှိနေ၏။ တစ်ခုက မြန်ဆန်ကာ တစ်ခုက နှေးကွေးပြီး သူ့စိတ်ထဲ ဝင်ရောက်လာသည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ ခေတ္တမျှလေ့လာပြီးသည့်နောက်တွင် ထိုပုံရိပ်သုံးခုက သူ့နတ်ဘုရားအသိစိတ်နယ်နိမိတ်မှ ထွက်ခွာတော့မည် ဖြစ်ကြောင်း သိလိုက်ရသည်။ သူ့မျက်ဝန်းထဲ အကြည့်တစ်ချက် ဖြတ်ပြေးသွားကာ ရှေ့တစ်လှမ်းတိုးကာ ပျောက်ကွယ်သွားလေ၏။
သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ သူက ထိုပုံရိပ်သုံးခု၏ အလယ်သို့ ရောက်ရှိနေလေသည်။ သူ့ပေါ်ထွက်လာမှုက ရုတ်ချည်းဆန်လွန်းသည့်အတွက် လိုက်ဖမ်းသူနှစ်ဦးကလည်း ကြောင်အမ်းသွားလေ၏။
ထိုစဉ် အကြောင်းအရင်းတချို့ကြောင့် ဝမ်ပေါင်လဲ့သည် သူ့မျက်စိဖြင့် ထိုပုံရိပ်သုံးခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လိုက်ဖမ်းခံရသည့်သူက လူငယ်လေးတစ်ဦးဖြစ်ပြီး သူ့မျက်နှာက ဖြူဖျော့နေကာ သိပ်ကြည့်မကောင်းပေ။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ထိုသူကို မြင်သည့်အခါ ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်လာ၏။
လိုက်ဖမ်းသူ နှစ်ဦးကမူ လူလတ်အရွယ် အမျိုးသားနှစ်ဦး ဖြစ်၏။ သူတို့၏ မျက်နှာက အေးစက်နေကာ မဖော်ပြနိုင်ဖွယ် မောက်မာမှုတို့ ရှိလေသည်။
ထိုလိုက်ဖမ်းသူနှစ်ဦးက ပိုမိုခက်ထန်ဟန်ပေါ်၏။ ဝမ်ပေါင်လဲ့က ရုတ်ချည်းပေါ်ထွက်လာသောကြောင့် ခေတ္တမျှ တုန်လှုပ်သွားသော်လည်း သူတို့က နည်းနည်းလေးမှ နှေးကွေးသွားခြင်း မရှိပေ။ သူတို့က ဝမ်ပေါင်လဲ့ဆီ ပြေးဝင်လာသည်။ သူတို့ပြေးဝင်လာသည့်အခါ ပုံရိပ်နှစ်ခုက ဝေဝါးသွားပြီး ပျောက်ကွယ်သွား၏။ သံစဉ်နှစ်ခုသာ ကျန်ရှိနေလေသည်။ သူတို့က ဝမ်ပေါင်လဲ့နှင့် နီးသည်ထက်နီးကပ်လာကာ အလျင်အမြန် ချဉ်းကပ်လာသည်။
“သူတို့က ဘယ်လိုနတ်ဘုရားစွမ်းရည်မျိုးကို သုံးနေတာလဲ” ဝမ်ပေါင်လဲ့က သိချင်လာမိသည်။ သူက ဘေးကိုလှည့်ကာ လိုက်ဖမ်းခံရသည့် လူငယ်လေးကို မေးလိုက်၏။
စကားအဆုံးတွင် ဝမ်ပေါင်လဲ့က တေးဂီတကို ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က ထိန်းချုပ်ခံလိုက်ရသည့် အရိပ်အယောင်မျိုး စတင်ပြသလာ၏။ သူ့ခန္ဓာကိုယ်ထဲ ကြမ်းတမ်းစွာ မြင့်တက်လာသည့် ထူးထူးဆန်းဆန်း စွမ်းအားတစ်ခုလည်း ရှိလေသည်။ ထိုအရာက သူ့ကို လွှမ်းမိုးသွားသကဲ့သို့ ဖြစ်၏။
ထိုအရာ ဝမ်ပေါင်လဲ့ကို အံ့အားသင့်သွားစေသည်။ သူက သူ့ခန္ဓာကိုယ်ထဲမှ တေးဂီတအမျှင်နှစ်ခုကို ဖိနှိပ်ထားလိုက်သည်။
တစ်ချိန်တည်းဆိုသလို လိုက်ဖမ်းခံရသည့်သူက ဝမ်ပေါင်လဲ့က မည်သို့သော တည်ရှိမှုမျိုးလဲဆိုတာ မသိပေ။ သူ့အကြည့်ထဲ အလင်းတစ်ချက်ဖြတ်ပြေးသွားကာ စိတ်ထဲတွင် အေးစက်စက် ရယ်မောလိုက်၏။
ထင်းယွီမြို့တော်က တေးဆိုသူနဲ့ တွေ့တာကို အဲဒီလူက တေးဂီတကို သူ့အပေါ် လွှမ်းခြုံဖို့ ခွင့်ပြုပေးခဲ့တယ်။ အဲဒီလူက နိုးထလာတဲ့ ရှေးဟောင်းလူပဲ ဖြစ်ရမယ်။ ရူးမိုက်လိုက်တာ။ သူတို့တွေ တွေ့တဲ့အခါမှာ ဒီလိုမေးခွန်းမျိုး ဘယ်သူက မေးလို့လဲ…
အရူးကပဲ အမှန်အတိုင်း ပြောပြလိမ့်မယ်…
လူငယ်လေးက အေးစက်စက် သရော်လိုက်သည်။ သူ့အကြည့်တို့ကမူ လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်၏။ သူက နောက်အခိုက်အတန့်တွင် ရုတ်တရက် ပေါ်ထွက်လာသည့်သူက သေချာပေါက် သေလိမ့်မည်ဟု ခန့်မှန်းထားဟန်ပေါ်သည်။ သူက ခေါင်းကိုလှည့်ကာ ဆက်လက် ထွက်ပြေးလိုက်၏။
သို့သော်လည်း သူ့ခန္ဓာကိုယ်က ရွေ့လျားပြီး ပေတစ်ရာဝန်းကျင်လောက် ရောက်ရှိသွားစဉ် သူ့နောက်ဖက်တွင်ရှိနေသည့် တေးဂီတသင်္ကေတနှစ်ခုက ရုတ်ချည်း ရပ်တန့်သွားလေ၏။
လူငယ်လေးက အံ့အားသင့်သွားကာ နောက်ပြန်လှည့်ကြည့်လာသည်။ သူက ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရစဉ် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား မျက်လုံးအပြူးသား ဖြစ်သွားလေ၏။
“မင်း မင်း”
ထိုစဉ် သူ့အကြည့်ကို မြင်လိုက်ရသည့် ဝမ်ပေါင်လဲ့က ထိုဂီတသင်္ကေတနှစ်ခုကို လက်ချောင်းကြားတွင် ဆုပ်ကိုင်ထားလေသည်။ သူက သူတို့ကို သိချင်စွာကြည့်ပြီး ရှေ့နောက်လှန်လောနေ၏။
ထိုဂီတသင်္ကေတနှစ်ခုက အပြင်းအထန်တုန်ယင်ပြီး အကြောက်တရားကို ခံစားမိသကဲ့သို့ ဖြစ်နေသည်။ သူတို့က ရုန်းကန်နေကြသော်လည်း အပြောင်းအလဲ မရှိပေ။
စောစောလေးက ထိုဂီတသင်္ကေတနှစ်ခုက သူ့ဆီ ဝင်ရောက်တိုက်ခိုက်လာသည်။ ထို့နောက် သူတို့က စတင်တုန်ခါလာပြီး နောက်ဆုတ်လိုကြသည်။ သို့သော် နောက်ကျလွန်းသွားခဲ့ပြီ ဖြစ်၏။
“သူတို့က ဘယ်လို သဘာဝလွန်စွမ်းအင်မျိုးကို သုံးနေတာလဲ” လူငယ်လေးက လိုက်ဖမ်းခံရတာ ရပ်တန့်သွားသည်ကို ခံစားမိသည့်အခါ ဝမ်ပေါင်လဲ့က ခေါင်းကိုမော့ကာ မေးလိုက်သည်။
လူငယ်လေးက အသက်ပြင်းပြင်းရှူလိုက်၏။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူက နာခံစွာ ပြုံးလိုက်သည်။
“လူကြီးမင်း သူတို့က ထင်းယွီမြို့တော်က ကျင့်ကြံသူတွေပါ။ သူတို့ ကျင့်ကြံတဲ့ ကျင့်ကြံရေးနည်းစနစ်က တေးဂီတပါ။ သူတို့ကြားသမျှ အသံတွေက သူတို့ကျင့်ကြံရေးနည်းစနစ်ရဲ့ ကျင့်ကြံရေးအခြေအနေပဲ။ သေချာတဲ့ အနေအထားတစ်ခုအထိ ရောက်ရှိထားတဲ့သူတွေက တေးဂီတအသွင်ပြောင်းလဲပြီးတော့ ထာဝရတည်ရှိနိုင်တယ်။ သူတို့က သေလည်းမသေနိုင်သလို ဖျက်ဆီးလို့လည်း မရဘူး”
လူငယ်လေး၏ အဖြေက အသေးစိတ်ကျလှသည်။
(ထင်း - နားထောင်ခြင်း / ယွီ - လိုအင်ဆန္ဒ)