← Chapters

မျက်နှာဖုံးအောက်

Vol. 95 Ch. 1314

မျက်နှာဖုံးအောက်

Vol. 95 Ch. 1314

“ပွားလာတာလား” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူက ထိုအရာသည် ပွားလာခြင်း မဟုတ်ကြောင်း သဘောပေါက်သွားခဲ့၏။ အကယ်၍ ပွားလာသည်ဆိုပါက ဧကရာဇ်စိတ်ဝိညာဉ်နှစ်ခုသည် ယခင်ကဲ့သို့ ထိပ်သီးစတုတ္ထအဆင့်တွင် မရှိသင့်ပေ။

ထိုအရာက ဆင့်ခေါ်ခြင်းနှင့် ပိုတူ၏။

တစ်ယောက် သေဆုံးသွားသည်နှင့် နှစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။ နှစ်ယောက် သေဆုံးသွားသည့်အခါလည်း လေးယောက် ပေါ်ထွက်လာနိုင်ချေလည်း ရှိ၏။ ထိုဖြစ်စဉ်က ထပ်ခါထပ်ခါ ဖြစ်လာလိမ့်မည်။ ဤနည်းဖြင့် ထာဝရ မဖျက်ဆီးနိုင်စွမ်းဟူသော အရာကို ရရှိနိုင်သည်။

သို့သော်လည်း သာမန်ထိပ်သီးစတုတ္ထအဆင့်နှင့် အနည်းငယ် ကွဲပြားနေလေ၏။ ဝမ်ပေါင်လဲ့က ဧကရာဇ်စိတ်ဝိညာဉ်နှစ်ခုကို ကြည့်လိုက်သည်။ သူ့ဘေးတွင်ရှိနေသည့် လူငယ်လေးက တုန်ယင်နေသော်လည်း သူကမူ အတွေးနက်နေ၏။

ဝမ်ပေါင်လဲ့က ထာဝရကြယ်စင်ကုန်းမြေတွင်ဖြစ်စေ သူ့ကိုယ်သူနှင့် ယှဉ်ကြည့်လိုက်လျှင်ဖြစ်စေ စတုတ္ထအဆင့်ဖြင့် စိမ်းသက်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် သူက သူ့ရှေ့တွင်ရှိနေသည့် ဧကရာဇ်စိတ်ဝိညာဉ်များ၏ ဟာကွက်ကို အလျင်အမြန် သဘောပေါက်လိုက်၏။

သူတို့က စတုတ္ထအဆင့်နှင့် တူသော်လည်း သူတို့က ပုံတူပွားထားသကဲ့သို့ ဖြစ်၏။ သူတို့က ဝိညာဉ်ကင်းမဲ့နေပြီး ရုပ်သေးရုပ်များနှင့် တူလေသည်။ စတုတ္ထအဆင့်စွမ်းအား ရှိနေလျှင်ပင် သူတို့ကြားတွင်ရှိသည့် ကွာဟချက်က သေးငယ်မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့ တစ်ယောက်တည်း မဟုတ်ပေ။ ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ စတုတ္ထအဆင့် ကျင့်ကြံသူများက ဧကရာဇ်အဆင့်ဝိညာဉ်ကို အနိုင်ပိုင်းနိုင်လိမ့်မည်။

ထို့အပြင် ထိုဆင့်ခေါ်ခြင်းကို အဆုံးသတ်ဖို့ မဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့က ထိုအရာကို ကောက်ချက်ချလိုက်၏။ သို့သော်လည်း ထူးဆန်းသည့် မူလစကြဝဠာတာအိုနေရာကမ္ဘာအတွင်း ဤနေရာနှင့်ပတ်သက်ပြီး ပြီးပြည့်စုံသည့် သတင်းအချက်အလက်ကို မရရှိခင် ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ မဖော်ထုတ်မိစေဖို့ ဆုံးဖြတ်ထားသည်။

သူက အိပ်မက်တာအိုနည်းစနစ်ဖြင့် ဤနေရာကို ကျူးကျော်လာခြင်း ဖြစ်၏။ သေချာသည့် အနေအထားအရ သူသည် ဤစကြဝဠာထဲ ခိုးဝင်လာခြင်း ဖြစ်သည်။ ထိုအရာ၏ ရည်ရွယ်ချက်က ဧကရာဇ်အား သူ့ကို သတိထားမိခြင်းမှ ကာကွယ်ဖို့ ဖြစ်ပြီး ထိုသူနှင့် သူ့ကြားရှိ ကံဆက်နွယ်မှုကို ဖြတ်တောက်ပစ်ဖို့ ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ သုံးသပ်ချက်အရ လက်ရှိဧကရာဇ်သည် နက်နက်ရှိုင်းရှိုင်း အိပ်စက်နေ၏။ ထို့ကြောင့် သူ့အနေဖြင့် အောင်မြင်မည့် အခွင့်အရေးက များပြားလှသည်။

ဤအစီအစဉ်၏ အခြေခံအုတ်မြစ်က ဧကရာဇ် သတိမထားမိခင်နေရာဆီ သွားဖို့ ဖြစ်ပြီး အနက်ရောင်သစ်သားဖြင့် ပေါင်းစည်းကာ ဧကရာဇ်အား အဆုံးသတ်ဖို့ ဖြစ်သည်။

ထိုအရာက ရိုးရှင်းဟန်ထင်ရသော်လည်း တကယ်တမ်း လက်တွေ့လုပ်ဖို့ အခက်တွေ့လှသည်။

သို့သော်လည်း အဆုံးသတ်တွင် ပုန်းအောင်းနေဖို့ လိုအပ်နေသေးသည်။ တစ်ချိန်တည်းဆိုသလို ဧကရာဇ်ကို စမ်းသပ်ကြည့်ဖို့လည်း လိုအပ်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ စိတ်ထဲ ထိုအတွေးများ ဖြတ်ပြေးသွားစဉ် ဧကရာဇ်စိတ်ဝိညာဉ်နှစ်ခုက ခေါင်းမော့ကာ ဝမ်ပေါင်လဲ့ဆီ ပြေးဝင်လာသည်။

ဝမ်ပေါင်လဲ့က နောက်ဆုတ်လိုက်၏။

သူက မြန်ဆန်လွန်းသည့်အတွက် သူ့နောက်တွင် ရှိနေသည့် အနီရောင်မြူခိုးအတွင်း ပေါ်ထွက်လာသည့် ရွှေရောင်ပိုက်ကွန်နှင့် ထိတွေ့မိသွားသည်။

ထိုပိုက်ကွန်နှင့် ထိတွေ့မိသည့်အခိုက်အတန့် ဝမ်ပေါင်လဲ့က ကျင့်ကြံရေးကို သူ့စွမ်းအားကုန် လှည့်ပတ်လိုက်သည်။ သို့သော်လည်း သူက ထိုအရာကို အပြီးတိုင် မထုတ်ဖော်ပေ။ ထိုအစား သူက သူ့နောက်တွင် ရှိနေသည့် ရွှေရောင်ပိုက်ကွန်နှင့် ထိတွေ့မိသည်နှင့် ချက်ချင်းနောက်ဆုတ်လိုက်၏။

ခေတ္တမျှ ထိတွေ့မိသည့်အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က ရွှေရောင်ပိုက်ကွန်၏ ခံနိုင်အားကို စမ်းသပ်နိုင်ခဲ့သည်။ သူက ကျင့်ကြံရေးစွမ်းအား အားလုံးကို ထုတ်သုံးလိုက်သည်နှင့် ထိုအရာကို ချက်ချင်း ဖျက်ဆီးကာ လွတ်မြောက်နိုင်ခြေရှိသည်။

ဝမ်ပေါင်လဲ့က ထိုအရာကို တွေ့လိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။ သူက ထွက်သွားဖို့ အလျင်လိုနေခြင်း မရှိပေ။ ထိုအစား သူက သူ့ဆီပြေးဝင်လာသည့် ဧကရာဇ်နှစ်ယောက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလို့ ဘာလို့ ရှေ့တိုးနေတာလဲ။ ထွက်မပြေးဘူးလား။” ဝမ်ပေါင်လဲ့ ကိုင်စွဲထားသည့် လူငယ်လေးက တုန်တုန်ယင်ယင်ဖြင့် ပြောလာသည်။

သူ့အတွက် ဧကရာဇ်စိတ်ဝိညာဉ်များက နတ်ဘုရားများသဖွယ် ဖြစ်၏။ သူတို့က ပြိုင်ဘက်ကင်းကာ ထိတွေ့ဖို့ မဖြစ်နိုင်ပေ။ သူတို့က ဤကမ္ဘာ၏ ကောင်းကင်တာအိုကို ကိုယ်စားပြု၏။ သို့သော်လည်း သူ့ကို ဖမ်းဆီးထားသည့်သူက တစ်ခုပြီးတစ်ခု လှုပ်ရှားနေသည်။

ထိုအရာက သူ့ကို ထိတ်လန့်သွားစေ၏။

သူက သူ့စကားများသည် နားကလောကြောင်း ခံစားမိသော်လည်း ဝမ်ပေါင်လဲ့ကအလျင်စလို ပြေးထွက်သွားကာ လူငယ်လေးကိုမူ သူ့စွမ်းအားဖြင့် ထိန်းသိမ်းထားခဲ့သည်။ သူ့အရှိန်က နှေးကွေးခြင်း မရှိပေ။ သူက ဧကရာဇ်စိတ်ဝိညာဉ် နှစ်ယောက်နှင့် ချက်ချင်းဆိုသလို ထိပ်တိုက်တွေ့ဆုံလိုက်၏။

အသံကျယ်ကြီးနှင့်အတူ ရေဓာတ်စည်းမျဉ်း ဥပဒေသက ပေါက်ထွက်လာသည်။ မြူခိုးအတွင်း ဧကရာဇ် စိတ်ဝိညာဉ်နှစ်ခုကလည်း တောင့်တင်းသွားကြ၏။ သူတို့ခန္ဓာကိုယ်ထဲရှိ သွေးနှင့် တာအိုပညာရပ်တို့က ပြောင်းပြန်လှန်လိုက်သလိုမျိုး ခန္ဓာကိုယ်က တုံ့ဆိုင်းသွားကြသည်။

ဤသည်က သေခြင်းတရား ဖြစ်၏။

ဝမ်ပေါင်လဲ့က ညာဖက် လက်ညှိုးဖြင့် စိတ်ဝိညာဉ်နှစ်ယောက်၏ မျက်နှာဖုံးကို ထိတွေ့လိုက်သည်။ အသံကျယ်ကြီးနှင့်အတူ မျက်နှာဖုံးနှင့် သူတို့၏ ခေါင်းက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွား၏။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက သူတို့တွေ ဘယ်လိုပုံလဲ သိချင်၍ မျက်နှာဖုံးကို ဆွဲဖြဲပစ်ဖို့သာ စီစဉ်ခဲ့သည်။ သို့သော်လည်း မျက်နှာဖုံးက သူတို့၏ သွင်ပြင်နှင့် အပြီးတိုင် ပေါင်းစည်းနေကာ ခွဲခြား၍ မရပေ။

“မင်း မမြင်ချင်လည်း ကိစ္စမရှိဘူး” ဝမ်ပေါင်လဲ့က အေးစက်စက်ပြောလိုက်သည်။ နောက်ထပ်တစ်ချက်အဝှေ့တွင် အဖက်ဖက်မှ ဖိအားက ထပ်မံမြင့်တက်လာပြီး ဧကရာဇ်စိတ်ဝိညာဉ်နှစ်ယောက်၏ ခန္ဓာကိုယ်ကို ချေမွပစ်လိုက်သည်။

နောက်အခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့ ခြေမွခဲ့သည့် အသွေးအသားများက ထပ်မံစုဝေးလာပြီး ဧကရာဇ်စိတ်ဝိညာဉ် လေးခုကို ထွက်ပေါ်လာသည်။ သူတို့က အဖြူရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး တိတ်ဆိတ်စွာ ရှိနေသည်။ သူတို့၏ မျက်ဝန်းများက ဗလာကျင်းနေပြီး ဝမ်ပေါင်လဲ့ဆီ ပြေးဝင်လာ၏။

သိပ်မကြာခင် လေးယောက်မှ ရှစ်ယောက်၊ ရှစ်ယောက်မှ ၁၆ယောက် … နောက်ထပ် ၃၆အထိ ဖြစ်သွားလေသည်။

ဝမ်ပေါင်လဲ့က တိုက်ခိုက်နေဆဲ ဖြစ်၏။ သူက ဆက်တိုက်သတ်ဖြတ်နေသည်။ သို့သော်လည်း သူက မျက်မှောင်ပို၍ကြုတ်လာမိ၏။ ဧကရာဇ်စိတ်ဝိညာဉ်အရေအတွက်က ၆၄ ယောက်အထိ ရောက်ရှိလာသည့်အခါ ဝမ်ပေါင်လဲ့၏ အသက်ရှူနှုန်းက အနည်းငယ် မြန်ဆန်လာသည်။

ဧကရာဇ်စိတ်ဝိညာဉ်များနှင့် အစစ်အမှန်ကြားတွင် ကွာဟချက် ကြီးကြီးမားမားရှိနေသော်လည်း သူတို့တွင် ဓမ္မအသုံးအဆောင်ပစ္စည်းများကဲ့သို့ ဝိညာဉ် မရှိပေ။ သို့သော်လည်း ထိုအရေအတွက် အရေးသာချက်က ပြင်ပလောကတွင် အင်မတန် ကြောက်ဖို့ကောင်းလိမ့်မည်။ ဤသည်က အဓိကအင်အားစုကိုပင် ဖျက်ဆီးဖို့ရာ လုံလောက်နေပြီ ဖြစ်၏။

ထာဝရကြယ်စင်ကုန်းမြေအပါအဝင် စကြဝဠာတစ်ခုလုံးအတွင်း စတုတ္ထအဆင့်ကို ရောက်ရှိသည့်သူက တစ်ဒါဇင်ပင် မပြည့်ပေ။

ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က ပဉ္စမအဆင့်သို့ ရောက်ရှိနေသော်လည်း အန္တရာယ်ကို ခံစားမိဆဲသာ ဖြစ်၏။ ထိုဧကရာဇ်စိတ်ဝိညာဉ်များကို မသတ်နိုင်သည့်အခါတွင် ဖြစ်သည်။

ထိုအရာက ဝမ်ပေါင်လဲ့အား ပို၍ ထိတ်လန့်လာစေသည်။ ပြောရမည်ဆိုလျှင် သူ့အနေဖြင့် အဝေးရှိ အမည်မသိနေရာတစ်ခုမှ ခပ်ယဲ့ယဲ့ အငွေ့အသက်အမျှင်တစ်ခုကို ခပ်ဝါးဝါး ခံစားမိလိုက်၍ ဖြစ်၏။ ပြောရမည်ဆိုလျှင် အိပ်စက်နေသည့်သူက ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်ကာ နိုးထလာတော့မည့် အရိပ်အယောင် ပြသလာသည်။

ထိုအငွေ့အသက်က ဝမ်ပေါင်လဲ့ ရင်းနှီးပြီးသားဖြစ်သည့် နတ်ဧကရာဇ်၏ အငွေ့အသက် ဖြစ်ပေသည်။

ငါ ဒီလိုဆက်လုပ်နေလို့ မရတော့ဘူး…

သူက ဧကရာဇ်စိတ်ဝိညာဉ်များကို စမ်းသပ်ပြီးပြီ ဖြစ်၏။ တစ်ရာကျော်ရှိနေဖို့ရာ ပြဿနာ မရှိပေ။ တစ်ချိန်တည်းဆိုသလို သူက ထိုဧကရာဇ်စိတ်ဝိညာဉ် များပြားလာခြင်းက ဧကရာဇ်ကို နိုးထလာနိုင်သည့် ဖြစ်စဉ်ကိုလည်း စမ်းသပ်ခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့က နောက်ဆုတ်ဖို့ ရွေးချယ်လိုက်၏။

အသံကျယ်ကြီးနှင့်အတူ သူ့ခန္ဓာကိုယ်က ရွှေရောင်ပိုက်ကွန်နှင့် ထိတွေ့မိသွားပြီး ထိုအရာအား ချက်ချင်းဆိုသလို ပြိုလဲသွားစေသည်။ တစ်ချိန်တည်းဆိုသလို ဧကရာဇ်စိတ်ဝိညာဉ်များကလည်း သူ့နောက်မှ လိုက်လာကြကာ သူ့ရှေ့ ရောက်လာကြသည်။

ဝမ်ပေါင်လဲ့က အကြည့်များ တောက်ပလာ၏။ သို့သော် ရုတ်ချည်းဆိုသလို ညာဖက်လက်ကိုမူ မြှောက်ကာ သူ့လက်ညှိုးထိပ်မှ အဖြူရောင်အလင်းတန်း ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ စာရွက်အပိုင်းအစကဲ့သို့ ဖြစ်၏။ ထိုအရာက ဧကရာဇ်စိတ်ဝိညာဉ်၏ နဖူးအထက် ကျရောက်လာသည်။

ထိုအရာက စက္ကူစည်းမျဉ်းဥပဒေသ ဖြစ်၏။

ဤသည်က ဝမ်ပေါင်လဲ့ တွေးထားသည့်အတိုင်းသာ ဖြစ်သည်။ ဧကရာဇ်စိတ်ဝိညာဉ်ကို ဖယ်ရှားဖို့ရာ နည်းလမ်းက ထိုမျက်နှာဖုံးကို စက္ကူအဖြစ် ပြောင်းလဲပစ်ဖို့ ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ လက်ချောင်းထိပ်က မျက်နှာဖုံးအပေါ် ကျရောက်သွားသည့်အခါ စက္ကူစည်းမျဉ်းဥပဒေသက ကျရောက်လာသည်။ ထိုအခိုက်အတန့်တွင် ဧကရာဇ်စိတ်ဝိညာဉ်၏ မျက်နှာအထက်ရှိ မျက်နှာဖုံးက စက္ကူတစ်ရွက် ဖြစ်သွားခဲ့သည်။ ထိုအရာကို ထပ်မံ ဝတ်ဆင်၍မရတော့ဘဲ မျက်နှာပေါ်မှ ကွာကျလာလေ၏။ ထို့နောက် ဝမ်ပေါင်လဲ့ မြင်လိုက်ရသည့် အရာကြောင့် စိတ်ထဲတွင် မိုးကြိုးအချက်တစ်ထောင် ပစ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။

ထိုမျက်နှာက အမူအရာကင်းမဲ့ပြီး ထုံထိုင်းကာ အင်မတန် ဖြူဖျော့နေသည်။ သို့သော်လည်း ထိုအရာက ဝမ်ပေါင်လဲ့၏ မျက်နှာနှင့် တစ်ပုံစံတည်း တူညီနေသည်။

All Chapters