← Chapters

တတိယအလွှာ

Vol. 95 Ch. 1315

တတိယအလွှာ

Vol. 95 Ch. 1315

ဝမ်ပေါင်လဲ့၏ စိတ်ထဲ ရှုပ်ယှက်ခတ်နေပြီး စိတ်ထဲတွင်လည်း ဂယက်ရိုက်နေသည်။ သူ့ကျင့်ကြံရေးနှင့် အ‌တွေ့အကြုံများဖြင့် သူ့အနေဖြင့် လွယ်လွယ်ကူကူ တုန်လှုပ်မိဖို့ ခက်ခဲလှသည်။ သို့သော်လည်း သူ့ရှေ့တွင် ရှိနေသည့် မြင်ကွင်းက သူ့မျှော်မှန်းချက်ထက် ကျော်လွန်နေ၏။ ထိုအရာက ဝမ်ပေါင်လဲ့၏ စိတ်အား ရှုပ်ထွေးသွားစေသည်။

ဧကရာဇ်စိတ်ဝိညာဉ်က သူနဲ့ တစ်ပုံစံတည်း ဖြစ်နေသည်။

ထိုအရာကို ကိုယ်စားပြုသည့် အဖြေက ဝမ်ပေါင်လဲ့၏ အသက်ရှူနှုန်းများအား မြန်ဆန်လာစေ၏။

သူ့အတွက် များများစားစား တွေးနေဖို့ အချိန်မရှိပေ။ မျက်နှာဖုံးအောက်မှ မျက်နှာကို စိုက်ကြည့်လိုက်သည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တစ်ချက်လောက် နောက်ဆုတ်နေပြီး ရွှေရောင်ပိုက်ကွန်နှင့်ပင် ထိတွေ့မိသွား၏။

အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့က ရွှေရောင်ပိုက်ကွန်ထဲ အပေါက်ကြီးတစ်ခု ထိုးဖောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က လျှပ်စီးအလား ဖြစ်၏။ သူက ချက်ချင်းဆိုသလို နောက်ဆုတ်လိုက်၏။

သူက မြန်ဆန်လွန်းသည့်အတွက် သူ့ကန့်သတ်ချက်သို့ပင် ရောက်ရှိသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူက ပြင်ပလောကမှ အနီရောင်မြူခိုးအတွင်း ပျောက်ကွယ်သွားခဲ့၏။ သူ ပျံသန်းထွက်လာသည့်အခါ ကျင့်ကြံဆင့်ကို ချုပ်ထိန်းထားပြီး သူ့အရှိန်အဝါအားလုံးကို အပြီးတိုင် ဖုံးကွယ်ထားခဲ့သည်။ ရလဒ်အနေဖြင့် ပိုက်ကွန်နောက်မှ လိုက်ပါလာသည့် ဧကရာဇ်စိတ်ဝိညာဉ်များက သူ့အား အကွာအဝေးတချို့ လိုက်ဖမ်းပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ သဲလွန်စကို ပျောက်ဆုံးသွားကြသည်။

သူတို့က သူ့ကို ရှာမတွေ့တော့သကဲ့သို့ ဖြစ်၏။ အချိန်အတော်ကြာ ရှာဖွေပြီးသည့်နောက်တွင် သူတို့က တည်ငြိမ်သွားပြီး အနီရောင်မြူခိုးအတွင်း ပေါင်းစည်းသွားကာ ပျောက်ကွယ်သွားသည်။

ဝမ်ပေါင်လဲ့အတွက်မူ သူ့အရှိန်အဝါကို ဖုံးကွယ်ပြီးသည့်နောက် အနီရောင်မြူခိုးထဲ အလျင်အမြန် လှုပ်ရှားလိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ သူ့စိတ်ထဲ ပေါ်ထွက်လာသည့် ဧကရာဇ်စိတ်ဝိညာဉ်၏ မျက်နှာကို ဖျောက်ဖျက်မရနိုင်သေးပေ။

တစ်ခုခုတော့ တော်တော်မှားနေပြီ…

ပထမဦးဆုံး ငါ့ရဲ့ အရင်သုံးသပ်ချက်ဆိုရင် ဧကရာဇ်စိတ်ဝိညာဉ်က မပြီးမြောက်သေးတဲ့ စတုတ္ထအဆင့်ပဲ။ အတိအကျပြောရမယ်ဆိုရင် ဧကရာဇ်စိတ်ဝိညာဉ်က ရုပ်သေးရုပ်လို တည်ရှိမှုမျိုးပဲ။ သူ့ရဲ့ ဇစ်မြစ်က နတ်ဧကရာဇ်…

အဲဒီနောက် ဧကရာဇ်စိတ်ဝိညာဉ်က နတ်ဧကရာဇ်ရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာကို နားလည်တယ်။ အဲ့လိုဆိုတော့ ဒီနေရာမှာ စတုတ္ထအဆင့်တွေအများကြီး ရှိနေတဲ့အကြောင်းကို ရှင်းပြပြီးသားဖြစ်သွားပြီ။ နတ်ဧကရာဇ်ရဲ့ အဆင့်နဲ့ဆိုရင် သူက အသိစိတ်အမျှင်တစ်သိန်းအဖြစ် ခွဲခြားနိုင်သေးတာပဲ။ အဲ့လိုဆိုရင် သူတို့ဆီမှာ ရုပ်သေးရုပ်တွေ အများကြီးရှိနေတာက အံ့ဩဖို့တော့ မကောင်းပါဘူး…

သူက ငါနဲ့ တစ်ပုံစံတည်းတူနေတဲ့အတွက်ကတော့ ဖြစ်နိုင်ချေတစ်ခုရှိတယ်…

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။

ပထမဦးဆုံးဖြစ်နိုင်ချေက ဓာတ်ငါးပါး၏ သစ်သားဓာတ်စမ်းသပ်ချက်ကို ခုခံဖို့အတွက် ဧကရာဇ်က တာအိုနယ်မြေတစ်သိန်းခွဲ ခွဲထုတ်ခဲ့သည်။ သူ ရှိနေသည့် ကျောက်ပြားကမ္ဘာကလွဲ၍ တခြားသော ၉၉၉၉၉ တာအိုနယ်မြေက သူ့တာအိုသစ်သီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

“တာအိုသစ်သီးတိုင်းက ဒီနေရာရဲ့ ဧကရာဇ်စိတ်ဝိညာဉ်ပဲ။ အဲဒါကြောင့် ငါနဲ့ တစ်ပုံစံတည်း တူနေတာ။ တကယ်လို့ မတော်တဆဖြစ်ရပ်သာ ရှိမလာရင် ငါတို့လည်း သူတို့ထဲက တစ်စိတ်တစ်ပိုင်းဖြစ်နေမှာပဲ။ သူတို့အားလုံးက ငါ ဖြစ်သလို ငါကလည်း သူတို့အားလုံးပဲ”

ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားလေသည်။ သူက ကောက်ချက်ချမှုသည် အကျိုးအကြောင်းသင့်ကြောင်း ခံစားမိလိုက်သည်။ သို့သော် အကြောင်းအရင်းတချို့ကြောင့် ဒုတိယဖြစ်နိုင်ချေကို မတွေးဘဲ မနေနိုင်တော့ပေ။

နတ်ဧကရာဇ်ရဲ့ နဂိုပုံစံကရော ဘယ်လိုမျိုးလဲ။ သူက ငါနဲ့ တစ်ပုံစံတည်း တူနေတာလား…

ဝမ်ပေါင်လဲ့က ထိုဖြစ်နိုင်ချေကို နက်နက်နဲနဲ မစဉ်းစားဖူးပေ။ ထို့ကြောင့် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူက အသက်ပြင်းပြင်းရှူလိုက်၏။

ဒီဒုတိယဖြစ်နိုင်ချေက ငါ့ရဲ့ စိတ်ကူးသက်သက်ပဲ။ အစစ်အမှန် မဖြစ်နိုင်ဘူး…

ဝမ်ပေါင်လဲ့က မျက်လုံးအသာမှိတ်ထားလိုက်ကာ ပြန်ဖွင့်လိုက်သည်။ သူက စိတ်ထဲ၌ အတွေးအားလုံးကို မြှုပ်နှံပြီး ညာဖက်လက်ကို ဝှေ့ယမ်းကာ လူငယ်လေးကို လွှတ်လိုက်၏။

ထိုလူငယ်လေး ပေါ်ထွက်လာသည့်အခါ အစောပိုင်း ဆွံ့အနေမိသည်။ ထို့နောက် သူက အဖြစ်အပျက်ကို ပြန်လည်အမှတ်ရသွားသည့်အခါ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး ဘယ်နှင့်ညာကို ကြည့်လာသည်။ သူက ဤနေရာတွင် ဧကရာဇ်စိတ်ဝိညာဉ် မရှိကြောင်း သဘောပေါက်သွားပြီးသည့်နောက်တွင် စိတ်သက်သာရာ သက်ပြင်းချလိုက်၏။ သို့သော်လည်း ထို့နောက်တွင် သူသည် ဝမ်ပေါင်လဲ့သည် အထိအခိုက်မရှိဘဲ ကျန်ရှိသည်ကို အံ့အားသင့်သွားလေ၏။

“လူကြီးမင်း”

ဝမ်ပေါင်လဲ့က ထိုလူငယ်လေးကို ကြည့်လိုက်၏။ သူ့အသံက တည်ငြိမ်နေပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“မင်း စောစောလေးက ရှေးဟောင်းလူတွေဆိုတာ ဘာလဲ။ မင်း ရှိနေတဲ့ ကမ္ဘာကို သူတို့က ဘယ်လိုဝင်လာနိုင်တာလဲ”

ဝမ်ပေါင်လဲ့၏ တည်ငြိမ်နေသော စကားက လူငယ်လေးအား ဖိအားတချို့ပေးလာသည်။ ယခုအခါ သူက သူ့ရှေ့တွင်ရှိနေသည့် သူသည် နိုးထလာသည့် ရှေးဟောင်းလူ မဟုတ်ကြောင်း နားလည်သွား၏။ ထိုအစား သူသည် ပြင်ပလောကမှ ဖြစ်နေခဲ့သည်။ ထို့အပြင် သူသည် အင်မတန် ကြောက်ဖို့ကောင်း၏။

အကြည့်တစ်ချက်ကပင် သူ့ကို သတ်ဖို့ လုံလောက်နေပြီ ဖြစ်၏။

လူငယ်လေးက ထိုသို့သော တည်ရှိမှုမျိုးဆီမှ မည်သည့်အရာကိုမှ မဖုံးကွယ်ရဲသလို အတွေးလည်း များမနေရဲပေ။ သူက အကောင်းဆုံးကြိုးစားကာ နာနာခံခံအပြုအမူဖြင့် သိထားသမျှ အရာအားလုံးကို ပြောပြလိုက်၏။

လူငယ်လေးက မူလစကြဝဠာတာအိုနေရာအကြောင်း မသိသလို သူရှိနေသည့် ကမ္ဘာအကြောင်းလည်း မသိပေ။ ပြင်ပလောကအတွက် စကြဝဠာ၁၀၈ခု ရှိနေသော်လည်း သူ့အသိတွင် ကုန်းမြေတစ်ခုသာ ရှိ၏။

ကုန်းမြေက အဆုံးအစကင်းမဲ့ပြီး ကမ္ဘာ၏ အဆုံးသတ်ထိ ရောက်ဖူးသည့်သူ များများစားစား မရှိကြောင်း ကောလဟာလပင် ထွက်ပေါ်ခဲ့ဖူးသည်။

သို့သော်လည်း လူများစွာ အဆုံးသတ်ဆီ မရောက်ရှိနိုင်သည့် ဤလောကက ပထမအလွှာ မဟုတ်ပေ။ လူငယ်လေး ငယ်ငယ်ကတည်းက သိထားသလောက် ကမ္ဘာကြီးကို သုံးပိုင်းခွဲထား၏။

ပထမအပိုင်းကို အိပ်စက်သူများ ကမ္ဘာဟု ခေါ်သည်။

ဒုတိယအလွှာကို ကမ္ဘာဟု ခေါ်ဆိုပြီး တတိယအလွှာကိုမူ မြှုပ်နှံရေးကမ္ဘာဟု ခေါ်ဆိုသည်။

သူ နေထိုင်သည့်နေရာက ဒုတိယအလွှာတွင် ရှိ၏။ ပထမအလွှာအတွက်မူ သူ့အတွက် ဒဏ္ဍာရီသဖွယ် ဖြစ်သည်။ သူက ထိုနေရာကို မရောက်ဖူးသော်လည်း တစ်ချိန်တည်းဆိုသလို ဧကရာဇ်စိတ်ဝိညာဉ်များ နေထိုင်သည့် ကမ္ဘာတစ်ခုဖြစ်ကြောင်း ကြားခဲ့ဖူးသည်။

လက်ရှိရှိနေသည့် နေရာအတွက်မူ လူငယ်လေး ပြောသည့် စကားများအရ ဒုတိယနှင့် တတိယအလွှာကြားတွင် ရှိသည်။ ရှေးဟောင်းများက မြှုပ်နှံရေးကမ္ဘာမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

မြှုပ်နှံရေးကမ္ဘာနှင့် ပတ်သက်ပြီး ဒဏ္ဍာရီများစွာ ရှိခဲ့ဖူးသည်။ အကျယ်ပြန့်ဆုံး ပျံ့နှံ့လာသည့်အရာက အတိတ်တုန်းက မိုးမြေသည် ယခုနှင့် ကွဲပြားသည်ဟူ၍သာ ဖြစ်၏။ ဤနေရာတွင် တာအိုတစ်သောင်းရှိပြီး ကျွမ်းကျင်ပညာရှင်များကလည်း တိမ်တိုက်များသဖွယ် ပေါများသည်။

သို့သော်လည်း အမည်မသိ ကပ်ဘေးတစ်ခုအတွင်း အတိတ်မှ အရာအားလုံးက မြှုပ်နှံခံလိုက်ရ၏။ ထို့ကြောင့် မြှုပ်နှံရေးကမ္ဘာ ဖြစ်တည်လာခြင်း ဖြစ်သည်။ ထိုအရာက လူမှုအဖွဲ့အစည်းကို မြှုပ်နှံလိုက်ရုံသာမကဘဲ အတိတ်မှ ကျင့်ကြံသူများကိုပင် မြှုပ်နှံပစ်ခဲ့သည်။

ကျင့်ကြံသူအများစုက အရိုးခြောက် အသွင်ပြောင်းလဲသွားသော်လည်း လွှမ်းမိုးနိုင်သည့် အခြေအနေတွင် ရှိနေသေးသည့်သူများလည်း ရှိ၏။ သူတို့က ဖြည်းဖြည်းချင်း နိုးထလာကာ မြှုပ်နှံရေးကမ္ဘာမှ ထွက်လာပြီး ဒုတိယအလွှာသို့ ရောက်ရှိလာကြသည်။

ထိုသူများကို ရှေးဟောင်းလူများဟု ခေါ်ဆိုပြီး သူတို့က အင်မတန် အားကောင်းကြသည်။

“အဲဒါကြောင့် ဒုတိယအလွှာမှာ ရှိတဲ့ တတိယပင်မအင်အားစုကို ရှေးဟောင်းလူတွေက ဖွဲ့စည်းထားတာလေ။ အဲဒီအင်အားစုကို ကျုပ်တို့ကတော့ ရှေးဟောင်းခေတ်ကာလမြို့လို့ ခေါ်တယ်။ တခြားနောက်ထပ် ပင်မအင်အားစုနှစ်ခုက စိတ်ခံစားချက် ၇ခုကနေ ဖွဲ့စည်းထားတဲ့ အဖွဲ့ခုနစ်ခုနဲ့ ကျန်တစ်ခုက လိုအင်ဆန္ဒ၆ပါးရှိတဲ့ လိုအင်ဆန္ဒမြို့ပဲ။ လူကြီးမင်း ကျုပ်က ပျော်ရွှင်မှုတာအိုကို ကျင့်ကြံတဲ့ ကျင့်ကြံသူပါ။”

“အရင် တွေ့ခဲ့တဲ့ တေးဆိုသူတွေက လိုအင်ဆန္ဒမြို့က ကျင့်ကြံသူတွေလေ။ သူတို့က လိုအင်ဆန္ဒ ၆ခုထဲက တစ်ခုပေါ့”

“ပျော်ရွှင်မှုတာအိုသခင်က လိုအင်ဆန္ဒမြို့သခင်ရဲ့ ဖိနှိပ်မှုကို ခံပြီးတဲ့နောက်မှာ ပျော်ရွှင်မှုတာအိုက ကျဆင်းသွားပြီးတော့ အဖွဲ့ခွဲတွေကလည်း နေရာအနှံ့မှာ ပုန်းအောင်းနေရတယ်။ ကျုပ် အဲဒီနေရာကနေ ထွက်လာပြီးတော့ ဒုတိယအလွှာဆီ ဦးတည်နိုင်တာက ကျုပ်တို့အတွက်ကတော့ ရိုးရှင်းတယ်။ ကျုပ်တို့ လိုအပ်တာက ကျုပ်တို့ ကျင့်ကြံထားတဲ့ တာအိုစည်းမျဉ်းဥပဒေသကို အသက်သွင်းလိုက်ဖို့ပဲ။

အဲ့လိုဆိုရင် စည်းမျဉ်းဥပဒေသကနေ ဒုတိယအလွှာဆီ လမ်းပြပေးလိမ့်မယ်” လူငယ်လေးက ပြောရင်းဖြင့် ဝမ်ပေါင်လဲ့ကို တစ်ချက်ခိုးကြည့်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခု ပြောလိုသော်လည်း တုံ့ဆိုင်းနေဟန်ပေါ်၏။

ဝမ်ပေါင်လဲ့ကလည်း အတွေးနက်နေသည်။ သူက ယခင်က နည်းလမ်းများစွာကို ကြိုးစားခဲ့ဖူးသော်လည်း မြူခိုးနယ်မြေမှ မထွက်ခွာနိုင်ခဲ့ပေ။ ယခု သူ မြင်လိုက်ရသည့်အရာက စည်းမျဉ်းဥပဒေသများက ကွဲပြားနေ၍ သူ့အနေဖြင့် လမ်းပြမခံရခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့က အတွေးနက်နေစဉ် လူငယ်လေးကလည်း သူ့ရွေးချယ်မှုနှင့်ပတ်သက်ပြီး အကောင်းအဆိုး ချင့်ချိန်နေ၏။ သူက အံကြိတ်ကာ ပြောလိုက်သည်။

“လူကြီးမင်း တကယ်လို့ ဒုတိယအလွှာကို ဝင်ချင်တယ်ဆိုရင် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စည်းမျဉ်းဥပဒေသကို ကျင့်ကြံဖို့ လိုအပ်တယ်။ ဒီအငယ်လေးက ကျုပ် ပျော်ရွှင်မှုတာအိုအမျှင် တစ်ခုကို ခွဲထုတ်ပေးပြီးတော့ မျိုးစေ့အဖြစ် ပြောင်းပြီး လူကြီးမင်းရဲ့ ကျင့်ကြံရေးအမြင်ပွင့်အောင် လုပ်ပေးနိုင်ပါတယ်”

All Chapters