ပျော်ရွှင်မှု
Vol. 95 Ch. 1316
ထိုစကားများကို စထုတ်ပြောဖို့ရာအတွက် ထိုလူငယ်လေးက ဉာဏ်ကောင်းကြောင်း သိနိုင်သည်။ ထိုကောင်လေးအနေနှင့် တေးဆိုသူနှစ်ယောက်ကို အသက်ရှင်လျက် ဖမ်းဆီးပြီး ဧကရာဇ်စိတ်ဝိညာဉ်များ၏ လက်မှ ဘေးကင်းစွာ ထွက်လာနိုင်သူတစ်ဦးအတွက် သူ၏ အတွေးများက အသုံးမဝင်ကြောင်း သိထားသည်။
တစ်ဖက်လူ၏ အမြင်တွင် သူ့သေခြင်းရှင်ခြင်းက အတွေးတစ်ချက်မျှသာ ဖြစ်၏။ ထိုအခိုက်အတန့်တွင် ကိစ္စသေးသေးလေးကပင် သူ့သေခြင်းရှင်ခြင်းကို ပြောင်းလဲပစ်နိုင်သည်။
ယခု တစ်ဖက်လူက ဒုတိယအလွှာကို ဝင်ချင်နေမှန်း သိသာလှ၏။ ထို့ကြောင့် ဝင်ရောက်ဖို့ နည်းလမ်းမရှိသည့်အတွက် သူ့ကို ဝါးမျိုကာ သန့်စင်ခြင်း သို့မဟုတ် ပူးကပ်ခြင်းတို့ကသာ တစ်ဖက်လူ၏ ပထမဦးဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။
အကယ်၍ သူသာ တစ်ဖက်လူ၏ နေရာတွင်ရှိပါက သူသည်လည်း သေချာပေါက် ဇွတ်လုပ်မိလိမ့်မည်။ ထို့အပြင် သူတို့နှစ်ဦးကြားရှိ ကွာဟချက်က သူ့ကို ခုခံဖို့ရာ နည်းနည်းလေးမှပင် မဖြစ်နိုင်ပေ။ အရှင်းဆုံးပြောရမည်ဆိုလျှင် သူက တစ်ဖက်လူရှေ့တွင် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ဖို့ စွမ်းရည်ပင် မရှိပေ။
ထို့ကြောင့် တစ်ဖက်လူက ဆုံးဖြတ်မည်ကို စောင့်ဆိုင်းနေမည့်အစား အရင်ဦးစွာ ဖြေရှင်းနည်း ပေးလိုက်သည်က ပို၍ကောင်းပေသည်။
သူက နာခံဖို့အတွက် ဆုံးဖြတ်ထားသည့်အတွက် အဆုံးအထိ နာခံရမည်။
တစ်ချိန်တည်းဆိုသလို တစ်ဖက်လူ၏ စွမ်းအားပေါ် မူတည်၍သူ့ကို သတ်ဖို့ရာက အရေးမကြီးကြောင်း ယုံကြည်ထား၏။ ထိုလူလိုမျိုး အားကောင်းသည့် ကျင့်ကြံသူတစ်ဦးအတွက် ဖြေရှင်းနည်းကသာ သော့ချက် ဖြစ်ပေသည်။
ဖြစ်စဉ်က အရေးမပါပေ။
ဝမ်ပေါင်လဲ့က ခပ်ယဲ့ယဲ့ပြုံးကာ သူ့ရှေ့တွင် ရှိနေသည့် လူငယ်လေးကို ကြည့်ကာ ပြုံးလိုက်သည်။ သူ့အတွေ့အကြုံဖြင့် ထိုလူငယ်လေး တွေးနေသည့်အရာကို ကောင်းကောင်းမြင်နိုင်သည်။ သူ့မျက်ဝန်းအထက် သဘောကျသည့် အရိပ်အယောင် ပေါ်ထွက်လာသည်။ သူက ချက်ချင်းမပြောသေးဘဲ ညာဖက်လက်ကို ဝှေ့ယမ်းလိုက်၏။
လူငယ်လေးက ကြောင်အမ်းအမ်း ကြည့်နေစဉ် လှိုင်းတွန့်တစ်ခုက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။ လှိုင်းတွန့်က လူငယ်လေးဆီ ဖြတ်သန်းလာသည့်အခါ သူ့ယခင်တုန်လှုပ်နေသည့် စိတ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ပျော်ရွှင်သည့် ခံစားချက် ဝင်ရောက်လာသည်။ ထို့ကြောင့် သူက မျက်လုံးအပြူးသား ဖြစ်သွားခဲ့၏။
သူ့ပြောစကားကို မစောင့်ဘဲ ဝမ်ပေါင်လဲ့က ပုံတူပွားကူးယူရေးတာအိုကို အသုံးပြုကာ ပျော်ရွှင်မှုတာအိုကို စုပ်ယူခဲ့ခြင်း ဖြစ်သည်။ သူက လေဟာနယ်ထဲ တိုးလိုက်ပြီး ထိုစွမ်းအားဖြင့် ဒုတိယအလွှာဆီ ရောက်ရှိမည်လား သိချင်နေသည်။
သို့သော်လည်း ဝမ်ပေါင်လဲ့၏ ခြေထောက် ဆင်းသက်လာသည်နှင့် ပုံရိပ်က ဝေဝါးသွားလေ၏။ သူက ထိုအရာနှင့် တစ်သားတည်း ပေါင်းစည်းသွားသကဲ့သို့ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ အမူအရာက ပြောင်းလဲသွားပြီး ခြေထောက်ကို ရုတ်ချည်းပြန်ရုတ်လိုက်သည်။
ထို့နောက် တိတ်ဆိတ်စွာဖြင့် သူက ခေါင်းမော့ကာ အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်၏။ သူ့မျက်ဝန်းထဲ အတွေးတို့ ရှိနေသည်။
ထိုအခိုက်အတန့်လေးတွင် သူက ပျော်ရွှင်မှုတာအိုကို အောင်အောင်မြင်မြင် ပုံတူပွားနိုင်ခဲ့ပြီး ခန္ဓာကိုယ်ဖြင့်ပင် ပေါင်းစည်းနိုင်ခဲ့သည်။ သူ့ခြေထောက်ကို မ လိုက်သည့်အခါ ခွဲခြားထားသည့် အလွှာတစ်ခုကို ခံစားမိလိုက်၏။ ထိုအရာက သူသာ ရှေ့တိုးလိုက်သရွေ့ ဤနေရာမှ ထွက်ခွာသွားနိုင်မည် ဖြစ်ကြောင်း သိလေသည်။ ထို့နောက် လူငယ်လေးပြောခဲ့သည့် ဒုတိယအလွှာဆီ ရောက်ရှိသွားလိမ့်မည်။
ခွဲခြားထားသည့်အလွှာက ဒုတိယကမ္ဘာထံ တံခါးတစ်ချပ်သဖွယ် ဖြစ်၏။ ထိုတံခါးတွင် သော့ ၁၃ ခု ရှိပြီး စိတ်ခံစားချက် ၇မျိုးနှင့် လိုအင်ဆန္ဒ၆ပါးတို့၏ စည်းမျဉ်းဥပဒေသများ ဖြစ်ကြသည်။
ဝမ်ပေါင်လဲ့က ရှေးဟောင်းလူများသည် ဒုတိယအလွှာထံ မည်သို့ဝင်ရောက်နိုင်ကြောင်း တွေးမိသွားသည်။
ထို့ကြောင့် သူက ကူးယူရေးတာအိုဖြင့် သော့ကို အောင်အောင်မြင်မြင် ရရှိခဲ့သော်လည်း သူက မူလစကြဝဠာတာအိုနေရာထဲ ရှိနေသည်။ သူ ကူးယူလိုက်သည့်အရာက မပြီးပြည့်စုံပေ။
သူ့ခြေထောက်ချလိုက်သည်နှင့် ဝမ်ပေါင်လဲ့က အလန့်တကြားဖြစ်သွားလေ၏။ သူက သူသာ ဆင်းသက်လိုက်လျှင် သူ ဖန်တီးမည့် လှိုင်းတွန့်များက ဧကရာဇ်စိတ်ဝိညာဉ် ရောက်ရှိလာသည်ထက်ပင် ပိုမိုတုန်လှုပ်ဖို့ ကောင်းမည်မှန်း သိလိုက်သည်။ တစ်ပြိုင်နက် ဧကရာဇ်စိတ်ဝိညာဉ် ရာချီ၊ ထောင်ချီ ပေါ်ထွက်လာဖို့ရာ ဖြစ်နိုင်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဧကရာဇ်စိတ်ဝိညာဉ်များ ရောက်ရှိလာသည့် အကြောင်းအရင်းကို ခန့်မှန်းမိပြီးသား ဖြစ်သည်။
ဤသည်က ပြင်ပလောကမှ တာအိုကြောင့် ဖြစ်၏။
ဤမူလစကြဝဠာတာအိုနေရာထဲတွင် အသုံးပြုထားသည့် စည်းမျဉ်းဥပဒေသ ၁၄ မျိုး ရှိလေသည်။ ပထမ ၁၃မျိုးက စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများ ဖြစ်၏။ နောက်ဆုံးအမျိုးအစားကမူ ရှေးဟောင်းလူများ ကျင့်ကြံသည့်အရာ ဖြစ်လိမ့်မည်။ ဝမ်ပေါင်လဲ့က ထိုအရာကို မသိပေ။ သို့သော်လည်း ထိုတာအိုဇစ်မြစ်သည် သွေးမျိုးဆက်နှင့် ဆက်နွယ်နေမည်ဖြစ်ကြောင်း အကြမ်းဖျင်း ခန့်မှန်းမိ၏။
သူတို့က မည်သည့်ခေတ်ကာလတွင် မွေးဖွားစေကာမူ သူတို့ခန္ဓာကိုယ်ထဲ သွေးမျိုးဆက် ရှိနေလိမ့်မည်။ ထိုသွေးမျိုးဆက်က သူတို့အား နိုးထအသက်ဝင်လာပြီးသည့်နောက်တွင် အချုပ်အနှောင် မရှိစေဖို့ ခွင့်ပြုပေးလိမ့်မည်။
စည်းမျဉ်းဥပဒေသ ၁၄ကလွဲ၍ မူလစကြဝဠာတာအိုနေရာထဲ တခြားစည်းမျဉ်းများကို အပြင်လူအဖြစ် မှတ်ထားကာ ဧကရာဇ်စိတ်ဝိညာဉ် ရောက်ရှိလာမှုကို ဖြစ်စေလိမ့်မည်။
ဧကရာဇ်စိတ်ဝိညာဉ်က နတ်ဘုရားစိတ်ဝိညာဉ် ဖြစ်သလို အစောင့်အရှောက် စိတ်ဝိညာဉ်လည်း ဖြစ်၏။
ဝမ်ပေါင်လဲ့၏ သုံးသပ်ချက်အရ ဧကရာဇ်စိတ်ဝိညာဉ် အရေအတွက်သည် တစ်သိန်းသာ ဖြစ်သည်။
ထို့ကြောင့် သဘောတရားအရ ထိပ်သီး စတုတ္ထအဆင့်ရှိထားသည့် ဧကရာဇ်စိတ်ဝိညာဉ်တစ်သိန်းကို လျစ်လျူရှုထားနိုင်သည့် အားကောင်းသော ကျင့်ကြံသူရှိပါက ထိုသူသည် အိပ်စက်နေသည့် ဧကရာဇ်ဆီ တိုက်ရိုက်ဝင်ရောက်သွားနိုင်သည်။
သို့သော်လည်း ဝမ်ပေါင်လဲ့က ဝမ်ရီရီ၏ ဖခင်ပင် ဤသို့စွမ်းအားမျိုး ပိုင်ဆိုင်ထားမည်လား မသိပေ။ သို့သော်လည်း သူ့လက်ရှိကျင့်ကြံဆင့်ဖြင့် မလုပ်နိုင်ပေ။
ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ပျော်ရွှင်မှုတာအိုရှိသည့် လူငယ်လေးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
လူငယ်လေးက သူ့နှလုံးသားမှ တုန်လှုပ်မှုကို ဖိနှိပ်ထားရင်း အသက်ပြင်းပြင်းရှူလိုက်သည်။ သူက သူ့ခန္ဓာကိုယ်ထဲမှ ပျော်ရွှင်မှုတာအို တစ်မျှင်ကို အလျင်အမြန် ခွဲထုတ်လိုက်ပြီး အနီရောင်မျိုးစေ့အဖြစ် စုစည်းကာ သူ့ရင်ဘတ်မှ ထွက်ပေါ်လာခဲ့သည်။
ထိုမျိုးစေ့ ထွက်ပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်က အားနည်းသည့် အရိပ်အယောင် ပြသလာသည်။ သို့သော်လည်း သူ့အပြုအမူများတွင် တုံ့ဆိုင်းနေမှု မရှိပေ။ သူက ပျော်ရွှင်မှုတာအိုမျိုးစေ့ကို ဝမ်ပေါင်လဲ့ထံ ပေးလိုက်၏။ ထို့နောက် သူက ပြတ်သားစွာဖြင့် သူနှင့် မျိုးစေ့ကြားမှ ဆက်နွယ်မှုကို ဖြတ်တောက်ပစ်ခဲ့သည်။
ဝမ်ပေါင်လဲ့က လက်ကိုမြှောက်ကာ ပျော်ရွှင်မှုတာအိုမျိုးစေ့ကို လက်နှစ်ချောင်းဖြင့် ညှစ်လိုက်သည်။ သူ့မျက်ဝန်းအထက် ထူးဆန်းသည့်အကြည့်တစ်ခု ပေါ်ထွက်လာ၏။ သူ့မျက်ဝန်းက ပြောင်းလဲသွားကာ ပျော်ရွှင်မှုတာအိုမျိုးစေ့ကို ထုတ်ဖော်နေသည်။ ထိုအရာက ထပ်မံ ကျယ်ပြန့်လာ၏။
ဤစက်ဝန်းက အကြိမ်များစွာ ဆက်တိုက်ဖြစ်ပြီးသည့်နောက်တွင် ပျော်ရွှင်မှုတာအိုမျိုးစေ့ထဲတွင် ဗဟိုချက်၌ ထူးကဲသည့် သင်္ကေတတစ်ခုဖြစ်သည့် ပျော်ရွှင်မှုတာအိုစည်းမျဉ်းကို မြင်လိုက်ရသည်။
ထိုသင်္ကေတက အပြုံးမျက်နှာနှင့် တူ၏။
သူ့စိတ်ထဲကို ထိုအရာနှင့် ပေါင်းစည်းလိုက်သည့်အခါ သူက ရယ်သံများစွာကို ကြားလိုက်ရသည်။ မိုးမြေနှင့် သက်ရှိအားလုံး၏ ပျော်ရွှင်မှုကို ခံစားမိလိုက်၏။ ဤသည်က ဝမ်ပေါင်လဲ့အား တငေးတမော ဖြစ်သွားစေသည်။ ခဏကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူကာ သူ့လက်ဖျားထိပ်မှ ပျော်ရွှင်မှုတာအိုမျိုးစေ့ ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းသွား၏။
သူက မျက်လုံးကိုမှိတ်ကာ ခေတ္တမျှ စဉ်းစားလိုက်သည်။ လူငယ်လေးက စိတ်လှုပ်ရှားကာ စိုးရိမ်နေသော်လည်း ဝမ်ပေါင်လဲ့က မျက်လုံးကို ဖွင့်လာသည်။ ပျော်ရွှင်နေသည့် အရိပ်အယောင်က သူ့ခန္ဓာကိုယ်မှ ယခင် ထုတ်လွှတ်နေသည့်အရာထက် ပိုမိုပင် စစ်မှန်လာခဲ့၏။ ပြောရမည်ဆိုလျှင် သူ့ကို မြင်တွေ့လိုက်လျှင် မနေနိုင်ဘဲ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်လာမိသည်။
ရလဒ်အနေဖြင့် လူငယ်လေး၏ တုံ့ပြန်မှုက ယခင်ကထက်ပင် ပိုမိုအားကောင်းလာ၏။ သူက အရူးတစ်ယောက်လိုမျိုး ဆက်တိုက် ရယ်မောနေသည်။ သူက မရပ်တန့်နိုင်ပေ။ သူ့တစ်ကိုယ်လုံးက သက်တောင့်သက်သာဖြစ်သွားပြီး သတိထားနေသည့် အရိပ်အယောင်ဟူ၍ မရှိတော့ပေ။
ထိုအရာကို မြင်ကာ ဝမ်ပေါင်လဲ့၏ စိတ်ထဲ တုန်ယင်သွား၏။
စိတ်ခံစားချက် ၇မျိုးထဲက ပျော်ရွှင်မှုတဲ့လား…
ထိုအရာက ညင်သာဟန်ပေါ်သော်လည်း လက်တွေ့တွင်မူ လွှမ်းမိုးမှုအား ကြီးလေသည်။ ဤတာအိုကို အထွတ်အထိပ်အထိ ကျင့်ကြံပါက သက်ရှိအားလုံးကိုပင် ရူးသွပ်သွားအောင် လုပ်နိုင်လိမ့်မည်။ သူသွားသည့်နေရာတိုင်းတွင် သက်ရှိအားလုံးက စိတ်လွတ်ကိုယ်လွတ် ဖြစ်ကုန်ကြလိမ့်မည်။
ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့က အသိစိတ်လွတ်ကာ ပျော်ရွှင်နေသည့် လူငယ်လေးကို ဆုပ်ကိုင်လိုက်သည်။ သူက အနီရောင်မြူခိုးဆီ ဦးတည်လိုက်၏။ ဤတစ်ကြိမ် သူက အန္တရာယ်ကို မခံစားမိတော့ပေ။ သူ အောင်အောင်မြင်မြင် ဆင်းသက်ပြီးသည့်နောက်တွင် သူ ဆွဲကိုင်ထားသည့် လူငယ်လေးနှင့်အတူ အနီရောင်မြူခိုးထဲ ပျောက်ကွယ်သွားလေသည်။
ဝမ်ပေါင်လဲ့က အကာအရံကို ချိုးဖောက်လာပြီးသည့်နောက် သူ့မျက်မှောက်ရှေ့ ပန်းချီကားသဖွယ် ကမ္ဘာအသစ်တစ်ခု ပေါ်ထွက်လာလေသည်။