အစိမ်းဝတ် အမျိုးသမီး
Vol. 95 Ch. 1318
တစ်ချိန်တည်းဆိုသလို တောင်ထိပ်တွင် ထိုင်နေသည့် ဝမ်ပေါင်လဲ့က တစ်စုံတစ်ခုကို သတိထားလိုက်မိဟန်ပေါ်သည်။ သူက ခေါင်းကိုမော့ကာ ကောင်းကင်ယံကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်အသာကြုတ်လိုက်၏။
ယခုလေးတွင် သူက သူ့ကို စစ်ဆေးသွားသည့် နတ်ဘုရားအသိစိတ်တစ်မျှင်ကို ခံစားမိလိုက်သည်။ သို့သော်လည်း ထိုနတ်ဘုရားအသိစိတ်က အသိဉာဏ် ကင်းမဲ့နေ၏။ ထိုအရာက စက်ယန္တရားနှင့် တူကာ ပြင်ပမှ စည်းမျဉ်းဥပဒေသများကို အာရုံစိုက်ဖို့ အသုံးပြုနေဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့အတွက် သူ့ခန္ဓာကိုယ်အတွင်းရော အပြင်ရောပါ ပျော်ရွှင်မှုစည်းမျဉ်းဥပဒေနှင့် ပြည့်နှက်နေပြီ ဖြစ်၏။ ယခင်လပိုင်းအတွင်း ကျင့်ကြံမှုက သူ့ခန္ဓာကိုယ်ထဲမှ ပြင်ပလောကမှ စည်းမျဉ်းဥပဒေသများကို အပြီးတိုင် ဖုံးကွယ်ထားနိုင်ခဲ့သည်။
ထိုအရာက သူ့ပဉ္စမအဆင့် ကျင့်ကြံရေးနှင့်ပါ ပတ်သက်နေသည်။ သူက တာအိုတစ်သောင်းကို အသုံးပြုနိုင်သည့်အတွက် အသေးစိတ်ကို အဆုံးစွန်အထိ ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် သူက ပြီးပြည့်စုံစွာ ဖုံးကွယ်နိုင်ခြင်း ဖြစ်၏။
အကယ်၍ စတုတ္ထအဆင့်ဆိုပါက တာအိုတစ်ခုတည်း၏ ဇစ်မြစ်သာ ရှိလိမ့်မည်။ ယခု ဝမ်ပေါင်လဲ့ကဲ့သို့ အပြီးတိုင် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
မူလစကြဝဠာတာအိုနေရာက အမှန်တကယ် နက်ရှိုင်းလွန်းလှသည်။ ဝမ်ပေါင်လဲ့က ကောင်းကင်မှအကြည့်ကို ပြန်ရုတ်သိမ်းပြီး မျက်လုံးအသာမှိတ်လိုက်၏။ သူက ဆက်လက် တရားထိုင်နေစဉ် သူ့ခန္ဓာကိုယ်ထဲမှ ပျော်ရွှင်မှုတာအိုမျိုးစေ့ကို ပိုမိုအားကောင်းအောင် လုပ်ဆောင်လိုက်သည်။ အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်သွား၏။ သိပ်မကြာခင် နောက်ထပ် သုံးလကုန်ဆုံးသွားသည်။
ဝမ်ပေါင်လဲ့၏ ပျော်ရွှင်မှုတာအိုစည်းမျဉ်းဥပဒေသက ပိုမိုပြီးပြည့်စုံသည့် အနေအထားသို့ ရောက်ရှိလာသည်။ တစ်ချိန်တည်းဆိုသလို သူက တောင်ခြေမှ ရွာသားများ၏ ကြင်နာမှုကိုပင် ခံစားမိလာ၏။ ပျော်ရွှင်မှုတာအို ကျင့်ကြံကြသည့်သူအများစုက ကြင်နာသည့်သူများ ဖြစ်ကြသည်။ ထိုအရာက စည်းမျဉ်းဥပဒေသ၏ ဇစ်မြစ်နှင့် သက်ဆိုင်နေ၏။ ဝမ်ပေါင်လဲ့က ထိုသို့သော ကြင်နာမှုမျိုးကို သဘောကျလေသည်။
သို့သော်လည်း ဤမူလစကြဝဠာတာအိုနေရာထဲတွင် ကြင်နာမှုက အဓိကအချက် မဟုတ်ပေ။ အမှောင်ထုအတွင်း မီးတုတ်သဖွယ်မျှသာ ဖြစ်၏။ ထိုအရာက အမှောင်ထုကို မကျော်လွှားနိုင်ပါက နောက်ဆုံးသောရလဒ်သည် အမှောင်ထုအတွင်း ချုပ်ငြိမ်းသွားရလိမ့်မည်။
ဤသည်က ပျော်ရွှင်မှုအဖွဲ့ခွဲအတွက်လည်း ဤသို့သာ ဖြစ်၏။ ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့က ရုတ်ချည်းဆိုသလို မျက်လုံးဖွင့်လာကာ တောင်ဘေးဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။
သူ မြင်လိုက်ရသည့်အရာက အမှောင်ထုသာ ဖြစ်၏။ ဤသည်က သာမန်နှင့် ကွဲထွက်နေဟန်မပေါ်ပေ။ သူက လရောင်မှိန်ဖျဖျအောက်တွင် မြက်ပင်နှင့် သစ်ပင်ကြားမှ အရိပ်များကိုပင် မြင်တွေ့နိုင်၏။ သို့သော်လည်း အင်မတန် တိတ်ဆိတ်လွန်းနေသည်။
ဤတိတ်ဆိတ်မှုက ဝမ်ပေါင်လဲ့၏ စိတ်ထဲ ထူးဆန်းသည့် သီဆိုသံကို ကြားယောင်လာစေသည်။
“နောက်ဘဝကို ဘယ်တော့မှ မကူးဘူး … ငါ့ရဲ့ နေရာက ဒီမှာ အမြဲတမ်း ရှိတယ်…”
ဤသည်က အမျိုးသမီးတစ်ဦး၏ အသံ ဖြစ်၏။ ထိုအသံထဲတွင် ခါးသီးမှု၊ ထူးဆန်းမှုနှင့် ဖိနှိပ်မှုတို့ ကိန်းအောင်းနေသည်။ ထိုအရာက မလိုလားမှုတို့ ပါဝင်နေပြီး အော်ဟစ်ချင်သော်လည်း ထိုအရာကို ထုတ်ဖော်နိုင်ခြင်း မရှိပေ။
ဝမ်ပေါင်လဲ့၏ နားထဲဝင်ရောက်လာသည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူ့စိတ်နှလုံးသားက မမြင်နိုင်သည့် လက်တစ်စုံဖြင့် ဆွဲကိုင်ခံလိုက်ရဟန်ပေါ်သည်။ ထို့နောက် ထိုအရာကို ဖြည်းဖြည်းချင်း ဖြစ်ညှစ်ပြီး ဆွဲထုတ်နေသည့်အတွက် ဆက်နွယ်နေသည့် သွေးကြောမျှင်များကိုပင် အစိတ်စိတ်အပိုင်းပိုင်း ချေမွပစ်နေဟန်ပေါ်သည်။
ထိုအခိုက်အတန့်လေး၌ မဲမှောင်နေသည့် တောင်နိမိတ်က ရုတ်ချည်းဆိုသလို ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲတွင် ကြည်လင်လာ၏။ လရောင်က ဤကမ္ဘာထဲ ထိုးဖောက်လာပြီး ယခင်ကထက် ပိုမိုကြည်လင်လာဟန်ပေါ်သည်။ ထိုအရာ၏ အကူအညီဖြင့် သူက အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ပုခုံးအထက် ဆံပင်များ ချထားသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရ၏။ သူမက ခေါင်းငုံ့ထားပြီး တောင်နိမိတ်ဝန်းကျင်ဆီ လျှောက်လှမ်းလာနေသည်။ သူမ၏ ပုံရိပ်က ရှည်လျား၏။ သွေးစက်များကိုပင် မြင်တွေ့နိုင်သည်။ သူတို့က သူမ မျက်နှာအထက် ဖြည်းဖြည်းချင်း စီးဆင်းလာပြီး အနက်ရောင်ဆံပင်ဖြင့် ဖုံးလွှမ်းထား၏။
သူမ ဝန်းကျင်တွင် ဝေဝေဝါးဝါး ပုံရိပ်ရာချီ ရှိနေသည်။ ထိုပုံရိပ်များက တစ်ခါတစ်ရံတွင် တေးဂီတများအဖြစ်သို့ ပြောင်းလဲသွားသလို တစ်ခါတစ်ရံတွင် သူတို့၏ လူသားအသွင်အဖြစ် ပြောင်းလဲသွားသည်။ ထိုအမျိုးသမီးနှင့် အတူတူ သူတို့က တောင်ခြေမှ ရွာသို့ ဖြည်းဖြည်းချင်း ဦးတည်လာနေ၏။
တေးဆိုသံက ပိုမိုကြည်လင်ပြတ်သားလာသည်။
“ငါ့ရဲ့ လွမ်းဆွတ်မှုနဲ့…”
“ပြန်လာဖို့ ဘယ်သူကများ စောင့်ဆိုင်းနေဦးမှာလဲ”
သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အလင်းဖောက်နိုင်သည့် တောင်တန်းက သွေးနီရောင် ပြောင်းလဲသွားခဲ့သည်။ အပင်များကလည်း ညှိုးနွမ်းခြောက်သွေ့သွားလေ၏။ ထိုအသံပိုင်ရှင်၏ အမုန်းတရားက ပိုမိုအားကောင်းလာသည်။
ဝမ်ပေါင်လဲ့၏ စိတ်က ထပ်မံလှုပ်ခတ်သွားပြီး သူ့ခန္ဓာကိုယ်မှ ပျော်ရွှင်မှုက ချက်ချင်း ပျက်သုဉ်းသွားသည်။ သူက မျက်မှောင်အသာကြုတ်ကာ ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်၏။ ကမ္ဘာပေါ် နားလည်ထားမှုရ ထိုအမျိုးသမီး၏ နောက်ခံကိုသိဖို့ ခန့်မှန်းစရာ မလိုအပ်ပေ။
သူမက ထင်းယွိမြို့တော်မှ ဖြစ်၏။ သို့သော်လည်း ဤတစ်ကြိမ် ပေါ်ထွက်လာမှုက ယခင်အနီရောင်မြူခိုးအတွင်း တွေ့ကြုံခဲ့ရသည်နှင့် အတော်လေး ကွဲပြားနေ၏။ ယခင်က ဂီတသင်္ကေတများသာ ဖြစ်ပြီး သီချင်း မဟုတ်ပေ။
သို့သော်လည်း ယခုပေါ်ထွက်လာသည့်အရာက ပြီးပြည့်စုံသည့် သီချင်းသာမကဘဲ စာသားများပါ ပါရှိ၏။
ထိုအရာက သူ့စိတ်ကိုပင် သက်ရောက်မှုရှိသည့်အတွက် အစိမ်းဝတ် အမျိုးသမီးသည် ထင်းယွိမြို့တော်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ကြောင်း သိသာလှ၏။
သူမက ငါ့ကို ရှာဖို့ ရောက်လာတာလား ဒါမှမဟုတ်ဘူးဆိုရင် တောင်ခြေမှာရှိတဲ့ ပျော်ရွှင်မှုအဖွဲ့ခွဲကို ဖျက်ဆီးဖို့ ရောက်လာတာလား။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် အေးစက်စက် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ ပျော်ရွှင်မှုအဖွဲ့ခွဲမှ ကျင့်ကြံသူများကလည်း နိုးထနေကြပြီ ဖြစ်၏။ ထို့နောက် အမှောင်ထုက ဖိနှိပ်ခံထားလိုက်ရသလိုမျိုး ပျော်ရွှင်မှုလှိုင်းလုံးက လေထုထဲ ပြည့်နှက်သွားလေသည်။ သို့သော် မီးတုတ်က ငြှိမ်းသတ်ဖို့ မလိုလားသော်ငြား သူတို့က တောင့်ခံနိုင်ရုံမျှသာ ဖြစ်၏။
ပျော်ရွှင်မှုလှိုင်း ပျံ့နှံ့လာသည့်အခါ ကူးသန်းပြောင်းရွှေ့ရေး ဂိတ်ပေါက်တစ်ခု ပေါ်ထွက်လာသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ဒိုင်းကာတစ်ခုအသွင် ပြောင်းလဲသွားသည့် အလင်းတန်း ပေါ်ထွက်လာသည်။
ပျော်ရွှင်မှုအဖွဲ့ခွဲအနေဖြင့် အားနည်းလွန်းပြီး နှစ်များစွာ အမဲလိုက်ခံခဲ့ရသည်။ သူတို့အနေဖြင့် အသက်ကယ် နည်းစနစ်တချို့ ရှိသည်မှာ ပုံမှန်သာ ဖြစ်၏။ ကူးသန်းပြောင်းရွှေ့ရေး ဂိတ်ပေါက်ကလည်း သူတို့ထဲမှ တစ်ခုသာ ဖြစ်လိမ့်မည်။
ထိုအလင်းပိတ်ကားချပ် တစ်ခုနှင့်တစ်ခု ဆက်နွယ်သွားပြီး ပြီးပြည့်စုံသည့် ဒိုင်းကာတစ်ခု ထွက်ပေါ်လာသည့်အခါ ပြောင်းရွှေ့မှုစတင်မည် ဖြစ်၏။
သိုသော်လည်း ထင်းယွိမြို့မှ ရောက်ရှိလာသူများက အင်မတန်အားကောင်းကြောင်း သိသာလှသည်။ ထူးဆန်းသည့် တေးဆိုသံက ရွာထဲတွင်ရှိသည့် လူအားလုံး၏ စိတ်အပေါ် သက်ရောက်မှုရှိလာပြီး သူတို့၏ စိတ်နှလုံးသားက ဆုပ်ကိုင်ခံထားရသလိုမျိုး မျက်နှာဖြူဖျော့လာလေသည်။ သူတို့၏ အသက်ဓာတ်က ဖြည်းဖြည်းချင်းစီ ကုန်ဆုံးသွား၏။
ထိုအရာက ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသအပေါ် သက်ရောက်မှု ဖြစ်စေသည်။ ကူးသန်းပြောင်းရွှေ့ရေး မန္တန်ကို အသက်သွင်းမှုက ချက်ချင်းပြီးမြောက်မည် မဟုတ်ပေ။ သီချင်းသံ ထွက်ပေါ်လာသည့်အခါ အလင်းပိတ်ကားချပ်များက ယိုင်လဲမည့် အရိပ်အယောင်ပြသလာ၏။
ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။ သူက ဤနေရာတွင် နှစ်ဝက်ခန့်မျှနေထိုင်ခဲ့ပြီး ရွာကို အသိအမှတ်ပြုထားသည့်အတွက် ဘေးထွက်မနေနိုင်ပေ။ တစ်ဖက်သူက သူ့ကို လာရှာခြင်းဖြစ်စေ သို့မဟုတ် ပစ်မှတ်က ရွာဖြစ်စေကာမူ သူအနေဖြင့် ဒီအတိုင်း ကြည့်မနေနိုင်ပေ။
ရွာထဲတွင် အလင်းပိတ်ကားချပ် ပျက်ယွင်းသွားသည်နှင့် ဝမ်ပေါင်လဲ့က အစိမ်းဝတ်အမျိုးသမီးကို ကြည့်လိုက်သည်။ သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာ၏။ ထိုအပြုံး ပေါ်ထွက်လာသည့်အခါ ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသက ပေါက်ထွက်လာသည်။ ထိုအရာက အဖက်ဖက်သို့ ပျံ့နှံ့သွားလေ၏။
ထိုအရာ ပျံသန်းသွားသည့်အချိန်တိုင်း ညှိုးနွမ်းသွားသည့် သစ်ပင်ပန်းမန်များက ပြန်လည်အသက်ဝင်လာသည်။ သွေးနီရောင်ဖြင့် စွန်းထင်းနေသည့် တောင်နိမိတ်တစ်ခုလုံးက ဆေးကြောခံလိုက်ရဟန်ပေါ်ပြီး နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားလေသည်။ အလင်းထိုးဖောက်လုမတတ်ဖြစ်နေသည့် ကမ္ဘာကြီးက ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာ၏။
အစိမ်းဝတ် အမျိုးသမီးအတွက်မူ ရုတ်တရက် ရပ်တန့်လိုက်ရသည်။ သူမအနားတွင် ရှိနေသည့် တေးဆိုသူ ၇ဦးတို့က မနေနိုင်ဘဲ ပြုံးလိုက်မိကြသည်။ သူတို့၏ မျက်နှာအထက် အပြုံး ပေါ်ထွက်လာသည်နှင့် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ရွာထဲ အလင်းပိတ်ကားချပ်တို့က ပေါင်းစည်းသွားခဲ့သည်။ ပျော်ရွှင်မှုအဖွဲ့ခွဲမှ ကျင့်ကြံသူများ ထွက်သွားကြသောကြောင့် အစိမ်းဝတ် အမျိုးသမီးက ရပ်ကာ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်၏။
လရောင်အောက်တွင် သူမ၏ အနက်ရောင်ဆံပင်ကြားမှ သူမ၏ မျက်နှာကို မြင်တွေ့နေရသည်။ ထိုမျက်နှာက ဒွာရခုနစ်ပေါက်လုံးမှ သွေးများ စီးကျနေလေ၏။ ထို့နောက် သူမ၏ လည်ပင်းအထက် ညိုမည်းနေသည့် အမာရွတ်များစွာ ရှိနေသည်။ သူမ၏ မျက်ဝန်းက နက်ရှိုင်းနေပြီး ထိုအကြည့်ထဲတွင် မိန်းမပျိုတစ်ယောက်၏ ပုံရိပ်ရှိနေသည်။ ထိုသူက ဖိနှိပ်နိုင်စွမ်းရှိသည့် သီချင်းကို သီဆိုရင်း ကြော့ရှင်းစွာကခုန်နေသည့် အမျိုးသမီးတစ်ဦးနှင့် တူ၏။
“ညမိုးက ဆောင်းဦး မီးအိမ်အဖြစ် ပြောင်းလဲသွားပြီး ဗလာစင်မြင့်ကို အလင်းပေးနေတာ …
ရောက်လာသင့်တဲ့ အရာက ရောက်မလာခဲ့ဘူး။ ဖြစ်လာသင့်တဲ့ အရာက ဖြစ်မလာခဲ့ဘူး”