အစောင့်အရှောက်
Vol. 95 Ch. 1320
ဝမ်ပေါင်လဲ့က တာအိုမျိုးစေ့နှင့် မစိမ်းသက်ပေ။
ယခင်က ကျောက်ပြားကမ္ဘာတွင် ရှိစဉ်အချိန်က တာအိုကို သယ်ဆောင်နိုင်သည့် အသုံးပြုပစ္စည်းများစွာကို တွေ့ခဲ့ဖူးသည်။ အတိအကျပြောရမည်ဆိုလျှင် ထိုကွဲပြားသည့် စည်းမျဉ်းများ ရှိနေသည့် ရတနာများက တစ်ပိုင်းတစ်စသာ ပြီးမြောက်သည်ဟု မှတ်ယူနိုင်သည်။ သူတို့က သူ့တာအိုနည်းစနစ်ကို သယ်ဆောင်ပေးပြီး တာအိုမျိုးစေ့ဖြစ်လာခြင်း ဖြစ်၏။
သို့သော်လည်း အစိမ်းဝတ်အမျိုးသမီး၏ စူးစူးရှရှအသံကမူ ဝမ်ပေါင်လဲ့အား တူညီသည့် ခံစားချက်ကို ပေးစွမ်း၏။ ထိုအသံက မပြီးပြည့်စုံသည့် တာအိုမျိုးစေ့ မဟုတ်ဘဲ အစစ်အမှန်တာအိုမျိုးစေ့ ဖြစ်ပေသည်။
ထိုအမျိုးသမီးက ထင်း (နားထောင်ခြင်း) နှင့် ယွိ (တပ်မက်ခြင်း) အတွက် တာအိုကို သယ်ဆောင်ပေးဖို့ ပြီးပြည့်စုံသည့် အရာတစ်ခု ဖြစ်၏။ သူမက ထင်း (နားထောင်ခြင်း)စည်းမျဉ်းနှင့် ယွိ(တပ်မက်ခြင်း) စည်းမျဉ်းဥပဒေသကို ကိုင်ဆောင်ထားလေသည်။ ထိုအရာဖြင့် ပေါင်းစည်းပြီးသည့်နောက်တွင် သူမက တာအိုမျိုးစေ့အဖြစ် ပြောင်းလဲသွားနိုင်သည်။
ဤသည်က ပုံမှန်သဘာဝအတိုင်း ဖြစ်မလာသင့်ပေ။ ထိုအရာကို တစ်စုံတစ်ယောက်မှ ကြံစည်ထားခြင်းသာ ဖြစ်၏။
ဝမ်ပေါင်လဲ့၏ အကြည့်များက တောက်ပလာကာ သူ့ကျင့်ကြံဆင့်နှင့် အသိဉာဏ်တို့ဖြင့် အစိမ်းဝတ်အမျိုးသမီးကို တစ်စုံတစ်ယောက်က မီးပြင်းဖိုအဖြစ် ပြောင်းလဲထားကြောင်း သိလိုက်သည်။ ပြောရမည်ဆိုလျှင် တာအိုမျိုးစေ့ကို ပြုစုပျိုးထောင်ပေးမည့် မီးပြင်းဖို ဖြစ်၏။
ထိုအမျိုးသမီးကို မီးပြင်းဖို ဖြစ်စေနိုင်သည့် စွမ်းရည်ရှိထားသော ကျင့်ကြံသူက ထင်းယွိနည်းစနစ်ကို ကျင့်ကြံသည့် ကျင့်ကြံသူ ဖြစ်လိမ့်မည်။ ပြောရမည်ဆိုလျှင် ထင်းယွိမြို့သခင် ဖြစ်နိုင်၏။
တခြားသော ထင်းယွိကျင့်ကြံသူများလည်း ဖြစ်နေနိုင်သည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ ထင်းယွိမြို့တော်၌ မြင့်မားသည့်အဆင့် ပိုင်ဆိုင်ထားလိမ့်မည်။
စိတ်ဝင်စားစရာပဲ…
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ တာအိုမျိုးစေ့ကို အထွတ်အထိပ်ရတနာအဖြစ် ပြောမည်ဆိုလျှင်ပင် လွန်ကဲရာကျမည် မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က ထိုအရာကို သူတို့ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းခဲ့ပါက ထင်းယွိစည်းမျဉ်းဥပဒေသကို နားလည်ရာ၌ မယုံကြည်လောက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိသွားလိမ့်မည်။
ဝမ်ပေါင်လဲ့အတွက် ထိုအရာကို ရရှိလိုက်ပြီး အချိန်ပေးသည်နှင့် ထင်းယွိစည်းမျဉ်းဥပဒေသ၏ ဇစ်မြစ် ဖြစ်လာနိုင်သည်။
တာအိုမျိုးစေ့က သော့တစ်ခုလို ဖြစ်၏။ သော့က ဇစ်မြစ်ထံ သော့ ဖြစ်ပေသည်။
သို့သော်လည်း စွန့်စားမှုတချို့ရှိလေသည်။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် တုံ့ဆိုင်းမှုတို့ ဖြတ်ပြေးသွား၏။ အကယ်၍ သူသာ လှုပ်ရှားမည်ဆိုလျှင် အစိမ်းဝတ်အမျိုးသမီးကို ဖိနှိပ်ပြီး သူ့အနေဖြင့် လပိုင်းခန့်မျှ ကျင့်ကြံထားသည့် ပျော်ရွှင်မှုတာအိုစည်းမျဉ်းဖြင့် တာအိုမျိုးစေ့ကို သန့်စင်နိုင်မည် မဟုတ်ပေ။ သူ့အနေဖြင့် ပြင်ပလောကမှ စည်းမျဉ်းကို အသုံးပြုဖို့ရာ လိုအပ်၏။ သို့သော်လည်း ထိုသို့လုပ်မည်ဆိုပါက စွန့်စားမှုနှစ်ခု ရှိလေသည်။
ပထမတစ်ခုက ထိုအမျိုးသမီးကို မီးပြင်းဖိုအဖြစ် ပြောင်းလဲသည့်သူက သူ့ဆီမှ ဖြစ်၏။ ဝမ်ပေါင်လဲ့က ထိုသူကို မသိပေ။ ထိုသူက အဆင့်မြင့်ကျင့်ကြံသူသာ ဖြစ်လိမ့်မည်။ အကယ်၍ သူသာ တစ်ဖက်လူ၏ ပစ္စည်းကို ခိုးယူခဲ့ပါက ကမ္ဘာ့ရန်ဖြစ်သွားလိမ့်မည်။ တစ်ဖက်လူက သူ့ကို လိုက်လံရှာဖွေဖို့ အားသွန်ခွန်စိုက်ကြိုးစားလိမ့်မည်။
ထိုစွန့်စားမှုက ဒုက္ခများ၏။ သို့သော် ဝမ်ပေါင်လဲ့က များများစားစား ဂရုမစိုက်ပေ။ သူ့ကို တုံ့ဆိုင်းစေသည့်အရာက ဒုတိယစွန့်စားမှုကြောင့် ဖြစ်၏။ ထိုအရာက ဧကရာဇ်စိတ်ဝိညာဉ်နှင့် နတ်ဧကရာဇ် နိုးထလာနိုင်သည့် အရိပ်အယောင်များကြောင့် ဖြစ်၏။
သို့သော်လည်း တာအိုမျိုးစေ့ ပေါ်ထွက်လာမှုက သူ့အနေဖြင့် ကမ္ဘာထံ သဟဇာတဖြစ်နိုင်မည့် ဒုတိယလမ်းစဉ် ဖြစ်ပေသည်။ ထို့ကြောင့် ခေတ္တမျှ တွေ့ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ အကြည့်က ဆုံးဖြတ်ချက်ပြတ်သားစွာ တောက်ပလာ၏။
ထိုအရာအားလုံးက အချိန်အတော်ကြာဖြစ်ဟန်ပေါ်သော်လည်း လက်တွေ့တွင်မူ ဝမ်ပေါင်လဲ့၏ စိတ်ထဲ၌သာ ရှိနေခြင်း ဖြစ်၏။ ထိုဖြစ်စဉ်က အသက်ရှိုက်စာ အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။ ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် သူ့ဝန်းကျင်လေထုထဲ၌ စူးစူးရှရှ အသံများ ပြည့်နှက်လာသည်။ သူ့အကြည့်က ဖျတ်ခနဲ တောက်ပသွားကာ ထိုအစိမ်းဝတ်အမျိုးသမီးကို ကြည့်လိုက်၏။
သူ့ခန္ဓာကိုယ်ထဲ အစွန်းရောက်တာအို ၈ပါးက လှည့်ပတ်လာကာ ထိုအမျိုးသမီး ထုတ်လွှတ်နေသည့် စူးစူးရှရှအသံကို ဂီတသင်္ကေတအဖြစ် ပြောင်းလဲသွားစေသည်။
ဂီတသင်္ကေတက သင်္ကေတအက္ခရာနှင့် တူပြီး အမျိုးသမီးတစ်ယောက်၏ ကျောနှင့် တူလေသည်။ တစ်ချက်တည်း ကြည့်ရုံဖြင့် စိတ်ထဲစွဲမှတ်နိုင်သည်။ ထိုစဉ် ထိုအရာက သူ့ဆီ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် အရှိန်အဝါဖြင့် ပြေးဝင်လာနေသည်။
သူ့အနီးအနား ရောက်ရှိလာသည့်အခါ ထိုဂီတသင်္ကေတက ဝမ်ပေါင်လဲ့ကို ရှင်းထုတ်ပစ်နိုင်သည့်အလား သူ့မျက်ခုံးထဲ ထိုးဖောက်ဝင်ရောက်လာသည်။ ဂီတသင်္ကေတ နီးကပ်လာသည့်အခါ လက်တံများ ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို အပေါက်ဖောက်လိုဟန်ပေါ်၏။
ဝမ်ပေါင်လဲ့၏ စိတ်ထဲ အသံက ပျံ့နှံ့လာသည်မှာ အမုန်းတရားနှင့် ဖိနှိပ်မှုသာ ပြည့်နှက်နေခြင်း မကတော့ပေ။ အလှတရား၊ ရယ်မောသံ၊ ငိုကြွေးခြင်းနှင့် ငှက်သံနှင့် သားရဲသံများပင် ပါဝင်လာသည်။
ဤသည်က အသက်ဓာတ် အရိပ်အယောင် မရှိသည့် ထူးထူးဆန်းဆန်း ပစ္စည်းများ၏ အသံပင် ပါဝင်၏။ ထိုအသံမျိုးစုံက ကမ္ဘာကြီး၏ အသံအားလုံးကို စုဝေးထားဟန်ပေါ်ပြီး သဘာဝအသံကဲ့သို့ ရောနှောသွားလေသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့ဆီ ဦးတည်လာသည့်အခါ သူတို့က နတ်ဆိုးဆန်လာသည်။
အကယ်၍ တခြားသူသာဆိုပါက ထိုထင်းယွိစည်းမျဉ်းဥပဒေသကြောင့် စိတ်ပျောက်ဆုံးသွားနိုင်သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ထိုအရာသည် တာအိုမျိုးစေ့တစ်ခုသာ ဖြစ်သည့်အတွက် သူ့ဝိညာဉ်ကို လှုပ်ခါနိုင်စေဖို့ မလုံလောက်ပေ။
ထို့ကြောင့် ထိုသင်္ကေတက သူ့အနီးနားရောက်ရှိလာသည့်အခါ ဝမ်ပေါင်လဲ့က ညာဖက်လက်ကို မြှောက်လိုက်သည်။ ထို့နောက် မြေဓာတ်စည်းမျဉ်းဥပဒေသ ပေါက်ထွက်လာ၏။ ထို့နောက် မြေဓာတ်၏ အသံပေါင်းစည်းနှင့်အတူ သူ့လက်ထဲတွင် ဂီတသင်္ကေတကို ဆွဲကိုင်လိုက်သည်။
အကယ်၍ ပြင်ပလူများရှိနေပါက ဝမ်ပေါင်လဲ့သည် လက်ကိုမြှောက်ကာ လေထုထဲ ဆွဲကိုင်လိုက်သည်ကိုသာ မြင်ရလိမ့်မည်။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ ထိုဂီတသင်္ကေတက ရုန်းကန်လှုပ်ရှားလာ၏။ ထိုအရာက ဝမ်ပေါင်လဲ့၏ လက်ချောင်းကြား ပေါ်ထွက်လာရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
ထိုအရာက လွတ်မြောက်လိုသော်လည်း ဝမ်ပေါင်လဲ့၏ လက်နှစ်ချောင်းက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေ၏။ မြေဓာတ်စည်းမျဉ်းဥပဒေသ လှည့်ပတ်မှုက ထိုအရာကို ခိုင်ခိုင်မာမာ စည်းပိတ်ထားသည်။ တစ်ချိန်တည်းဆိုသလို အစိမ်းဝတ်အမျိုးသမီးက စူးစူးရှရှ အော်ဟစ်နေမှုကို ရပ်တန့်လိုက်သည်။ သူမ၏ ပုံရိပ်က လေနှင့် လွင့်ပါသွားပြီး ပျောက်ဆုံးသွားလေသည်။
သူမ ပျောက်ဆုံးသွားသည့်အခါ ပတ်ဝန်းကျင်ကြောင့် နိမိတ်တစ်ခုလုံးက ပြန်လည်ကောင်းမွန်လာ၏။ ဝမ်ပေါင်လဲ့က တုံ့ဆိုင်းမနေဘဲ ထိုဂီတသင်္ကေတကို သိမ်းဆည်းလိုက်သည်။ ထို့နောက် မြေဓာတ်စည်းမျဉ်းကို ဖယ်ရှားလိုက်ပြီး ပျော်ရွှင်မှုစည်းမျဉ်းကို ဖြန့်ကျက်ခဲ့သည်။ သို့သော်လည်း နောက်ကျလွန်းသွားခဲ့၏။
သူ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုလိုက်သည့် အခိုက်အတန့် နတ်ဘုရားအသိစိတ်တချို့က သူ့အပေါ် ကျရောက်လာသည်။ နောက်အခိုက်အတန့်လေး၌ ပျော်ရွှင်မှုတာအိုစည်းမျဉ်း ဖြန့်ကျက်လိုက်သည့်အခါ ဧကရာဇ်စိတ်ဝိညာဉ်များ၏ ပုံရိပ်က သူ့အနီးနားတွင် ရောက်ရှိလာသည်။
ကောင်းကင်က တုန်ခါသွားပြီး လှိုင်းတွန့်များစွာ ထသွားလေသည်။ ကောင်းကင်မှ အမျက်ဒေါသက ကမ္ဘာပေါ် ဆင်းသက်လာတော့မည့်အလား အနက်ရောင်မိုးကြိုးများပင် ရှိနေလေ၏။
“မြန်လိုက်တာ” ဝမ်ပေါင်လဲ့၏ အမူအရာက မှုန်မှိုင်းသွားသည်။ သူက ဧကရာဇ်စိတ်ဝိညာဉ်များဖြင့် တိုက်ခိုက်နေ၍ အကျိုးမရှိကြောင်း သိထားလေ၏။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ နောက်ဆုတ်လိုက်သည်။ သူ့နောက်တွင် ရှိနေသည့် ဧကရာဇ်စိတ်ဝိညာဉ်များက ခေါင်းမော့ကြည့်လာလေ၏။ သူတို့၏ အဖြူရောင်မျက်နှာဖုံးအောက်တွင် သူတို့၏ မျက်ဝန်းများက အေးစက်နေသည်။ သူတို့က အလင်းတန်းအဖြစ်ပြောင်းကာ ဝမ်ပေါင်လဲ့နောက် လိုက်ဖမ်းကြသည်။
သူ ဖြတ်သန်းသွားရာနေရာတွင် ကောင်းကင်၌ အက်ကြောင်းများ ပေါ်ထွက်လာပြီး မြေကြီးက လှုပ်ခတ်ကာ ပြိုလဲသွား၏။ ငှက်များနှင့် သားရဲများကလည်း ကြောက်ကြောက်လန့်လန့် ဖြစ်သွားကြသည်။ ထိုအရာက ကမ္ဘာရှိ အားကောင်းသော ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
ဤသည်က အန္တရာယ်အများဆုံးကဏ္ဍ မဟုတ်သေးပေ။
ဝမ်ပေါင်လဲ့ကို ခေါင်းကိုက်စေသည်က တခြားကမ္ဘာမှ ရောက်ရှိလာသည့် အကြည့်တစ်ခု ဖြစ်သည်။
ထိုအကြည့်ပိုင်ရှင်က ပထမကမ္ဘာတွင် ကြက်တူရွေးအပေါ် ထိုင်နေသည့် အနက်ဝတ်အမျိုးသား ဖြစ်၏။ ထိုသူက တင်ပျဉ်ခွေထိုင်ကြည့်ကာ မျက်လုံးများကို ပိတ်ထားသော်လည်း မျက်လုံးများက ရုတ်ချည်းပွင့်လာကာ သွေးနီရောင် မျက်ဆံနှစ်ခုကို ထုတ်ဖော်ပြသလာသည်။ သို့သော်လည်း အကယ်၍ အနီးကပ်ကြည့်ပါက မျက်ဆံများသည် သွေးနီရောင်ရှိကာ ရူးသွပ်မှုတို့ ကိန်းအောင်းနေသော်လည်း အသက်ဓာတ်ကင်းမဲ့နေသည်ကို မြင်ရလိမ့်မည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသည့်အရှိန်အဝါက ရုတ်ချည်းဆိုသလို ပေါက်ထွက်လာ၏။
ထို့နောက် ပထမကမ္ဘာတွင် မုန်တိုင်းတစ်ခု အစပျိုးလာခဲ့သည်။ ထိုမုန်တိုင်းက စုဝေးသွားသည့်အခါ ဧရာမ လက်ကြီးသဖွယ် ဖြစ်တည်လာ၏။ ထို့နောက် ကမ္ဘာ၏ ဒုတိယကမ္ဘာဆီ ငုံ့ကြည့်လာကာ မိုးမြေကိုပင်လှုပ်ခတ်သွားစေနိုင်သည့် အရှိန်အဝါဖြင့် လက်ကို ဆန့်ထုတ်လာသည်။