အာသီသ မြို့
Vol. 95 Ch. 1324
ဝမ်ပေါင်လဲ့က အမှတ်အသားပြားကိုကြည့်ပြီး ဘာမေးခွန်းမှ မမေးပေ။ သူက လက်ကိုမြှောက်ကာ ဆွဲယူသည့်ဟန်လုပ်လိုက်၏။ အမှတ်အသားပြားက သူ့ဆီ တိုးဝင်လာသည်။ ဝမ်ပေါင်လဲ့က ထိုအရာကို ဆွဲကာ သိမ်းဆည်းလိုက်၏။ ထို့နောက် သူက အနံ့သင်းသင်း ထွက်ပေါ်နေသည့် တောအုပ်ကို လှမ်းကြည့်လိုက်သည်။
နှောင်းပိုင်း ယွမ်ယင်အဆင့် ကျင့်ကြံသူက ဝမ်ပေါင်လဲ့သည် အမှတ်အသားပြား သိမ်းဆည်းထားသည်ကို မြင်သည့်အခါ သက်ပြင်းချလိုက်သည်။ သို့သော်လည်း သူက ယဉ်ယဉ်ကျေးကျေးဖြင့်သာ ပြောလိုက်သည်။
“တာအိုရောင်းရင်း ကြွပါ”
သူ ပြောပြီးသည့်နောက်တွင် သူက ဘေးဖက်ဆီ ခန္ဓာကိုယ် ကပ်လိုက်၏။ သူက ဝမ်ပေါင်လဲ့ကို ကျောပေး၍ မသွားရဲပေ။ ထိုအစား သူက ဝမ်ပေါင်လဲ့သည် သူ့ဘေးနားရောက်လာသည်အထိ စောင့်ဆိုင်းလိုက်၏။ တစ်ချိန်တည်းဆိုသလို အစောပိုင်း ယွမ်ယင်အဆင့် ကျင့်ကြံသူနှစ်ဦးကလည်း ဘေးဖက် ခပ်ဝေးဝေးသို့ ထွက်သွားလေသည်။ သူတို့က ဘာအရိပ်အယောင်မှ မပြရဲပေ။
ထိုအစား သူတို့က ခုခံဖို့ရာသာ အာရုံစိုက်ထားကြ၏။
ဝမ်ပေါင်လဲ့က ထိုသုံးယောက်၏ အပြုအမူများကို အာရုံမစိုက်ပေ။ မျက်စိတစ်မှိတ်အတွင်း သူက တောအုပ်ထဲ လျှောက်လှမ်းလာ၏။ နှောင်းပိုင်း ယွမ်ယင်အဆင့် ကျင့်ကြံသူကလည်း ရှေ့တိုးလာသည်။ နှစ်ဦးသားက တောအုပ်ထဲ တစ်ပြိုင်နက်ဝင်ကာ ရနံ့ထွက်ပေါ်နေသည့် ဇစ်မြစ်ကို မြင်လိုက်ရသည်။
ထိုအရာက လူတစ်ယောက် အရပ်အမြင့်လောက်ရှိသည့် ဧရာမ ဒယ်အိုးကြီးတစ်လုံး ဖြစ်၏။ ထိုအရာပေါ်တွင် အစိမ်းရောင်ရှိပြီး သင်္ကေတများ ရေးထိုးထားလျက် ရှိသည်။ ထိုအရာမှ ရှေးကျသည့် အငွေ့အသက်ကို ထုတ်လွှတ်နေလေ၏။ သင်္ကေတများက နက်နဲသည့် အဓိပ္ပာယ်ကိန်းအောင်းနေပြီး တိရစ္ဆာန်သင်္ကေတများကို ရေးထွင်းထားမှုဖြင့် ထိုဒယ်အိုးကြီးမှ အသံများ ထုတ်လွှတ်နေလေ၏။
ထိုဒယ်အိုးကြီးထဲတွင် အားကောင်းသည့် တစ်စုံတစ်ခုရှိနေသလို ဖြစ်သည်။ ထိုအရာက တိုက်ခိုက်နေပြီး ဒယ်အိုးကြီးမှ လွတ်မြောက်လိုဟန်ပေါ်သည်။ သို့သော်လည်း ထိုအရာကို ချိုးဖောက်ဖို့ ခက်ခဲလှသည်။ ဧရာမဒယ်အိုးကြီးကြောင့် ဆက်တိုက် သန့်စင်ခံရပြီးသည့်နောက်တွင် လူတစ်ယောက်၏ အစာအိမ်ကိုပင် ရူးခါသွားစေနိုင်လောက်သည့် ရနံ့မျိုး ထွက်ပေါ်လာသည်။
တစ်ချိန်တည်းဆိုသလို တိုက်ခိုက်ထားသည့် အရိပ်အယောင်များလည်း ရှိနေလေ၏။ အဝေးတစ်နေရာတွင် အလောင်းတချို့ကိုပင် မြင်တွေ့နိုင်သည်။
ထိုမြင်ကွင်းက ဝမ်ပေါင်လဲ့အား မျက်ခုံးပင့်ကြည့်မိသွားစေသည်။ သူက ရှေ့တစ်လှမ်းတိုးလိုက်ရင်း နတ်ဘုရားအသိစိတ်ဖြင့် ဒယ်အိုးအတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက ဒယ်အိုးအတွင်း ရွှေရောင်နွယ်လက်တံ တစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုအရာက တိရစ္ဆာန်တစ်ကောင်၏ နှုတ်ခမ်းမွှေးနှင့် တူလေသည်။ ထိုအရာက ဒယ်အိုးအတွင်း ချက်ပြုတ်ခံထားရ၏။
ရေပွက်ပွက်ဆူနေသည့် ရေက နဂိုတွင် အရောင်မရှိပေ။ သို့သော်လည်း ထိုအခိုက်အတန့်၌ ရေအရောင်က ဖြည်းဖြည်းချင်း ပြောင်းလဲသွားကာ ရွှေရောင်ဖြစ်လာသည်။ ရနံ့ကလည်း ပိုမိုအားကောင်းလာ၏။
ဒါက…
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူ့ ကျယ်ပြောလှသည့် အတွေ့အကြုံများဖြင့် ပထမဦးဆုံး ထိုအရာကို သတိမထားမိခဲ့ပေ။ သို့သော်လည်း စားကြည့်ပြီးသည့်နောက်တွင် ထိုအရာက ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ကြောင်း ခံစားမိသည်။
သူ့အတွက် သက်ရောက်မှုက သာမန်မျှသာ ဖြစ်သော်လည်း ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ ရတနာနှင့် မကွာခြားပေ။
ဝမ်ပေါင်လဲ့က ဒယ်အိုးကြီးကို ခြုံငုံကြည့်နေရင်း နှောင်းပိုင်း ယွမ်ယင်အဆင့် ကျင့်ကြံသူကလည်း ဝမ်ပေါင်လဲ့ကို အကဲခတ်နေသည်။ သူက ဝမ်ပေါင်လဲ့၏ အမူအရာသည် နဂိုအတိုင်း ကျန်ရှိနေသည်ကို သတိထားမိခဲ့၏။ သူက ထိုအသားကြောင့် လောဘအရိပ်အယောင်များပင် မရှိပေ။ ထိုအခါမှ စိတ်အေးလက်အေးဖြစ်သွားပြီး သက်ပြင်းချလိုက်၏။
သူက ဝမ်ပေါင်လဲ့ ထွက်သွားတော့မည့်ဆဲဆဲတွင် တားမြစ်ခဲ့သည့်အတွက် နောင်တရနေမိသည်။
အဆုံးသတ်တွင် သူက ဤသို့သော မရဏနတ်ဘုရားတစ်ပါးကို ရပ်တန့်ခဲ့၏။
သူ့လက်တစ်ချက်အဝှေ့တွင် သူ့သိုလှောင်လက်စွပ်ထဲမှ အပြာရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက ရုပ်သေးရုပ် အသွင်ပြောင်းလဲသွားပြီး တာအိုကလေးငယ် ဖြစ်သွားလေ၏။ ထိုအရာက ကြေးဇွန်းတစ်ချောင်းကို ကိုင်ထားပြီး မီးပြင်းဖိုဆီ လျှောက်လှမ်းသွားသည်။ ထို့နောက် အရည်တချို့ကို ခပ်လိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့ကို ဧည့်ခံလိုက်သည်။
“တာအိုရောင်းရင်း ဒါက တကယ့်ကို ကောင်းတယ်။ မြည်းကြည့်ပါဦး”
ဝမ်ပေါင်လဲ့က အမူအရာကင်းမဲ့လျက် ပန်းကန်လုံးကို ယူကာ သောက်သုံးလိုက်သည်။ သူက တစ်ငုံသောက်သုံးလိုက်၏။ ထို့နောက် သူ့အတွက် သူ့နဂိုခန္ဓာကိုယ်၏ အဆင့်အတန်းဖြင့် အဆိပ်ဖြစ်စေ၊ ရတနာဖြစ်စေကာမူ သက်ရောက်မှုရှိမည် မဟုတ်ပေ။
ဤသည်က သူ ကိုယ်ပွားဖြစ်နေလျှင်ပင် အတူတူသာ ဖြစ်၏။
စွပ်ပြုတ်နွေးနွေးလေးက သူ့ဝမ်းဗိုက်အတွင်း ဝင်ရောက်သွားစဉ် ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသည့် နွေးထွေးမှုကို ခံစားမိလိုက်သည်။ ဝမ်ပေါင်လဲ့၏ အကြည့်များက တောက်ပလာလေ၏။ စွပ်ပြုတ်၏ သက်ရောက်မှုက သူ့အပေါ်များများစားစား သက်ရောက်မှုမရှိသော်လည်း အရသာက ထိပ်တန်း ဖြစ်ပေသည်။ အင်မတန် အရသာရှိလှ၏။
“နောက်ထပ် တစ်ပန်းကန်” ဝမ်ပေါင်လဲ့က နှုတ်ခမ်းထောင့်ကို သပ်ရင်း ပြောလိုက်သည်။
နှောင်းပိုင်း ယွမ်ယင်အဆင့်ကျင့်ကြံသူက နှလုံးသားနာကျင်လာသလို ခံစားမိလိုက်၏။ သို့သော် သူက တာအိုကလေးငယ်အား နောက်ထပ် တစ်ပန်းကန်ခပ်ဖို့ ပြောလိုက်သည်။ သူကလည်း ဘေးတွင် ထိုင်ကာ စွပ်ပြုတ်ကို သောက်သုံးလိုက်၏။
အစောပိုင်း ယွမ်ယင်အဆင့် ကျင့်ကြံသူနှစ်ဦးအတွက်မူ သူတို့က ဘေးတွင်ရပ်နေပြီး တံတွေးသာ မျိုချနေရသည်။
ဤသို့ဖြင့် ဝမ်ပေါင်လဲ့နှင့် နှောင်းပိုင်း ယွမ်ယင်အဆင့် ကျင့်ကြံသူတို့က တစ်ပန်းကန်ပြီး တစ်ပန်းကန် သောက်သုံးနေကြ၏။ ဝမ်ပေါင်လဲ့က အစပိုင်းတွင် ပုံမှန်သာ သောက်နေခဲ့သည်။
တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် ဒယ်အိုးထဲရှိ ရွှေရောင်လက်တံများကို အနည်းငယ် သန့်စင်ပြီးသွားပြီဖြစ်ကာ စွပ်ပြုတ်ရည်က ရွှေရောင်ပြောင်းလဲသွားပြီး နှစ်ဦးသားက ၈၀ ရာခိုင်နှုန်းလောက်အထိ သောက်သုံးလိုက်ကြသည်။ ဝမ်ပေါင်လဲ့က သူ လိုချင်သည့်အရာကို ရရှိသွားခဲ့၏။
နမူနာအနေဖြင့် ထိုရွှေရောင်လက်တံသည် ထူးဆန်းလက်တံ ခေါ်ဆိုခြင်းဟုသာ သိလေသည်။ ကျင့်ကြံသူများက ထိုအရာကို ဘာမှန်းမသိကြပေ။ သူတို့သိထားသည့်အရာက ထိုသတ္တဝါသည် အာသီသမြို့၏ ထူးကဲသော ထုတ်ကုန်တစ်ခု ဖြစ်၏။ လတိုင်းတွင် ရောင်းချလေ့ရှိပြီး အာသီသမြို့တော်မှ ချမှတ်သည့် တာဝန်ကို ပြီးမြောက်သည့်အခါမှသာ ဝယ်ယူနိုင်ခွင့်ရှိသည်။
သူတို့ ယခုရှိနေသည့်အရာက ဝယ်ယူထားသည် မဟုတ်ဘဲ လုယက်ထားခြင်း ဖြစ်၏။ ရလဒ်အနေဖြင့် ပစ္စည်းကို သိမ်းဆည်းဖို့ ခက်ခဲသည့်အတွက် ချက်ပြုတ်နည်းကလည်း တစ်သတ်မှတ်တည်း ဖြစ်လေသည်။ သူတို့က အပိုအချိန်မရှိဘဲ နေရာမှာတင် မချက်ပြုတ်ခင် ရတနာကို ခိုးယူခဲ့ခြင်း ဖြစ်၏။
ဤသို့ထူးထူးဆန်းဆန်းရနံ့မျိုး ထွက်ပေါ်နေခြင်း ဖြစ်သည်။
တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က သူ လိုချင်သည့်အဖြေကို ရရှိလိုက်၏။ ကီလိုမီတာသိန်းချီအကွာတွင် ကမ္ဘာ၏ အကြီးမားဆုံး မြို့ကြီးထဲမှ တစ်ခုဖြစ်သည့် အာသီသမြို့တော် ရှိလေသည်။
ထိုမြို့တော်က တစ်နှစ်ပတ်လုံး ပိတ်ထားခြင်း မဟုတ်သော်လည်း ဝင်ရောက်ဖို့ရာအတွက် တင်းကြပ်သည့် လိုအပ်ချက်များ ရှိလေသည်။ သူတို့အနေဖြင့် မြို့ထဲကို ဝင်ရောက်နိုင်ဖို့အတွက် အမှတ်အသားပြား လိုအပ်၏။ အမှတ်အသားပြားတစ်ခုချင်းစီက အချိန်အကန့်အသတ် ရှိထားလေသည်။ အချိန်ပြည့်သွားသည်နှင့် သူတို့ထွက်မသွားပါက အာသီသမြို့၏ အပြစ်ပေးမှုကို ခံရလိမ့်မည်။
သူတို့ အမှတ်အသားပြားကို အသုံးပြုနိုင်သည့် အကြိမ်အရေအတွက် ပြည့်သွားပြီးသည့်နောက်တွင် သူတို့က အမှတ်အသားပြားကို ပြန်လည်အားဖြည့်ဖို့ တာဝန်များကို ပြီးမြောက်အောင်လုပ်ဖို့ လိုအပ်၏။ မဟုတ်ပါက သူတို့အနေဖြင့် မြို့ထဲတွင် ဝင်ခွင့်ရှိမည် မဟုတ်ပေ။
“အာသီသမြို့တော်က ကျုပ်တို့ ကျင့်ကြံသူတွေအတွက် သုခဘုံပဲ” နှောင်းပိုင်း ယွမ်ယင်အဆင့် ကျင့်ကြံသူက နှိမ့်ချကာ ပြောလိုက်သည်။
“ခင်ဗျားက တန်ကြေးပေးနိုင်သရွေ့ စိတ်ကူးမကြည့်နိုင်တဲ့ စားကောင်းသောက်ဖွယ်တွေကို ရနိုင်တယ်။ စားကောင်းသောက်ဖွယ်တိုင်းက ခင်ဗျားရဲ့ ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးနိုင်တယ်။ ပြီးတော့ ဇူဇကာပွဲတော်အတွက်လည်း အတူတူပဲ။ အဲဒါက လတစ်လရဲ့ ပထမရက်မှာ ကျင်းပလေ့ရှိတယ်။ မြို့တစ်မြို့လုံးက အုတ်အော်သောင်းနင်း ကျင်းပကြတာ။
အစားအစာရဲ့ ရနံ့နဲ့တင် ဝိညာဉ်ကို အားဖြည့်ပေးနိုင်လောက်တယ်။ တကယ်လို့ ကျုပ်သာ ရက်တွေကို ရေတွက်ကြည့်မယ်ဆိုရင် ဒီနေ့က အဲဒီရက်ပဲ။ ကျုပ်က တခြားကိစ္စတွေ လုပ်စရာရှိနေတာတော့ နှမြောစရာပဲ။ အလုပ်ရှုပ်တော့ အဲဒီကို အချိန်မှီ မရောက်နိုင်တော့ဘူး”
ကျင့်ကြံသူ၏ စကားများကို နားထောင်ပြီး အာသီသမြို့တော်အတွင်း သူ့လေးစားမှုကို ခံစားမိပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က စိတ်ဝင်စားလာမိသည်။ သူက စွပ်ပြုတ် သောက်သုံးပြီးသည့်နောက် ထရပ်လိုက်သည်။
ဝမ်ပေါင်လဲ့က ထရပ်ပြီးသည့်နောက်တွင် နှောင်းပိုင်းအဆင့် ကျင့်ကြံသူက သက်ပြင်းချလိုက်၏။ အပေါင်းအပါ နှစ်ယောက်ကလည်း အလျင်စလို ချဉ်းကပ်လာကာ စွပ်ပြုတ် သောက်သုံးလိုက်ကြသည်။ သူတို့က စိတ်ဓာတ်ကျနေသော်လည်း တစ်ချိန်တည်းဆိုသလို အနည်းငယ် ကျန်ရှိနေသည့်အတွက် ဝမ်းသာနေကြသည်။
သူတို့က စွပ်ပြုတ်ကို အလျင်အမြန် သောက်သုံးလိုက်ကြ၏။ သုံးဦးသားက ဒယ်အိုးကို သိမ်းဆည်းကာ အလျင်အမြန် ထွက်ခွာသွားကြသည်။
ထိုဝမ်ပေါင်လဲ့က ကောင်းကင်တစ်လျှောက် အရှိန်မြှင့်တင်ကာ အာသီသမြို့တော်ဆီ ပျံသန်းလာနေ၏။ အကယ်၍ တခြားသော ကျင့်ကြံသူဆိုပါက ကီလိုမီတာ သိန်းဂဏန်းက ဝေးကွာလွန်းသည် မဟုတ်သော်လည်း အချိန်တချို့ ယူရလိမ့်မည်။ ထို့အပြင် ကူးသန်းပြောင်းရွှေ့ခြင်းအတွက် အတားအဆီးများ ချမှတ်ထားလေ၏။
သို့သော်လည်း ဝမ်ပေါင်လဲ့အတွက် ထိုအရာက ပြဿနာ မဟုတ်ပေ။ ဤသို့ဖြင့် နှစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ကောင်းကင်ကို ဖြတ်သန်းလာသည်။ သူ့ရှေ့တွင် မိုးကုတ်စက်ဝန်းအတွင်း သူ့ဝိညာဉ်နှင့် နှလုံးသားကိုပင် လှုပ်ခတ်သွားစေနိုင်သည့် ဧရာမမြို့ကြီးတစ်ခုကို မြင်လိုက်ရသည်။
ထိုမြို့ကြီးတစ်ခုလုံးက ဒယ်အိုးကြီးနှင့် တူ၏။ စည်ကားအသက်ဝင်နေသည့် အသံများကိုပင် အဝေးကနေ ကြားနေရသည်။ အာရုံဖမ်းစားအနိုင်ဆုံးအရာက ကောင်းကင်အထက် ထွက်ပေါ်နေသည့် အစိမ်းရောင်မြူခိုး ဖြစ်၏။ ထိုအရာက တိမ်မဲများတစ်လျှောက် လျှပ်စီးများ ပျံ့နှံ့လာကာ မိုးခြိမ်းသံများ ထွက်ပေါ်လာစေသည်။
သို့သော်လည်း သူတို့က မြို့အတွင်းမှ အားပေးသံများကို မချိုးနှိမ်နိုင်ပေ။ ဤမြို့အတွင်း ကြီးကျယ်ခမ်းနားသည့် ပွဲတစ်ခု ကျင်းပနေသကဲ့သို့ ဖြစ်၏။
ကျင့်ကြံသူအမြောက်အများက မြို့အပြင်ဘက်မှ တန်းစီကာ မြို့ထဲဝင်ရောက်ဖို့ စောင့်ဆိုင်းနေကြသည်။
“အာသီသမြို့တော်” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ လျှပ်တစ်ပြက်အတွင်း ထွက်သွားလိုက်သည်။