← Chapters

ကျဆင်းသွားတဲ့ ဒီရေ

Vol. 3 Ch. 31

ကျဆင်းသွားတဲ့ ဒီရေ

Vol. 3 Ch. 31

#ဘာသာပြန် = စနိုးဝှိုက်

သက်ရှိသားရဲ တစ်ကောင်က မှိန်ပြတဲ့ အလင်းရောင် အောက်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေသလိုမျိုး အနက်ရောင် ဒီရေ တွေဟာ အသံတွေ မြည်လာခဲ့တယ်..။ဆန်နီ ခနလောက် တွေးကြည့်လိုက်ပြီး..ကျောက်တုံးကြီးရဲ့ အစွန်းကို ဂရုတစိုက်သွားကြည့်လိုက်ပါတယ်..။

သူ အောက်ကို ကြည့်ပြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့တယ်..။ယင်းနောက် ဒူးထောက်ပြီး သူမြင်နေရတာတွေက ပုံရိပ်ယောင် မဟုတ်ဘူးဆိုတာကို သေချာ အောင်လုပ်လိုကိပါတယ်..။

ပင်လယ်ကြီးက အောက်ကို ပြန်လျော့ကျ နေခဲ့တာပါ..။

အစကတော့ ဖြည်းဖြည်း ချင်းသာ လျော့ကျနေပေမယ့်..နောက်ပိုင်းမှာ ပိုပိုပြီး မြန်လာခဲ့တယ်..။အစကတော့ သူ တက်နေတဲ့ ကျောက်တုံးကြီးက ရေပေါ်မှာ အနည်းငယ်လောက်သာ ပေါ်နေခဲ့တာပါ..။သို့ပေမယ့် အခုချိန်မှာတော့ သူနဲ့ ရေမျက်နှာပြင်ရဲ့ကြားမှာ မီတာ များစွာ ကွာဝေးသွားခဲ့တယ်..။

ပြီးတော့ နေက မြင့်တက်လာလေ..ရေကျဆင်းမူ နှုန်းကလည်း မြန်လာလေပါပဲ..။မကြာခင် မှာပဲ ဆန်နီဟာ သူ မီတာ တစ်ရာကျော်လောက် မြင့်တဲ့ ချောက်ကမ်းပါးကြီးပေါ်ကို ရောက်နေတာ တွေ့လိုက်ရတယ်..။

သူ့အောက်မှာ ရှိတဲ့ ကျောက်တုံးကြီးကတော့ သူ့ရဲ့ ပုံသဏ္ဍာန်ပေါ်လာခဲ့ပါပြီ..။သို့ပေမယ့် သူက အပေါ်မှာ ရှိနေတာဆိုတော့ ဒါက ဘယ်လို ပုံစံလဲ ဆိုတာကို မပြောနိုင်ခဲ့ပါဘူး..။

တစ်ချိန်တည်းမှာပဲ အနက်ရောင် ရေတွေရဲ့ မျက်နှာပြင်ကို ကြက်သွေးရောင် ဆူးချွန်တွေဟာ ဟိုဟိုဒီဒီ ထိုးဖောက်လာနေခဲ့တယ်..။ဒီရေက ဆက်ပြီး ကျဆင်းတာနဲ့အမျှ ကြက်သွေးရောင် သစ်တောကြီးဟာ ရေထဲကနေ ပေါ်ထွက်လာခဲ့ပါတယ်..။ဒီ သစ်ပင် တွေဟာ သန္တာ ကျောက်နဲ့ လုပ်ထားသလား လို့တောင် ထင်မှတ်ရပါတယ်..။

သန္တာကျောက်တန်း တွေကလည်း ဝင်္ကပါ ပုံစံ တည်ရှိနေပြီး ဟိုဟို ဒီဒီ မှာလည်း အကျိုးအပဲ့တွေ အများကြီးပါပဲ..။ဒီအပြင် ချောက်နက်တွေ ၊ လျို တွေ ဟာ သဘာဝအတိုင်း ဖြစ်ပေါ်နေခဲ့တယ်..။

နာရီဝက်ကြာပြီးနောက်မှာတော့..ပင်လယ်က လုံးဝကို မရှိတော့ဘူးဆိုတာ ဆန်နီ အံ့ဩစွာ တွေ့လိုက်ရပါတယ်..။တကယ်လို့ ကျောက်တုန်းတွေပေါ်မှာ ကျန်ခဲ့တဲ့ ကျောက်ပွင့် တွေ ၊ သန္တာကောင်တွေ ကြောင့်သာ မဟုတ်ရင် ဒီနေရာမှာ ပင်လယ်ကြီး ရှိသွားတယ်ဆိုတာကို တောင် ယုံကြည််နိုင်မှာ မဟုတ်ပေ..။

သူ့ရဲ့ သေးငယ်တဲ့ ကျွန်းလေးကတော့ အခုဆိုရင် ထူးဆန်းပြီး မြင့်မားတဲ့ ချောက်ကြီးတစ်ခုလို ဖြစ်နေခဲ့ပါပြီ..။အောက်ကို ငုံ့ကြည့်လိုက်တာနဲ့တင် ဆန်နီ ရဲ့ ခေါင်းတွေ မူးဝေလာခဲ့တယ်..။

အခုဆိုရင် ညအချိန်က လုံးဝကို ပြီးဆုံးသွားပြီး မနက်ခင်းကို ရောက်လာခဲ့ပါပြီ..။

"ငါ ထင်ယောင်ထင်မှား ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်..."

ဆန်နီ သူ့ပါးသူ ပြန်ရိုက်ပြီး ပြောလိုက်တာပါ..။

အခိုက်အတန့်က တကယ်ပဲ ဘယ်လိုအရာမျိုးလဲ..

***

အနက်ရောင် ပင်လယ်ကြီးနဲ့ မွန်းစတားတွေ ရုတ်တရက် ပျောက်ကွယ်သွားတယ် ဆိုပေမယ့်လည်း ဆန်နီကတော့ အောက်ကို ဆင်းဖို့ အတွက် အလျင်မလိုပါဘူး..။ပထမဆုံး အနေနဲ့ သူခံစားရတာက..ဒီ ပင်လယ်ကြီး ပျောက်ကွယ်သွားနိုင်တယ်ဆိုရင်..သူက ကျိန်းသေ ပြန်ပေါ်လာဦးမှာပါ..။

ဒုတိယ အနေနဲ့က ဒီ သန္တာ ဝင်္ကပါထဲမှာ ဘယ်လို အန္တရာယ်တွေ ရှိနေနိုင်မလဲ ဆိုတာကို သူ မသိနိုင်ပါဘူး..။ဖြစ်နိုင်တာက ရေအောက်မှာရှိနေတဲ့ သတ္တဝါကြီး ထက်ပိုပြီး ကြောက်ဖို့ကောင်းတဲ့ အရာတွေလည်း ရှိနေနိုင်ပါတယ်..။

သို့ပေမယ့် ဒါက သူ အောက်ကို မဆင်းတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပေ..။

ဆန်နီဟာ ကျောက်တုံးကြီးရဲ့ အလယ်ကို ပြန်လာထိုင်လိုက်ပြီး အရိပ်ကို သူ့ခန္တာကိုယ်ကနေ ခွဲထွက်ဖို့ ညွှန်ကြား လိုက်ပါတယ်..။ယင်းနောက် သူ့ကို ထိန်းချုပ်ပြီး ကျောက်တုန်းအစွန်းကို သွားကာ အောက်ကို ဆင်းသွားခိုင်းလိုက်တယ်..။

ယင်းနောက် သူ့ရဲ့ အရိပ်ဟာ အောက်ကို ဆင်းသွားခဲ့တယ်..။ဒီအချိန်မှာတော့ ဆန်နီဟာ သူ့အရိပ်က အလေးချိန်မရှိတာကြောင့် ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို မခံရတဲ့ အတွက် ကျေနပ်နေခဲ့ပါတယ်..။

အရိပ်ဟာ အောက်ကို ဆင်းရင်း အလုပ်ရှုပ်နေတုန်း ဆန်နီ သန်းဝေလိုက်တယ်..။

"ပြောစမ်းပါဦး..မင်းလည်း နာမည်တစ်ခု လိုတယ်လို့ မထင်ဘူးလား.."

အရိပ်ဟာ သူ့နဲ့ အတော်လေး ဝေးနေပြီ ဆိုပေမယ့်လည်း ပြောဆို ဆက်သွယ်နိုင်ပါသေးတယ်..။ဒါပေါ့ ဆက်သွယ်နိုင်တယ် ဆိုပေမယ့် ပုံမှန်အတိုင်းလည်း မဟုတ်ပြန်ပါဘူး..။သူ့အရိပ်က အသံအိမ်တွေ မပါဝင်တာကြောင့် စကားပြောဆိုလို့ မရပေ..။

ထပ်ပြောရရင် သူက ဒေါသလည်း ကြီးပါသေးတယ်..။

"အရှက်မရှိ...ဆိုရင်ရော ဘယ်လိုလဲ..။ဒါမှမဟုတ်..မောက်မာတယ် ဆိုရင်ရော...။မဟုတ်သေးဘူး..။ရိုးရိုး ရှင်းရှင်းလေး နဲ့ဆို ပိုကောင်းမလား..။ကောင်းပြီ ဒါဆိုလည်း မင်းမှာ အကြံဥာဏ်ကောင်း လေး ဘာလေး မရှိဘူးလား..။အိုကေ အိုကေ..ငါတို့ ဒီကိစ္စကို နောက်မှ ဆက်ပြောကြမယ်.."

သူ စကားပြောနေတဲ့ အချိန်မှာပဲ အရိပ်က ချောက်ကမ်းပါးရဲ့ အစွန်းကို ရောက်နှင့်နေခဲ့ပါပြီ..။အရိပ်ထိန်းချုပ်မူ စွမ်းရည် က အကွာအဝေးကန့်သတ်မူ မရှိတာ မဟုတ်ပဲ..သူ့ရဲ့ ပတ်ဝန်းကျင်ကို လေ့လာဖို့ လုံလောက်ယုံပဲ ရှိတာပါ..။

ဝင်္ကပါထဲကို ဝင်လိုက်တဲ့ အချိန်မှာတော့ ဆန်နီဟာ အပျက်အဆီးတွေ အများကြီးကို တွေ့လိုက်ရတယ်..။သန္တာကျောက်တန်းတွေ ရဲ့ ကြားမှာ တည်ရှိနေတဲ့ လမ်းကြောင်းတွေက တစ်ချို့နေရာ တွေမှာ ကျယ်ပြီး တစ်ချို့နေရာတွေမှာ ကျဥ်းမြောင်းသွားခဲ့ပါတယ်..။

ဒီလမ်းကြောင်းတွေက တစ်နေရာကို ဦးတည်ဖောက်ထားတာ မဟုတ်ပဲ..ရောက်တတ်ရာရာကို ဦးတည်နေတာပါ..။တစ်ခါတစ်လေမှာ ဒါက ဘာမှ မရှိတဲ့နေရာကို ဦးတည်သွားပြီး တစ်ခါတစ်လေ မှာ သူစတင်ခဲ့တဲ့ နေရာကိုပဲ ပြန်ရောက်လာခဲ့ပါတယ်..။

တစ်ခါတစ်လေ မှာ ဒီလမ်းကြောင်းတွေ သန္တာတောင် တွေထဲကို ဝင်သွားပြီး အနက်ရောင် လှိုဏ်ခေါင်းတွေထဲကိုပါ ရောက်သွားခဲ့တယ်..။

ဝင်္ကပါက ကျယ်ပြန့်ပြီး အဆင့်ဆင့် ရှိနေတာကြောင့် လမ်းကြောင်းတွေကို လိုက်မှတ်ရတာက ဆန်နီရဲ့ ခေါင်းကို အတော်လေး မူးဝေ လာစေပါတယ်..။အဆုံးမှာတော့ ဆန်နီဟာ အရိပ်ကို ကြက်သွေးရောင် သစ်တောကြီးရဲ့ အပေါ်ကို တက်ခိုင်းပြီး အပင်တစ်ပင်နဲ့ တစ်ပင်သာ ခုန်ကူးစေခဲ့တယ်..။

သူကိုယ်တိုင်သာ ဆိုရင် ဒီလိုမျိုး မလုပ်နိုင်ဘူးဆိုတာ ..၁၀၀ ရာခိုင်းနှုန်း သေချာသိပါတယ်..။

မကြာခင်မှာပဲ သူ ဒီထူးဆန်းတဲ့ သစ်တောကြီးကို တစ်ပတ်ပတ်ပြီး သွားခဲ့တယ်..။သစ်တောထဲက အရိပ်တွေထဲမှာ မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ချို့ကြောင့် သူ အေးခဲသွားခဲ့ပါတယ်..။

အဲဲဲဒီမှာတော့ မနေ့ညက ကြီမားတဲ့ ဆူးတောင်ကြီး နဲ့ သတ္တဝါရဲ့ အလောင်းဟာ မြေကြီးပေါ်မှာ ရှိနေခဲ့ပါတယ်..။သူ့ဘေးနားမှာရှိတဲ့ သန္တာကျောက်တန်း တွေကတော့ ပျက်ဆီး ကျိုးပဲ နေခဲ့တယ်..။

ပိုပြီး ထူးခြားတာက သားရဲကြီးရဲ့ ခန္တာကိုယ် တစ်ဝက်မှာ ဆိုးဝါးတဲ့ ဒဏ်ရာတွေ နဲ့ ပြည့်နှက်နေခဲ့ပြီး ကျန်တဲ့ တစ်ဝက်ကတော့ လုံးဝကို မရှိတော့ပါဘူး..။

အလောင်းကြီးရဲ့ ဘေးနားမှာတော့ သေးငယ်တဲ့ မွန်းစတားတွေ ရာနဲချီ ရှိနေခဲ့တယ်..။သူတို့က သားရဲကြီးရဲ့ အသွေးအသား တွေကို ဆုတ်ဖြဲပြီး စားသုံးနေခဲ့ကြပါတယ်..။သူတို့ တစ်ကောင်ချင်းစီတိုင်းက နှစ်မီတာခွဲ လောက်မြင့်ကြပြီး ထူးဆန်းတဲ့ နတ်ဆိုး ကဏန်း ပုံစံ ၊ မြင်းခန္တာကိုယ်နဲ့ လူ့ခေါင်း ပုံစံတွေ ရှိနေကြပါတယ်..။

သူတို့ရဲ့ ရှေ့ဘက်မှာတော့ လူသားတစ်ပိုင်း ပုံစံ သားရဲ တစ်ကောင်ရှိနေခဲ့တယ်..။သူက ကြီးမားထူထဲ တဲ့ ချပ်ဝတ်ကိုလည်း ဝတ်ဆင်ထားခဲ့ပါတယ်..။သူ့ရဲ့ ဦးခေါင်းက လူတစ်ပိုင်းခန္တာကိုယ်ရဲ့ အလယ်မှာတည်ရှိပြီး လည်ပင်းတော့ ရှိမနေခဲ့ပေ..။သူ့မှာ ကျဥ်းမြောင်းတဲ့ မျက်လုံးနှစ်လုံး ၊ဆူးချွန်တွေနဲ့ ကြောက်စရာ ကောင်းတဲ့ ပါးစပ်ကြီးလည်း ရှိနေခဲ့တယိ..။

လက်တွေ နေရာမှာတော့ မွန်းစတားတွေမှာ ကြီးမားတဲ့ ညှပ်ကြီး ( ဂဏန်းတွေလို ) တွေသာ ရှိနေခဲ့ပါတယ်..။

လက်ရှိမှာတော့ သူတို့က အဲဲဒီ ညှပ်ကြီးတွေနဲ့ အလောင်းကောင်ကြီးရဲ့ အသားတွေကို ဆုပ်ဖြဲပြီး ပါးစပ်ထဲ ထည့်နေခဲ့ကြတယ်..။အလောင်းကောင်ကြီးရဲ့..ပိုပြီးစားလို့ကောင်းမယ့် အစိတ်အပိုင်းတွေကိုတော့ မကြာခန လုယက်ကြပြီး..အနိုင်ရတဲ့လူက စားသုံးကြပါတယ်..။

ဆန်နီ တံတွေးမြိုချလိုက်တယ်..။

ဘာလို့လဲ ဆိုတော့ ကြီးမားတဲ့ အကာအကွယ်တွေ ရှိနေကြတဲ့ ဒီမွန်းစတားတွေက သူ့ကို ကြောက်ရွံ့ထိပ်လန့်စေပါတယ်..။

သူတို့တွေ အသည်းအသန် စားသောက်နေကြတာကိုမြင်ပြီး ဆန်နီတောင် ဗိုက်ဆာ လာခဲ့တယ် .။

'တစ်ကောင်တည်းဆိုရင် တောင် ပြသနာ ရှိတာကို ဘာလို့ ရာနဲ့ချီပြီး ရှိနေတာလဲ..'

သူ့ကံတရားကတော့ အမြဲတမ်း ဆိုးဆိုးဝါးဝါးပါပဲ..။

'ဝင်္ကပါ ထဲမှာ ဘာလို့ ဘယ်သူမှ ရှိမနေတာလဲ ဆိုတာ မထူးဆန်းတော့ဘူး..။မင်းတို့က ဒီမှာ ပါတီ လာလုပ်နေကြတာပဲ.."

အနည်းငယ် နားလည်သွားတဲ့ အချိန်မှာတော့ ဆန်နီဟာ အရိပ်ကို ပြန်ခေါ်လိုက်ပြီး သူရောက်နေတဲ့ ရုပ်ထုကြီးကို လေ့လာခိုင်းလိုက်တယ်..။ဒါကြီးက သူ့ကို မသက်မသာဖြစ်နေစေပါတယ်..။

အရိပ်ဟာ ပြန်လှည့်လာပြီး ဒီ ထူးဆန်းတဲ့ အရာကြီးကို မြင်သာတဲ့ နေရာကနေ ကြည့်လိုက်ပါတယ်..။ဒါက ဘာကြီးလဲ ဆိုတာ ပုံဖော်ကြည့်ဖို့ အတွက် ဆန်နီ မိနစ်အနည်းငယ် လောက် အချိန်ယူလိုက်ရတယ်..။

'ဒါက လက်ချောင်းတွေ ...ဒါက လက်..။ဒါက ဓား တစ်ချောင်းလား '

သူ မျက်တောင်ခတ်လိုက်တယ်..။

'ဒါက ရုပ်ထုပဲ..'

အမှန်တကယ်ပဲ ဒီချောက်ကမ်းပါးကြီးက တစ်ယောက်ယောက် ပြုလုပ်ထားတာပါ..။ဒါက ရှေးဟောင်း ရုပ်ထုကြီးတစ်ခုဖြစ်ပြီး အနည်းဆုံး မ်ီတာ ၂၀၀ လောက် မြင့်မားပါတယ်..။ဆန်နီ ရဲ့ အမြင်အရတော့ ဒါက ချပ်ဝတ်တန်ဆာတွေ ဝတ်ဆင်ထားတဲ့ စစ်သည်တော်တစ်ယောက်ရဲ့ ရုပ်ထုပါ..။သူက ကြီးမားတဲ့ ဓားတစ်ချောင်းကို ကိုင်ထားပြီး မြေကြီးကို ညွှန်ပြနေခဲ့တယ်..။

သို့ပေမယ့် အဆိုးဝါးဆုံး အရာက ဒီကျောက်တုံး ရုပ်ထုကြီးရဲ့ ဦးခေါင်းက မရှိတော့တာပါပဲ..။အမှန်တော့ ဆန်နီ တက်ပြီး နေနေတဲ့ ကျောက်ပြားပြီးက ဒီရုပ်ထုကြီးရဲ့ လည်ပင်းပါ..။

အခြေအနေကြည့်ရသလောက် တော့ ဒီရုပ်ထုကို တမင်တကာ ခေါင်းမပါပဲ တည်ဆောက်ထားတာ မဟုတ်ပါဘူး..။အရင်တုန်းက အရမ်းကို ကြီးမားတဲ့ တစ်စုံတစ်ခုကြောင့် ပျက်ဆီးသွားခဲ့တာ ဖြစ်နိုင်ပါတယ်..။

ဆန်နီ ပတ်ပတ်လည်ကို လျောက်ပြီး အောက်ဘက်ကို ကြည့်လိုက်တယ်..။သို့ပေမယ့် အနားဝန်းကျင်မှာ ဦးခေါင်းကြီးနဲ့တူတာ ဘာမှ ရှိမနေခဲ့ပါဘူး..။

'ဒါက ဘယ်လို သောက်ကျိုးနဲ နေရာမျိုးလဲ.."

ဘာသဲလွန်စမှ မရှိသေးတာကြောင့် ဆန်နီဟာ အရိပ်ကို ပြန်ခေါ်ပြီး စားသောက်နေကြတဲ့ မွန်းစတားတွေကိုသာ လေ့လာနေခဲ့ပါတယ်...။

နေ မဝင်ခင်အထိ ဆန်နီဟာ ဘာမှ ထပ်လုပ် စရာ မရှိတော့ပေ..။

ဆန်နီ ထင်ထားသလိုပဲ နေဝင်ခါနီး လာတာနဲ့ နားအူလောက်တဲ့ အသံတွေကို အောက်ဘက် နေရာတွေက နေ ကြားနေခဲ့ရပါတယ်..။မွန်းစတားတွေဟာ ချက်ချင်းပဲ စားသောက်နေတာတွေကို ရပ်ပြီး ထွက်ပြေးကြ ပုန်းကွယ်ကြ ပြုလုပ်ခဲ့ကြတယ်..။တစ်ချို့ဆိုရင် မြေကြီးထဲ တိုးဝင်ပြီး မြေဆီလွှာကို အကာအကွယ် လုပ်ထားခဲ့ကြပါတယ်..။

မိနစ်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ ပထမဆုံး စမ်းချောင်းဖြစ်တဲ့ အနက်ရောင် ရေတွေဟာ ဝင်္ကပါထဲမှာ ပေါ်လာခဲ့တယ်..။ရေစီးသံက အလျင်အမြန်ပဲ မြန်လာခဲ့ပြီး မကြာခင်မှာပဲ ဘေးနားက အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်..။ပင်လယ်ကြီးက ညဘက်ရောက်ခါနီးလာတဲ့ အတွက် ပြန်လည် ထွက်ပေါ်လာခဲ့ပါပြီ..။

ဆန်နီဟာ ဒီလို စိတ်ကူးယဥ်ကြည့်လို့တောင် မရနိုင်တဲ့ အဖြစ်အပျက်တွေကို ..အတွေးပေါင်းများစွာနဲ့ ကြည့်နေခဲ့တယ်..။

တစ်နာရီလောက် ကြာပြီးသွားတဲ့ အချိန်မှာတော့ အနက်ရောင် ရေတွေရဲ့ အလယ်မှာ သူ ရပ်နေတဲ့ အဝိုင်းပုံစံ ကျောက်တုံး တစ်ခုသာ ..ပေါ်နေခဲ့ပါတော့တယ်..။

All Chapters