← Chapters

ရွေးချယ်ခြင်း

Vol. 3 Ch. 32

ရွေးချယ်ခြင်း

Vol. 3 Ch. 32

#ဘာသာပြန် = စနိုးဝှိုက်

အတွေးတွေ ခေါင်းထဲမှာ ပြည့်နှက်နေပြီး..ဗိုက်ထဲမှာလည်း..ဘာအစာမှ မရှိတဲ့ ဆန်နီဟာ ကျောက်ပြားပြီးရဲ့ အလယ်ကို ပြန်သွားလိုက်တယ်..။အတော်ကြာပြီးတဲ့အခါမှာတော့ သူ့ အရိပ်ဘက်ကို လှည့်ပြီး ပြောလိုက်ပါတယ်..။

"တစ်ခုခု ဖြစ်မှပဲ ငါ့ကို နှိုးလိုက်တော့.."

ယင်းနောက် သူ မျက်လုံးတွေကို မှိတ်ထားပြီး အိပ်ပျော်ဖို့ ကြိုးစားလိုက်တယ်..။အေးချမ်းတဲ့ အမှောင်ထု အောက်မှာပဲ ဆန်နီဟာ အိပ်ပျော်သွားခဲ့ပါတယ်..။

ညလယ်ရောက်တဲ့ အချိန်မှာတော့ ရုတ်တရက် သူ့ကိုယ်ထဲက လှုံ့ဆော်မူကြောင့် နိုးသွားခဲ့တယ်။ဆန်နီ အိပ်ချင်မူးတူးနဲ့ ထခုန်လိုက်ပါတယ်..။ကြီးမားတဲ့ လက်ပိုင်ရှင် သားရဲကြီးကို သူ့ကို လာတိုက်ခိုက်မှာကို ကြောက်နေခဲ့တာပါ..။

ဒါမှမဟုတ်လည်း နေ့လယ်ဘက်က တွေ့ခဲ့ရတဲ့ မွန်းစတားတွေက သူ့ရဲ့တည်ရှိနေမူကို သိသွားပြီး ဒီနေရာကို လာနိုင်ပါတယ်..။

သို့ပေမယ့် ပင်လယ်ပြင်ဟာ တိတ်ဆိတ်ပြီး ငြိမ်သက်နေခဲ့တယ်..။ရုပ်ထုကြီးရဲ့ ပတ်ဝန်းကျင်မှာလည်း ဘာမှ ပုံမှန်မဟုတ်တာကို မတွေ့ရပါဘူး..။

"ဘာဖြစ်လို့လဲ.."

ဆန်နီ အရိပ်ဆီကို ကြည့်ပြီး တီးတိုးမေးလိုက်တာပါ..။

အရိပ်ဟာ တိတ်တဆိတ်ပဲ နေရာတစ်ခုကို ညွှန်ပြလိုက်တယ်..။

ဆန်နီ ခေါင်းကို လှည့်ကြည့်လိုက်ပါတယ်..။အရိပ်က ဘာလို့ သူ့ကို နှိုးဖို့ကြိုးစားတာလဲ ဆိုတာကို သူ ချက်ချင်းနားလည်သွားခဲ့တယ်..။မဟုတ်ရင် သူ ဒီအရာကို မြင်နိုင်မှာ မဟုတ်ပါဘူး..။

သူတို့ နဲ့ ကီလိုမီတာ အနည်းငယ်လောက် ဝေးတဲ့ နေရာတစ်ခုမှာ လိမ္မော်ရောင် မီးအလင်းရောင်လေး တစ်ခုကို အမှောင်ထဲကနေ တွေ့နေခဲ့တယ်..။ဒီအလင်းပြန်မူက ရေလှိုင်းတွေရဲ့ လှုပ်ရှားမူ အလိုက် နိမ့်ချည် မြင့်ချည်ဖြစ်နေခဲ့ပါတယ်..။

ဒါက အသေးစိတ်မြင်ရဖို့ အနည်းငယ် ဝေးနေတာကြောင့် ဆန်နီ အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။ခနအကြာမှာတော့ အလင်းဟာ ပျောက်ကွယ်သွားခဲ့ပါတယ်..။

"တစ်ခြား အိပ်စက်သူတွေလား..။သဘာဝ ဖြစ်စဥ် တစ်ခုလား..။ဒါမှမဟုတ် တစ်ချို့ မွန်းစတားတွေက ထောင်ချောက်ဆင်ထားတာလား.."

ရေအောက်ထဲမှာ ရှိတဲ့ မနေ့က သတ္တဝါကြီးရဲ့ ပုံရိပ်တွေက သူ့ ခေါင်းထဲကို ပြန်ပေါ်လာခဲ့တယ်..။

ခေါင်းကိုသာ ခါယမ်းလိုက်ပြီး ဆန်နီ ပြန်အိပ်ဖို့ ကြိုးစားလိုက်ပါတယ်..။သို့ပေမယ့် သူ ဒီတစ်ကြိမ် အိပ်တာက လွတ်မြောက်ဖို့ ကြိုးစားလိုက်တာပါ..။သူ့ ဗိုက်ထဲက ဆာလောင်မူက ပိုပို ဆိုးလာခဲ့ပြီး..ရေဆာမူကတော့ အဆိုးဆုံးပါပဲ..။

အဆုံးမှာတော့ သူ နေထွက်လာပြီး..အနက်ရောက် ပင်လယ်ကြီး ပျောက်ကွယ်သွားတဲ့အထိ အိပ်ပျော်သွားခဲ့ပါတယ်..။

***

မနက်ခင်းကို ရောက်လာတာနဲ့ ညှပ်ပုံစံ လက်ကြီးတွေ ရှိနေတဲ့ မွန်းစတားတွေဟာ ပုန်းနေရာကနေ ပြန်ထွက်လာကြပြီး မနေ့က အလောင်းကြီးကို ထပ်မံ စားသောက်နေခဲ့ကြပြန်ပါတယ်..။

ဆန်နီ သူတို့ကို အချိန်တစ်ချို့ကြာအောင် ကြည့်နေခဲ့တယ်..။ယင်းနောက် ဆန့်ကျင်ဘက်နေရာကို သွားလိုက်ပြီး မနေ့က ထူးဆန်းတဲ့ အလင်းရောင် လေး ပေါ်လာခဲ့တဲ့ နေရာကို သွားလိုက်ပါတယ်..။

ရုပ်ထုကြီးပေါ်ကနေ မြင်နေရတာတော့..သူနဲ့ ငါးသို့မဟုတ် ခြောက် ကီလိုမီတာ လောက် အဝေးမှာ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ တောင်ကုန်းတစ်ခု ရှိနေခဲ့ပါတယ်..။တောင်ကုန်းရဲ့ ထိပ်မှာတော့ အတော်လေးမြင့်မားတဲ့ သန္တာကျောက်တိုင်ကြီး တစ်ခုကို မြင်နေခဲ့ရတယ်..။

အခြေအနေကို ကြည့်ရသလောက်တော့..ဒီတောင်ကုန်းက ညအချိန် ဒီရေတက်လာရင် တောင် အပေါ်မှာ ပေါ်နေဦးမှာပါ..။

များပြားလှတဲ့..အတွေးတွေဟာ ဆန်နီ ရဲ့ ခေါင်းထဲကို ဝင်ရောက်လာခဲ့တယ်..။သို့ပေမယ့် အဆုံးမှာတော့ အရေးကြီးတဲ့ မေးခွန်း ၂ ခု သာ ရှိနေခဲ့ပါတယ်..။

ပထမ တစ်ခုက သူ ဝင်္ကပါရဲ့ ထွက်ပေါ်ကို ရှာပြီး..အဲဲဒီနေရာကို တစ်ရက်အတွင်း သွားနိုင်လား ဆိုတာပါပဲ..။ပြီးတော့ ပိုပြီးအရေးကြီးတာက သူဒါကို တကယ်ပဲ ကြိုးစားသင့် ရဲ့လား ဆိုတာပါ..။

ဘာပဲဖြစ်ဖြစ် ဒီ ထူးဆန်းတဲ့ အလင်းက သူ့အတွက် အကျိုးပြုစေနိုင်တဲ့အရာလား..အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာလား ဆိုတာကို ဘယ်သူမှ မသိပေ..။

ရွေးချယ်ဖို့အတွက် လုံလောက်တဲ့ အချက်အလက်တွေလည်း ရှိမနေခဲ့တာကြောင့် ဆန်နီ မွန်းစတားတွေကိုသာ ပြန်ကြည့်နေခဲ့ပါတယ်..။ပြီးတာနဲ့ သူ့ရဲ့ အရိပ်ကို ဝေးနိုင်သမျှ အကန့်အသတ်အထိ လွှတ်ပြီး ဘယ်လမ်းက တောင်ကုန်းဆီကို ဦးတည်နိုင်မလဲ စစ်ဆေးကြည့်နေခဲ့တယ်..။

ပုံမှန်သဘောတရားအရ ဆိုရင်တော့ သူ ဒီရုပ်ထုကြီးပေါ်မှာ ရှိနေတာက တောင်ကုန်းပေါ်ထက် ပိုပြီးတော့ လုံခြုံပါတယ်..။တစ်ခုတည်းသော ပြသနာက ဒီမှာ သူ ဆက်နေရင် ဆာလောင်မူကြောင့် မကြာခင် သေဆုံးသွားနိုင်တယ် ဆိုတာပါပဲ..။

တကယ်လို့ သူသာ စွန့်စားလိုက်မယ် ဆိုရင် ဒီပြသနာ နှစ်ခု စလုံးက ပြေလည်သွားမှာပါ..။လုံလောက်တဲ့ အရာတစ်ချို့နဲ့ဆိုရင် ပင်လယ်ရေ တွေကို ရေချိုအဖြစ် ပြောင်းလဲဖို့ ဆရာ ဂျူးလီးယက်က သူ့ကို နည်းလမ်းပေါင်းများစွာ သင်ပေးထားခဲ့ပါတယ်..။

ပြီးတော့ မွန်းစတား တစ်ကောင်လောက်ကို စားသုံးဖို့ ထောင်ချောက်ဆင်န်ိင်ရင်လည်း မဆိုးပါဘူး..။သူတို့ရဲ့ ခန္တာကိုယ် အရွယ်အစားနဲ့ဆိုရင် တစ်ကောင်လောက် မိတာနဲ့..ရက်သတ္တပတ် အနည်းငယ်လောက် စားဖို့ အတွက် လုံလောက်ပါတယ်..။

သူ နေ့ဘက်မှာ အမဲလိုက်ပြီး..ညဘက်ရောက်ရင် ရုပ်ထုကြီးပေါ်ကို ပြန်တက်လာရုံပါပဲ..။ဒါက သူ့အတွက် အလုံခြုံဆုံး ရွေးချယ်မူပါ..။

သို့ပေမယ့် ဒီလိုပဲ အဆက်မပြတ်လုပ် နေမယ်ဆိုရင် ..ဘာတိုးတက်မူမှ ရှိတော့မှာ မဟုတ်ပေ..။ဒါက သူ့အသက်ကို ရှင်သန်စေဖို့ လုံလောက်ပေမယ့်လည်း..ဘာမျှော်လင့်ချက်မှတော့ ရှိလာမှာ မဟုတ်ပါဘူး..။

တကယ်လို့ သူ့လက်ကျန် ဘဝတစ်လျောက်လုံးကို ဒီရုပ်ထုပေါ်မှာပဲ ရှင်သန်သွားရမယ် ဆိုရင်..

ညတိုင်းညတိုင်း ကြီးမားတဲ့ လက်ပိုင်ရှင် သားရဲကြီးက တိုက်ခိုက်လာမှာကို ကြောက်ပြီး နေနေရမယ် ဆိုရင်..

အဲဲဲလို နေမယ့်အစား..သူ ချက်ချင်း ခုန်ချပြီးပဲ ဘဝကို အဆုံးသတ်လိုက်မိမှာပါ..။

ဒီတော့ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာက ထူးဆန်းတဲ့ အလင်းရောင်ဆီကို ရောက်အောင် သွားဖို့ပါပဲ..။တကယ်လ််ို့ သူ ဒီလိုလုပ်တော့မယ် ဆိုရင်.. အောက်က မွန်းစတားတွေ သားရဲကြီးကို စားသောက်ကြလို့ မပြီးသေးခင်မှာ အကောင်အထည်ဖော်သင့်တာပါ..။

အဲလိုဆိုရင် အနည်းဆုံးတော့ ဒီအကောင်တွေ သူ့လမ်းကြောင်းကို လာပြီး နှောက်ယှက်တော့မှာ မဟုတ်ပါဘူး..။

ဆုံးဖြတ်ချက် ပြတ်သားစွာပဲ..ဆန်နီဟာ နောက်တစ်နေ့ မနက်မှာ ရုပ်ထုကြီးကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တယ်..။ဒီနေ့တစ်နေ့လုံးကိုတော့..ဝင်္ကပါလမ်းကြောင်းတွေကို လေ့လာဖို့နဲ့ သူ့စိတ်ကို ပြင်ဆင်ဖို့အတွက် အချိန်ပေးထားမှာပါ..။

ဆန်နီ သူ့ရဲ့ မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး အရိပ်ရဲ့ အမြင်အာရုံကိုတွေကိုပဲ..အာရုံစိုက်ထားလိုက်ပါတယ်..။

***

ညဘက်မှာတော့..အနက်ရောင် ပင်လယ်ပြင်ထဲမှာ မုန်တိုင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့တယ် ..။ဆန်နီဟာ အရိပ်ကြောင့် နိုးလာခဲ့ပြီး လေပြင်းတွေအတွက် သူ့ကိုယ်သူ ပြင်ဆင်ချိန် ရလိုက်ပါတယ်..။

ပုံမှန်အားဖြင့် ဆန်နီဟာ မိုးတွေ ရွာတာကို သဘောမကျပါဘူး..။သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ ရေအရမ်းဆာ နေတာကြောင့် တစ်ခြားဘာကိုမှ မတွေးနိုင်တော့ပေ..။

ဆန်နီဟာ ..လေတိုက်ခတ်မူကနေ လွင့်စင်မသွားအောင် ကျောက်တုံးနဲ့ ကပ်နိုင်သမျှ ကပ်ထားခဲ့ပါတယ်..။သူ့ရဲ့ လက်နှစ်ဖက်ကို ခွက်ပုံစံ လုပ်ပြီး ရေတွေ ပြည့်လာတဲ့ အထိ စောင့်နေခဲ့တယ်..။

ပြီးတာနဲ့ ပါးစပ်ထဲကို ထည့်ပြီး အငမ်းမရ သောက်ပါတော့တယ်..။

မိုကြိုး လျှပ်စီးတွေဟာလည်း ပင်လယ်ရဲ့ အထက်မှာ တလျှပ်လျှပ် လက်နေခဲ့တယ်..။တကယ်လို့ တစ်စုံတစ်ယောက်က သေချာ ကြည့်မယ် ဆိုရင် ဆန်နီ ရဲ့ မျက်နှာပေါ်က အပြုံးကို မြင်နိုင်မှာပါ..။

မုန်တိုင်းဟာ နာရီအနည်းငယ် ကြာအောင် ပြင်းထန်နေခဲ့တယ်..။ဆန်နီကတော့ ကျောက်တုံးကြီးရဲ့ အလယ်မှာနေရင်း မုန်တိုင်းဒဏ်ကို အံကြိတ်ခံနေခဲ့ပါတယ်..။ကြီးမားတဲ့ လှိုင်းလုံးတွေကလည်း ရုပ်ထုကြီးရဲ့ လည်ပင်းကို ရိုက်ခတ်ပြီး သူ့ကို အပေါ်ကနေ ပြုတ်ကျအောင် ခြိမ်းခြောက်နေခဲ့ပါသေးတယ်..။

သို့ပေမယ့် ဆန်နီကတော့ ကျောက်တုံးရဲ့ မျက်နှာပြင်ကို ကော်နဲ့ ကပ်ထား သလိုကို ကပ်တွယ်ထားခဲ့တာပါ..။

မုန်တိုင်းပြီးဆုံးသွားပြီး မနက်ခင်းရောက်တဲ့ အချိန်မှာတော့ သူ့ ကြွက်သားတွေ အကုန်လုံး နာကျင်နေခဲ့ပါပြီ..။

သို့ပေမယ့်..သူ့မှာ ဖြုန်းတီးဖို့အတွက် အချိန် အပိုမရှိပေ..။

မွန်းစတား တွေ အလောင်းကောင်ကြီးကို လာပြီးစား သောက်ကြပြီဆိုတာနဲ့..သူဟာ ​ကျောက်ပြားကြီးရဲ့ အစွန်းကို လျောက်သွားပြီး စတင် ဆင်းလိုက်ပါတယ်..။

ဒီအချိန်မှာလည်း ဆန်နီဟာ တောတွင်း ရှင်သန်မူ အတန်းအတွက် ကျေးဇူးတင်သလို ခံစားလိုက်ရတယ်..။ဆရာ ဂျူးလီးယက်ရဲ့ သင်ခန်းစာတွေ ထဲမှာ သူ့အတွက် အခြေခံ တောင်တက် နည်းလမ်းတွေပါ ပါဝင်နေခဲ့တာပါ..။

ထပ်ပြောရရင် ဆန်နီ အနေနဲ့ ဘယ်နေရာမှာ အပေါက်ရှိတယ် ဘယ်လမ်းကြောင်းကနေ ဆင်းရင် အဆင်ပြေမယ် ဆိုတာကို အရိပ်ကနေ တဆင့် လေ့လာထားပြီးပါပြီ..။

မကြာခင်မှာပဲ သူ့ခြေထောက်က မြေကြီးကို ထိသွားခဲ့တယ်..။

ဒီရုပ်ထုကြီးကို စွန့်ခွာတာက သူ့အတွက် အန္တရာယ်များတယ် ဆိုပေမယ့်လည်း ဆန်နီ ရဲ့ ခံစားချက်တွေဟာ ကောင်းမွန်နေခဲ့တယ်..။ပြီးခဲ့တဲ့ ရက်တွေက နေထိုင်ခဲ့တဲ့ ပုံစံက သူ့ရဲ့ စတိုင်နဲ့ မကိုက်ညီလှပါဘူး..။အခုတော့ သူ့ အစီစဥ်တွေ ကျရှုံးရမယ် ဆိုရင်တောင်..အနည်းဆုံးတော့ သူ ဆုံးဖြတ်ချက် ချတဲ့ အရာကို လုပ်ခဲ့ရပါသေးတယ်..။

ကြိုးစားပြီး ကျရှုံးခဲ့ရတာက ..မကြိုးစားပဲနေတာထက် ပိုပြီး ကောင်းမွန်တယ် မဟုတ်ဘူးလား..

အနက်ရောင် ရွံ့နွံတွေထဲဟာ သူ့ရဲ့ အရှိန်ကို လျော့ကျနေစေခဲ့တယ်..။သို့ပေမယ့် ဒါက သူ့ကို ကြောက်ရွံ့အောင် လုပ်ဖို့တော့ မလုံလောက် ခဲ့ပါဘူး..။အနည်းငယ် လေ့ကျင့်ပြီးနောက်မှာတော့ ဆန်နီဟာ သင့်တော်တဲ့ အမြန်နှုန်းနဲ့ လမ်းလျောက်နိုင်ခဲ့တယ်..။တကယ်လို့ အရိပ်တွေကိုသာ သူ့ ခြေထောက်ဝန်းကျင်မှာ ဝန်းရံ စေလိုက်မယ် ဆိုရင် သူ့ ခြေလှမ်းတွေက ပေါ့ပါးပြီး မြန်ဆန်လာဦးမှာပါ..။

သူ ..တောင်ကုန်းဆီ ဦးတည်တဲ့ လျောက်လမ်းကို သွားနေခဲ့တယိ..။ဒီလမ်းကလည်း အေးစက်တဲ့ ဝင်္ကပါထဲမှာ ရှိနေခဲ့တာပါ..။

ချက်ချင်းဆိုသလိုပဲ သူ့စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ဝင်လာခဲ့တယ်..။သူ ဝင်္ကပါထဲ ရောက်တာနဲ့ အပြင်ဘက်မှာရှိနေတဲ့ ကမ္ဘာကြီးက မတည်ရှိတော့သလိုတောင် ခံစားလိုက်ရပါတယ်..။

'ဒီအရာကြီးက အဆုံးမရှိဘူးလို့တောင် ထင်ရတာပဲ..'

ခေါင်းခါယမ်းလိုက်ပြီး..ဆန်နီဟာ အရိပ်ကို ရှေ့ကို စေလွတ်ကာ အန္တရာယ်ရှိမရှိ ကြည့်ခိုင်းလိုက်ပါတယ်..။အခုချိန်မှာ သူ့ အသက်က နေ့မဝင်ခင် တောင်ကုန်းဆီ ရောက်မှာလား မရောက်ဖူးလား ဆိုတာမှာပဲ မူတည်ပါတော့တယ်..။

အနက်ရောင် ဒီရေတွေ ပြန်တက်လာတဲ့ အချိန်ကျရင် သူ သာ ဝင်္ကပါထဲမှာပဲ ရှိနေသေးရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာ တွေးတောငိ မတွေးကြည့်နိုင်ခဲ့ပါဘူး..။

အရိပ်ဟာ သူ့ရှေ့ကနေ သွားနေပြီး ဘာ အခက်အခဲမှ မတွေ့ရှိခဲ့ပေ..။မတူညီတဲ့ လမ်းတွေ ကို တွေ့တဲ့ အချိန်မှာ သူက အထက်ကို တက်ပြီး မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ပေးပါသေးတယ်..။သို့ပေမယ့် တစ်ခါတစ်လေကျရင် ဘယ်လမ်းကြောင်းက အမှန်လဲ ဆိုတာ ဆန်နီ ပါ ဝင်ပြီး စဥ်းစားရပါတယ်..။

ဒီဟာက လွဲရင် အရာရာတိုင်းက ချောချောမွေ့မွေ့ပါပဲ..။

ဆန်နီ အနေနဲ့ ဝင်္ကပါရဲ့ အတွင်းပိုင်းကို လေ့လာဖို့တောင် အချိန်ရနေခဲ့တာပါ..။တစ်ခါတစ်လေ သူ့ရဲ့ ခြေထောက်အောက်မှာတော့..ဘယ်ကမှန် မသိတဲ့ အရိုးတွေကို တွေ့ရတတ်ပါတယ်..။

အခြေအနေတွေက အေးအေးဆေးဆေး ဖြစ်နေတာကြောင့် သူ သိပ်ပြီးတောင် သတိမထားတော့ပေ..။သူ့ ရဲ့ ပြီးပြည့်စုံတဲ့ ပြင်ဆင်မူ ..အရိပ်ထောက်လှမ်းရေး တွေကြောင့်..ဆန်နီဟာ သူ့ပုခုံးသူ ပုတ်ပြီး အရာရာက အဆင်ပြေသွားလိမ့်မယ်လို့ တွေးလိုက်ပါတယ်..။

ဒါကြောင့်ပဲ..သူ့ ရှေ့မှာရှိတဲ့ ရွံ့နွံတွေ ရုတ်တရက် လှုပ်ရှားသွားတဲ့ အချိန်မှာတော့ သူ အချိန်မှီ မတုန့်ပြန် နိုင်တော့ပါဘူး..။

နောက်ထပ် ခနအကြာမှာတော့..ကြီးမားတဲ့ ညှပ်ပုံစံ လက်တွေရှိတဲ့ အကောင်ကြီးဟာ..မြေကြီးထဲက နေ ထိုးထွက်လာခဲ့ပြီး..သူ့

ခန္တာကိုယ်ကို တစ်ချက်တည်း နှစ်ပိုင်းပိုင်းဖို့ လုပ်လိုက်ပါတော့တယ်..။

All Chapters