ကျောခွံ ပါသော သားရဲ
Vol. 3 Ch. 33
#ဘာသာပြန် = စနိုးဝှိုက်
'ဂဏန်းလား '
ဆန်နီ တစ်ခုတည်းသာ တွေးဖို့ အချ်ိန်မှီ လိုက်ပြီး နောက်ပြန်လဲကျ သွားခဲ့တယ်..။မွန်းစတားရဲ့ ညှပ်ပုံစံ လက်တွေကတော့ သူ့ မျက်နှာ ရှေ့မှာ ရောက်နေခဲ့ပါပြီ..။ချွန်ထက်တဲ့ ဆူးချွန်တွေက အရမ်းကို နီးနေတာကြောင့် ရွံ့တွေကပ်နေတာကိုတောင် ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်..။
ဆန်နီ နောက်ပြန်လဲကျသွားတဲ့ အတွက် မထင်မှတ်ထားနဲ့ တိုက်ခိုက်မူကို ကပ်သီလေး ရှောင်နိုင်သွားခဲ့တယ်..။ကောင်းမွန်တဲ့ အရာက သူ ဒဏ်ရာမရသလို အသတ်လည်း မခံခဲ့ရပါဘူး..။
ဆိုးတဲ့ အချက်က သူ မြေကြီးပေါ်မှာ လဲကျသွားတဲ့ အတွက် တိုက်ခိုက်တဲ့ မွန်းစတားကြီးနဲ့ အကွာအဝေး တစ်ခုကို မဖန်တီးနိုင်တော့ပေ..။ကြီးမားတဲ့ ညှပ်ပုံစံ လက်ကြီးက သူ့ အပေါ်မှာ ရှိနေတုန်းပါပဲ..။
ဒီဟာကို နားလည်သွားတာနဲ့ ဆန်နီဟာ ဘေးဘက်ကို ချက်ချင်း လှိမ့်ချလိုက်တယ်..။နောက်တစ်စက္ကန့် အကြာမှာပဲ ညှပ်ပုံစံ လက်ကြီးဟာ သူ ရှိနေခဲ့တဲ့ ရွံ့တွေထဲကို ထိုးစိုက်ဝင်ရောက်သွားခဲ့ပါတယ်..။
သူ့ရဲ့ အလျင်အမြန် တုန့်ပြန်မူကြောင့်သာ မဟုတ်ရင် အခုချိန် သူ့ရင်ဘတ်က အပေါက်ဖြစ်နေတော့မှာပါ..။
သူ ချက်ချင်း ပြန်ထဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ ..ညှပ်ကြီးဟာ ဘေးတိုက် လွှဲရိုက်လာခဲ့ပြန်ပါတယ်..။ကံကောင်း ချင်တော့ ဆန်နီ က အဆင်သင့် ဖြစ်နေခဲ့ပါပြီ..။သူ ဒီ ရိုက်ချက်ကို ရှောင်တိမ်းမယ့် အစား..လက်နှစ်နဲ့ ကာပေးလိုက်ပြီး..ခုခံလိုက်ပါတယ်..။
သူ့လက်တွေ ပြင်းထန်စွာ နာကျင်သွားပေမယ့်လည်း ..ဆန်နီဟာ ဒီ ရိုက်ချက်နဲ့ အတူ သူ့ကိုယ်သူ နောက်ကို လွင့်စင်သွားစေခဲ့တယ်..။ဒီနည်းလမ်းကြောင့်..သူနဲ့ မွန်းစတားကြားမှာ အကွာအဝေးတစ်ခုကို ဖန်တီးနိုင်ခဲ့ပါပြီ..။
သူ ဘယ်လို တိုက်ခိုက်ရမလဲ ဆိုတာကို မသိပေမယ့်..အမြင့်ကနေ ပြုတ်ကျတဲ့ နေရာမှာတော့ ကျွမ်းကျင်ပါတယ်..။
ဆန်နီဟာ မြေကြီးပေါ်ကို ပြင်းထန်စွာ ပြုတ်ကျတာကို မခံပဲ..ကျခါနီးမှာ ခန္တာကိုယ်ကို လှိမ့်လိုက်ပါတယ်..။အတော်ဝေးဝေး ရောက်တဲ့ အခါမှာတော့ သူ့ရဲ့ ခန္တာကိုယ်က ရပ်တန့်သွားခဲ့တယ်..။
'ငါ ပြန်စဥ်းစားရမယ် '
ဆန်နီဟာ သူရဲကောင်းလေးရဲ့ တိုက်ခိုက်တဲ့ နည်းစနစ် တွေကို မျက်လုံးထဲ ပြန်မြင်လာခဲ့တယ်..။
ပတ်ပတ်လည်ကနေ လှည့်ပတ်ပြီး တိုက်ခိုက်တာက သားရဲတွေကို တိုက်ခိုက်တဲ့ နေရာမှာ အရေးပါတဲ့ နည်းစနစ် တစ်ခုပါပဲ..။
ယင်းနောက် သူ အခြေအနေတွေကို သေချာအောင် လေ့လာလိုက်တယ်..။
သူ့ရှေ့မှာတော့ တိုက်ခိုက်တဲ့ သတ္တဝါရဲ့ ပုံစံကို သေချာမြင်နေရပါပြီ..။
ဒါက သူ တစ်ချိန်လုံးလေ့လာနေတဲ့ မွန်းစတား တွေနဲ့ တစ်ပုံစံတည်းပါပဲ..။သူ့ရဲ့ အမြင့်က ဆန်နီ နဲ့စာရင် သုံးမ်ီတာလောက် ပိုနေခဲ့တယ်..။ဒီသားရဲကြီးဟာ ပါးစပ်ကို လှုပ်ပြီး အသံတစ်ချို့မြည်နေခဲ့ပါတယ်..။
'မင်းက ဘာကိစ္စ ကျန်တဲ့ အကောင်တွေနဲ့ သားရဲကြီး အလောင်းကို သွားမစားတာလဲ..ခွေးသား ဂဏန်းကောင် '
သို့ပေမယ့် ဆန်နီ ရဲ့ မေးခွန်းအတွက် အဖြေက အရမ်းကို သိသာနေခဲ့ပါတယ်..။မွန်းစတားရဲ့ အခြေအနေက သိပ်ပြီး မကောင်းလှပါဘူး..။သူ့ရဲ့ လက် ၈ ချောင်းမှာ တစ်ဝက်လောက်က ကျိုးနေခဲ့ပါတယ်..။သူ့ရဲ့ ကြေးခွံပေါ်မှာလည်း ခြစ်ရာတွေ အများကြီးပါပဲ..။ဒဏ်ရာတစ်ခု ချင်းစီတိုင်းကလည်း မိုးပြာရောင် သွေးတွေ စီးကျနေခဲ့တယ်..။
သူ့ရဲ့ သနားစရာ အခြေအနေကြောင့်သာ မဟုတ်ရင် ဒီ မွန်းစတားက ရွံ့ထဲမှာ ပုန်းနေပြီး လွယ်ကူတဲ့ သားကောင်လေးတွေကို စောင့်နေစရာ လိုမှာမဟုတ်ပေ..။သူက တစ်ခြား မွန်းစတားတွေနဲ့ လိုက်ပြီး အစားအသောက်တွေကို စားနေရုံပါပဲ..။ဆန်နီက သူရှိနေတဲ့ နေရာကို တည့်တည့်ရောက်လာတာက ကံဆိုးတာပါ..။
သူက အရိပ်ရဲ့ ထောက်လှမ်းမူကိုသာ အမှီပြုလွန်းအားကြီး နေခဲ့ပြီး လူတစ်ယောက်လောက်တော့ အလုပ်မဖြစ်နိုင်ဘူး ဆိုတာကို မေ့နေခဲ့တယ်..။အရိပ်က အလေးချိန်မရှိတဲ့ အတွက် ..သူ ဖြတ်သွားတုန်းမှာ မွန်းစတားက ဘာမှ မတုန့်ပြန်ခဲ့ပါဘူး..။
တစ်ဖက်မှာတော့ ဆန်နီ အနည်းငယ် ကံကောင်းသွားခဲ့တယ်..။အမှန်တကယ် လောဂျစ် အရဆိုရင် မွန်းစတားရဲ့ ရုတ်တရက် တိုက်ခိုက်မူကို သူ ရှောင်နိုင်စရာ အကြောင်းမရှိပေ..။သို့ပေမယ့် ဒီ မွန်းစတားရဲ့ အခြေအနေက အတော်လေး ဆိုးနေခဲ့တာပါ..။
သို့ပေမယ့် ကံတရား အကြောင်းပြောတာက နောက်မှာထားပြီး အခုချိန်မှာ ဆန်န် လုပ်ရမယ့် အရာက ရှေ့မှာ ရှိနေခဲ့ပါပြီ..။ဒါက သူ အသက်ရှင်သန်ဖို့ ကြိုးစားရမှာပါပဲ..။
'ဒီကို ပြန်လာခဲ့ဦး..'
သူ အဝေးမှာ ရှိနေတဲ့ အရိပ်ကို ညွှန်ကြားလိုက်တယ်..။
နောက်စက္ကန့် အနည်းငယ် အကြာမှာတော့ မွန်းစတားဟာ ရှေ့ကို တိုးလာခဲ့ပါတယ်..။သူ့ ရဲ့ကြီးမားတဲ့ ညှပ်ပုံစံ လက်တွေက ဘေးနားက သန္တာ ကျောက်တန်းတွေကို ရိုက်ခတ်ပြီး ..ကျောက်တွေကို နေရာအနှံ့လွင့်စင်သွားစေခဲ့တယ်..။
ဆန်နီဟာ ဟန်ချက်ကို ကြိုးစားထိန်းပြီး ထွက်ပြေးဖို့ ကြိုးစားနေခဲ့ပါတယ်..။ဒီ ဒဏ်ရာရနေတဲ့ သားရဲကြီးက သူ့ရဲ့ အမြန်နှုန်းကို မမှီဖို့အတွက် သူက မျှော်လင့်ထားခဲ့တာပါ..။သို့ပေမယ့် ကံဆိုးချင်တော့ ဒီမွန်းစတားရဲ့ အမြန်နှုန်းက အံ့ဩစရာပါပဲ..။
သူ့ ခြေထောက်တွေက ရွံ့တွေထဲကို အေးဆေးကျော်ဖြတ်ပြီး ဆန်နီ နောက်ကို လိုက်နေခဲ့တယ်..။ခနအကြာမှာတော့..သူ့လက်တွေကို လေပေါ်ဝဲပြီး ဒုက္ခပေးဖို့ ခြိမ်းခြောက်နေခဲ့ပြန်ပါပြီ..။
ဆန်နီဟာ..ညှပ်ပုံစံ လက်ကြီးတွေကို သေချာ တိမ်းရှောင်ဖို့ ကြိုးစားနေခဲ့ရတယ်..။သူ့ရဲ့ မျက်လုံးတွေကတော့ ဘေးပတ်ပတ်လည်ကို ကြည့်ပြီး လက်နက်အဖြစ် အသုံးချလို့ရမယ့် အရာကို ရှာနေခဲ့ပါတယ်..။ချက်ချင်းဆိူသလိုပဲ..ရှည်လျားပြီး ချွန်ထက်တဲ့ သားရဲ တစ်ကောင်ကောင်ရဲ့ အရိုးကို ရွံ့နွံထဲမှာ တွေ့လိုက်ရတယ်..။
ဆန်နီ အချိန်ဆွဲ မနေတော့ပဲ..အရိုးကြီးကို ရွံ့ထဲကနေ ဆွဲထုတ်လိုက်ပါတယ်..။
အရိုးက တစ်မီတာ ခွဲလောက် ရှည်လျားပြီး သူ့ရဲ့ အစွန်းတွေကတော့ အတော်လေးကို ချွန်ထက်နေခဲ့တာပါ..။ဒါက လှံရှည်တစ်ချောင်းလိုပါပဲ..။ပြသနာက သူ့မှာ ဒီဟာ ရှိနေတာတောင် သူ့ရဲ့ တိုက်ခိုက် နိုင်တဲ့ အကွာအဝေးက မွန်းစတားထက် နည်းနေပါသေးတယ်..။ပြီးတော့ ဒီအရိုးက မွန်းစတားရဲ့ ကြေးခွံကို ဖောက်နိုင်ဖို့လည်း မသေချာပါဘူး..။
အချိန်တို အတွင်းမှာ သူ အနီးကို ကပ်ပြီး သားရဲကြီးရဲ့ အက်ကွဲနေတဲ့ ကြေးခွံထဲကို ထိုးစိူက်လိုက်ဖို့ လိုအပ်ပါတယ်..။သို့ပေမယ့် သူ ဒီလို
မလုပ်ရဲပေ..။အဲလောက် နီးကပ်တဲ့ အကွာအဝေး ဆိုရင် မွန်းစတားက သူ့ရဲ့ အလေးချိန်နဲ့တင် အလွယ်တကူ ဖိသတ်လိုက်နိုင်ပါတယ်..။
ရူးသွပ်တဲ့ အကြံဥာဏ်တစ်ချို့ ဆန်နီရဲ့ ခေါင်းထဲ ဝင်လာခဲ့တယိ..။
ဒါက ရဲတင်းမူ လား ၊ ရူးမိုက်မူ လား ဆိုတာတော့ သူလည်း သေချာမဝေခွဲတတ်တော့ပါဘူး..။ပုံမှန်ဆိုရင်တော့ ဒီလိုနည်းလမ်း တွေးရလောက်အောင် သူ မရူးမိုက်ပေ..။
ခနအကြာမှာပဲ ညှပ်ပုံစံ လက်ကြီးဟာ ထပ်ရောက်လာခဲ့တယ်..။ဒီတစ်ကြိမ်မှာတော့ ဆန်နီ အချိန်မှီ မရှောင်တိမ်းနိုင်လိုက်ပဲ..ရလာဒ်အနေနဲ့ ဘယ်ဘက်ခြေထောက်ကို ထိုးဖောက်တဲ့ နာကျင်မူကို ခံစားလိုက်ရပါတယ်..။ဒါက ညှပ်ပုံစံ လက်ရဲ့ ထိပ်ပိုင်းဆူးချွန် နဲ့ ထိုးလာခဲ့တာပါ..။
ရုပ်သေးဆရာရဲ့ ဝတ်ရုံကြောင့်..လက်ကြီးက သူ့ ခြေထောက်ထဲကိုတော့ ထိုးဖောက် မဝင်ရောက်နိုင်ခဲ့ပါဘူး.။သို့ပေမယ့် ဆန်နီကိုတော့ မြေကြီးပေါ် တုန်ရီစွာ လဲကျသွားဖို့ အတွက် လုံလောက်စေခဲ့တယ်..။
သူ့မှာ ဒဏ်ရာ သက်သာအောင်လုပ်ဖို့ အချိန်မရှိပေ..။
ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ အတူပဲ ဆန်နီဟာ ရူးမိုက်ရတော့မယ့် အချိန်ရောက်ပြီဆိုတာ နားလည်လိုက်ပါတယ် .။ဒါကြောင့် ရှောင်တိမ်းနေမယ့် အစား..မွန်းစတားရဲ့ ညှပ်ကြီးတွေက သူ့ကိုယ်ကို ညှပ်လာတာကို ကြည့်နေခဲ့လိုက်ပါတယ်..။
ချက်ချင်းဆိုသလိုပဲ..ရူးသွပ်လောက်တဲ့ ဖိအားက သူ့ နံရိုးတွေဆီကို ရောက်လာခဲ့တယ်..။ဆန်နီ သူ့ခန္တာကိုယ် တစ်စစီ ဖြစ်သွားတော့မယ်လို့တောင် ခံစားလိုက်ရတာပါ..။သို့ပေမယ့် တောင်ဘုရင်ကို သတ်ပြီး ရလာတဲ့ ဝတ်ရုံက အစွမ်းကုန်တောင့်ခံပေးထားခဲ့တယိ..။သူ့ ခန္တာကိုယ် ရဲ့ ကြွက်သားတွေတိုင်းက တင်းကြပ်နေပြီး အတွင်း ကလီစာတွေ အရည်ပျော်တော့ မလိုတောင် ခံစားနေခဲ့ရတယ် .။
နောက် စက္ကန့်အနည်းငယ် အကြာမှာတော့ ဆန်နီ ရဲ့ အရိပ်ဟာ အပေါ်ကနေ ကျလာပြီး သူ့ဟာသူပဲ ရုပ်သေးဆရာရဲ့ ဝတ်ရုံအပေါ်မှာ ရစ်ပတ် သွားခဲ့တယ်..။အကာအကွယ်ရဲ့ ခံနိုင်ရည်အား တိုးလာတာကြောင့် သူ ညှပ်ကြီးတွေရဲ့ ဖိညှစ်မူကနေ အနည်းငယ် သက်သာသွားခဲ့ပါတယ် ..။
ဆန်နီ ရော မွန်းစတားရော နှစ်ယောက်စလုံးကတော့ ချောင်ပိတ်မိနေကြပါပြီ..။လူငယ်လေးဟာ ..မွန်းစတားရဲ့ ညှပ်ကြီးတွေအောက်က လွတ်အောင် မရုန်းနိုင်သလို..မွန်းစတားကလည်း သူ့ရဲ့ ညှပ်ကြီးတွေနဲ့ ရအောင် မသတ်နိုင်ခဲ့ပေ..။
သူတို့ မျက်လုံးချင်း စိုက်ကြည့်နေခဲ့ကြတယ်..။သားရဲကြီးရဲ့ မျက်လုံးမှာတော့ ရူးသွပ်တဲ့ မီးတောက် တွေကို တွေ့နေရပါတယ်..။ယင်းနောက် သူရဲ့ ပါးစပ်ကို ဖွင့်ကာ..ဆန်နီကို လေထဲ မြောက်လိုက်တယ်..။သူ ဆန်နီရဲ့ ခေါင်းကို ကိုက်ဖြတ်ချင်နေတယ် ဆိုတာက အသိသာကြီးပါပဲ..။
'ဘာလို့ လူတိုင်းက ငါ့ကိုစားချင်နေတာလဲ..။ငါက ဒီလောက်တောင် အရသာ ရှိနေတာလား..'
ဆန်နီကတော့ မွန်းစတားက သူ့ပါးစပ်နားကို ကပ်နေတုန်းမှာ မရုန်းကန်ခဲ့ပေ..။သူ့မှာ အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်ဆိုတာကို သိထားပြီးသားပါ..။
နောက်ဆုံး အခိုက်အတန့်မှာတော့ ဆန်နီဟာ ရုပ်သေးဆရာရဲ့ ဝတ်ရုံပေါ်မှာ ရစ်ပတ်နေတဲ့ အရိပ်ကို သူ့လက်ထဲက အရိုးဆီကို ပြောင်းခိုင်းလိုက်တယ်..။ယင်းနောက် သူ့ရဲ့ ခွန်အားတွေကို အကုန်စုကာ ရှေ့ကို တိုးပြီး ..မွန်းစတားကြီးဆီကို စိုက်ချလိုက်ပါတယ်..။
အနက်ရောင် အရိုးလှံကြီးဟာ သားရဲကြီးရဲ့ မျက်လုံးကနေ တဆင့် အနက်ရှိုင်းဆုံး အထိ ထိုးဖောက် သွားခဲ့တယ်..။မွန်းစတားရဲ့ တစ်ခြားမျက်လုံးတစ်ဖက်ကတော့ ကျဥ်းမြောင်းသွားခဲ့ပါတယ်..။
ဆန်နီဟာ သူ့နံရိုးတွေဆီက နာကျင်မူကို အံကြိတ်ခံရင်း အရိုးလှံက သားရဲကြီးရဲ့ ဦးနှောက်ဆီ ရောက်နိုင်သလောက် ရောက်အောင် လှည့်သွင်းလိုက်ပါတယ်..။
စက္ကန့် အနည်းငယ် ကြာတဲ့အထိ ဘာမှဖြစ်မလာခဲ့ပေ..။ယင်းနောက် သူ့ ခန္တာကိုယ်ပေါ်မှာ ရှိနေတဲ့ ဖိအားက လျော့ကျလာတာကို ခံစားမိလိုက်ပါတယ်..။
ညှပ်ကြီးဟာ ပြေလျော့သွားပြီး ဆန်နီ အောက်ကို ပြုတ်ကျသွားခဲ့တယ်..။သူ မြေကြီးပေါ်ရောက်တာနဲ့ မွန်းစတားကြီးလည်း မြေကြီးပေါ် လဲကျသွားခဲ့ပါတယ်..။
အရိုးလှံကတော့ အဇူရာ သွေးတွေ နဲ့ အတူ သူ့ရဲ့ ဦးခေါင်းမှာ စိုက်ဝင်နေတုန်းပါပဲ..။
ဆန်နီ နာကျင်မူကြောင့် ညဥ်းညူလိုက်ပြီး အသက်ကို ဝအောင် ရူသွင်းလိုက်တယ်..။
[ သင်ဟာ နိုးထမူအဆင့် ကြေးခွံပါသော သားရဲ ကို သတ်နိုင်ခဲ့သည် ]
[ သင်ဟာ မှတ်သားမူတစ်ခု ရရှိသည် : အဇူရာ ဓား ]
[..သင့်ရဲ့ အရိပ်ဟာ ပိုပြီး သန်မာလာခဲ့သည် ]