← Chapters

လက်နက်တွေကပဲ မှတ်မိကြတယ်

Vol. 3 Ch. 34

လက်နက်တွေကပဲ မှတ်မိကြတယ်

Vol. 3 Ch. 34

#ဘာသာပြန် = စနိုးဝှိုက်

ဆန်နီဟာ ရွံ့နွံထဲမှာ လဲကျနေပြီး အသက်ကို ပြင်းပြင်း ရူဖို့ ကြိုးစား နေခဲ့တယ်..။အခိုက်အတန့် ရဲ့ ရင်းနှီးတဲ့ အသံက သူ့နားထဲကို ဝင်ရောက်လာခဲ့ပါတယ်..။

[ သင့်ရဲ့ အရိပ်ဟာ ပိုသန်မာလာခဲ့ပါပြီ ]

ချက်ချင်းဆိုသလိုပဲ သူဟာ ပြောင်းလဲမူ အနည်းငယ်က်ို ခံစားလိုက်ရတယ်..။သူ့ ခန္တာကိုယ်က အနည်းငယ် ပိုသန်မာလာခဲ့ပြီး အမြင်အာရုံက ပိုပြီး ထက်မြက်လာခဲ့တယ်..။သူ့ရဲ့ အရည်ပြားတွေကလည်း ပိုပြီး ချောမွေ့လာခဲ့ပါတယ်..။ပြောင်းလဲမူတွေက သေးငယ်တယ် ဆိုပေမယ့် သိသိသာသာပါပဲ..။

'ဒါက ဘာလဲ..'

ဆန်နီဟာ..သူ့ရဲ့ အချက်အလက် ဇယားကို ထုတ်ကြည့်လိုက်တယ်..။

[ အရိပ် အပိုင်းအစ : 14/1000 ]

အရင်တုန်းက ဒီထူးဆန်းတဲ့ အရိပ်အပိုင်းအစတွေက သူ့မှာ ၁၂ ခုပဲ ရှိတာပါ..။ပြီးတော့ ဒီဟာတွေကို ဘယ်လို စုဆောင်းရမလဲ ဆိုတာကိုလည်း သူ မသိပါဘူး..။အခုကြည့်ရတာတော့ ဒီ အဖြစ်အပျက်က အလိုလျောကိဖြစ်နေတဲ့ ပုံပါပဲ..။သူက ရန်သူကို သတ်ပြီး သူတို့ရဲ့ အရိပ်ကို စုပ်ယူတာနဲ့ သူ့ရဲ့ အမြုတေကို တိုးမြင့်နိုင်မှာပါ..။

ထပ်ပြောရရင် သူရရှိတဲ့ အပိုင်းအစ အရေအတွက်က သူသတ်လိုက်တဲ့ ရန်သူ အရေအတွက်နဲ့ တိုက်ရိုက် အချိုးမကျပေ..။အနည်းငယ် တွေးပြီးတဲ့ နောက်မှာ ဆန်နီ အဖြေတစ်ခု ရလိုက်ပါတယ်..။ပြောင်းလဲ နေတဲ့စိတ်ဝိဥာဥ် အမြုတေက သူ့ကို အရိပ် အပိုင်းအစ ၁ ခု ပေးပြီး နိုးထမူ အဆင့်ဆိုရင်တော့ ၂ ခု ပေးပါတယ်..။သို့ပေမယ့် ဒါက သူကိုယ်တိုင် သတ်လိုက်တဲ့ ရန်သူကိုပဲ ရေတွက်မှာပါ..။

တောင်ဘုရင် ရဲ့ ပြောင်းလဲနေတဲ့ လာဗာ ကို သတ်လိုက်တော့ သူ အရိပ်အပိုင်းအစ တစ်ခု ရရှိခဲ့တယ်..။ပြောင်းလဲမူအဆင့် စစ်သည်တစ်ယောက်ကို သတ်လိုက်တဲ့ အတွက် သူ နောက်တစ်ခု ရရှိခဲ့တယ်..။တောင်ဘုရင်ကိုယ်တိုင်ကတော့ နိုးထမူ အဆင့် နတ်ဘီလူးဖြစ်ပြီး သူ့မှာ အမြုတေ ၅ ခု ရှိပါတယ် .။ဒီတော့ အားလုံးပေါင်းရင် သူ့မှာ အရိပ်အပိုင်းအစ ၁၂ ခု ရှိခဲ့တာပါ..။

အခု အကြေးခွံ သားရဲကို သတ်ပြီးတော့ သူ့မာ ၁၄ ခု ဖြစ်နေခဲ့ပါပြီ..။

စိတ်ဝင်စားစရာက သူ့အနေနဲ့ ခိုးကြောင်ခိုးဝှက် ၊ ပညာရှင် နဲ့ သူရဲကောင်းလေး တို့ဆီက ဘာမှ မရခဲ့ပါဘူး..။အမှန်တော့ ဒီလူတွေကလည်း သူ့ရဲ့ တွက်ချက်မူအောက်မှာ သေဆုံးခဲ့ကြတာပါ..။ကြည့်ရတာတော့ အရိပ် တွေကို စုပ်ယူနိုင်ဖို့ သူ့ လက်နှစ်ဖက်နဲ့ ကိုယ်တိုင် သတ်ရမယ့် ပုံပါပဲ..။

ကောင်းပြီ , အနည်းဆုံးတော့..သေဆုံးနေတဲ့ နတ်ဘုရား သတ်လိုက်တာကို သူ့ဆီ ပေးထားပါသေးတယ်..။

ဒီ ဖြစ်စဥ်တစ်ခုလုံးက သာမန် နိုးထသူ တွေ သူတို့ရဲ့ စွမ်းအားမြင့်တင်ကြပုံ နဲ့ အတူတူပါပဲ..။တစ်ခုတည်းသော မတူညီတာက သူတို့က စိတ်ဝိဥာဥ် အမြုတေ ယူပြီး စုပ်ယူကြရတာပါ..။သူကတော့ ရန်သူသေဆုံးသွားတာနဲ့ အရိပ်ကို တစ်ခါတည်း စုပ်ယူပြီးသားပါပဲ..။ဒါက အရိပ် အပိုင်းအစ တွေက ဝယ်ယူလို့မရသလို လဲလှယ်လို့ မရဘူးလို့ ဆိုလိုပါတယ်..။

သူ့မှာ မစ်ရှင်တွေ လုပ်ပြီး အရိပ်အပိုင်းအစ တွေ လက်ဆောင် ရဖို့ အတွက် အခွင့်အရေး မရှိပေ..။တကယ်လို့ ဆန်နီ အနေနဲ့ ပိုပြီး သန်မာချင်တယ် ဆိုရင် တိုက်ခိုက်ပြီး သတ်ဖြတ်ဖို့ နည်းလမ်း တစ်ခုတည်း ရှိပါတယ်..။

' ငါ့ဘဝကတော့ အေးချမ်းမှာကို မဟုတ်တော့ဘူး ထင်တယ် '

အရင်တုန်းကတော့ ဆန်နီဟာ အေးချမ်းတဲ့ အနေအထားကို ရွေးချယ်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ..။နိုးထသူ အများစုဟာ ..လူသားခံတပ်တွေကို ထားခဲ့ပြီး ဘယ်တော့မှ အိပ်မက်ဆိုး သားရဲတွေနဲ့ မတိုက်ခိုက်ကြပေ..။အဲဒီအစား အိပ်မက်ကမ္ဘာထဲမှာသာ..အစစ်အမှန် ကမ္ဘာတစ်ခုလို အလုပ်အကိုင်တွေ လုပ်ကိုင်ဖို့ ရွေးချယ်လေ့ရှိကြပါတယ်..။

သူတို့က စိတ်ဝိဥာဥ် အမြုတေနဲ့ ပေးချေ နိုင်ပြီး ဒါက ဒီမှာ အသုံးပြုနေတဲ့ ငွေကြေးတစ်ရပ်ပါပဲ..။ဆန်နီဟာ ဒီလို ဘဝမျိုး နေထိုင်ဖို့ စိတ်ဆန္ဒမရှိပေမယ့်လည်း အခုတော့ ရွေးချယ်စရာ မရှိတော့ပါဘူး..။

ကံကောင်းချင်တော့..အကျိုးရှိတဲ့ အချက်လည်း ရှိနေပါသေးတယ်..။သူက စိတ်ဝိဥာဥ် အမြုတေကို အသုံးပြုဖို့ မလိူအပ်တော့ တစ်ခြားလူတွေကို စိတ်ပူစရာ မလိုတော့ပါဘူး..။ဘာပဲဖြစ်ဖြစ် သူ ရန်သူကို သတ်ပြီးလို့ အရိပ်ကို စုပ်ယူပြီးရင်တောင် စိတ်ဝိဥာဥ် အမြုတေက ကျန်နေဦးမှာ ဖြစ်တာကြောင့်..အနာဂတ်မှာ အလဲအလှယ်လုပ်ဖို့ သိပ်ဆည်းထားလို့ရပါတယ်..။

ဒါက တစ်ချိန်တည်းမှာပဲ အကျိုးအမြတ် နှစ်ခု ရမှာဖြစ်တာကြောင့် သေးငယ်တဲ့ အရာတော့ မဟုတ်ပေ..။

ထပ်ပြောရရင် ဒါက အရိပ်ရဲ့ အမြုတေ နဲ့လည်း သက်ဆိုင်ပါတယိ .။

ဆန်နီ နဲ့ သူ့ရဲ့ အရိပ်က ချည်နှောင်ထားတာ ဖြစ်တာကြောင့် အမြုတေကို မြင့်တင်တာက ဆန်နီရဲ့ စွမ်းအားကိုတင် မကပဲ..အရိပ်ရဲ့ စွမ်းအားကိုလည်း မြင့်တက်စေပါတယ်..။ဒီတော့ သူ အရိပ်အပိုင်းအစ တွေ စုဆောင်းနေတာက နိုးထသူ တွေ စိတ်ဝိဥာဥ်အပိုင်းအစ ကနေ ရရှိတဲ့ အကျိုးအမြတ်ထက် ပိုများပါတယ်..။

'မဆိုးဘူး တကယ်မဆိုးဘူး '

အာ..အနာဂတ်က တောက်ပ နေပါလား..။သူသာ အသက်ရှင်နေမယ်ဆိုရင် အနာဂတ်က တကယ် မဆိုးလှပါဘူး..။

ဆန်နီ ထိုင်နေရင်းနဲ့ပဲ..သူ့ရဲ့ မှတ်သားမူ နေရာမှာ အသစ်တစ်ခု ရောက်နေတာကို တွေ့လိုက်ရတယ်..။အဇူရာ ဓား....သူ နောက်ဆုံးတော့ လက်နက်တစ်ခု ရပါပြီ..။

မှတ်သားမူ : [ အဇူရာ ဓား ]

မှတ်သားမူ အဆင့် : [ နိုးထမူ ]

မှတ်သားမူ အမျိုးအစား : [ လက်နက် ]

မှတ်သားမူ ဖော်ပြချက် : [ မေ့လျော့နေကြတဲ့ နေရာမျိုးမှာ..လက်နက်တွေကပဲ မှတ်မိကြတယ် ]

'ဟမ် ..စိတ်ဝင်စားစရာပဲ..'

အချက်အလက်တွေ အများကြီး မပါပေမယ့် စိတ်ဝင်စားစရာပါပဲ..။

ဆန်နီ သူ့ ရဲ့ လက်နက်ကို အပြင်ကို ထုတ်လိုက်တဲ့ အချိန်မှာတော့ ထက်မြက်ပြီး အလင်းရောင် တောက်နေတဲ့ ဓားတစ်ချောင်းဟာ သူ့လက်ထဲမှာ ပေါ်လာခဲ့တယ်..။ဓားက တစ်ဖက်သွားဓား ဖြစ်ပြီး ထိပ်မှာတော့ ချွန်ထက် နေခဲ့ပါတယ်..။ဒီဓားကို အဇူရာ သံမဏိနဲ့ ဖန်တီးထားခဲ့ပြီး အတော်လေးကို လှပနေခဲ့တယ်..။

တစ်ကယ်လို့ ဆန်နီ သာ လက်နက်တွေ အကြောင်းကို သိမယ် ဆိုရင် ဒီဓားမျိုးကို တန်ဒေါင် လို့ ခေါ်တယ် ဆိုတာကို တန်းသိမှာပါ..။သို့ပေမယ့် ဒီလို အရာတွေကို သူ နားမလည်ခဲ့ပေ..။သူသိတာ ဆိုလို့ ဒီဓားက တစ်ဖက်သွားဓား ဖြစ်ပြီး ခုတ်ဖြတ်ဖို့ အတွက်နဲ့ ထိုးဖောက် ဖို့ အတွက် အဆင်ပြေတယ် ဆိုတာပါပဲ..။ဓားရဲ့ လက်ကိုင်ကတော့ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ဖို့အတွက် အဆင်ပြေပါတယ်..။

ပြီးတော့ ဓားက အတော်လေးကို လှပတာပါ..။

သူ အရိပ်ကို ခွဲထွက်စေပြီး..အဇူရာ ဓားကို ရစ်ပတ်ခိုင်းလိုက်တယ်..။ချက်ချင်းဆိုသလို ဓားကိုယ်ထည်က အနက်ရောင် ဖြစ်သွားပြီး..အတွင်းထဲမှာ အဖြူရောင် အစက်တွေ လက်လက် လက်လက် ဖြစ်နေခဲ့ပါတယ်..။ဒါက ကြယ်တွေ တောက်ပနေတဲ့ ညတစ်ည လိုပါပဲ..။

ဆန်နီ မတ်တတ်ထရပ် လိုက်ပြီး ဓားအလေးချိန်နဲ့ ကျင့်သားရအောင် အကြိမ်အနည်းငယ် ဝေ့ယမ်းလိုက်ပါတယ်..။ဓားသွားက လေထုကို ပိုင်းဖြတ်နေခဲ့တယ်..။

'အင်း..အခုမှ ငါက အစစ်အမှန် နိုးထသူ နဲ့ တူသွားပြီ..'

ပြီးတဲ့ နောက်မှာတော့ သူ ​သားရဲရဲ့ အလောင်းကို ကြည့်လိုက်တယ်..။အာ..ဒီအစိတ်အပိုင်းတွေက သိပ်တော့ ကောင်းမယ့်ပုံ မရှိဘူး..။

အချိန်တစ်ချို့ ကြာပြီးတဲ့ နောက်မှာတော့ သူ သားရဲဆီက..နူးညံ့တဲ့ အသားတစ်ချို့ကို လှီးဖြတ်ယူပြီး သွားခဲ့ပါပြီ..။သားရဲ ရဲ့ ရင်ဘတ်မှာ ရှိနေတဲ့..တောက်ပနေတဲ့ ခရစ်စတယ် လေးကို ယူဖို့အတွက်လည်း သူ မေ့မနေခဲ့ပေ..။

မျှော်လင့်ချက် သိပ်မရှိပေမယ့်လည်း သူ ဒီ အမြုတေကို စုပ်ယူဖို့ ကြိုးစားကြည့်လိုက်ပါသေးတယ်..။သူ ထင်ထားသလိုပဲ ဘာမှ ဖြစ်မလာခဲ့ပေ..။

"ဒါတွေက ငါ့အတွက် အသုံးမဝင်ဘူးပဲ.'

ယင်းနောက် ဆန်နီ အသားတွေကို ရေမှော်နဲ့ ယာယီ ပြုလုပ်ထားတဲ့ ကျောပိုးအိတ်ထဲ ထည့်ပြီး ကောင်းကင်ကို ကြည့်လိုက်တယ်..။

နေကတော့ စောပါသေးတယ်..။ဒီရေ တွေ ပြန်တက်မလာချိန်မှာ သူ တောင်ကုန်းကို ရောက်ဖို့ အခွင့်အရေး ရှိပါတယ်..။သို့ပေမယ့် သူ့ရဲ့ ဘက်ဘက် ခြေထောက်က သားရဲနဲ့တိုက်ခိုက်ရင်း ဒဏ်ရာ ရထားတာကြောင့် အရင်ကလောက် ကောင်းကောင်း မလျောက်နိုင်တော့ပေ..။သူ အံကို ကြိတ်ပြီးသာ ထော့နဲ့ ထော့နဲ့ လျောက်နေခဲ့ပါတယ်..။

နာရီ တွေ ကုန်သွားခဲ့တယ်..။သူ့ရဲ့ ဒဏ်ရာတွေ​က နာကျင်မူကြောင့် ဆန်နီ ရဲ့ အရှိန်ဟာ လျော့ကျသွားခဲ့တယ်..။သူရဲ့ ခြေတစ်လှမ်းချင်းစီတိုင်းမှာအံကိုကြိတ်ထားရင်း ချွေးတွေ စီးကျနေခဲ့ပါတယ်..။

ပိုပြီးဆိုးတာက သူ ဝင်္ကပါထဲကို ပိုရောက်လာလေလေ..လမ်းကြောငိးတွေက ပိုရှုပ်ထွေး လာလေလေ ပါပဲ..။အရိပ်ရဲ့ အကူအညီ ရှိနေတာတောင် သူ့အနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးဖို့ အခက်တွေ့နေပါသေးတယ်..။

' ခရက် ခရက် ခရက် '

တကယ်လို့ ပြောင်းလဲမူ တစ်စုံတစ်ရာ မရှိရင် ဆန်နီ အနေနဲ့ သွားချင်တဲ့ နေရာကို ရောက်နိုင်တော့မှာ မဟုတ်ပေ..။ဒါက သူ့ကို ပြန်ရောက်လာတဲ့ ဒီရေတွေက သတ်တော့မယ် လို့ ဆိုလိုတာပါ..။

စိတ်ဓာတ်ကျစရာ တွေကို ဆက်ပြီး တွေးမနေတော့ပဲ..ဆန်နီ အလျင်အမြနိ ဆက်ပြီး လျောက်လိုက်တယ်..။သို့ပေမယ့် သူ အလျင်စလိုလည်း မလုပ်ရဲပါဘူး...။တစ်ချက်လောက် မှားယွင်းလိုက်တာနဲ့တင် သူ့ရဲ့ အဖိုးတန် မိနစ်တွေ ဆုံးရှုံးသွားရမှာပါ..။ဒီတော့ သူ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့ လိုအပ်ပါတယ်..။

ထပ်ပြောရရင် တစ်ခုလောက် မှားယွင်းသွားတာနဲ့တင် သူ့ရဲ့ အသက်ကို နုတ်ယူသွားနိုင်တာပါ..။

' ရွှစ် '

သူ စတင်ပြီး ကြံမိကြံရာ ဖြစ်နေတုန်းမှာပဲ..သူ့ရဲ့ အရိပ်ဟာ..တစိခုခုကို သတင်းပို့ လာခဲ့တယ်..။

သူနဲ့ ရှေ့ဘက် လမ်းကြောင်းအနည်းငယ် အကွာမှာ သန္တာကျောက်တွေဟာ ကျယ်ပြန့်ပြီး တောက်ပ နေခဲ့တယ်..။ကျောက်တန်းတွေရဲ့ အနားဝန်းကျင်မှာတော့..တစ်စုံတစ်ယောက်က ရွံနွံထဲကို ဖြတ်ကူးနေခဲ့ပါတယ်..။

ပထမဆုံး ဆန်နီ မြင်လိုက်တာက..လှပတဲ့ အသားအရည် တစ်ခုပါပဲ..။ဒီမှာတော့အရပ်ရှည်ရှည် မိန်းကလေး တစ်ယောက်ဟာ လက်နဲ့ ယာယီ ပြုလုပ်ထားတဲ့ စကတ် နဲ့ မပေါ်တပေါ် ဘရာစီယာ ကို ဝတ်ဆင် ထားခဲ့ပါတယ်..။ဒီနှစ်ခုစလုံးက ရေမှော်တွေနဲ့ ပြုလုပ်ထားခဲ့တာပါ..။သို့ပေမယ့် သူမကတော့ ဒီဟာတွေကို ဂရုစိုက်တဲ့ပုံ မပေါ်ခဲ့ပေ..။

သူမဟာ တည်ငြိမ်တဲ့ အမူအရာနဲ့ပဲ ခန ရပ်တန့်လိုက်ပြီး နောက်ကို ပြန်ကြည့်လိုက်တယ်..။လေထုကတော့ သူမရဲ့ ငွေရောင် ဆံပင်ကို တလှပ်လှပ် တိုက်ခက်နေခဲ့ပါတယ်..။

ဒါကတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်..နစ်ဖီ ပါ..။

သူမရဲ့ လက်တစ်ဖက်ကတော့ ထူးဆန်းတဲ့ ရွှေရောင် ကြိုးတစ်ချောင်းကို ကိုင်ထားခဲ့တယ်..။

ကြိုးရဲ့ တစ်ဖက်ခြမ်းမှာတော့ မျက်မမြင် မိန်းကလေး ကတ်စီယာ ရှိနေခဲ့ပြီး ..နောက်ကနေ ဂရုတစိုက် လိုက်လာနေခဲ့ပါတယ်..။

All Chapters