← Chapters

အရိပ်တစ်ခု , ကြယ်တစ်ပွင့် နဲ့နတ်ဆရာ တစ်ယောက်

Vol. 3 Ch. 35

အရိပ်တစ်ခု , ကြယ်တစ်ပွင့် နဲ့နတ်ဆရာ တစ်ယောက်

Vol. 3 Ch. 35

#ဘာသာပြန် = စနိုးဝှိုက်

မီးခိုးရောင် ကောင်းကင်က အထက်မှာရှိပြီး..ရွံ့နွံတွေက အောက်မှာ..ရှိနေခဲ့တယ်..။အဆုံးမရှိတဲ့ သန္တာကျောက်တန်းတွေကတော့ ဒီနှစ်ခုရဲ့ အလယ်မှာပါ..။ဒီလို အိပ်မက်တစ်ခုလို မြင်ကွင်းအောက်မှာပဲ လှပတဲ့ မိန်းကလေး နှစ်ယောက်ဟာ ဝင်္ကပါကို ဖြတ်သန်းနေခဲ့ကြတယ်..။

တစ်ယောက်က နူးညံ့တဲ့ အသားအရည် ရွှေရောင်ဆံပင်နဲ့..ဦးတည်ချက်မရှိတဲ့ မျက်လုံးတွေ ရှိနေခဲ့တယ်..။သူမက ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး..ခြေထောက်မှာတော့ ကြိုးသိုင်းဖိနပ်ကို ဝတ်ဆင်ထားပါတယ်..။သူမရဲ့ ပုခုံးထက်မှာလည်း ဝတ်ရုံတစ်ခု ရှိနေခဲ့တယ်..။

တစ်ခြားတစ်ယောက်ကတော့ အရပ်ရှည်ပြီး နူးညံ့ပျော့ပျောင်းပါတယ်..။သူမက ငွေရောင်ဆံပင်တွေ ရှိပြီး မီးခိုးရောင် မျက်လုံးတစ်စုံ ရှိနေခဲ့တယ်..။သူမရဲ့ လက်လုပ် အဝတ်အစားတွေက အနည်းငယ် မလုံခြုံပဲ..သူမရဲ့ အချိူးကျနတဲ့ ခန္တာကိုယ်ကို ဖော်ပြနေခဲ့ပါတယ်..။

ဒီ မိန်းကလေး နှစ်ယောက်ကို ရွှေရောင် ကြိုးတစ်ချောင်းက ဆက်သွယ်ပေးထားခဲ့တယ်..။

'ဝိုး..ဘယ်လောက်လှတဲ့ မြင်ကွင်းလဲ..'

ဆန်နီ တွေးလိုက်တာပါ..။

ရုတ်တရက် သူက အနုပညာရှင်တစ်ယောက် မဟုတ်တာကို နောင်တရသွားခဲ့တယ်..။ဒီမြင်ကွင်းက ပန်းချီတစ်ချပ် ဖန်တီးဖို့ အတွက် ပြီးပြည့်စုံ လွန်းလှပါတယ်..။

'ခနလေး..ငါ ဘာတွေလျောက်တွေးနေတာလဲ..။လူတွေ..ငါ လူတွေကို တွေ့ပြီလေ..."

သူ့ နှလုံးခုန်သံတွေ မြန်လာခဲ့တယ်..။တကယ်လို့ နစ်ဖီ နဲ့ ကတ်စီယာ ဒီမှာ ရှိနေတယ် ဆိုရင် မနေ့က ပေါ်လာခဲ့တဲ့ လိမ္မော်ရောင် မီးက သူတို့နဲ့ တစ်ခုခု သက်ဆိုင်နေတာ အသေအချာပါပဲ..။ဒါက သူတို့ တောင်ကုန်းပေါ်ကို ဘယ်လို တက်ရမလဲ သိတယ်လို့ ဆိုလိုတာပါ..။

ဒီလိုဆိုရင် ဆန်နီလည်း ပင်လယ်ရေတွေ ပြန်တက်လာပြီး ဒုက္ခမရောက်နိုင်တော့ပါဘူး..။

'အာ..ဒီတော့ ငါဘာလုပ်ရမလဲ..'

သူက တစ်ခြားလူတွေကို မျက်နှာလုပ်တဲ့ နေရာမှာ သိပ်ပြီး ကျွမ်းကျင်တာ မဟုတ်ပါဘူး..။တကယ်တော့ ဆန့်ကျင်စွာပဲ..လူတွေက သူ့ကို တွေ့ရင် ရှောင်ကွင်းသွားလေ့ ရှိကြတာပါ..။ပြီးတော့ ဒါကလည်း သာမန် အခြေအနေ တစ်ခုပါ..။

ထပ်ပြောရရင် ပြီးခဲ့တဲ့ လေးပတ်လုံး အကယ်ဒမီ မှာ ရှိတဲ့လူတိုင်းက သူ့ရဲ့ အကျင့်စရိုက်ကို မုန်းကြပါတယ်..။

'တကယ်တော်တယ် ဆန်နီ '

သို့ပေမယ့် သူက အနည်းဆုံးတော့ အသုံးဝင်ပါသေးတယ်..။ဒီအခြေအနေမှာ လူတစ်ယောက်ပိုလာတာကလည်း..သားရဲတွေနဲ့ ရင်ဆိုင်ရာမှာ အင်အားတစ်ခုပါပဲ..။ပြီးတော့ သူက သာမန် လူတစ်ယောက် မဟုတ်ပေ..။သူ့ရဲ့ ရှေ့ကို ကြိုတင်ပြီး ထောက်လှမ်းနိုင်တဲ့ စွမ်းရည်နဲ့တင် အတော်လေး တန်ဖိုးရှိနေပါပြီ..။သူတို့ ဒါကိုတော့ သေချာနားလည် လောက်တယ်မလား..။

ဆန်နီ သက်ပြင်းချလိုက်ပြီး..ကွင်းပြင်ဆီကို အမြန် ဦးတည်သွားလိုက်တယ်..။တစ်မိနစ် ကျော်ကျော်ကြာပြီးတဲ့နောက်မှာတော့ သူ ရောက်နေခဲ့ပါပြီ..။သူ ဆုံးဖြတိချက် မချမှီမှာ မိန်းကလေး နှစ်ယောက်ကို ကြည့်နေခဲ့တယ်..။

မျက်မမြင် မိန်းကလေး ကတ်စီယာဟာ သူမရဲ့ တုတ် အကူအညီနဲ့ပဲ ရှေ့က နစ်ဖီ ဆီကိုလျောက်သွားပြီး သူမရဲ့ ပုခုံးကို ထိလိုက်တယ်..။

"ဘာလို့ ရပ်လိုက်တာလဲ.."

နစ်ဖီ ဟာ မျက်မမြင် မိန်းကလေးကို ကူတွဲလိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်တယ်...

"နောက်ကျနေပြီလေ.."

မိန်းကလေး နှစ်ယောက်ကြားမှာ အနေခက်တဲ့ ပုံစံ နဲ့ ခနရပ်တန့်သွားခဲ့တယ်..။အချိန်တစ်ချို့ကြာပြီးမှ ကတ်စီယာ မေးလိုက်ပါတယ်..။

"ဒီတော့ ငါတို့ ပြန်သင့်တယ်လို့ ထင်တာလား.."

နစ်ဖီ မျက်တောင် အနည်းငယ် ခတ်ကာ လည်ချောင်း ရှင်းလိုက်ပြီး..

"အင်း.."

ဆန်နီ သူတို့ နှစ်ယောက် ပြောနေတာတွေကို ကြည့်ပြီး သဘောကျနေခဲ့တယ်..။

'သူမက ဘာလဲ..အေးဆေးနေတတ်တဲ့ ပုံစံမျိုးလား..'

ယင်းနောက် ..သူ အကြပ်ရိုက်သလို ခံစားလိုက်ရပါတယ်..။

'ငါ သူတို့နားကို ဘယ်လိုချည်းကပ်ရမှာလဲ..။ချီးပဲ ဒါက ဘာလို့ အဲလောက်တောင် ခက်ခဲနေတာလဲ..။ငါက သူတို့ကို ရည်းစားစကား သွားပြောမှာမှ မဟုတ်တာ..။ငါ​သာ..တစ်ယောက်တည်း..ဒါမှ မဟုတ်..နှစ်ယောက်စလုံးကို...။ငါ ဘာတွေ တွေးနေတာလဲ..။ဒီတိုင်း သွားပြီးသာ..နှုတ်ဆက်လိုက်စမ်းပါ..'

တကယ်လို့ သူသာ ခိုးကြောင်ခိုးဝှက်နေရာက နေ ရုတ်တရက် ပေါ်လာခဲ့ရင်..သူ့ကို သားရဲထင်ပြီး ဒီနှစ်ယောက်က သူ့ကို တိုက်ခိုက်ကြပါလိမ့်မယ်..။

ယင်းနောက် အန္တရာယ် အကင်းဆုံး ချည်းကပ်မူတစ်ခု အနေနဲ့ ဆန်နီဟာ သူ့ရဲ့ အရိပ်ကို နစ်ဖီ မြင်နိုင်တဲ့ နေရာတစ်ခုစီ အရင်လွှတ်လိုက်ပါတယ်..။

အရိပ် စတင်လှုပ်ရှားလိုက်တာနဲ့ နစ်ဖီ ရဲ့ လက်က ဘေးကို ရောက်သွားခဲ့တယ်..။ချက်ချင်းပဲ ဓားရှည်တစ်ချောင်းက သူမရဲ့ လက်ထဲမှာ ပေါ်လာပြီး ခုခံတဲ့ အနေအထား ဖန်တီးလိုက်ပါတယ်..။အရိပ်က သူ့နေရာကနေ ထွက်လို့ နှစ်လှမ်း လောက်တောင် မလျောကိရသေးခင်မှာပဲ..ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အကြည့်တွေနဲ့ ရင်ဆိုင်နေခဲ့ရတာပါ..။

အရိပ်ဟာ အေးခဲသွားပြီး..အနည်းငယ် ကြောင်အသွားတဲ့ ပုံပါပဲ..။

ကတ်စီယာ နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး..

"နစ်..ဘာဖြစ်လို့လဲ.."

နစ်ဖီဟာ ချက်ချင်းပြန်မဖြေ ခဲ့ပဲ အရိပ်ကိုသာသေချာကြည့်နေခဲ့တယ်..။ယင်းနောက် သူမ ရိုးရှင်းစွာပဲ...

"ဒါက အရိပ်တစ်ခုပဲ.."

ကတ်စီယာရဲ့ အရုပ်ပုံစံ မျက်နှာဟာ ဖြူဖျော့သွားခဲ့တယ်..။

"အရိပ်တစ်ခုလား..။သားရဲတွေလား.."

နစ်ဖီဟာ ခေါင်းခါယမ်းလိုက်တယ်..။

"မဟုတ်ဘူး ဒါက လူတစ်ယောက်ရဲ့ အရိပ်ပဲ.."

ဒါက ကတ်စီယာ မျှော်လင့်ထားတဲ့ အဖြေ လုံးဝ မဟုတ်ပါဘူး..။အံ့ဩနေတဲ့ အမူအရာနဲ့ သူမ မေးလိုက်တယ်..။

"လူသား အရိပ်တစ်ခုလား..။အဲ..အဲတာက ဘာလုပ်နေတာလဲ.."

နစ်ဖီ ခနလောကိတွေဝေသွားခဲ့တယ်..။ပြီးတော့မှ သူမ ပြန်ဖြေလိုက်ပါတယ်..။

" ငါတို့ကို လက်ဝေ့ယမ်းပြနေတာ.."

***

တစ်မိနစ် လောက် တိတ်ဆိတ်ပြီးကာမှ ကတ်စီယာ ဟာ နောက်ဆုံးမှာ တုန့်ပြန်လာခဲ့တယ်..။

" ဘယ်လို.."

"သူက လက်ဝေ့ယမ်းပြနေတယ် လို့ပြောတာ.."

"အင်း ငါသိပါတယ်..။ငါပြောချင်တာက..ဘာလို့ အဲလို လုပ်နေတာလဲ..."

နစ်ဖီ ခနလောက်တွေဝေ ပြီးကာမှ ပြောလိုက်တယ်..။

"မပြောတတ်ဘူး..။ဖြစ်နိုင်တာက ငါတို့ကို ထောင်ချောက်ဆင်ဖို့ မျှားခေါ်နေတာလား.."

အဲ့အချိန်မှာတော့ ဆန်နီဟာ စကားပြောဖို့ အတွက် အချိန်ရောက်ပြီီလို့ ခံစား လိုက်ရပါတယ်..။သူ အသက်ကို ပြင်းပြင်းရူပြီးမှ ရင်းနှီးတဲ့ အသံနဲ့ ပြောလိုက်တယ်..။

"တကယ်တော့..မင်းတို့ငါ့ကို သားရဲထင်ပြီး ဓားနဲ့ ခုတ်မှာစိုးလို့..ငါ အဲတာကို အရင်လွတ်လိုက်တာပါ.."

ချက်ချင်းဆိုသလို ပဲ ..နစ်ဖီရဲ့ ခေါင်းဟာ ဆန်နီ အမှန်တကယ် ပုန်းနေတဲ့ နေရာကို ရောက်သွားခဲ့တယ်..။သူမရဲ့ ဓားကို တော့ နေရာအသစ်ကို ပြောင်းပြီး ချိန်ထားလိုက်ပါတယ်..။

"တကယ်လို့ နင် လူသားဆိုရင်..ဘာလို့ ခိုးကြောင်ခိုးဝှက် နဲ့ ပုန်းနေတာလဲ.."

'ချီး..ငါက ခိုးကြောင်ခိုးဝှက် မဟုတ်ဘူး...'

ဆန်နီ ငြင်းခုန်ချင်ခဲ့တယ်..။သို့ပေမယ့် သူ့အားနည်းချက် က ..အဖြေမှန်ကို ပြောဖို့ တွန်းအားပေးနေခဲ့ပါတယ်..။

"ငါ ပြောချင်တာက..မင်းက ပြောင်းလဲနေတဲ့ ကြယ်ပွင့် နစ်ဖီလေ..။ရိုးရိုးသားသား ပြောရရင် ငါ နည်းနည်းတော့ ကြောက်မိတာပေါ့.."

နစ်ဖီ ပြန်မဖြေခဲ့ပေ..။သူမရဲ့ ခွဲခြားရခက်တဲ့ မျက်နှာ အမူအရာကြောင့်..သူမက သူ့ကို ယုံကြည်လား မယုံကြည်ဖူးလားဆိုတာကို ခန့်မှန်းရ ခက်ခဲနေပါတယ်..။သို့ပေမယ့် သူက သူမရဲ့ နာမည်အစစ်အမှန်ကို တမင်တကာ ထည့်ပြောခဲ့တာပါ..။တကယ်လို့ သူသာ သားရဲတစ်ကောင်က ဟန်ဆောင်ထားတာ ဆိုရင် ဒီနာမည်ကို သိနေမှာ မဟုတ်ပါဘူး..။

ကံကောင်းစွာပဲ ကတ်စီယာဟာ ပြောလာခဲ့တယ်..။

"နင်က ကဖေးမှာတုန်းက ငါ့ဘေးနားမှာ ထိုင်ခဲ့တဲ့ တစ်ယောက်လား.."

ဆန်နီ ပြုံးလိုက်တယ်..။အဲ့အချိန်မှာတော့ နစ်ဖီဟာ မျက်မမြင် မိန်းကလေး ဘက်ကို လှည့်လိုက်ပြီး..

"သူ့ကို သိလို့လား.."

ကတ်စီယာ ခေါင်းညိမ့်လိုက်တယ်..။

"ငါ သူ့အသံကို မှတ်မိတယ်..။သူ့နာမည်က ဆန်းလပ်စ် ..။သူ့ အဆင့် နောက်ဆုံးက ရေတွက်ရင် ဒုတိယ နေရာမှာ ရှိတယ်လေ..ငါ့အထက်မှာ.."

အရပ်ရှည်ရှည် မိန်းကလေးဟာ မျက်မှောင်ကျုတ်ပြီး မှတ်မိဖို့ ကြိုးစားလိုက်တယ်..။ယင်းနောက် သူမ သေချာအောင် မေးလိုက်ပါတယ်..။

"တဏှာရူး ကောင်လား.."

ဆန်နီ ရဲ့ မျက်နှာပေါ်က အပြုံးဟာ ပျောက်ကွယ်သွားခဲပြီး စိတ်မသက်မသာ ဖြစ်သွားခဲ့တယ်..။

'အိုး..မဟုတ်တာ..'

ကတ်စီယာ တွေဝေသွားပြီး..ဘာမှပြန်မဖြေခဲ့ပေ..။

"ဟေး..ငါက တဏှာရူးကောင် မဟုတ်ဘူးနော်..။သိတယ် မလား..ဒါက..စကားနည်းနည်းပါးပါးပဲ ပြောတာ..။မိန်းကလေး တစ်ချို့ကို..။ဒါက ..နားလည်မူ လွဲနေတာပဲ.."

နစ်ဖီ..စက္ကန့်အနည်းငယ် ကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။ယင်းနောက် သူမရဲ့ ဓားကို ပြန်သိမ်းလိုက်ပြီး..

"ကောင်းပြီ..ထွကိလာခဲ့လို့ရပြီ..."

ဆန်နီ ပုန်းနေရင်းကနေ ထွက်လာခဲ့ပြီး..အရိပ်ကို သူ့ဆီ ပြန်လာခိုင်းလိုက်ပါတယ်..။ဒါက အလျင်အမြန် ပျံသန်းလာခဲ့ပြီး သူ့ခြေထောက် အောက်ထဲကို ဝင်သွားခဲ့တယ်..။ဒီခွေးသားက..သူ့ကိုတောင်မှ လှောင်ရယ် သွားခဲ့ပါသေးတယ်..။

သူနစ်ဖီ နဲ့ မီတာ အနည်းငယ် မှာ ရပ်လိုက်ပြီးတာနဲ့ လက်တွေကို မြှောက်ထားလိုက်ပါတယ်..။ဒါက သူ့မှာ တိုက်ခိုက်လိုစိတ်မရှိဘူးဆိုတာကို ပြသထားတာပါ..။​

ပြောင်းလဲနေသော ကြယ်ပွင့်ဟာ သူ့ကို သေချာ ကြည့်နေခဲ့တယ်..။

"ဘာဖြစ်လာတာလဲ.."

သူမက သူ့ ခြေထောက်က ဒဏ်ရာတွေ နဲ့ တစ်ကိုယ်လုံး အနေအထားကို ကြည့်​ပြီး ပြောလိုက်တာပါ..။

ဆန်နီ သက်ပြင်းချလိုက်ပြီး..

"ကြေးခွံ သားရဲကြောင့်ပဲ.."

နစ်ဖီ မျက်ခုံးပင့်တင်သွားခဲ့တယ်..။

"နင် အသက်ရှင်လျက် ထွက်ပြေးလာနိုင်ခဲ့တာလား.."

'အဲလောက်ပဲ ထင်တာလား '

ဆန်နီ သူကိုယ်တိုင်တောင် မသိလိုက်စွာပဲ သူ့ရဲ့ နောက်ကျောကို ပြလိုက်တယ်..။

"ထွက်ပြေးလာခဲ့တာ မဟုတ်ဘူး..သတ်ခဲ့တာ.."

သူ့စကားကို သက်သေပြနေတာကတော့ သူ့ရဲ့ နောကိကျောမှာ ထုတ်ပိုးလာခဲ့တဲ့ မွန်းစတားရဲ့ အသားတွေ ပါပဲ..။နစ်ဖီ သူ့ကို နောက်ထပ်ကြိမ် ထပ်ကြည့်လိုက်တယ်..။အခုတော့ သူမ မျက်လုံးထဲမှာ..အသိအမှတ်ပြုတဲ့ အရိပ်အယောင်တွေကို မြင်နေရပါပြီ..။

ကြေးခွံသားရဲ တွေက..သားရဲတွေ ဆိုပေမယ့်လည်း နိုးထမူ အဆင့် ရှိတဲ့ သားရဲတွေပါ..။သူတို့ရဲ့ ကြီးမားတဲ့ အားအင် နဲ့ သဘာဝ ကြေးခွံ တွေနဲ့ ဆိုရင်..ပြောင်းလဲမူအဆင့် အမြုတေ ရှိတဲ့ အိပ်စက်သူ တွေ အနိုင်တိုက်ဖို့ လွယ်ကူတာ မဟုတ်ပါဘူး..။အဆင့်သတ်မှတ်ချက်ရဲ့ အောက်ဆုံးနေရာမှာ ရှိတဲ့လူဆိုရင် ပိုပြီးတောင် ဆိုးပါသေးတယ်..။

သေချာ တွေးကြည့်မယ်ဆိုရင် ဒါက နည်းနည်းတော့ အံ့ဩဖို့ကောင်းပါတယ်..။

ဆန်နီ အောက်ကို ငုံ့ကြည့်လိုက်ပြီး..

"ငါ..ဒဏ်ရာတော့ ရထားသေးတယ်လေ.."

နစ်ဖီ ပုခုံးတွန့်လိုက်တယ်..။

"A kill is a kill. You did well."

"သတ်တာက သတ်ခဲ့တာပဲ..။တော်တယ်.."

ပြီးတဲ့ နောက်မှာတော့ သူမက တိတ်ဆိတ်သွားပြီး ဘာမှ ထပ်ပြောဖို့ အစီစဥ် မရှိတော့ပေ..။ဆန်နီလည်း ဘာပြောရမလဲ ဆိုတာကို မသိပါဘူး..။ကံကောငိးချင်တော့..ကတ်စီယာက သူ့ကို ကယ်တင်ပေးခဲ့ပါတယိ..။

"နင် ဒဏ်ရာ အပြင်းအထန်ရထားတာလား.."

သူ ခေါင်းခါယမ်းလိုက်ပြီး..

"မဟုတ်ဘူး..ငါ့ရဲ့ နံရိုးတွေနဲ့ ခြေထောက်တွေ ဒဏ်ရာ ရသွားတာ..။တစ်ရက် နှစ်ရက် ဆိုရင် ပြန်ကောင်းသွားလိမ့်မယ်..။ငါ့ရဲ့ အကာအကွယ်က အတော်လေး ခံနိုင်ရည် ကောင်းတယ်လေ.."

သူတို့က ရုပ်သေးဆရာရဲ့ ဝတ်ရုံကို လုယူဖို့

တိုက်ခိုက်လာမှာကို ဆန်နီ မကြောက်ပါဘူး..။ဘာလို့လဲ ဆိုတော့ မှတ်သားမူတွေက ပိုင်ရှင်

သေသွားပြီ ဆိုတာနဲ့ ပျောက်ကွယ်သွားမှာပါ..။ဒီတော့ အသက်ရှင်နေတဲ့ လူတစ်ယောက်ကပဲ ဒါကို လွှဲပြောင်းပေးလို့ရပါတယ်..။

ဒီလို အရာကိုရဖို့ နိပ်စက်တာတွေလည်း ရှိနိုင်လောက်မှာပါ..။သို့ပေမယ့် ဒီမိန်းမလှလေး နှစ်ယောက်ကတောဒီလိုလုပ်မှာ မဟုတ်လောက်ပေ..။

ဆန်နီ လည်ချောငိးကို ရှင်းလိုက်ပြီး..

"ကြေးခွံသားရဲ နဲ့ မတွေ့ခင်တုန်းက ငါက ရှေ့နားက ကြီးမားတဲ့ သန္တာကျောက်တွေ ရှိနေတဲ့ တောင်ကုန်း ဆီကို သွားနေတာ..။ဒါပေမဲ့ တိုက်ခိုက်ပြီးတော့ ငါ့ အမြန်နှုန်းက လျော့ကျသွားခဲ့တယ်လေ..။အခု အဲ့ကို အချိန်မှီ မရောက်နိုင်မှာကို ငါ စိုးရိမ်နေတာ..။မင်းတို့ လမ်းတွေ ဘာတွေ သိထားကြသေးလား.."

ကတ်စီယာ ပြုံးလိုက်တယ်..။

"တကယ်တော့ ပြီးခဲ့တဲ့ ရက်တွေက ငါတို့ အဲဒီတောင်ကုန်းမှာ နေနေကြတာ..။ငါတို့လည်း အခုပဲ ပြန်ကြတော့မလို့.."

နစ်ဖီ ကတော့ ကောင်းကင်ကိုသာ ကြည့်နေခဲ့ပြီး ဘာမှ ဝင်မပြောခဲ့ပေ..။

ဆန်နီ နှုတ်ခမ်းကို သပ်လိုက်ပြီး..

"အင်း...ငါရော လိုက်ခဲ့လို့ရလား.."

'သူတို့ နိုး လို့တော့ မပြောလောက်ဘူးမလား..'

မျက်မမြင် မိန်းကလေးဟာ သူမရဲ့ အပေါင်းအပါ ဖက်ကို လှည့်ပြီး မေးခွန်းထုတ်တဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။

"နစ် .."

နစ်ဖီ သူမရဲ့ စူးရှတဲ့ မျက်လုံးတွေနဲ့ ဆန်နီကို စိုက်ကြည့်နေခဲ့တယ်..။အတော်ကြာပြီးတဲ့ နောက်မှ သူမ ပြောလိုက်ပါတယ်..။

" No "

'ဟင်....'

"...problem."

( no problem = ပြသနာ မရှိဘူး )

ပြသနာ မရှိဘူး..။

'မင်း ဘာဖြစ်နေတာလဲ မင်းသမီးလေး..။စကားကို တစ်ဆက်တည်း ပြောလို့ မရဘူးလား..'

ဆန်နီ ဟာ သူ့ရင်ထဲမှာ နှလုံးခုန်သံ တွေ မြန်နေပေမယ့်လည်း..ကြိုးစားပြီး ပြုံးလိုက်ပါသေးတယ်..။

"ကောင်း...ကောင်းပြီလေ.."

All Chapters