← Chapters

မီးပုံ

Vol. 3 Ch. 36

မီးပုံ

Vol. 3 Ch. 36

#ဘာသာပြန် = စနိုးဝှိုက်

တောင်ကုန်းဆီကို ရောက်ဖို့အတွက် ကျန်ရှိနေတဲ့ လမ်းကြောင်းက သိပ်ပြီး မဝေးတော့ပေ..။နစ်ဖီ ရဲ့ ဦးဆောင်မူနဲ့အတူ မှန်ကန်တဲ့ အချိုးအ​ကွေ့ အနည်းငယ်ကို ကွေ့လိုက်တဲ့ အချိန်မှာတော့ ဝင်္ကပါထဲမှာ ပိတ်မိနေတာမျိုးတွေ မရှိတော့ပါဘူး..။ထပ်ပြောရရင် ဒီဝန်းကျင်မှာလည်း..သားရဲကောင်တွေ ရှိမနေခဲ့ပေ..။

တကယ်လို့ ဖြည်းဖြည်းချင်း လျောက်နေတဲ့ ကတ်စီယာ ကြောင့်သာ မဟုတ်ရင် သူတို့ ဒီထက်တောင် ပိုပြီး မြန်ပါဦးမယ်..။ရွှေရောင်ကြိုးနဲ့ လမ်းညွှန်ပေးထားတာတောင်..သူမက ခြေတစ်လှမ်းချင်းစီတိုင်းကို..သေချာ ဂရုစိုက်နေတုန်းပါပဲ..။သန္တာကျောက်တွေကြောင့် မညီညာဖြစ်နေတဲ့ သစ်တောဟာ..မျက်မမြင် လူတစ်ယောက်အတွက် လမ်းလျောက်ဖို့ ခက်ခဲလှပါတယ်..။

ဆန်နီ ဘာစကားမှ မပြောခဲ့ပေ..။သူ လမ်းလျောက်နေရင်း ရှေ့က မိန်းမလှလေး နှစ်ယောက်ကိုသာ ကြည့်နေခဲ့ပါတယ်..။သူ ဘယ်လောက်ပဲ ကြည့်ကြည့် အခုချိန်မှာတော့ ကတ်စီယာက လူပို တစ်ယောက် သက်သက်ပါ..။

ဒီစကားက အနည်းငယ် ရက်စက်ပေမယ့်လည်း အိပ်မက်ကမ္ဘာ ထဲမှာ ကြင်နာပြနေမယ်ဆိုရင် အဆုံးသတ်မှာ အကုန်သေဆုံးကြရပါလိမ့်မယ်..။

သူ အရင်တုန်းကတော့..ကတ်စီယာမှာ ဒီလို ဆိုးဝါးတဲ့ အားနည်းချက်ရှိနေတာက..မထင်မှတ်ထားလောက် အောင် အင်အားကြီးတဲ့ စွမ်းရည်တစ်ခုကြောင့်လို့တောငိ ထင်ထားခဲ့ပါသေးတယ်..။သို့ပေမယ့် အခု မြင်နေရတာကတော့ ဒီလို မဟုတ်တော့ပေ..။သူမက လမ်း တောင် ဖြောင့်အောင် မလျောက်နိုင်မှတော့..ဘာစွမ်းရည် တွေများ ဖုံးကွယ်ထားဦးမှာ မို့လို့လဲ..။

ဒီလိုအရာတွေ လုပ်ဖို့ဆိုရင်..တစ်စုံတစ်ယောက်က ရူးရင်ရူး..မရူးရင် အသက်ရှင်ရတာကို စိတ်ပျက်နေတဲ့ လူတစ်ယောက်ပါပဲ..။ဒီတော့..နစ်ဖီက ဘယ်အချက်နဲ့ ကိုက်ညီမူ ရှိနေတာလဲ..။သူကတော့ တစ်ချက်မှ မတွေ့မိပါဘူး..။

.

သူတို့ တောင်ကုန်းပေါ်ကို ရောက်တဲ့ အချိန်မှာတော့..နေဝင်ခါတောင် နီးနေခဲ့ပါပြီ..။အပေါ်ကို တက်ပြီး သန္တာကျောက်တောင် နားကို ရောက်လာတဲ့ အချိန်မှာတော့ နစ်ဖီဟာ ရွှေရောင်ကြိုးလေးကို ပြန်သိမ်းလိုက်တယ် ။

ပြီးတာနဲ့ သူ..ချက်ချင်းပဲ ပြန်ထုတ်လိုက်ပါတယ်..။ဒီတစ်ကြိမ်မှာတော့ လက်တွေကို ချည်နှောင် မထားတော့ပဲ..သူမရဲ့ လက်ပေါ်မှာ ကြိုးခွေလေး ဖြစ်နေခဲ့တယ်..။

"အာ..ဒီတော့ မှတ်သားမူ တစ်ခုပေါ့.."

ဒီ မှော်ကြိုးမှာ ဘယ်လို စွမ်းရည်တွေ ရှိနေလဲ ဆိုတာကို ဆန်နီ သိချင်မိခဲ့ပါတယ်..။မကြာခင်မှာပဲ..သူ့ မျက်စိရှေ့က ကြိုးရဲ့ အရှည်ဟာ ပိုပိုပြီး မြင့်တက်လာတာကို တွေ့လိုက်ရတယ်..။

နစ်ဖီကတော့ ကြိုးအစွန်းနှစ်ဖက်လုံးကို ချည်နှောင်ပြီး တစ်ဖက်ကို အပေါ်ကို လှမ်းပစ်လိုက်တယ်..။ဒီကြိုးဟာ သန္တာကျောက်တောင်ပေါ်က မြင်သာတဲ့ အစွန်းတစ်ခုကို သွားချိတ်နေခဲ့ပါတယ်..။

ယင်းနောက် ဒီကြိုးက ခိုင်ခံ့ရဲ့လားဆိုတာကို စမ်းသပ်ပြီးကာမှ အပေါ်ကို အမြန်တက်သွားလိုက်ပြီး ဆန်နီကို အချက်ပြလိုက်တယ်..။

စက္ကန့်အနည်းငယ်လောက် တွေဝေပြီးတဲ့ နောက်မှာတော့ ဆန်နီဟာ ကြိုးနားကို ကပ်လာပြီး ဖမ်းဆုပ်လိုက်တယ်..။

သူ မတတ်နိုင်စွာပဲ..မယုံကြည်မူတွေက ခေါင်းထဲပေါ်ပေါ်လာနေခဲ့ပါတယ်..။သူ အကူညီမဲ့စွာ တက်လာတဲ့ အချိန်မှာတော့..နစ်ဖီဟာ အပေါ်ကနေ စောင့်နေခဲ့တယ်..။

'အလကား သံသယဖြစ်နေတာတွေ မေ့လိုက်တော့..'

ဆန်နီ တွေးပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်တယ်..။

ဒါက သူ့အနေနဲ့ ပြောင်းလဲနေသော ကြယ်ပွင့်ရဲ့ ကိုယ်ကျင့်တရားတွေကို ယုံကြည်လို့ မဟုတ်ပါဘူး..။အဲဲဒီအစား သူ့မှာ သေချာတာ တစ်ခု ရှိပါတယ်..။တကယ်လို့ နစ်ဖီသာ သူ့ကို အမှန်တကယ် သတ်ချင်တယ် ဆိုရင် အခုချိန်အထိတောင် စောင့်နေစရာ လိုမှာ မဟုတ်ပေ..။သူမက သူ့ကို ဒီတိုင်း..အပိုင်းပိူင်းဖြစ်အောင် လုပ်ပစ်လိုက်နိုင်ပါတယ်..။

ဆန်နီ အနည်းငယ်လောက် ကြိုးကြိုးစားစား တက်ပြီးတဲ့ နောက်မှာ နစ်ဖီ ရှိနေတဲ့ သန္တာကျောက် တောင်ကုန်းပေါ်ကို ရောက်လာခဲ့တယ်..။သူ နောက်ကို ပြန်လှည့်လိုက်ပြီး ကတ်စီယာက ဒီကို ဘယ်လိုတက်လာမလဲ ဆိုတာကို သိချင်စွာ ကြည့်လိုက်ပါတယ်..။

မျက်မမြင် မိန်းကလေးဟာ သစ်သားတုတ်ကို သိမ်းလိုက်ပြီး ကြိုးဆီကို ကပ်လာခဲ့တယ်..။ယင်းနောက် သူမက ကြိုးကို လက်တဖက်နဲ့ ကိုင်ပြီး အစမှာ ရှိတဲ့ ကြိုးကွင်းကို ရှာလိုက်ပါတယ်..။ပြီးတာနဲ့ ကြိုးကွင်းထဲကို သူမရဲ့ ခြေထောက်ကို ထည့်လိုက်တယ်..။

သူမ ပြီးသွားတာနဲ့ နစ်ဖီဟာ အပေါ်ကနေပြီး သူမကို ဖြည်းဖြည်းချင်းဆွဲတင်လိုက်ပါတယ်..။ကတ်စီယာ အနေနဲ့ အပေါ်ကို နည်းနည်းချင်းတက်လာပြီး နစ်ဖီ ရဲ့ လက်ကို ဆွဲကိုင်လိုက်ဖို့ပဲ လိုအပ်တာပါ..။

'ဟမ်..ကျွမ်းကျင် အဆင့်တွေပဲ'

ဒီ သန္တာကျောက် တောင်ကုန်းက..သူနေခဲ့တဲ့ စစ်သည်ရုပ်ထု ရဲ့ လည်ပင်းထက်ပိုပြီး ကြီးမားပါတယ်..။တကယ်တော့ ဒါက ကျွန်းသေးသေးလေး တစ်ခုလိုပါပဲ..။ကျွန်းရဲ့ အမြင့်ဆုံးနေရာ..သန္တာကျောက်အချို့ရဲ့ နောက်မှာတော့ မိန်းကလေး တွေဟာ သေးငယ်တဲ့ နေစရာလေး လုပ်ထားခဲ့ကြတယိ..။ဒီမှာ အိပ်စရာ ရေမှော်တွေ အများကြီး ထပ်ထားပြီး..သားရဲ အသားတွေ တော်တော်များများကို နေလှန်းထားခဲ့တယ်..။ပြီးတော့ မီးဖို ထားတဲ့ မြေကြီး နေရာကိုလည်း တွေ့လိုက်ရပါတယ်..။

ဆန်နီ မီးဖိုထားတဲ့ နေရာကို ညွှန်ပြလိုက်ပြီး..

"လွန်ခဲ့တဲ့ နှစ်ညလောက်က မင်းတို့လား..။ငါ လိမ္မော်ရောင် အလင်းလေးကို မြင်လိုက်ရတယ်.."

ကတ်စီယာရဲ့ မျက်နှာဟာ မဲနက်သွားခဲ့ပြီး..

"ဟုတ်တယ်..အဲတာက ငါတို့ ပထမဆုံးအကြိမ် မီးမွှေးကြတာပဲ..။ဒါပေမဲ့ အခြေအနေက တော်တော် လေးကို ဆိုးဝါးခဲ့တာလေ.."

နစ်ဖီ သက်ပြင်းချလိုက်တယ်..။

ဆန်နီ မျက်ခုံးပင့်တင်ပြီး အံ့ဩသင့်သွားခဲ့တယ်..။

"ဘာဖြစ်လို့လဲ.."

မျက်မမြင် မိန်းကလေးဟာ သူမရဲ့ ဆံပင်ကို ထိတွေ့လိုက်ပြီး နစ်ဖီ ဖက်ကို လှည့်လိုကိပါတယ်..။

"ညဘက် အချိန်ဆိုရင် အလင်းရောင် လုပ်တာက မွန်းစတား တွေကို ဆွဲဆောင် သလိုပဲ..။ငါတို့ အရင်ဆုံး သားရဲတွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ကြရတယိ..။ပြီး..ပြီးတော့.."

သူမ ဖြူဖျော့သွားပြီး အဆုံးမသတ်နိုငိခဲ့ပေ..။သို့ပေမယ့် သူမ ပြောဖို့ မလိုအပ်ပါဘူး..။ဧရာမကြီးမားတဲ့ လက်ကြီး ရဲ့ ပုံရိပ်က သူ့မှတ်ဥာဏ်ထဲမှာ လတ်ဆတ်နေတုန်းပါပဲ..။

ကြည့်ရတာတော့ သူ ဒီနှစ်ယောက်နဲ့ တွေ့တာ အတော်လေး ကံကောင်းလှပါတယ်..။မဟုတ်ရင် သူ ဒီည ကျိန်းသေပေါက် မီးဖို မိမှာပါ..။

"အာ..ငါ သိပါပြီ.."

နစ်ဖီ ကောင်းကင်ကို ကြည့်ပြီး လည်ချောငိးရှင်းလိုက်တယ်..။

"အခုတော့ အဆင်ပြေပါသေးတယ်..။နေမဝင်ခင် အထိ ငါတို့ အချိန်ရသေးတယ်လေ.."

ပြီးတဲ့ နောက်မှာတော့ သူမ မီးမွှေးဖို့ ပြင်ဆင်ပါတော့တယ်..။ကတ်စီယာကတော့ ရေမှော်တွေ အများကြီး ရှိတဲ့ အပေါ်မှာ ထိုင်ပြီး စောင့်နေခဲ့တယ်..။ဆန်နီလည်း ဘာလုပ်ရမလဲ ဆိုတာ မသိတာကြောငိ့ မြေကြပေါ်ကို ထိုင်ချလိုက်ပြီး သူ့ရဲ့ ဒဏ်ရာရနေတဲ့ ခန္တာကိုယ်ကို အနားပေးလိုက်တယ်..။

ပြီးတဲ့နောက်မှ သူ ပြောလိုက်တယ်..။

"ငါ့ရဲ့ အိတ် ထဲမှာ အသား လတ်လတ်ဆတ်ဆတ် တွေပါတယ်လေ..။မင်းတို့မှာ ရေရှိသေးလား.."

ကတ်စီယာ ပြုံးလိုက်ပြီး..

" ရှိတယ် "

ပြီးတော့ နောက်မှာတော့ သူမ လက်ကို ဆန့်တန်းလိုက်ပါတယိ..။စက္ကန့်အနည်းငယ် အကြာမှာတော့ အပြာရောင် ဖန်ထည်နဲ့ လုပ်ထားတဲ့ လှပတဲ့ ပုလင်းတစ်လုံးက သူမရဲ့ လက်ထဲမှာ ပေါ်လာခဲ့တယိ..။

"ဒါက ငါ့မှာ ရှိတဲ့ မှတ်သားမူပဲ..။ဒါက အမြဲတမ်း ပြည့်နေတာလေ.."

ဆန်နီ ဖန် ပုလင်းလေးကို ယူလိုက်ပြီး မနာလိုစွာ ကြည့်လိုက်တယ်..။

' ရေ လိုချင်သလောက် ရနိုင်တာလား..။

ဟမ့်..ဒါက ကျိန်းသေပေါက် ငါ့ရဲ့ ခေါင်းလောင်းထက် ပို အဖိုးတန်တာပေါ့.."

"ကျေးဇူးပါ.."

ဆန်နီ ပုလင်းကို သူ့ နှုတ်ခမ်းနား ပို့လိုက်ပြီး အရသာရှိတဲ့ ရေကို အဝသောက်လိုက်ပါတယ်..။အမှန်တကယ်ပဲ..သူ ဘယ်လောက် သောက်သောက် အထဲက ရေဟာ လျော့မသွားခဲ့ပေ..။

"ဒါက တကယ်ကို အဆုံးမရှိတာလား.."

ကတ်စီယာဟာ သူမရဲ့ ဆံပင်ကို နောကိတစိကြိမ် ထိတွေ့လိုက်တယ်..။

"အာ..အဲလိုလည်း မဟုတ်ဘူး..။တကယ်လို့ ပုလင်းကို ဇောက်ထိုးထားပြီး ရေတွေကို သွန်နေမယ် ဆိုရင် နာရီဝက်လောက်ဆိုရင် ရပ်တန့်သွားလိမ့်မယ်..။ဒါပေမဲ့ ခနလောက်ကြာရင် ရေ တွေက ပြန် ပြည့်နေပြန်ရော.."

တစ်ချိန်တညိးမှာပဲ နစ်ဖီက မီးဖိုလို့ ပြီးသွားခဲ့ပါပြီ..။သူမ တစ်ချက်တောင် မကြည့်ပဲ ဆန်နီ ရဲ့ အိတ်ဆီကို သွားကာ ဖွင့်လိုက်တယ်..။ချက်ချင်း ဆိုသလိုပဲ စိတ်ဝိဥာဥ် အမြုတေက ထွက်ကျ လာခဲ့ပါတယ်..။

နစ်ဖီဟာ..အမြုတေကို ကြည့်ပြီး ဆန်နီကို လှမ်းကြည့်လိုက်တယိ..။ယင်းနောက် သူမ ပြန်ထည့်ထားလိုက်ပြီး အသားတွေကိုသာ ဆွဲထုတ်လိုက်ပါတယ်..။

ဆန်နီ ..ထိပ်ခနဲ ဖြစ်သွားပြီး..လမ်းကြောင်းလွဲတဲ့ အဖြေကိုတောင် ပြင်ဆင်ပြီးထားခဲ့ပါပြီ..။သို့ပေမယ့် နစ်ဖီဟာ ဘာတစ်ခွန်းမှ မေးမလာခဲ့ပေ..။ဒီတော့ ဆန်နီလည်း ဘာမှမဖြစ်သလိုသာ ဟန်ဆောင်လိုက်ပြီး ကတ်စီယာ နဲ့ စကားဆက်ပြောလိုက်ပါတယ်..။

"ဒါက တကယ်ကို မှတ်သားမူ ကောင်းပဲ..။ရေ ကို စိတ်ကြိုက်သောက်နိုင်ဖို့က..လွယ်ကူတာ မဟုတ်ဘူးနော်.."

ကတ်စီယာ ခေါင်းညိမ့်ပြီး ပြုံးနေခဲ့တယ်..။

မကြာခင်မှာပဲ မွှေး​ကြိင်လှတဲ့ အသားကင်ရနံ့က လေထဲမှာ ပျံ့နှံ့လာခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ နေကတော့ ဝင်သွားခဲ့ပါပြီ..။သူတို့ရဲ့ အောက်ဘက်ကနေ ကျယ်လောင်တဲ့ အသံတွေ ထွက်ပေါ်လာပြီး..ပထမဆုံး အနက်ရောင် ဒီရေတွေဟာ စီးဆင်းလာခဲ့တယ်..။

ဆန်နီ ကောင်းကင်က မှောင်မိုက်နေတဲ့ အရှေ့ဘက်ကို ကြည့်လိုက်တယ်..။ယင်းနောက် သူ မသက်သာစွာပဲ အကြည့်ကို လွှဲလိုက်ပါတယ်..။

"သားရဲတွေက ဒီအထိတောငိ တက်လာတာလား.."

နစ်ဖီ အသားတွေကို လှန်လိုက်ပြီး ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ် ဒါပေမဲ့ ညဘက်ပဲ..။နေ့ဘက်ဆိုရင် သူတို့ အများစုက မရှိကြတော့ဘူး.."

ဆန်နီ မွန်းစတား တွေ ဘာလို့ ဝင်္ကပါထဲမှာ မရှိကြတာလဲ ဆိုတာ သိနေတာကြောငိ့ ပြုံးလိုက်တယ်..။

"ဘာလို့လဲ ဆိုတော့ သူတို့အကုန်လုံးက ငါရှိနေခဲ့တဲ့ နေရာနားမှာ စုဝေးနေကြလို့ပဲ..။မင်းတို့ကို မြင်စေချငိသေးတယ်..။ဒီနေရာရဲ့ အနောက်ဘက်မှာ ချောက်ကြီးတစ်ခု ရှိတယ်..။ကောင်းပြီ တကယ်တော့ အဲတာက ရုပ်ထုကြီးပဲ.."

ကတ်စီယာ ဟာ မျက်လုံး ပြူးကျယ်သွားခဲ့ပြီး..

"ရုပ်..ရုပ်ထုကြီး တစ်ခုလား..။ဒါပေမဲ့ နင် အသက်ရှင်ဖို့ အတွက်ဆို..အဲတာက..."

"ဟုတ်တယ် ..အဲတာက စစ်သည်တစ်ယောက်ရဲ့ ရုပ်ထုပဲ..။အနည်းဆုံး မီတာ ၂၀၀ လောက်တော့ မြင့်တယ်..။သူက ခေါင်းမရှိဘူးဆိုတော့ ငါက လည်ပင်းပေါ်မှာ နေနေရတာလေ..။ငါတို့ကို ဒီကို ပို့လိုက်တုနိးက အဲ့နားမှာ ပင်လယ် သားရဲ နှစ်ကောင် တိုကိခိုက်ခဲ့ကြတာ..။ရေတွေ ပြန်ကျသွားတော့..အရမ်းကြီးမားတဲ့ သားရဲ အလောင်းကောင်ကြီးကို ငါ တွေ့ခဲ့ရတယ်လေ..။အဲ့အလောင်းကို ဒီ ကြေးခွံသားရဲတွေ အများကြီးက စားသောက်နေကြတာ.."

နစ်ဖီ ခေါင်းညိမ့်လိုက်တယ်..။

"ဒါက နေ့ဘက်မှာ အိပ်မက်ဆိုးသားရဲတွေ ဘာလို့ မရှိဘူးလဲ ဆိုတာရဲ့ အဖြေပဲ..။ဒါပေမဲ့ ဘယ်လောက်ကြာမှာလဲ..."

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

"ဘာကို ဘယ်လောက်ကြာရမှာလဲ.."

ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ သူ့ကို စိုက်ကြည့်နေခဲ့ပြီး လူတိုငိးကို မသက်မသာဖြစ်စေ ခဲ့ပါတယ်..။

"သူတို့ အဲ့အလောင်းကောင်ကို ကုန်အောင် စားဖို့အတွက်..ဘယ်လောက်ကြာမှာလဲ..."

"အိုး..တစ်ရက် ကျော်ကျော်...နှစ်ရက်လောက်ပေါ့.."

နစ်ဖီဟာ..အသားတွေကို မီးပုံပေါ်ကနေ ယူလိုက်ပြီး ဝေပေးလိုက်ပါတယ်..။

'ဒီမိန်းကလေးက ကျိန်းသေ တစ်ခုခု မှားယွင်းနေတာ မဟုတ်ဘူးလား..'

သူတို့ သုံယောက်ဟာ မှိန်ပြပြ ဆည်းဆာအလင်းရောင် အောက်မှာ စားသောက်နေခဲ့ကြတယ်..။အသားတွေက နူးညံ့ပြီး အတော်လေးကို အရသာ ရှိလှပါတယ်..။ဒါက ဆန်နီ ကဖေးမှာ စားခဲ့ရတာတွေ ထက်တောင် ပိုပြီး အရသာ ရှိပါသေးတယ်..။ဒါပေါ့ သူ ဗိုက်ဆာနေလို့လားတော့ မပြောတတ်ပါဘူး..။

မကြာမကြာ ဆိုသလိုပဲ..သူတို့ ဖန်ပုလင်းကို လက်ဆင့်ကမ်းနေခဲ့ကြတယ်..။

သူတို့ စားသောက်လို့ ပြီးဆုံးသွားတဲ့ အချိန်မှာတော့ အနက်ရောင် ပင်လယ်ကြီးဟာ ပြန်ရောက်လာပြီး ညအချိန်ကို ရောက်နေခဲ့ပါပြီ..။အရာအားလုံးက လုံးဝကို မှောင်မိုက်နေခဲ့တာပါ..။

ဒါပေါ့..ဆန်နီကတော့ ကတ်စီယာကိုရော နစ်ဖီကိုရော ရှငိးရှင်းလင်းလင်း မြင်နေရပါတယ်..။ညအမှောင်ထုက ဖုံးကွယ်ထားပေမယ့် ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကတော့ မူလအတိုင်း တည်တည်ငြိမ်ငြိမ်ပါပဲ..။

သို့ပေမယ့် မျက်မမြင် မိန်းကလေးကတော့ ဘယ်သူမှ မမြင်ဘူး အထင်နဲ့ သူမရဲ့ ခံစားချက်တွေ ပေါ်လာခဲ့ပါတယ်..။သူမကြည့်ရတာ အထီးကျန်ပြီး ..လမ်းပျောက်နေသလိုပါပဲ..။သူမက နေ့ဘက်တုန်းကထက်တောငိ ကြောက်ရွံ့နေတဲ့ပုံ ဖြစ်နေခဲ့တာပါ..။

ဒီခံစားချက် တွေကို တောင့်ခံဖို့ ကြိုးစားရင်း ကတ်စီယာက တောက်ပတဲ့ အသံနဲ့ ပြောလိုက်တယ်..။

"ငါတို့ အချင်းချင်း ရိုးရိုးတန်းတန်း မိတ်ဆက်ကြရင် ဘယ်လိုလဲ..။ငါက ကတ်စီ ပါ.."

နစ်ဖီ ..သူမရဲ့ နေရာကို ကြည့်ပြီး ပုခုံးတွန့်လိုက်တယ်..။

"နစ်.."

နောက်တစ်ခါကတော့ ဆန်နီ ရဲ့ အလှည့်ပါ..။သူမတို့က သူ့ရဲ့ နာမည်အစစ်အမှန်ကို တိုက်ရိုက်

မမေးတာကြောင့် သူ စိတ်သက်သာရာ ရသွားခဲ့တယ်..။အခုကတော့..သူ့ရဲ့ လူ နာမည်ကိုပဲ ..ဖြေလိုက်လို့ ရပါတယ်..။ဒါတွေက ..မေးခွန်းရဲ့ စကားလုံးတွေ အပေါ်မှာပဲ မူတည်တာပါ..။

စိတ်သက်သာစွာပဲ သူ ပြုံးပြီး ဖြေလိုက်တယ်..။

"ငါ့ နာမည်က ဆန်းလပ်စ် ပါ..။ဒါပေမဲ့ မင်းတို့ ဆန်နီ လို့ ခေါ်လို့ ရပါတယ်.."

All Chapters