← Chapters

တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းခြင်း

Vol. 3 Ch. 37

တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းခြင်း

Vol. 3 Ch. 37

#ဘာသာပြန် = စနိုးဝှိုက်

ဆန်နီဟာ အမှောင်ထုထဲမှာပဲ..အပြန်အလှန်စကား ပြောဆိုမူကို လုပ်နေခဲ့ကြတယ်..။အမှောင်ထုထဲမှာ ဆိုရင် လူတွေက..စိတ်ပေါ့ပါးပြီး..ရိုးသား ကြပါတယ်..။ဒါက သူတို့ မိသားစု စစ်ပွဲတုန်းက မီးအမှောင်ချခံ ခဲ့ရတာကိုတောင် ပြန်အမှတ်ရစေပါတယ်..။အဲ့တုန်းက သူ့ မိသားစုလည်း ရွေးချယ်စရာ မရှိပဲ..အတူတူ စုဝေးကာ စကား ပြောခဲ့ကြရတာပါ..။

အခုတော့ အဲဒီအမှောင်ထဲမှာ နေခဲ့ရတဲ့ နာရီ အနည်းငယ် သူ့အတွက် အဖိုးတနိတဲ့ မှတ်ဥာဏ်တွေ ဖြစ်နေခဲ့ပါပြီ..။

သူ ခနလောက်တောကိ တိတ်ဆိတ်နေပြီးမှ ပြောလိုက်တယ်..။

"ငါတို့က တစိယောက်နဲ့တစ်ယောက် မှီခိုပြီး နေကြမှာဆိုတော့ စမ်းသပ်ချက်မှာ ဘာစွမ်းရည်နဲ့ မှတ်သားမူတွေ ရကြလဲ ဆိုတာကို အပြန်အလှန်ပြောကြရမလား..."

ဒါက နည်းလမ်းကျတဲ့ အကြံပေးချက်ပါ..။တကယ်လို့ သူတို့သာ ဘေးချင်းယှဥ်ပြီး တိုက်ခိုက်မယ် ဆိုရင် တစ်ယောက် အားသာချက်ကို တစ်ယောက် သိထားတာက အရေးပါပါတယ်..။ဒါတောင်မှ နစ်ဖီဟာ သူရှိတဲ့ နေရာကို သတိထားတဲ့ အကြည့်နဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်..။

ကံကောင်းချင်တော့ သူက အမှောင်ထဲမှာ ရှိနေခဲ့တာပါ..။

"ငါ အရင်စပြီး ပြောမယ်.."

ဆန်နီ ပြောလိုက်တာပါ..။ဒါက သူ့ရဲ့ ရိုးသားမူ နဲ့..အချက်အလက်တစ်ချို့ကို ဖော်ပြဖို့ ဆိုရင်လည်း မမှားပါဘူး..။

တကယ်လို့..သူတို့သာ အပြန်အလှန် ပြောနေကြမယ် ဆိုရင်..သူ တို့တွေရဲ့ မေးခွန်းက ကြိုတင် မခန့်မှန်းနိုင်ပါဘူး..။အခုကလည်း အမှန်အတိုင်းပဲ ပြောရမှာ ဆိုပေမယ့်..ဘယ်လောက်ပြောမလဲ..ဘယ်အထိ ပြောမှာလဲ ဆိုတာကို သူဆုံးဖြတ်နိုင်စွမ်းရှိပါတယ်..။

"ငါ့ရဲ့ စွမ်းရည်က အရိပ်တွေနဲ့ ဆက်သွယ်နိုင်တာပဲ..။ငါက နတ်ဘုရားတွေနဲ့လည်း နညိးနည်းတော့ ဆကိသွယ်နိုင်စွမ်း ရှိတယ်..။နောက်ဆုံးအနေနဲ့ကတော့ ငါက အမြဲတမ်းလိုလို ကံဆိုးနေတတ်တယ်လေ.."

ကတ်စီ ဂရုတစိုက် နားထောင်နေခဲ့တာပါ..။ယင်းနောက် သူမ ခေါင်းကိုငုံ့ပြီး ရှက်ရွံ့သွားခဲ့တယ်..။

"အာ..သူက အမှန်အတိုင်း တွေ ပြောနေတာပဲ..။ငါတို့က နင့်ရဲ့ ရိုးသားမူကို သံသယဖြစ်တာမဟုတ်ဘူးနော်.."

'ဘာလို့လဲ..ငါ့ အချိန်အများစုက လူလိမ်တစ်ယောက် အဖြစ်ပဲ နေထိုင်နေခဲ့လို့လား..'

ဆန်နီ လည်ချောင်းကို ရှင်းလိုက်ပြီး ကြောက်ရွံ့မူတွေကို အပြုံးနဲ့ ဖုံးကွယ်ထားလိုက်တယ်..။

"တကယ်လား..။ဒါက သိထားတာ အကောင်းဆုံးပဲ..။ဒါပေမဲ့ ငါ မလိမ်ဘူးဆိုတာ..မင်းက ဘယ်လိုလုပ် သေချာ ပြောနိုင်တာလဲ.."

မျက်မမြင် မိန်းကလေး ဟာ အနည်းငယ် ရွေ့လျားသွားခဲ့တယ်..။

"အိုး..ဒါက ငါ့ရဲ့ စွမ်းရည်လေ..။ငါက လူတွေရဲ့ စွမ်းရည်ကို မြင်နိုင်စွမ်းရှိတယ်..။တစ်ခါတစ်လေ ဆိုရင် အမြင်အာရုံတွေလည်း ရတတိတယ်..။ဒါက အနာဂတ် ဒါမှမဟုတ် အတိတ်ရဲ့ အကြောင်းအရာတွေ ဖြစ်နိုင်တယ်လေ..။ငါ..ငါ ထင်တာတော့..ဒါက တစ်ခါတစ်လေမှ ဖြစ်တာ.."

ဆန်နီ တံတွေးကို မြိုချပြီး စိတ်သက်သာရာ ရသွားခဲ့တယ်..။

' ဒီတော့ သူမက ဆန်းကျယ်မူ တစ်ခုပေါ့..'

ကံကောင်းချင်တော့ သူမရဲ့ စွမ်းရည်တွေအပေါ် အမြင်အာရုံက အကန့်အသတ်ရှိပါတယ်..။မဟုတ်ရင် သူက ပြသနာ တက်တော့မှာပါ..။ဒါတောင်မှ သူမအနားမှာနေမယ် ဆိုရင် သတိထားဖို့ လိုအပ်ပါသေးတယ်..။

သူ နောက်ဆုံးတော့ ဒီမိန်းကလေး သူ့မွေးနေ့ကို ဘယ်လိုသိတာလဲ ဆိုတာကို နားလည်လိုက်တယ်..။မေးစရာ ရှိတာက..သူက အနာဂတ် ဒါမှမဟုတ် အတိတ်က အကြောင်းအရာတွေ အတွက် အမြင်ရတယ် ဆိုတာပါပဲ..။

ပြီးတော့ အနာဂတိကို သိထားတာက..တကယ်ပဲ သက်ရောက်မူရှိပြီး ပြောင်းလဲနိုင်တာလား..။ဥပမာ အနေနဲ့ ပြောရမယ် ဆိုရင်..သူ ကျိန်းသေ ရှင်သန်မယ်လို့ သိပြီးတဲ့ အခိုက်အတန့်မှာဆိုရင် ဆန်နီ ဟာ သတိထားမူတွေကို လျော့ကျသွားခဲ့ပါတယ်..။ဒီရလာဒ်က သူ့ကို အချိန်မရွေး သေသွားစေနိုင်တာပါ..။

ဒါက ဖြစ်နိုင်ချေ ရှိတယ်မလား..။ဒါက အနာဂတ်ကို ပြောင်းလဲလို့ ရတယ်လို့ ဆိုလိုတာပဲ...။ဒါမှမဟုတ် မရတာလည်း ဖြစ်နိုင်ပါတယ်..။ဒါဆိုရင်...

အနည်းငယ် ခေါင်းမူးလာတာကြောင့် ဆန်နီ ဒီကိစ္စကို ခနလောက် မတွေးဖို့ဆုံးဖြတ်လိုက်တယ်..။

သူ သူ့ရဲ့ အတွင်းခံစားချက်တွေကို ထိန်းထားပြီး ရင်းနှီးတဲ့ လေသံနဲ့ ပြောလိုက်တယ်..။

"ဒါက စွမ်းရည်ကောင်းတစ်ခုပဲ..။စွမ်းရည် အကြောင်းကို ပြောမယ်ဆိုရင် မင်းက ငါ့ရဲ့ စွမ်းရည်တွေကို မြင်ပြီးနေပြီပဲ..။ငါ့ရဲ့ အရိပ်က လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တယ်လေ..။ဒါက လက်တွေ့ကမ္ဘာကို မသက်ရောက်နိုင်ပေမယ့် ငါ့တို့ သူ့ရဲ့ အမြင်နဲ့ အကြား အာရုံကို မျှဝေလို့ ရတယ်..။ဒီလိုနဲ့ ငါ အန္တရာယ်တွေနဲ့ တွေ့ရင် ကြိုသိနိုင်တယ်လေ..။အရိပ်က လျင်မြန်ပြီး ပိရိတယ်..။သူက နေရာတိုင်းကို သွားနိုင်ပြီး သတိထားမိဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ..။အိုး..ငါက အမှောင်ထဲမှာလည်း မြင်နိုင်သေးတယ်.."

ဆန်နီဟာ ဒီမိန်းကလေးတွေ သူ့ရဲ့ အရိပ်ထောက်လှမ်းရေး အကျိုးကျေးဇူးကို နားလည်ဖို့ မျှော်လင့်ရင်း ပြုံးလိုက်ပါတယ်..။သို့ပေမယ့် တုန့် ပြန်မူက နည်းနည်းထူးဆန်းနေခဲ့တယ်..။နစ်ဖီဟာ သူ့ဖက်ကို လှည့်လိုက်ပြီး ကတ်စီယာက မျက်နှာဖြူဖျော့သွားကာ သူမရဲ့ ရင်ဘတ်ကို အုပ်လိုက်ပါတယ်..။

"ဘာ..ဘာဖြစ်တယ်.."

နစ်ဖီ မျက်မှောင်ကျုတ်ပြီး ပြောလိုက်တယ်..။

"နင့်ရဲ့ စွမ်းရည်တွေကို အကယ်ဒမီမှာရော သုံးခဲ့သေးလား.."

ဆန်နီ မျက်တောင် ခတ်လိုက်တယ်..။

'ဘယ်လို ထူးဆန်းတဲ့ မေးခွန်းလဲ..'

"အကယ်ဒမီ မှာလား..။ဒါပေါ့ သုံးခဲ့တယ်လေ..ဘာလို့လဲ.."

အိုး ဟုတ်သားပဲ..သူတို့က ငါ့ကို တဏှာရူး လို့ ထင်နေကြတာပဲ..။

ခရက်..

မိန်းကလေး တွေ ဘာမှ မပြောခင်မှာပဲ သူ အမြန်လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ဒါပေမဲ့ ငါ ဒီအရာကို မသင့်တော်တာ အတွက် ဘာမှ မသုံးခဲ့ဘူး..။ငါ့ကို ယုံကြည်ရလိမ့်မယ်.."

ကံကောငိးချင်တော့ ဒါက ရိုးသားတဲ့ အမှန်တရားပါ..။သို့ပေမယ့် နစ်ဖီ ရော ကတ်စီယာရောဟာ မယုံကြည်နိုင်ဖြစ်နေခဲ့တယ်..။

ဆန်နီ အံကို ကြိတ်လိုက်ပြီး..

"မင်းတို့တွေးနေတဲ့ အရာတွေထက် ငါ့မှာ ပိုပြီး အရေးကြီးတဲ့ အရာတွေ ရှိနေခဲ့တယိလေ..။ငါ့ရဲ့ အချိန်အများစုကို ဘယ်လိုရှင်သန်ရမလဲ ဆိုတာကိုပဲ..သင်ယူနေခဲ့တာ.."

နစ်ဖီ မျက်ခုံးပင့်တင်လိုက်တယ်..။

"ငါ နင့်ကို အတန်းထဲမှာ မမြင်ခဲ့ပါဘူး..တစ်ခါမှတောင်.."

ဆန်နီ ရယ်မောလိုက်တယ်..။

"ဒါပေါ့..တွေ့မှာမဟုတ်ဘူးလေ..။မင်းက တစ်ခြား အိပ်စက်သူတွေနဲ့ တိုက်ခိုက်နေတုန်းမှာ ငါက တောတွင်း ရှင်သန်မူကို သင်ယူနေခဲ့တာ.."

ဒီတစ်ကြိမ်တော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ မျက်တောင်ခတ်လိုက်တယ်..။

"တောတွင်း ...ဘာဖြစ်တယ်..။ဒီလို အတန်းမျိုး ရှိနေတာလား..."

ကတ်စီ တူညီစွာပဲ..ပဟေဠိ ဖြစ်နေခဲ့တယ်..။

"ဟုတ်တယ်..အဲလိုအတန်းရှိတယ်..။လူအများစု အတွက်တော့ ဒါက အချိန်ဖြုန်းနေ သလိုပဲ..။ဒါပေမယ့် မြို့ပြင်မှာ နေခဲ့တဲ့ ငါ့လိုလူအတွက်ကတော့..ကျောင်းတွေ ကိုယ်ပိုင် ဆရာတွေနဲ့ မတက်ခဲ့ရဘူးလေ..။ဒီတော့ တောတွင်းရှင်သန်မူက သေခြင်းရှင်ခြင်းတွေမှာ အရေးကြီးတဲ့ အရာတစ်ခုပဲ..။ဒီ အသိဥာဏ်တွေ မရှိရင် ငါ အိပ်မက်ကမ္ဘာထဲကို ရောက်တာနဲ့ ရေနစ်ပြီး သေနေလောက်ပြီ.."

နစ်ဖီ အံ့ဩနေတယိ ဆိုတာက ရှားပါးတဲ့ အခိုက်အတန့်ပါ..။သူမ လက်ကောက်ဝတ်ကို ပွတ်ပြီး သူ့ကို အတွေးများစွာ ကြည့်နေခဲ့လိုက်ပါတယ်..။

"သိပြီ..ငါ မသိခဲ့ဘူး.."

ဆန်နီ ပုခုံးကို တွန့်လိုက်တယ်..။ယင်းနောက် သူ ပေါ့ပါးတဲ့ လေသံနဲ့ ထပ်ပြောလိုက်ပါတယ်..။

"ဒါ အဆင်ပြေတယ်..။မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီလိုဟာတွေ မသိတာက ပုံမှန်ပါပဲ.."

သူ သူမရဲ့ အဆင့်အတန်းကို ပြောလိုက်တဲ့ အချိန်မှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ မျက်နှာပေါ်မှာ ထူးဆန်တဲ့ အပြုံးတစ်ခုပေါ်လာခဲ့ပါတယ်..။သို့ပေမယ့် အဆုံးမှာတော့ သူမ ဘာမှပြန်မဖြေခဲ့ပေ..။

ဆန်နီ ဆက်ပြောလိုက်တယ်..။

"ဘာပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့ စွမ်းရည်တွေပဲ..။မှတ်သားမူ အနေနဲ့ကတော့ ငါ့ဆီမှာ သုံးခုရှိတယ်..။တစ်ခုက အကာအကွယ် ၊ တစ်ခုက ဓား နဲ့ နောက်ဆုံးတစ်ခုက ခေါင်းလောင်း တစ်ခုပဲ..."

အခုတော့ သူတို့ရဲ့ အလှည့်ပါ..။အချိန်ခနအကြာမှာပဲ နစ်ဖီဟာ ပြောလိုက်တယ်..။

"ငါ့ရဲ့ စွမ်းရည်က ငါ့ကို အလင်းနဲ့ မီးကို ဆက်နွယ်ခွင့်ပေးထားတယ်..။ပြီးတော့ ဒါက နတ်ဘုရားတွေနဲ့ လည်း ဆက်နွယ်နေသေးတယ်လေ..။ငါ့မှာ မှတ်သားမူ နှစ်ခုရှိတယ် : ကြိုးတစ်ချောင်း ရယ်...."

သူမ ပြောနေတဲ့ အချိန်မှာတော့ ဆန်နီဟာ ကတ်စီ ရဲ့ အမူအရာကိုပဲ တစ်ချိန်လုံးကြည့်နေခဲ့ပါတယ်..။သူ့အမြင်အရတော့ နစ်ဖီက အမှန်တွေကို ပြောနေတာပါ..။သို့ပေမယ့် အမှန်တရား ချည်းပဲလည်း မဟုတ်ပါဘူး..။ပြီးတော့ မျက်မမြင်မိန်းကလေးရဲ့ ခံစားချက်ကို ကြိုးစား ဖုံးကွယ်နေရတဲ့ ပုံစံကို ကြည့်ရင် နစ်ဖီရဲ့ စွမ်းရည်မှာ လျို့ဝှက်ချက်တွေ ဖုံးကွယ်ထားပါသေးတယ်..။

'စိတ်ဝင်စားစရာပဲ.."'

"...ပြီးတော့..ဓားတစ်ချောင်း..။ကြိုးကတော့ အရမ်းကို ခိုင်ခံ့ပြီး အရှညိကို ပြောင်းလဲလို့ ရတယ်..။ဓားကတော့ အရမ်းကို ထက်ပြီး စိတ်ဝိဥာဥ် တိုက်ခိုက်မူတွေကိုပါ ကာကွယ်နိုင်တယ်..။ငါ့ရဲ့ စွမ်းရည်က...ကုသမူအတွက် လည်း အသုံးပြုနိုင်တယ်လေ.."

ဆန်နီ နောက်ဆုံး စကားလုံးတွေကို လုံးဝ မလွဲချော်ခဲ့ပေ..။' ကုသမူ အတွက်လည်း သုံးနိုင်တယ်' ဒါက နောက်ထပ် အသုံးချလို့ ရတာတွေ ရှိသေးတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား..။နစ်ဖီက သူ့လိုပဲ ကတ်တွေ အားလုံး ထုတ်မပြဘူးဆိုတာ သေချာပြောနိုင်ပါတယ်..။သို့ပေမယ့် ကုသမူ စွမ်းရည်ဆိုတာက အတော်လေးကို ရှားပါးတာပါ..။ကုသမူ စွမ်းရည်ကို ရပြီး..အကန့်အသတ်မရှိ ကုသနိုင်တဲ့ စွမ်းရည်ကတော့..သူ ကြားတောင် မကြားဖူးပေ..။

သို့ပေမယ့် သူမက ပထမ အိပ်မက်ဆိုးမှာတင် နာမည်အစစ်အမှန်ကို ရခဲ့တဲ့ လူတစ်ယောက်ပါ..။တကယ်လို့ ဆန်နီသာ သူ့ရဲ့ ကဏ္ဍ စွမ်းရည်ကို ပြန်တွေးကြည့်ရင် မဖြစ်နိုင်တာ ဘာမှ မရှိပေ..။

'သူမရဲ့ စွမ်းရည် အဆင့်က ဘာလဲ ငါတကယ်သိချင်မိတယ်..'

သူ စိတ်လှုပ်ရှား တဲ့ ပုံစံ ဟန်ဆောင်လိုက်ပြီး..

"မင်းက ကုသသူတစ်ယောက်လား..။ဒါကောင်းတယ်..။ငါတို့ထဲမှာ ကုသသူတစ်ယောက် ရှိနေတာက မယုံနိုင်စရာ ကံကောင်းတာပဲ.."

ကတ်စီ ခေါင်းညိမ့်ပြီး ပြုံးလိုက်တယ်..။

"နစ်က တိုက်ခိုက်ရေးမှာလည်း အရမ်းကျွမ်းကျင်တယ်..။သူမ သားရဲတွေနဲ့ တိုက်ခိုက်နေတာကို နင့်ကို မြင်စေချင်သေးတယ်..။ကောင်းပြီ ဒါက ငါ့မျက်လုံးတွေနဲ့ မြင်ရတာ မဟုတ်ပေမယ့်လည်း..အသံတွေကို ကြားနေရတယ်လေ.."

ဆန်နီကတော့ နစ်ဖီ ဘယ်လောက်ထိ တိုက်ခိုက်ရေး ကျွမ်းကျင်တယ်ဆိုတာကို သံသယ မဖြစ်ပါဘူး..။သူက ဒါတွေကို သူ့ကိုယ်ပိုင်မျက်လုံးနဲ့ မြင်ခဲ့ရတာပါ..။ဒါပေါ့ အမှန်တကယ်တော့ သူ့ရဲ့ အရိပ်က မျက်လုံးတွေလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်..။

အဲ့အချိန်မှာတော့ ကတ်စီ သက်ပြင်းချလိုက်တယ်..။

"ငါ့ အလှည့်ရောက်ပြီလား..။အာ..ငါ့ စွမ်းရည်က သိပ်တော့ မထူးခြားပါဘူး..။ငါက ကံတရားတွေနဲ့ ဆက်နွယ်မူ ရှိတယ်လို့ ထင်တာပဲ..။ငါ့ရဲ့ အခန်း ကဏ္ဍကတော့ အစောက ပြောသလိုပဲ သိပ်အသုံးမဝင်ဘူးလေ..။မှတ်သားမူတွေကတော့ ငါ့မှာ သုံးခု ရှိတယိ..။ရေပုလင်း ၊ သစ်သား တုတ်နဲ့ အကာအကွယ်တွေပဲ..။ရေပုလင်းကိုတော့ မြင်ပြီးကြပြီမလား..။တုတ်ချောင်းကတော့ လေကို ဖန်တီးလို့ ရတယ်..။အကာအကွယ်က တကယ်တော့ နိုးထမူ အဆင့်ပဲ...အာ..အဲတာကိုတော့ နစ်ဖီက ငါ့ကို ပေးထားတာ..။ဒါက အကာအကွယ်အတွက် အရမ်းကို အားကောင်းတယ်.."

'ဒီတော့ သူမက ကတ်စီကို ခေါ်သွားနေယုံတင်မကပဲ သူမရဲ့ အဝတ်အစားတွေကိုပါ ပေးခဲ့တာပေါ့..။နိုးထမူ အဆင့် အကာအကွယ်တဲ့လား..။ဒီ နစ်ဖီက..ဘာတွေ..တွေးနေတာလဲ.."

မျက်မမြင်မိန်းကလေးဟာ ထပ်ပြီး ပြောလိုက်တယ်..။

"ငါ အရင်တုန်းကတော့..အတော်လေးကို ဓားရေး ကျွမ်းကျင်ခဲ့တာလေ..။အခုတော့ ငါ တကယ်ပဲ မတိုက်ခိုက်နိုင်တော့ဘူး.."

နောက်ဆုံး စကားက သိသာစွာပဲ သူမရဲ့ အားနည်းချက်နဲ့ ဆက်စပ်နေပါတယ်..။သို့ပေမယ့် ဆန်နီ ရော နစ်ဖီ ရော လျို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့သာ ဆုံးဖြတ်လိုက်တယ်..။တစ်ယောက်အားနည်းချက် တစ်ယောက်သိတာက ပူးပေါင်းရလွယ်ကူပေမယ့် သစ္စာဖောက်ရတာလည်း ပိုပြီး လွယ်ကူပါတယ်..။ဒီလိုအရာမျိူးကို မျှဝေဖို့ဆိုတာက ယုံကြည်မူ အဆင့်အတော်လေး မြင့်ဖို့ လိုအပ်တာပါ..။

အခုချိန်မှာတော့ သူတို့ကြားထဲမှာ ဘာ ယုံကြည်မူမှ မရှိသေးပေ..။တကယ်လို့ ရှိတယ်ဆိုရင်တော့ဆန်နီကတော့ သူ့အားနည်းချက်ကို ဘယ်သူနဲ့ပဲ မျှဝေမှာမဟုတ်ပါဘူး..။နစ်ဖီကို ကြည့်ရတာတော့ လျိုဝှက်ချက် တွေ အများကြီး ရှိနေတဲ့ ပုံပါပဲ..။

အတော်ကြာပြီးနောက်မှာမှ သူ ပြောလိုက်တယ်..။

"ကောင်းတယ် ဒါကောင်းတယ်..။ငါတို့မှာ အသက်ရှင်ဖို့အတွကိတော့ လုံလောက်အောင်ပြည့်စုံတယိလို့ ထင်တာပဲ..။အခုတော့ အိပ်ကြရအောင်.."

အမှောင်ထဲမှာတော့ နစ်ဖီဟာ ခေါင်းကို စောင်းပြီး စိတ်တွေလွင့်နေတဲ့ အကြည့်နဲ့ နားထောင်နေခဲ့ပါတယိ..။

"ကောင်းပြီ...ငါ..အရင် ကင်းစောင့်ပေးမယ်.."

ဆနိနီ ကူညီတဲ့ အမူအရာနဲ့ ပြောလိုက်တာပါ..။

." Aall 𝒏𝒆west ch𝒂pt𝒆rs on n.o./v𝒆l𝒃i/n/(.)c𝒐m

တကယ်တော့ ငါ့ရဲ့ အရိပ်က မအိပ်ဘူးလေ..။သူက တစ်ခုခုဖြစ်ရင် ငါတို့ကို နှိုးပေးနိုင်တယ်.."

ပြောင်းလဲနေသော ကြယ်ပွင့်ဟာ ဖြည်းညှင်းစွာ ပြုံးလိုက်ပြီး..

"ငါ အရင် စောင့်ကြည့်ပေးမယ်.."

သူမ ရဲ့ လေသံထဲက အေးစက်မူ တစ်ချို့ကို ခံစားမိတာကြောင့် ဆန်နီ သက်ပြင်းချပြီး ပုခုံးတွန့်လိုက်တယ်..။

'မင်း သဘောပဲ..။မင်းက ဘာကို စောင့်ကြည့်ချင်တာလဲ ဟမ်..။မင်းက အမှောင်ထဲမှာတောင် မြင်ရလို့လား..။ဘာပဲဖြစ်ဖြစ်..ညလယ်ရောက်လို့ သားရဲကြီးတွေ ရုတ်တရက် လာကိုက်စားမှ ငါ့ကို အပြစ်မတင်နဲ့...'

ယင်းနောက် သူ ထိပ်လန့်သွားခဲ့တယ်..။

'ခနလေး..ဒါဆို အဓိက ဇာတ်ဆောင်သေသွားမှာ မဟုတ်ဘူးလား..။ဟုတ်သားပဲ..ဒီလိုတော့ ဖြစ်လို့ မရဘူး...မဖြစ်နိုင်တာ.."

All Chapters