← Chapters

အမှောင်ထဲမှ မေးခွန်းများ

Vol. 3 Ch. 38

အမှောင်ထဲမှ မေးခွန်းများ

Vol. 3 Ch. 38

#ဘာသာပြန် = စနိုးဝှိုက်

ဆန်နီဟာ အိပ်မပျော်နိုင်ခဲ့ပေ..။သူ အမှောင်ထဲမှာ ထိုင်ပြီး..လှိုင်းခတ်သံတွေကို အချိန်အတော်ကြာအောင် နားထောင်နေခဲ့တယ်..။ဒီလို အချိန်မှာတော့..သူ့ မှတ်ဥာဏ်ထဲကို အရင်နေ့တွေက အဖြစ်အပျက်တွေ ရောက်လာခဲ့ပါတယ်..။သ်ို့ပေမယ့် တစ်ခုခုကို လေးလေးနက်နက် တွေးတောဖို့ စိတ်မပါခဲ့ပေ..။အခုချိန် သူ့မှာ နွေးထွေးမူ , ဗိုက်ပြည့်မူ နဲ့ လုံခြုံမူ အကုန်ရှိပါတယ်..။ဒါက လုံလောက်တာထက်တောငိ ပိုနေခဲ့ပါပြီ..။

မကြာခင်မှာပဲ ကတ်စီယာရဲ့ အသက်ရူသံ ပြောင်းလဲသွားတာကြောင့် သူမ အိပ်ပျော်သွားပြီ ဆိုတာကို သိလိုက်တယ်..။နစ်ဖီကတော့..သူမရဲ့ ခံစားချက်မဲ့နေတဲ့ ပုံစံနဲ့ပဲ ငေးမောရင်း ကင်းစောင့်နေခဲ့ပါတယ်..။သူမရဲ့ ငွေရောင် ဆံပင်နဲ့ ဖြူဖွေးတဲ့ အသားအရည်တွေကြောင့် ငွေရောင်ရုပ်ထု လေးတစ်ရုပ်လိုတောင် ထင်မှတ်ရပါတယ်..။

ဆန်နီ သက်ပြင်းချလိုက်တယ်..။ယင်းနောက် သူ တီးတိုး လှမ်းပြောလိုက်ပါတယ်..။

"ဟေး..ငါ တစ်ခုလောက် မေးလို့ရမလား.."

နစ်ဖီ သူ့ကိုကြည့်ပြီး ပုခုံးတွန့်ပြလိုက်တယ်..။သူမ ဘာမှ ထုတ်မပြောတာက သူ အမှောင်ထဲမှာမြင်နိုင်တယ်ဆိုတာကို သူမ မှတ်မိနေလို့ပါ..။

"ကောင်းပြီ.."

'ဒါက ကိုယ်ရေးကိုယ်တာနဲ့များ ဆိုင်နေမလား..'

ဆန်နီ တွေဝေသွားခဲ့တယ်..။

"ငါ ထင်တာတော့ မင်းတို့လို ဆက်ခံသူတွေက အမွေဆက်ခံတဲ့ မှတ်သားမူ လက်နက်တွေနဲ့ အိပ်မက်ကမ္ဘာထဲကို လာကြမယ် ထင်တာ..။ငါ ပြောချင်တာက..ဒါက မင်းတို့ရဲ့ အားသာချက်လေ..။ဘယ်လိုလုပ် မင်းမှာ သုံးခုထဲ ရှိရတာလဲ.."

နစ်ဖီ ခနလောက်တိတ်ဆိတ်နေခဲ့တယ်..။

"တစ်ကယ်တော့ ငါ့မှာ နှစ်ခုပဲ ရှိတာ..။ကြိုးက ကတ်စီ ရဲ့ဟာပဲ.."

သူ မျက်ခုံးပင့်တင်လိုက်တယ်..။

"အိုး..သိပြီ.."

သူမ ရဲ့ အဖြေက တကယ့်အဖြေမှန် မဟုတ်တာကို သတိထားမိလိုက်တဲ့ နစ်ဖီဟာ ခနလောက်တွေးပြီး ဆက်ပြောလိုက်တယ်..။

"ငါ့အဖေ သေဆုံးသွားပြီးတော့ ငါတို့ရဲ့ မှတ်သားမူ တွေ အများကြီးကို ဆုံးရှုံးခဲ့ရတယ်..။ကျန်ရှိနေခဲ့တဲ့ အရာတွေကို မိသားစု ရှင်သန်ဖို့အတွက် တစ်ခုချငိးစီ ရောင်းချခဲ့ရတယ်လေ..။ဓားနဲ့ အကာအကွယ်က ငါ့ရဲ့ ပထမအိပ်မက်ဆိုးမှာ ရခဲ့တဲ့ အရာပဲ.."

ဒီတော့ အဲလိုပေါ့..။ဆန်နီဟာ အင်မော်တယ် မီးတောက် ကလန်ရဲ့ ကျရှုံးမူက သူတွေးထားသလောက် မရိုးရှင်းဘူးဆိုတာကို နားလည်လိုက်ပါတယ်..။ဒီထဲမှာ တစ်ခုခုတော့ အဓိပ္ပါယ်မရှိပါဘူး..။

"သေချာတာကတော့ မင်းတို့ကလန်ရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် ပိုက်ဆံရှာဖို့ တစ်ခြားနည်းလမ်းတွေ ရှိနေမှာပဲလေ.."

ဘာထူးဆန်းတဲ့ တုန့်ပြန်မူမှမရှိပဲ နစ်ဖီဟာ ပြောလိုက်တယ်..။

"တစ်ခြား အကြောင်းပြချက်တွေ ရှိသေးတယ်.."

ယင်းနောက် သူမ မထင်မှတ်ထားစွာပဲ ခေါငိးကို လှည့်လာခဲ့ပြီး..

"ငါလည်း တစ်ခုလောက် ပြန်မေးလို့ရမလား.."

ဆန်နီ တံတွေးကို မြိုချလိုက်တယ်..။

"အင်း..မေးပါ.."

နစ်ဖီ အနည်းငယ် စဥ်းစားလိုက်ပြီး..

"ငါက ဆက်ခံသူ တစ်ယောက်ဆိုတာ နင်ဘယ်လိုသိတာလဲ.."

'ဘာ..ဒါကို သိချင်တာလား '

"ရိုးပါတယ်..။ငါ ကတ်စတာ ပြောတာကို ကြားခဲ့ရတာ..။သူက တစ်ခြားအိပ်စက်သူတွေကို မင်းကို ရိုရိုသေသေ ဆက်ဆံဖို့ ပြောနေတာလေ.."

သူမ ခေါင်းညိမ့်ပြလိုက်ပြီး ပြန်လှည့်သွားခဲ့တယ်..။သူမရဲ့ တည်ငြိမ်တဲ့ မီးခိုးရောင် မျက်လုံးမှာ ဘာအတွေးတွေ ရှိနေလဲတော့ ဆန်နီ မသိပါဘူး..။

အချိန်အချို့ကြာပြီးတဲ့ နောက်မှာတော့ ဆန်နီ ဟာ ရှိသမျှ အားအင်တွေ စုစည်းပြီး သူသိချင်တာ မေးဖို့ သတ္တိမွေးလိုက်တယ်..။သူ မမေးခင်မှာ ကတ်စီ အိပ်ပျော် နေတာ သေချာအောင်လုပ်ပြီးမှ အသံကို နိမ့်လိုက်ပြီး...

"ငါ နောက်ထပ် မေးခွန်းတစ်ခုလောက် မေးလို့ရမလား.."

မလိုမကျတဲ့ တုန့်ပြန်မူတွေ မရှိတာကြောင့် သူ ဆက်ပြောလိုက်တယ်..။

"ဘာလို့ သူမကို ခေါ်ထားပြီး ဒုက္ခခံနေရတာလဲ.."

ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ ပါးစပ်ဟာ အနည်းငယ် လှုပ်သွားခဲ့တယ်..။

"ဘာလို့လဲ..။နင် မခေါ်သွားချင်လို့လား.."

ဆန်နီ အံကို ကြိတ်လိုက်တယ်..။သူ့ အားနည်းချက်ကတော့ သူ့ကို အဖြေမှန် ပေးဖို့ အတင်းတွန်းအားပေးနေခဲ့ပါတယ်..။

" မခေါ်ချင်ဘူး.."

ရိုးရိုးသားသား ပြောရရင် အဖြေမပေးခင် နောက်ဆုံးအချိန်ထိ သူ့ ပါးစပ်ထဲကနေ ' ခေါ်ချင်ပါတယ် ' ဆိုတဲ့ အဖြေထွက်လာဖို့ကို သူမျှော်လင့်နေခဲ့တာပါ..။သို့ပေမယ့် အိပ်မက်ဆိုးထဲက ထွက်လာပြီးက သူ ဆုံးရှုံးသွားတဲ့အရာက ကိုယ့်ကိုကို လိမ်ညာတာပါပဲ..။

ဒါက ဆန်နီ မျက်မမြင်မိန်းကလေးကို မသနားတာ ဒါမှမဟုတ် မကူညီချင်တာ မဟုတ်ပါဘူး..။ဒါက သူ လုပ်နိုင်တဲ့ အရာမဟုတ်ဘူးဆိုတာကို သူ သိနေခဲ့ပါတယ်..။သူက ကိုယ့်ကိုကို တောင် မနည်းအသက်ရှင်အောင် နေနေရတဲ့ ဘဝပါ..။တကယ်လို့ သူသာ ကူညီမယ်ဆိုရင် အတူတူ သေလိုက်ဖို့ပဲ ရှိပါတော့တယ်..။

ဒါတောင်မှ သူ ကိုယ့်ကိုကို အနည်းငယ် စိတ်ပျက်နေခဲ့တယ်..။

သို့ပေမယ့် နစ်ဖီကတော့ သူ့ကို ဘာမှ မဝေဖန် ခဲ့ပေ..။သူမ ဘာ တုန့်ပြန်မူမှ မပြခဲ့ပါဘူး..။ခနကြာပြီးတဲ့နောက်မှာ သူမ ပြောလိုက်တယ်..။

"ဘာလို့လဲဆိုတော့..ငါ ခေါ်သွားချင်လို့ပဲ..."

' ခေါ်ချင်လို့ ခေါ်တာပေါ့ '

ဒါက ဆန်နီ မျှော်လင့်ထားခဲ့တဲ့ အဖြေတစ်ခု မဟုတ်ပေ..။သူက ကတ်စီ ရဲ့ အားနည်းပုံရတဲ့ စွမ်းရည်က ဘယ်လောက်တောင် အသုံးဝင်လဲ ဆိုတာကို သူမက သင်ခန်းစာပေးမယ်လို့ ထင်ထားခဲ့တာပါ..။

သို့ပေမယ့် သူမက ဘာတစ်ခုမှ မပြောခဲ့ပေ..။

နစ်ဖီက သူမရဲ့ နိုးထမူအဆင့် အကာအကွယ်ကို ပေးပြီး ကိုယ့်ကိုကို အသက်အန္တရာယ် ထဲပို့ကာ ကူညီနေတာက ဘာအကြောင်းပြချက်မှ မရှိဘူးလို့ သူ့ကို ထင်စေချင်နေတာပါ..။

' ရယ်စရာပဲ..'

အစကတော့ သူက သူမရဲ့ အဖြေကို ဘာမှ မတုန့်ပြန်ခဲ့ပေ...။သို့ပေမယ့် သူ ပိုပြီးတွေးလေလေ ပိုပြီး အနှောက်ယှက်ဖြစ်လေလေပါပဲ..။

ဘာလို့လဲ ဆိုတော့ ဒါက အမှန်တရားလည်း ဖြစ်နေနိုင်ပါတယ်..။

သူ့ဘဝ အခြေအနေတွေကြောင့် ဆန်နီဟာ ဘဝမှာ လုပ်ချင်လို့ လုပ်လိုက်တယ် ဆိုတဲ့ အရာ မရှိပါဘူး..။သူ့ရဲ့ အချိန်အများစုကို လုပ်ဖို့ လိုအပ်တာတွေကိုပဲ လုပ်နေရတာပါ..။

ဒါပေမဲ့ ဒါက တကယ်ပဲလား..။သူမတို့ နှစ်ယောက်က သူထင်ထားသလောက် တော့ မရင်းနှီးပါဘူး..။နစ်ဖီဟာ ချမ်းသာမူ မရှိသလို ဆက်ခံရရှိတဲ့ လက်နက်တွေလည်း မရှိပေ..။သို့ပေမယ့် သူမမှာ ဆန်နီ နဲ့ မတူတဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေ ရှိပါတယ်..။

တကယ်လို့ မျက်မမြင် မိန်းကလေးကိုသာ နစ်ဖီက ကူညီချင်လို့ ကူညီနေတာဆိုရင်..ဒီ စိတ်ဓာတ်က အားလုံးရဲ့ အထက်မှာ ရှိနေခဲ့တာပါ..။

ဖြစ်နိုင်တာက ဒါက ဆက်ခံသူတွေရဲ့ ကျန်တဲ့လူတွေနဲ့ မတူတဲ့ စိတ်ထားလည်း ဖြစ်နိုင်ပါတယ်..။

ဒီမှာ တွေးစရာ တွေ အများကြီး ရှိပါတယ်..။သို့ပေမယ့် ဆန်နီ သူ့အတွေးတွေကို သေချာ မစုစည်းရသေးခင်မှာပဲ နစ်ဖီဟာ ရုတ်တရက် ပြောလာခဲ့တယ်..။

"ငါ့အလှည့်ပဲ.."

'အာ..သူမ မေးခွန်း မေးရမယ့် အလှည့်လို့ ပြောချင်တာလား..'

အမှန်တကယ်ပဲ ဒါက သူမ ဆိုလိုတာပဲ..။သူမဟာ ဆန်နီ ဖက်ကိုလှည့်ပြီး အချိန်အတော်ကြာအောင် စိုက်ကြည့်ကာ မေးလိုက်တယ်..။

"နင် အိုဒက်ဆေး ရဲ့ ဒဏ္ဍာရီကို သိလား.."

' ခနလေး..အို...ဘယ်သူ ..။ဒါက ဘယ်လို ထူးဆန်းတဲ့ မေးခွန်းမျိုးလဲ..."

ဆန်နီ ထူးဆန်းစွာပဲ ခေါင်းခါယမ်းလိုက်တယ်..။ယင်းနောပ် သူမ သူ့ကို မမြင်ရတာကို သတိထားမိပြီး ပြောလိုက်ပါတယ်..။

"မသိဘူး..

နစ်ဖီဟာ သက်ပြင်းချပြီး တစ်ဖက်ကို ပြန်လှည့်သွားခဲ့တယ်..။အချိန်တစ်ချို့ကြာပြီးမှ သူမ ညှင်သာစွာ ပြောလာခဲ့ပါတယ်..။

"အိုဒက်ဆေး က ရှေးဟောင်း စစ်ပွဲတွေရဲ့ သူရဲကောင်း တစ်ယောက်ပဲ..။ဒဏ္ဍာရီ တွေထဲမှာတော့ တစိချို့လူသားတွေမှာ နိုးထနိုင်တဲ့ စွမ်းအားတွေ ရှိတယ်လို့ ​ဖော်ပြထားတယ်လေ..။ဖျက်စီးလို့ မရနိုင်တဲ့ ခန္တာကိုယ် စွမ်းရည် ကို ပိုင်ဆိုင်ထားတဲ့ သူရဲကောင်းက.. အရမ်းကို သန်မာတဲ့ စစ်ပွဲ နတ်ဘုရား အေးဂျစ် ကိုတောင် စိုးရိမ်စေခဲ့တယ်..။အိုဒက်ဆေးက အသန်မာဆုံး မဟုတ်သလို ..အရဲရင့်ဆုံး လူတစ်ယောက် မဟုတ်ဘူး..။ဒါပေမဲ့ သူက အတွက်ချက်တတ်ဆုံး လူပဲ.."

ဆန်နီ ငွေရောင် ဆံပင်နဲ့ မိန်းကလေးကို စိုက်ကြည့်နေရင်း မျက်တောင်ခတ်လိုက်တယ်..။

"ဘာ..ဒါက ဘယ်ကနေ လာတာလဲ..။ဘာလို့ သူမက ရုတ်တရက်ကြီး ပုံပြင်ထ ပြောနေတာလဲ.."

အဲ့အချိန်မှာတော နစ်ဖီဟာ ဆက်ပြောလိုက်တယ်..။

"အဆုံးမှာတော့ အိုဒက်ဆေးရဲ့ တွက်ချက်မူတွေက စစ်ပွဲနဲ့ အဆုံးသတ်ခဲ့ပြီး..အိမ်ကို ရွက်လွင့်ပြန်လာခဲ့ကြတယ်..။ဒါပေမဲ့ နတ်ဘုရားတွေက သူ့ကို ပက်လယ်ထဲလမ်းပျောက်ပြီး ဘယ်တော့မှ ပြန်မလာနိုင်ဖို့ ကျိန်စာတိုက်ခဲ့ကြတယ်လေ..။နှစ်ပေါင်းများစွာ ကြာအောင် ထိပ်လန့်စရာတွေ ကြုံခဲ့ပြီးတဲ့နောက်မှာ သူ့ အပေါင်းအပါတွေ တစ်ယောက်ပြီး ဆုံးရှုံးခဲ့ရတယ်..။အဲဒီနောက်မှာ သူက လှပတဲ့ နတ်သမီး , ကယ်လပ်ဆို ရှိနေတဲ့ နေရာကို ရောက်သွားပြီး အသက်ရှင်နိုင်ခဲ့တယ်.."

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အသံက အမှောင်ထုထဲမှာ ထူးဆန်းစွာ ထွက်ပေါ်နေခဲ့ပါတယ်..။

"ကယ်လပ်ဆို က အိုဒက်ဆေးကို ချစ်မြတ်နိုးသွားပြီး သူမရဲ့ နန်းတော်ဆီ ခေါ်သွားခဲ့တယ်..။နှစ်တွေ အများကြီးကြာအောင် သူတို့ အတူတကွ နေထိုင်ခဲ့ကြတယ်လေ..။ဒီကျွန်းက အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတဲ့ နိဗ္ဗာန်ဘုံ တစ်ခုလိုပဲ..။ကယ်လပ်ဆို သူ့ဘေးနားမှာ ရှိနေသ၍ အိုဒက်ဆေး က အင်မော်တယ် တစ်ယောက်လို ဖြစ်နေခဲ့တာလေ..။ဒါပေမဲ့ သူနေလာတဲ့ အချိန်ကြာလာတာနဲ့ အမျှ ကမ်းခြေမှာထိုင်ပြီး ပင်လယ်ပြင်ကို ညိုမှိုင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတတ်တယိ.."

နစ်ဖီ ပြုံးလိုက်ပြီး..

အဆုံးမှာတော့ အိုဒက်ဆေးက လက်လုပ် လှေတစ်စီး ပြုလုပ်ပြီး အရမ်းလှပတဲ့ နတ်သမီးလေးကို ရော..ပြီးပြည့်စုံမူ တွေကို ရော..ကျွန်းကိုရော စွန့်ခွာခဲ့တယ်လေ..။ဒီတော့ ငါမေးချင်တာက..သူဘာလို့ စွန်ခွာခဲ့တာလဲ.."

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

'ဘာ..'

ဒါက ဘယ်လို စိတ် စမ်းသပ်မူ မျိုးလဲ..။နစ်ဖီက သူ့ကို လှောင်ပြောင်ချင်နေတယ်လို့ တွေးလိုက်မိပေမယ့် အဲလိုလည်း မဟုတ်ပြန်ပါဘူး..။ကြည့်ရတာတော့ သူမက အဖြေကို တကယ်စိတ်ဝင်စားနေခဲ့တာပါ..။

'ထူးဆန်းတယ် '

သူ ခနလောက်တွေးပြီးမှ ပေါ့ပေါ့ ပါးပါး ဖြေလိုက်တယ်..။

"ဖြစ်နိုင်တာက သူက အိမ်နဲ့ ဝေးနေလို့ပဲဖြစ်မှာပေါ့.."

နစ်ဖီ ရဲ့ မျက်နှာပေါ်မှာ တစ်ခနလောက် အပြုံးပေါ်လာခဲ့တယိ..။

"အိမ် နဲ့..ဝေး နေလို့ ပေါ့..။အင်း..ဟုတ်ပါပြီ.."

ပြီးတဲ့ နောက်မှာတော့ သူမ ခေါင်းကို လှည့်သွားခဲ့ပြီး ကျောက်ရုပ်လို ဖြစ်နေခဲ့ပြန်ပါတယ်..။

ကြည့်ရတာတော့ သူတို့ရဲ့ ပြောဆိုမူက ပြီးဆုံးသွားတဲ့ ပုံပါပဲ..။

ယင်းနောက် ဆန်နီ လဲလျောင်းလိုက်ပြီး အိပ်ပျော်ဖို့ လုပ်လိုက်တယ်..။သို့ပေမယ့် အိုဒက်ဆေး ရဲ့ ညိုမှိုင်းတဲ့ မျက်လုံးတွေက သူ့စိတ်ထဲကို ရောက်ရောက်လာခဲ့ပါတယ်..။ခနကြာပြီးမှ သူ တီးတိုး လှမ်းမေးလိုက်တယ်..။

"ဟိုလေ...သူ အိမ်ပြန်ရောက်လား.."

မကြာခင်မှာပဲ နစ်ဖီ ပြန်ဖြေလိုက်တယ်..။

"အင်း..သူက သူ့ မိန်းမနဲ့ကလေး ဆီကို ပြန်လာနိုင်ခဲ့တယ်. .။ပြီးတော့ ထာဝရ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ခဲ့တယ်လေ.."

ကျေနပ်စွာပဲ ဆန်နီ ပြုံးပြီး တစ်ဖက်လှည့်လိုက်ပါတယ်..။

သူ အိပ်ပျော်ခါနီး အချိန်မှာပဲ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ တိုးလျှတဲ့ အသံကို ကြားလိုက်ရတယ်..။ဒီတစ်ကြိမ်တော့ ဦးတည်ချက်မဲ့နေပြီး ဘယ်သူ့ကို ပြောနေမှန်း မသိရပါဘူး..။

"အိုဒက်ဆေးက နတ်ဘုရားတွေရဲ့ ဆန္ဒကို ဆန့်ကျင်ခဲ့တဲ့ ပထမဆုံး လူသားပဲ.."

***

မနက်ခင်းမှာတော့ ဆန်နီ နဲ့ နစ်ဖီ တို့ဟာ ပထမဆုံး နိုးလာခဲ့ကြတယ်..။နေထွက်လာတဲ့ အချိန်မှာတော့ ပင်လယ်ကြီးက ပြန်ဆုတ်သွားခဲ့ပါပြီ..။သူတို့ မီးဖိုပြီး မနက်စာ အတွက် ပြင်ဆင်လိုက်ကြတယ်..။

ကတ်စီဟာ အိပ်နေတုန်းဖြစ်ပြီး သူတို့ တစ်ယောက်ကို တစ်ယောက် စကားမပြောကြပေ..။ဒါက မနေ့ညက သူတို့ ဘာမှ မပြောခဲ့ကြ သလိုပါပဲ..။သို့ပေမယ့် အချိန်တစ်ချို့ ကြာပြီးတဲ့ နောက်မှာတော့ သူတို့ ရှေ့ဆက်ရမယ့် အစီစဥ်တွေကို ဆွေးနွေးရပါတော့တယ်..။

နစ်ဖီမှာ အကြံတစ်ချို့ ရှိနေခဲ့တယ်..။

"နင်ပြောသလို သားရဲတွေက အနောက်ဖက်မှာ စုဝေးနေကြတယ်ဆိုရင်..လောဂျစ်အရ ငါတို့ အရှေ့ဘက်ကို သွားနိုင်သမျှ မြန်မြန်သွားမှ ရမယ်..။ဒါပေါ့ တောငိနဲ့မြောက်ကိုလည်း သွားလို့ရပေမယ့် ဒါက ငါတို့ နဲ့ ရန်သူကြားထဲမှာ အကွာအဝေး အများကြီး ရမှာမဟုတ်ဘူး.."

ဆန်နီ ဒီလောဂျစ်ကို သဘောတူစွာ ခေါင်ညိမ့်လိုက်တယ်..။

"ငါတို့ အရှေ့ဘက်ကို နည်းနည်းတော့ လေ့လာကြည့်ပြီးပြီ..။ဒါပေမဲ့ နောက်ထပ် အမြင့်တစ်နေရာကို တစ်နေ့အတွင်းသွားဖို့ ဆိုတာတော့ မသေချာဘုး..။ဒါကြောင့် ဒီနေ့တစ်ရက်လောက် အရှေ့ဘက်က နေရာအမြင့်တွေကို ထပ်လေ့လာပြီး မနက်ဖြန်ကျရင် ပြောင်းရွေ့ကြမယ်.."

သူ သက်ပြင်းချလိုက်တယ်..။

"ငါတို့ ဘယ်မှာရောက်နေလဲ ဆိုတာရော နင်သိထားတာ ရှိလား..။အရှေ့ဘက်မှာ လူသား ခံတပ်တွေ ရှိနိုင်လား.."

နစ်ဖီ ခေါင်းခါယမ်းလိုက်တယ်..။

"ငါ ဒီနေရာနဲ့ ပတ်သက်တဲ့ နေရာမျိုး တစ်ခုမှ မကြားဖူးဘူး..။ဒီီလိုဆိုရင်တော့ ငါတို့ ထပ်ပြီး လေ့လာမှ ဖြစ်မယ်..။ငါ တို့ လူသားခံတပ် ဒါမှမဟုတ် ဂိတ်ပေါက်ဝကို မတွေ့နိုင်ရင် သေရလိမ့်မယ်..။အရှေ့က ရွေးချယ်စရာ အကောင်းဆုံးပဲ..။ပြီးတော့ သားရဲတွေက အနောက်ဘက်မှာ စုဝေးနေတာဆိုတော့ ပိုပြီး လုံခြုံလိမ့်မယ်.."

အဲ့အချိန်မှာပဲ ကတ်စီဟာ ရုတ်တရက် ထထိုင်လာခဲ့တယ်..။သူမရဲ့ မျက်လုံးတွေက ကျယ်နေပြီး မျက်နှာက အနည်းငယ် ဖြူဖျော့နေခဲ့ပါတယ်..။သူမက ကြောက်ရွံ့ပြီး စိတ်လှုပ်ရှားနေခဲ့တယ်..။

နစ်ဖီ မျက်မှောင်ကျုတ်လိုက်ပြီး..

"ကတ်စီ ဘာဖြစ်လို့လဲ.."

မျက်မမြင် မိန်းကလေးဟာ သူတို့ဘက်ကို လှည့်ကာ ပြုံးလိုက်ပြီး..

"အ..အမြင်အာရုံ..။ငါ အမြင်အာရုံ တစ်ခုရတယ်.."

'အနာဂတ်ကို ကြိုမြင်တဲ့ အိပ်မက်မျိုးလား..'

ဆန်နီ တွေးလိုက်တာပါ..။တစ်စုံတစ်ယောက်က အနာဂတ်ကို ဒါမှမဟုတ် အတိတ်ကို မြင်နေရတာမျိုးက ဖြစ်နိုင်ပါတယ်..။

အဲ့အချိန်မှာတော့ ပြောင်းလဲနေသော ကြယ်ပွင့်ဟာ လက်ဟန်ထုတ်လိုက်ပြီး သူမရဲ့ ဓားကို ထုတ်ဖို့ လုပ်လိုက်တယ်..။

"ငါ တို့ အန္တရာယ်ရှိနေတာလား..'

ကတ်စီ ခေါင်းခါယမ်းလိုက်ပြီး..

"မဟုတ်ဘူး..အဲလိုမဟုတ်ဘူး..။လူတွေ..ငါ လူတွေ ပြည့်နေတဲ့ ရဲတိုက်တစ်ခုကို မြင်ခဲ့တယ်.."

သူမ ပြုံးပြီး လက်ညိုးနဲ့ ထိုးပြလိုက်ပါတယ်..။

"ဘယ်လောက်ဝေးလဲ ဆိုတာ ငါ သေချာ မသိပေမယ့်..ဒီဘက်မှာ ရှိတယ် ဆိုတာတော့ ကျိန်းသေတယ်.."

ဆန်နီ နဲ့ နစ်ဖီ တို့ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရပြီး ငိုရမလို ရယ်ရမလို ဖြစ်နေခဲ့တယ်..။

ကတ်ဆီ ရဲ့ နူးညံ့ပြီး သေးငယ်တဲ့ လက်ချောင်းလေးက အနောက်အရပ်ကို ညွှန်ပြနေခဲ့တာပါ..။

All Chapters