အနောက်ဘက်သို့ ခရီးကြမ်း
Vol. 3 Ch. 39
#ဘာသာပြန် = စနိုးဝှိုက်
တိတ်ဆိတ်မူ တွေ အောက်မှာတော့..ကတ်စီ ရဲ့ မျက်နှာပေါ်က အပြုံးတွေဟာ ပျောက်ကွယ်သွားပြီး ရှုပ်ထွေးမူတွေ ပေါ်လာခဲ့တယ်..။လေထုက အနည်းငယ် တင်းကြပ်နေတာကို ခံစားမိပြီး သူမ မေးလိုက်ပါတယ်..။
"အာ..ဘာဖြစ်လို့လဲ.."
ဆန်နီ သက်ပြင်းချလိုက်တယ်..။
"ဟင့်အင် ဘာမှမဖြစ်ပါဘူး..။အဲဒီ ဦးတည်ချက်က ငါတို့ မရွေးချယ်ချင်တဲ့ ဦးတည်ချက် ဖြစ်နေလို့ပဲ.."
ခနလောက် တွေးပြီးနောက်မှာ သူ ထပ်ပြောလိုက်တယ်..။
"အဲ့ဘက်က ငါ မနေ့က လာခဲ့တဲ့ နေရာလေ..။အဲဒီအောက်မှာ သားရဲတွေ အများကြီး ရှိတယ်.."
မျက်မမြင် မိန်းကလေး ရဲ့ မျက်နှာဟာ ညိုးကျသွားခဲ့တယ်..။
"အိုး.."
နစ်ဖီကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေပြီးကာမှ ပြောလိုက်ပါတယ်..။
"ငါတို့ကို ရဲတိုက်အကြောင်း ပြောပြပါဦး.."
အစောက စိတ်လှုပ်ရှားတဲ့ အရိပ်အယောင်တွေဟာ ကတ်စီ ရဲ့ မျက်လုံးထဲမှာ ပြန်ပေါ်လာခဲ့တယ် ..။လေးနက် စွာ ခေါင်းညိမ့်လိုက်ပြီး သူမရဲ့ အမြင် အာရုံကို ပြန်ပြောပြလိုက်ပါတယ်..။
"ငါ ကြီးမားပြီး ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ ပျက်စီးနေတဲ့ မြို့တစ်မြို့ အိပ်မက်မက်နေတာ..။သူ့ရဲ့ ပတ်လည်ကို မြင့်မားတဲ့ နံရံတွေနဲ့ ကာရံထားတယ်..။မွန်းစတားတွေ အများကြီးက သူ့ရဲ့ လမ်းတွေကြားထဲမှာ စူးစမ်းနေကြတယ်လေ..။မြို့ရဲ့ အလယ်တည့်တည့်မှာ တောင်ကုန်း တစ်ခု ရှိတယ်..။အဲဒီတောင်ကုန်းရဲ့ အပေါ်မှာ ရဲတိုက်ကြီးက ရှိနေတာ.."
သူမ ပြုံးလိုက်ပြီး..
"ဒါပေမဲ့ ရဲတိုက်ထဲမှာတော့ ဘာ မွန်းစတားမှ မရှိဘူး..။အဲဒီအစား လူတွေ အများကြီးရှိနေတယိ..။ငါ ထင်တာတော့...မဟုတ်ဘူး..သူတို့က နိုးထသူတွေဆိုတာ ငါ သေချာပြောနိုင်တယ်..။တစ်ချို့က နံရံတွေမှာ ကင်းစောင့်နေကြပြီး တစ်ချို့က ဘဝကို ဂရုစိူက်စရာ မရှိပဲ နေနေကြတယ်..။အဲဒီမှာ အစားအသောက်တွေ , လုံခြုံမူတွေနဲ့ ရယ်မောသံတွေ ပြည့်နက်နေ တာပဲ..."
'ကောငိးပြီ..ကြားရတာ မဆိုးဘူး..'
တကယ်လို့ ရဲတိုက်သာ အမှန်တကယ် တည်ရှိနေမယ် ဆိုရင် သူတို့ရဲ့ ပြသနာ တွေအားလုံး ဖြေရှင်းပြီးသွားမှာပါ..။ဆန်နီ လည်ချောင်း ရှင်းလိုက်တယ်..။
"တစ်ခုခု မြင်တာ ရှိသေးလား.."
ကတ်စီ မျက်မှောင်ကျုတ်ပြီး မှတ်မိဖို့ ကြိုးစားလိုက်တယ်..။ယင်းနောက် သူမရဲ့ မျက်နှာ ရှင်းလင်းသွားခဲ့ပြီး...
"ဟုတ်တယ်..ဆန်နီက ငါ့ကို ရဲတိုက်ရဲ့ ဂိတ်ကို ဦးဆောင်ပြီး ခေါ်သွားတာ ငါ မြင်ခဲ့ရတယ်..။ဒါက ငါတို့ လုပ်နိင်ခဲ့တယ်လို့ ဆိုလိုတာပဲ.."
သူမရဲ့ ပြုံးပျော်ရွှင်နေတဲ့ မျက်နှာကို မြင်ပြီး ဆန်နီ အကူညီမဲ့သွားခဲ့တယ်..။
သို့ပေမယ့် သူ့အနေနဲ့ ကတ်စီရဲ့ အမြင်အာရုံနဲ့ ပတ်သက်ပြီး အချက်အလက်တစ်ချို့ကို သတိထားမိပါတယ်..။ဒါက ရဲတိုက်ကို ရောက်တဲ့ အကြောင်းပြောတဲ့ အချိန်မှာ မျက်မမြင်မိန်းကလေးက နှစ်ယောက်တည်းကိုပဲ ထည့်ပြောခဲ့ပါတယ်..။ဒီနောက်ကွယ်မှာ တစ်ခုခု ရှိနေသေးတာလား..။
ဆန်နီ ခေါင်းကို လှည့်လိုက်ပြီး နစ်ဖီကို တိတ်တဆိတ်ကြည့်လိုက်တယ်..။သူက သူမ ဘယ်လို အခြေအနေရှိလဲကို သိချင်ခဲ့တာပါ..။
သို့ပေမယ့် ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကတော့ ပုံမှန် မျက်နှာထားနဲ့သာ ရှိနေခဲ့တယ်..။သူမက ဘာခံစားချက်ကို မှ ထုတ်ဖော် မပြသပဲ..ဖြည်းညှင်းစွာ ခေါင်းညိမ့်လိုက်ပါတယ်..။
"ကောင်းပြီ..။ဒါဆိုလည်း ငါတို့ အနောက်ဘက်ကို သွားကြမယ်.."
***
ပင်လယ်ရေတွေ နောက်ပြန်ဆုတ်သွားတဲ့ အချိန်မှာတော့..သူတို့ မနက်စာ စားပြီး..ခရီးထွက်ဖို့ အတွက် ပြင်ဆင်လိုက်ကြပါတယ်..။ဒီတစ်ချိန်လုံးမှာတော့ ဆန်နီဟာ ဒီမိန်းကလေးတွေ အကြောင်းကို အနည်းငယ် သိရှိလာခဲ့တယိ..။
အထူးသဖြင့် နစ်ဖီ ရဲ့ အကြောင်းတွေပါပဲ..။သူမကို အကယ်ဒမီရဲ့ ဂိတ်မှာတွေ့တုန်းက ဆန်နီက သူမကို ယုံကြည်မူရှိတဲ့ မိန်းကလေးတစ်ယောက် အဖြစ် ထင်မှတ်ခဲ့ပါတယ်..။
နောက်ပိုင်းမှာတော့ သူမရဲ့ အပြုအမူ တွေ မတူကွဲပြားမူတွေက..ဒီ ယူဆချက်ကို ပိုပြီး ခိုင်မာလာစေခဲ့တယ်..။
နစ်ဖီက ကမ္ဘာကြီးနဲ့တောင် ကွဲပြားခြားနား နေသလိုပါပဲ..။သူမက ဆန်းကျယ်ပြီးတော့ အတော်လေး အေးအေးဆေးဆေး ရှိလှပါတယ်..။သူမ စကားနည်းလေလေ..လူတွေက သူမရဲ့ အကြောင်းကို သိချင်လာလေလေပါ..။
သို့ပေမယ့် ဒီ ယူဆချက်က လုံးဝကို မှားနေခဲ့တယ်..။
သူမနဲ့ အနည်းငယ် စကားပြောပြီး..ကတ်စီနဲ့ ပြောဆိုမူ တွေကို မြင်လ်ိုက်ရတဲ့ အချ်ိန်မှာတော့ ဆန်နီဟာ အံ့ဩသွားခဲ့ပါတယ်..။နစ်ဖီက တကယ်ကို မယုံနိုင်စရာ..ရယ်စရာ ကောင်းတဲ့ ကိုးရိုးကားရား လူတစ်ယောက်ပါ..။
သူမက လူတွေနဲ့ ဘယ်လို စကားပြောရမယ် ဆိုတာလည်း မသိပါဘူး..။သူမ တစ်ခုခု ကို ပြောဖို့ ကြိုးစားလိုက်တိုင်း စကားလုံးမှားတာပဲဖြစ်ဖြစ် တစ်ဝက်တပျက် ရပ်တန့်သွားတာပဲဖြစ်ဖြစ် ဖြစ်တတ်ပါတယ်..။သူမ ရဲ့ လေသံက သူမ ပြောချင်တဲ့ အကြောင်းအရာနဲ့ ဘယ်တော့မှ ကိုက်ညီ မနေခဲ့ပေ..။
ဒါက တစ်ယောက်တည်း နေတတ်တဲ့ လူတွေလိုပါပဲ..။နစ်ဖီ ဟာ သူမရဲ့ ခံစားချက်ကို ဘယ်တော့မှ ထုတ်ဖော် ပြတတ်တဲ့ လူတစ်ယောက် မဟုတ်ပေ..။ရလာဒ်အနေနဲ့ သူမရဲ့ မျက်နှာက အမြဲတမ်း အေးစက်ပြီး ..တည်ငြိမ်နေခဲ့ပါတယ်..။
ဒါကြောင့် သူမက အချိန်အများစုက စကားနည်းနည်းပြောတာပဲဖြစ်ဖြစ်..မပြောပဲ နေတာပဲဖြစ်ဖြစ် လုပ်နေခဲ့တာပါ..။
ဒါတွေ အကုန်ပေါင်းလိုက်တဲ့ အချိန်မှာတော့ သူမရဲ့ ပုံရိပ်က ဆန်းကျယ်ပြီး..ချည်းကပ်ဖို့ ခက်ခဲတဲ့ ရေခဲ မင်းသမီးလေး အဖြစ် တည်ရှိနေခဲ့ပါတယ်..။
အမှန်တော့ သူမက လူတွေနဲ့ ဆက်သွယ်ဖို့ကို ရှက်ရွံ့နေခဲ့တာပါ..။
ဒါတွေ အကုန်နားလည်ပြီးတဲ့ နောက်မှာတော့ ဆန်နီ အတတ်နိုင်ဆုံး ကြိုးစားပေမယ့်..သူ့အကြည့်တွေက နစ်ဖီ ဆီကနေ မခွာနိုင်ဖြစ်နေခဲ့တယ်..။သူက ပါးစပ် မပွင့်နေအောင်တောင် မနည်း ထိန်းနေခဲ့ရတာပါ..။
'သောက်ကျိုးနဲ..ဒါက အဓိက ဇာတ်ဆောင်တစ်ယောက်ရဲ့ အမူအကျင့်မျိုး ဖြစ်မနေသင့်ဘူးလေ..'
သူ့စိတ်ထဲမှာတော့ နစ်ဖီက ကျိန်းသေ အဓိက ဇာတ်ဆောင်တစ်ယောက်ရဲ့ ပုံစံမျိုးပါ..။သူမနဲ့ ကတ်စတာ တို့လို သန်မာတဲ့ လူမျိုးတွေက အမြဲတမ်း စင်မြင့် ပေါ်မှာ ရှိကြပါတယ်..။တစ်ဖက်မှာတော့ သူနဲ့ ကတ်စီတို့လို လူတွေကတော့ သူတို့နဲ့စာရင် နောက်ခံချင်းက အတော်လေး ကွာခြားကြတာပါ..။
သို့ပေမယ့် နစ်ဖီရဲ့ ခံစားချက် မဖော်ပြမူ နဲ့ ပေါင်းသင်းဆက်ဆံရေး နည်းပါးမူတွေက ပြသနာ တစ်ခုလို့ ပြောလို့ မရပေ..။တကယ်တော့ ဒါက ဆန့်ကျင်ဖက်ပါ..။သူမက အောင်မြင်စရာ ရှိတာကို အောင်မြင်နေဆဲပါပဲ..။
သူမက တကယ် အန္တရာယ် ရှိနေတုန်းပါ..။
အဲ့ အချိန်မှာပဲ နစ်ဖီဟာ ဆန်နီ သူမကို စိုက်ကြည့်နေတာကို သတိထားမိသွားခဲ့တယ်..။သူမ သူ့ကို အချိန်အတော်ကြာအောင် ပြန်ကြည့်လိုက်ပြီးမှ ခံစားချက်မဲ့တဲ့ လေသံနဲ့ မေးလိူက်ပါတယ်..။
"ဘာလဲ.."
ဆန်နီ မျက်တောငိခတ်လိုက်တယ်..။သူ့ရဲ့ အတွေးစ တွေကို အလျင်အမြန်ဖြတ်လိုက်ပြီး လည်ချောင်းကို ရှင်းကာ..
"အာ..ဘာမှမဟုတ်ပါဘူး..။ငါက ဘယ်ချိန်
စထွက်ကြမလဲလို့ မေးချင်လို့.."
နစ်ဖီ ခနလောက် စဥ်းစားလိုက်တယ်..။ပြီးမှ သူမ အကြည့်ကို ပြန်လွှဲကာ ပြောလိုက်ပါတယ်..။
" မကြာခင်..."
'မင်း..မင်း က စကားတစ်ခွန်းထက်ပိုပြီး မပြောနိုင်ဘူးလား.."
စိတ်ရှုပ်ထွေးနေပေမယ့် ဆန်နီ သူ့ခံစားချက်တွေကို ဖုံးကွယ်ထားပြီး ပြုံးလိုက်တယ်..။
"အာ..ကောင်းပြီလေ.."
***
အလင်းရောင်ကျရောက်နေတဲ့ မနက်ခင်းမှာတော့..သူတို့ဟာ တောင်ကုန်းကို စွန့်ခွာပြီး မနေ့က လမ်းကြောင်းအတိုင်း ပြန်သွားနေခဲ့ကြတယ်..။လမ်းကြောင်းကို သိနေပြီးသား ဖြစ်တာကြောင့် သူတို့က အတော်လေးကို မြန်နေခဲ့တာပါ..။
နစ်ဖီကတော့ ရှေ့ကနေ လျောက်နေပြီး..သူမရဲ့ ဓားကိုင်ထားတဲ့လက်က အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ...။ဒီတစ်ကြိမ်မှာတော့ ရွှေရောင်ကြိုးကို ကိုင်ပြီး ကတ်စီယာ ကို လမ်းပြပေးရတဲ့ တာဝန်က ဆန်နီ ဆီမှာပါ..။
ဒါပေါ့..သူတို့ကို အမှန်တကယ် ဦးဆောင်နေတာက အရိပ်လို့ ပြောရမှာပါ..။သူက ရှေ့ကနေ ကြိုတင် ထောက်လှမ်းနေပြီး..ဝင်္ကပါထဲမှာ အန္တရာယ် ရှိမရှိ ဂရုတစိုက် ကြည့်နေခဲ့တယ် .။
ဝင်္ကပါကတော့ အရင်ကအတိုင်း ရှုပ်ထွေးပြီး အဆုံးမရှိသလို ဖြစ်နေတုန်းပါပဲ..။မြေကြီးကနေ ထိုးထွက် နေတဲ့ သန္တာကျောက်ပုံစံ သစ်ပင်တွေကြောင့် ကျယ်ပြန့်တဲ့ တောကြီးတစ်ခု ဖြစ်နေခဲ့တာပါ..။သို့ပေမယ့် ဒီနေ့မှာတော့ တစ်ခုခုက
မတူညီခဲ့ပေ..။
သူတို့ လမ်းလျောက်နေလို့ သိပ်မကြာခင်မှာပဲ..အရိပ်ဟာ.. ဆာလောင်နေကြတဲ့..သားရဲ အုပ်စု တစ်ခုကို တွေ့လိုက်ရပါတယ်..။