အားနည်းချက် နေရာများ
Vol. 3 Ch. 40
#ဘာသာပြန် = စနိုးဝှိုက်
"ခနလေး.."
ဆန်နီ တီးတိုးပြောလိုက်တယ်..။ယင်းနောက် အရိပ်ကနေ တဆင့် သားရဲတွေ အုပ်စုကို ကြည့်လိုက်ပါတယ်..။
သူ ဒီစကားပြောလိုက်တာနဲ့ နစ်ဖီ ဟာ သူမရဲ့ ဓားကို ထုတ်လိုက်ပါတယ်..။ပြီးတဲ့နောက်မှာ ဘေးပတ်ဝန်းကျင်ကို စက္ကန့်အနည်းငယ်လောက် လေ့လာလိုက်ပြီး..ဆန်နီကို မေးခွန်းထုတ်တဲ့ အကြည့်နဲ့ ပြန်လှည့်ကြည့်လိုက်တယ်..။
အဲ့အချိန်မှာတော့ ကတ်စီယာ ဟာ အေးခဲနေပြီး မသိစိတ်နဲ့ သူမရဲ့ တုတ်ကို မြှောက်လိုက်တယ်..။
ဆန်နီ မွန်းစတားတွေကို ရေတွက်လိုက်ပါတယ်..။
တစ် ..နှစ်...သုံး...ငါး.....
"ချီးပဲ..."
ဒီသားရဲတွေ ကြည့်ရတာတော့ သူတို့ ပါတီပွဲရဲ့ အရှုံးသမားတွေ ဖြစ်ပုံ ရပြီး..သူ ပထမသတ်ခဲ့တဲ့ တစ်ကောင် လိုပါပဲ..။သို့ပေမယ့် ဒီကောင်တွေရဲ့ ဒဏ်ရာတွေက သိပ်ပြီး ဆိုးဝါးမနေခဲ့ပေ..။သူတို့ တစ်ကောင်ချင်းစီတိုင်းက ဆန်နီ သတ်ခဲ့တဲ့ အကောင်ထက် ပိုပြီး ချိန်းခြောက် နိုင်စွမ်း ရှိပါတယ်..။သူတို့က အနည်းဆုံး ဒါဇင်ဝက်လောက် ရှိနေခဲ့တယ်..။
"ရှေးနားက လမ်းကြောင်းမှာ သားရဲတွေ ခြောက်ကောင်လောက် ရှိမယ်..။သူတို့က ငါတို့ဘက်ကို ဖြည်းဖြည်းချင်း လျောက်လာနေကြတာ.."
နစ်ဖီဟာ ရှေ့ကို ကြည့်လိုက်တယ်..။သူမ ရဲ့ မျက်နှာမှာတော့ တွက်ချက်မူတွေ ရှိနေခဲ့ပါတယ်..။
"သူတို့က အလောင်းကောင်ကြီးကို စားပြီးသွားကြပြီလား.."
ဆန်နီ ခနလောက် တွေးလိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
" ဟင့်အင် ငါတော့ အဲလို မထင်ဘူး..။ဒါပေမဲ့ အကောင်တိုင်း အတွက်တော့ အလုံအလောက် မရှိလောက်တော့ဘူး..။ဒီတော့ အားနည်းတဲ့ ကောင်တွေက ရွေးချယ်စရာ မရှိပဲ ဗိုက်ဟောင်းလောင်းနဲ့ ထွက်သွားပေးကြရလိမ့်မယ်လေ.."
နစ်ဖီ ခေါင်းညိမ့်လိုက်ပြီး အနီးနားက လမ်းကြောင်းကို ညွှန်ပြလိုက်တယ်..။
"ငါတို့ ပတ်ပြီးသွားကြမယ်.."
အိပ်စက်သူ သုံးယောက်ဟာ မွန်းစတား အုပ်စုကို ရှောင်ဖို့ လမ်းကြောင်းပြောင်းပြီး သွားလိုက်ကြပါတယ်..။သူတို့ဟာ ဆက်တိုက်လျောက်နေကြပြီး ဝင်္ကပါထဲမှာ လမ်းမပျောက်အောင် ဂရုစိုက်နေခဲ့ကြတယ်..။
သို့ပေမယ့် နောက်ထပ် တစ်နာရီလောက်အထိ သားရဲတွေကို ရှောင်ဖို့ လမ်းကြောင်းတွေ ခနခန ပြောင်းကြရပါတယ်..။သူတို့နဲ့ ကြီးမားတဲ့ ရုပ်ထုကြီးကြားက အကွာအဝေးကတော့ အခုထိ နီးစပ်မူ မရှိသေးပါဘူး..။
ခနအကြာမှာတော့ သူတို့ အသက်ကိုအောင့်ထားပြီး ဝင်္ကပါ နားက ထောင့်တစ်ခုမှာ ပုန်းနေခဲ့ကြပါတယ်..။သူတို့မှာ ရွေးချယ်စရာ မရှိပေ..။သားရဲတွေ အုပ်စုဟာ သူတို့ ပုန်းနေတဲ့ နေရာကနေ ဖြတ်သွားခဲ့ကြပြီး သန္တာကျောက် လှိုဏ်ခေါင်းထဲကို ဝင်သွားခဲ့ကြပါတယ်..။
ဆန်နီ သက်ပြင်းချပြီး ခေါင်းခါယမ်းလိုက်တယ်..။
"ငါတို့ ဒီလို ဆက်သွားနေလို့ မရဘူး..။ဒီနှုန်းနဲ့ဆိုရင် ငါတို့ နေမဝင်ခင် ရောက်နိုင်မှာ မဟုတ်ဘူး.."
ကတ်စီ ဟာ ပထမဆုံး တုန့်ပြန်လိုက်တယ်..။
"ငါတို့...ငါတို့ နောက်ပြန်လှည့်ကြမလား.."
ဒါက အကြောင်းကျိုး ဆီလျော်တဲ့ အကြံပေးမူပါ...။သို့ပေမယ့် ဆန်နီဟာ သဘောတူညီဖို့ ခက်ခဲနေသလို ခံစားလိုက်ရတယ်..။
နစ်ဖီဟာလည်း သူမရဲ့ အတွေးတွေကို ခံစားချက်မဲ့စွာ မျှဝေလာခဲ့တယ်..။
"မနက်ဖြန်ဆိုရင် ပိုပြီးတော့ ခဲယဥ်းသွားလိမ့်မယ်.."
သူမ ပြောတာ မှန်ပါတယ်..။မနက်ဖြန်ဆိုရင်..ဝင်္ကပါထဲကို သားရဲတွေ ပိုပြီးတော့တောင် ဝင်လာကြတော့မှာပါ..။
"ဒါဆို ငါတို့ ဘယ်လိုလုပ်သင့်လဲ.."
ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ဟာ..ခေါင်းကိုငုံ့ပြီး တွေးတော နေခဲ့တယ်..။ခနကြာတဲ့ အချိန်ကျမှ သူမ ဟာ ဆန်နီဖက်ကို လှည့်လိုက်ပြီး..
" တိုက် မယ်.."
တိုက်ခိုက်မှာလား..။ဒီ မွန်းစတားတွေ ဒါဇင်လောက်ကို တိုက်ခိုက်မှာလား..။သူမက ရူးသွပ်နေတာပဲ..။
ဆန်နီ သူ့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားပြီး ပြောလိုက်တယ်..။
"မင်းက ဓားရေး ကျွမ်းကျင်တယ် ဆိုတာကို ငါသိပါတယ် ဒါပေမဲ့ ဒီသတ္တဝါတွေက ငါတို့ထက် အဆင့်တစ်ဆင့် ပိုမြင့်နေတယ်ဆိုတာကိုတော့ မေးထားလို့ မရဘူးနော်..။သူတို့ အများကြီးကို တိုက်ခိုက်မယ် ဆိုရင် ငါတို့ ရှင်သန်နိုင်မှာမဟုတ်ဘူး.."
နစ်ဖီ ခေါင်းညိမ့်လိုက်တယ်..။
"အရေအတွက် များရင် ရှောင်သွားမယ်..နည်းရင် တိုက်ခိုက်မယ်.."
ခနလောက်ကြာပြီးသွားမှ သူမ ထပ်ပြောလိုက်တယ်..။
"တကယ်လို့ တစ်ကောင် နှစ်ကောင် လောက်ပဲ ရှိမယ်ဆိုရင် အခွင့်အရေး ရှိတယိလေ.."
ဆန်နီ ပြန်ငြင်းခုန်ချင်ပေမယ့်လည်း..အကြောင်းပြချက်ကို ရှာမတွေ့ခဲ့ပါဘူး..။အဆုံးမှာတော့..သူ လက်လျော့လိုက်တယ်..။
"ကောင်းပြီလေ.."
နစ်ဖီဟာ သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။ပြီးမှ သူမ ရုတ်တရက် မေးလိုက်ပါတယ်..။
"နင် သတ်ခဲ့တဲ့ ကြေးခွံ သားရဲကို သေချာ လေ့လာခဲ့လား.."
ဒါက ဘာကို ဆိုလိုတာလဲ...
ဆန်နီ အနည်းငယ် အံ့ဩသွားပြီး ခေါင်းခါယမ်းလိုက်တယ်..။
"ဟင့်အင်.."
သူက နာကျင်မူကြောင့် အတော်လေး အာရုံများနေပြီး..ပင်လယ်ရေတွေ ပြန်မရောက်လာခင် လုံခြုံဖို့ကိုပဲ စိတ်လော နေခဲ့တာပါ..။ပြီးတော့ သူက ဘာလို့ အသေကောင်ကို လိုက်ပြီး လေ့လာနေရမှာလဲ..။
'ခနလေး..ဆရာ ဂျုးလီယက်က တစ်ခုခု ပြောခဲ့သေးတယ်မလား...'
ခနလောက် ကြာပြီးမှ နစ်ဖီဟာ ပြောလာခဲ့တယ်..။
"ကြေးခွံ သားရဲတွေရဲ့ ခန္တာကိုယ်ပေါ် မှာ သူတို့ရဲ့ အားနည်းချက်တွေရှိတယ်..။ပထမတစ်ခုကတော့ သိသာတယ်..။အဲတာက သူတို့ရဲ့ အဆစ်တွေပဲ..။လှုပ်ရှားရမယ့် အစိတ်အပိုင်းတိုင်းက တင်းကြပ်နေလို့ မရဘူးလေ..။ဒီတော့ အဆစ်နေရာတွေမှာ သူတို့ရဲ့ အကာအကွယ်က လွတ်နေလိမ့်မယ်..။သူတို့ရဲ့ အဆစ်တွေကို ဦးတည် တိုက်ခိုက်မယ်ဆိုရင် သူတို့ရဲ့ လှုပ်ရှားနိုင်မူ နဲ့ တိုက်ခိုက်နိုင်မူတွေက လျော့ကျသွားလိမ့်မယ်.."
အိုး..သေနေတဲ့ မွန်းစတားကို လေ့လာရင်..သူတို့ရဲ့ ခွန်အားကို ပိုပြီး နားလည်တာပေါ့..။ဒီအရာက သိသာလွန်းနေတာတောငိ ဆန်နီ အနေနဲ့ အစောကတည်းက နားမလည်နိုင်ခဲ့ပါဘူး..။
အဲ့အချိန်မှာပဲ နစ်ဖီ ထပ်ပြောလိုက်တယ်..။
"ဒုတိယ အချက်ကလည်း တူတူပဲ..။ဒါက သူတို့ရဲ့ ခန္တာကိုယ်နဲ့ ကြေးခွံ ဆက်သွယ်ထားတဲ့ နေရာပဲ..။တကယ်လို့ နင်သာ အဲဒီနေရာ အတိတကျကို တိုကိခိုက်နိုင်မယ် ဆိုရင် သူတို့ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ပေးနိုင်လိမ့်မယ်..။ဒါပေမဲ့ သူတို့ရဲ့ ကျောရိုးကို ထိရောက် မတိုက်ခိုက်နိုင်ရင်တော့ ဒါက သေစေနိုင်မှာမဟုတ်ဘူး..။သူတို့က အချိန်အတော်ကြာတဲ့အထိ ထပ်ပြီး တိုကိခိုက်နိုင်နေဦးမယ်.."
ဆန်နီဟာ..ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ ရှက်ရွံနေတဲ့ အမူအရာတွေက ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ်..။အထူးသဖြင့် သူမ ယုံကြည်မူရှိတဲ့ ရှေးဟောင်း သူရဲကောင်းတွေ ..သတ်ဖြတ်မူတွေကို ပြောနေရတဲ့ အချိန်မှာပါ..။
' စိတ်ဝင်စားစရာပဲ..'
"နောက်ဆုံး အားနည်းချက်က သူတို့ရဲ့ ကျောဘက်မှာပဲ..။အဲ့နေရာက သူတို့ရဲ့ မျက်လုံးနဲ့ တစ်တန်းထဲမှာ ရှိတယ်..။သူတို့ ကျောကုန်း ကြေးခွံ ပေါ်မှာ နည်းနည်းအထဲဝင်နေတဲ့ ချိုင့်ခွက်ကလေး တစ်ခုရှိတယ်..။အဲ့နေရာက ကြေးခွံတွေ အများစု ဆက်သွယ်ထားတဲ့ နေရာပဲ..။အဲ့နေရာက အကာအကွယ်က အရမ်းကို ပါတယ်လေ..။တကယ်လို့ နင်သာ အဲ့နေရာကို ထိုးဖောက်နိုင်မယ် ဆိုရင် သူ့ရဲ့ ဦးနှောက် ကို တိုက်ရိုက် ဖျက်ဆီးနိုင်လိမ့်မယ်..။ဒါက သေဆုံးနိုင်တဲ့ တိုက်ခိုက်မူပဲ.."
'ဒါက သိထားတာ ကောင်းတယ်..။ဒါပေမဲ့ အားနည်းချက်တွေက တိုကိခိုက်ဖို့အတွက် အရမ်းမြင့်လွန်းနေတယ် မဟုတ်ဘူးလား..။ကြေးခွံသားရဲတွေက အနည်းဆုံး နှစ်မီတာ ကျော်လောက် မြင့်ကြတာလေ..'
သူ့အတွေးတွေကို သိနေပုံရတဲ့ နစ်ဖီဟာ ထပ်ပြောလိုက်တယ်..။
"အဲဲဲဲဒီ အားနည်းချက်တွေက ဦးတည် တိုက်ခိုက်ဖို့ အတွက် ခက်ခဲတယ်..။သားရဲကို ပတ်ပတ်လည် လှည့်ပြီး တိုက်ခိုက်ဖို့ကလည်း သူတို့ရဲ့ အရွယ်အစား ၊ အမြန်နှုန်း နဲ့ ညှပ်တွေရဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေး တွေ ကြောငိ့ လွယ်ကူမှာ မဟုတ်ဘူး.."
သူမ သူ့ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်..။
"တကယ်လို့ ငါတို့ သားရဲ တစ်ကောင်တည်းကိုပဲ တိုက်ခိုက်ရမယ် ဆိုရင်..ငါက ငါးစားလုပ်မယ်..။ငါ လုပ်ရမှာက သူတို့ကို တစ်ဖက်လှည့်အောင် တိုကိခိုက်ထားပြီး အားနည်းချက်တွေကို ပေါ်နေစေဖို့ပဲ..။နင် လုပ် ရမှာက သူတို့ကို သတ်ရမယ်.."
ဆန်နီ တံတွေးကို မြိုချလိုက်တယ်..။
"တကယ်လို့ နှစ်ကောင် ဆိုရင်ရော..ဘယ်လိုလုပ်မှာလဲ.."
ခါတိုင်းလိုပဲ..နစ်ဖီဟာ ပြန်မဖြေခင် ခနလောက် ရပ်လိုက်တယ်..။
"မသေစေနဲ့.."
***
သူတို့ ရွေးချယ်စရာ မရှိပဲ ကြေးခွံသားရဲ တစ်ကောင်နဲ့ တိုက်ခိုက်ရမယ့်အခြေအနေက သိပ်မကြာခဲ့ပေ..။သူတို့ရဲ့ နောက်ဘက် ဝင်္ကပါထဲမှာတော့..လုံလောက်အောင် ပုန်းလို့ရတဲ့ ဥမင် တွေ ရှိမနေခဲ့ပါဘူး..။သူတို့ရဲ့ ရှေ့မှာလည်း ရှေ့ကို သွားလို့ ရမယ့် လမ်းကြောင်းက တစ်ခု တည်းသာ ရှိနေခဲ့တယ်..။
လမ်းကြောင်းနဲ့ သိပ်မဝေးတဲ့ နေရာမှာတော့ ကြီးမားတဲ့ ကြေးခွံသားရဲ တစ်ကောင်ဟာ သူတို့ဘက်ကို ဦးတည်ပြီး လမ်းလျောက်လာနေခဲ့ပါတယ်..။
ဆန်နီ အခြေအနေကို အလျင်အမြန် ပြောပြလိုက်ပြီး ပြောင်းလဲနေသော ကြယ်ပွင့်ရဲ့ တုန့်ပြန်မူကို စောင့်နေခဲ့တယ်..။သူမကတော့ ကြန့်ကြာနေခြင်း မရှိပဲ..ခေါင်းညိမ့်ပြလိုက်ပါတယ်..။
"ငါတို့ နေရာလွတ်တစ်ခုကို သွားပြီး တိုက်ခိုက်ကြမယ်.."
ပြီးတဲ့နောက်မှာတော့ နစ်ဖီဟာ ကတ်စီ ကို ဝင်္ကပါရဲ့ နံရံတွေနားကို ခေါ်သွားပြီး သူမ ထိုင်ဖို့ နေရာတစ်ခု ရှာပေးလိုက်ပါတယ်..။
"ဒီမှာ စောင့်နေ..ငါတို့ ပြန်လာခဲ့မယ်.."
ခနလောက် တွေးပြီးမှ သူမ ထပ်ပြောလိုက်တယိ..။
"မကြာခင်.."
နစ်ဖီ ထွက်သွားခါနီးမှာပဲ ကတ်စီဟာ သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်တယ်..။သူမရဲ့ မျက်နှာကတော့ ဖြူဖျော့ပြီး စိုးရိမ်နေခဲ့ပါတယ်..။
"နစ်.. နင် ဂရုစိုက်ဦးတော့..ဟုတ်ပြီလား.."
နစ်ဖီ ခနလောက် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးမှ ပြုံးလိုက်ပြီး..
"အာ..ကောင်းပြီ.."
ပြီးတဲ့ နောက်မှာတော့ သူမနဲ့ ဆန်နီဟာ နေရာလွတ်တစ်ခုဆီကို ဦးတည်သွားလိုက်တယ်..။
သူတို့ ရောက်ပြီးတဲ့ အချိန်မှာတော့ ကြေးခွံသားရဲက ရောက်ဖို့ စက္ကန့်ပိုင်းသာ လိုပါတော့တယ်..။ဆန်နီ ရဲ့ အရိပ်ဟာ ..အဝေးကနေ ပျံသန်းလာပြီး သူ့ခြေထောက်အောက်ကို ဝင်သွားခဲ့တယ်..။နစ်ဖီ နဲ့ ဘာတစ်ခုမှ ဆွေးနေစရာ မလိုတော့ပဲ..သူ ထောင့်နေရာမှာ သွားပုန်းနေလိုက်ပြီး တိုက်ခိုက်ဖို့ အချိန်အခါကောင်းကို စောင့်နေလိုက်ပါတယ်..။
တစ်ဖက်မှာတော့..နစ်ဖီဟာ နေရာလွတ်ရဲ့ အလယ်ကို သွားပြီး တည်ငြိမ်စွာပဲ ရပ်စောင့်နေခဲ့တယ်..။ခနအကြာမှာတော့ လှပတဲ့ ဓားရှည်တစ်ချောင်းဟာ သူမလက်ထဲမှာ ပေါ်လာခဲ့ပြီး မြေကြီးကို ချိန်ရွယ်ထားခဲ့ပါတယ်..။
ဘာလုပ်ရမလဲ မသိတဲ့ ဆန်နီကတော့ တိတ်တဆိတ်ပဲ သူမရဲ့ စကားကို ပြန်ရေရွတ်လိုက်တယ်..။
'မသေစေနဲ့ '
စက္ကန့် အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ ကြေးခွံသားရဲကြီးဟာ သူတို့ နေရာကို ရောက်လာခဲ့ပါပြီ..။သူရဲ့ သေးငယ်တဲ့ မျက်လုံးတွေက နစ်ဖီကို မြင်သွားတဲ့ အချိန်မှာတော့..အရောင်လက်သွားခဲ့တယ်..။တစ်စက္ကန့်တောင်မှ တွန့်ဆုတ်မနေပဲ ကြီးမားတဲ့ သားရဲကြီးဟာ တိုက်ခိုကိဖို့အတွက် ရှေ့ကို ပြေးတက်လာခဲ့တယ်..။
သူ့ရဲ့ ကြီးမားတဲ့ ညှပ်ကြီးတွေဟာ..ကြောက်လန့်စရာ အရှိန်နဲ့ လေထဲကို ထိုးဖောက်လိုက်တယ်..။
နစ်ဖီ ဘေးဘက်ကို ရွေ့လိုက်ပြီး ညှပ်ကြီးတွေကို ရှောင်ရှားလိုက်တယ်..။သူမ ဘေးကိုရောက်သွားတဲ့ အချိန်မှာပဲ သားရဲကြီးဟာ သူမရှိနေခဲ့တဲ့ နေရာကို ရောက်လာခဲ့ပါတယ်..။ချက်ချင်းဆိုသလိုပဲ သူမရဲ့ ဓားက လေထဲမှာ ပျံဝဲပြီး ကြေးခွံသားရဲ ရဲ့ ခြေထောက်က အဆစ်နေရာကို ထိုးစိုက်လိုက်တယ်..။
အဇူရာ သွေးတွေဟာ မြေကြီးပေါ်ကို စီးကျလာခဲ့ပါတယ်..။
ဒါပေါ့..ဒီလိုသေးငယ်တဲ့ ဒဏ်ရာလောက်နဲ့တော့ သားရဲကြီးရဲ့ အမြန်နှုန်းကို လျော့ချနိုင်မှာ မဟုတ်ပါဘူး..။အံ့ဩစရာ အရှိန်နှုန်းနဲ့ပဲ သားရဲကြီးဟာ သူမ ဘက်ကို ပြန်လှည့်လိုက်ပြီး ညှပ်ပြီးတွေနဲ့ ဘေးတိုက် ဖြတ်ရိုက်လိုက်ပါတယ်..။
အခုမှ မြေကြီးကို ခြေချကာစ နစ်ဖီဟာ ရွေးချယ်စရာ မရှိတော့ပဲ..ဒီ ရိုက်ချက်ကို သူမရဲ့ ဓားနဲ့ ခုခံပေးလိုက်ရတယ်..။သူမက ..သားရဲကြီးရဲ့ ရိုက်ချက်ကို ကာကွယ်နိုင်ခဲ့ပေမယ့်လည်း ဒါက သူမကို ဟန်ချက် ပျက်သွားစေပါတယ်..။
အဲ့အချိန်မှာပဲ နောက်ထပ် ညှပ်တစ်ဖက်ဟာ သူမဆီကို ကျဆင်းလာခဲ့တယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ သူမရဲ့ ဟန်ချက်ကို ပြန်ထိန်းမနေတော့ ပဲ..မြေကြီးပေါ်ကိုသာ ဂျွမ်းထိုးပြီး ရှောင်လိုက်ပါတယ်..။ဒီကနေပြီး သူမနဲ့ သားရဲကြီးဟာ အနည်းငယ် ကွာဝေးသွားခဲ့ပါပြီ..။
သူမရဲ့ ဓားက နောက်တစ်ကြိမ် အရောင်လက်လာခဲ့တယ်..။
နောက်ဆက်တွဲ တိုက်ခိုက်မူတွေက သူတို့နှစ်ယောက် ကြားထဲမှာ ဆက်တိုက် ဖြစ်နေခဲ့တာပါ..။
သို့ပေမယ့် ဆန်နီကတော့ အသေးစိတ်အချက်အလက်တွေကို ဂရုစိုက် မနေတော့ပေ..။သူ ဂရုစိုက်တဲ့ တစ်ခုတည်းသော အရာက ဒီလို စွန့်စားတဲ့ တိုကိခိုက်မူတွေ အောက်ကနေ နစ်ဖီက သားရဲကြီးကို လှည့်ပတ်စေမယ့် အချိန်ကိုပါပဲ..။တစ်နည်းပြောရရင် သားရဲကြီး သူ့ဘက်ကို နောက်ကျောပေးလာမယ့် အချ်ိန်ကို သူ စောင့်နေခဲ့တာပါ..။
'အခုမှ မဟုတ်ရင်..မရတော့ဘူး..'
ဆန်နီ အံကိုကြိတ်ပြီး ရှေ့ကို ပြေးတက်သွားခဲ့တယ်..။
ပြောင်းလဲ နေတဲ့ ကြယ်ပွင့်က သူမရဲ့ နောက်ဆုံး ရှောင်တိမ်းမူကို မပြုလုပ်ရသေးခင်....
ကြေးခွံသားရဲကြီးရဲ့ ညှပ်ကြီးတွေက သူမရဲ့ အပေါ်ကို မကျရောက်သေးခင်....
ဆန်နီ ရဲ့ ကြောက်ရွံ့စိတ်တွေ ပေါ်ထွက်မလာသေးခင်....
သူ မွန်းစတား ဆီကို ပြေးတက်သွားခဲ့ပြီး..သူ ခုန်နိုင်သလောက် အမြင့်အထိ ခုန်ကာ ကြေးခွံပေါ်ကို တက်လိုက်တယ်..။ယင်းနောက် သူ့ရဲ့ လက်တစ်ဖက် ကိုသုံးပြီး ခန္တာကိုယ်ကို ပြုတ်ကျမသွားအောင် ထိန်းထားလိုက်ပါတယ်..။
အဇူရာ ဓားဟာ သူ့ရဲ့ ကျန်တဲ့ လက်တစ်ဖက်ထဲမှာ ပေါ်ထွက်လာခဲ့ပြီး အရိပ်ဟာ ဓားကို ဝန်းရံထားခဲ့တယ်..။တစ်ခနလောက် အကြာမှာတော့အနက်ရောင်ဓားနဲ့..ကြေးခွံသားရဲရဲ့ ကျောကုန်းမှာ ရှိတဲ့ အကာအကွယ်ရဲ့ ချိုင့်ခွက်နေရာကို ထိုးစိုက်လိုက်ပါ တယ်..။
ခရက် ဆိုတဲ့ ကျိုးပဲ တဲ့အသံနဲ့ အတူပဲ ဓားရဲ့ ထိပ်ဖျားက ကြေးခွံသားရဲရဲ့ ခန္တာကိုယ်ထဲကို အဆုံးအထိ ဝင်ရောက်သွားပါပြီ..။
သားရဲကြီးဟာ သိမ့်ခနဲ တုန်သွားပြီး မြေကြီးပေါ်ကို ပြင်းထန်စွာ လဲကျသွားခဲ့တယ်..။
ဆန်နီကတော့ ကြေးခွံသားရဲကြီးရဲ့ ခန္တာကိုယ်ပေါ်ကနေပြီး ရွံ့တွေပေါ်ကို လှိမ့်ကျသွားခဲ့ပါတယ်..။
'ဒါ..ဒါက လွယ်နေပါလား..'
ဒါက ပြီးသွားပြီလား...
သူ့မေးခွန်းကို ဖြေပေးလိုက်သလိုပဲ အခိုက်အတန့် ရဲ့ အသံဟာ လေထဲမှာ ထွက်ပေါ်လာခဲ့တယ်..။
[သင်ဟာ နိုးထမူအဆင့် ကြေးခွံသားရဲကို သတ်လိုက်ပါပြီ ]
[..သငိ့ရဲ့ အရိပ်ဟာ ပိုမို သန်မာလာခဲ့သည် ]