← Chapters

အရေအတွက်က အင်အား

Vol. 3 Ch. 41

အရေအတွက်က အင်အား

Vol. 3 Ch. 41

#ဘာသာပြန် = စနိုးဝှိုက်

ဆန်နီဟာ ရွံ့တွေထဲမှာ လဲလျောင်းရင်း ကောင်းကင်ကို ကြည့်နေခဲ့တယ်..။တိုက်ခိုက်မူ တစ်ခုလုံးက စက္ကန့်ပိုင်းလောက်ပဲ ကြာခဲ့တာကြောင့် သူ အသက်အောင့်ထားစရာ တောင် မလိုခဲ့ပါဘူး..။ဘယ်သူမှ ဒဏ်ရာ အနာတရ မရှိခဲ့ကြပေ..။ဒါပေါ့..သားရဲကြီးကတော့ သေသွားခဲ့ပါပြီ..။ဒါက သူမျှော်လင့်ထားတာ နဲ့ တစိခြားစီပါပဲ..။

သူ မွန်းစတားကြီးရဲ့ အလောင်းကို ကြည့်ပြီး တကယ် သေလားဆိုတာကို အတည်ပြုလိုက်တယ်..။ယင်းနောက် သူ့ရဲ့ အချက်အလက်တွေကို ထုတိပြီး အရိပ် အပိုင်းအစ အရေအတွက်ကို စစ်ဆေးကြည့်လိုက်ပါတယ်..။

[အရိပ် အပိုင်းအစ : 16 / 1000 ]

ဒါက တကယ် အစစ်အမှန်ပဲ..။ကြမ်းတမ်း ပါတယ် ဆိုတဲ့ နိုးထမူအဆငိ့ သားရဲကြီးကတော့ ဒီလိုနဲ့ သေဆုံးသွားခဲ့ပါပြီ..။နစ်ဖီက တော်တော်များများကို လုပ်ဆောငိခဲ့တယ် ဆိုပေမယ့်လည်း နောက်ဆုံး အဆုံးသတ်ပေးရတဲ့လူက သူပါ..။

'အရာရာတိုင်းက ဒီလိုလွယ်ကူနေရင် ဘယ်လောက် ကောင်းမလဲ..'

ဆန်နီ မတ်တတ်ပြန်ထရပ်လိုက်ပြီး အဇူရာ ဓားကို သိမ်းလိုက်တယ်..။ယင်းနောက် သူ မာစတာဂျက် ပြောခဲ့တဲ့ စကားကို ပြန်အမှတ်ရလိုက်ပါတယ်..။

"အိပ်မက်ကမ္ဘာထဲမှာ ဘယ်သူမှ တစ်ယောက်ထဲ မရှငိသန် နိုင်ဘူး.."

အရင်တုန်းက သူ သူမရဲ့ အကြံပေးမူကို မှားထားပေမယ့် အမှန်တကယ် မယုံကြည်ခဲ့ပါဘူး..။ဘာပဲဖြစိဖြစ် သူက တစ်ယောက်ထဲ ရပ်တည်ခဲ့တဲ့ လူတစ်ယောက် ဖြစ်ပြီး ဘယ်သူ့ကိုမှ မမှီခိုခဲ့ပေ..။ဆန်နီ ရဲ့ စိတ်ထဲမှာတော့ ဒါကမှ အစစ်အမှန် ခွန်အား ပါ..။

သို့ပေမယ့် အခုတော့ ဒီလောဂျစ်က မှန်ရဲ့လား ဆိုတာတောင်..သူ သံသယဖြစ်မိပါတယ်..။အမှန်တကယ်ပဲ..အိပ်မက်ကမ္ဘာထဲမှာ အခက်အခဲတွေကို အတူတကွ ရင်ဆိုင်ပေးမယ့်လူရှိတာက..ကောင်းကင်နဲ့ ငရဲလို ကွာခြားတာပါ..။တကယ်လို့ ..သူတစိယောက်တည်း တိုကိခိုက်မယ်ဆိုရင်..ကြေးခွံသားရဲ တစ်ကောင်နဲ့တင် သူ့အသက် ပျောက်သွားနိုင်ပါတယ်..။

တူညီစွာပဲ..နစ်ဖီဟာ ကျွမ်းကျင်မူတွေရှိတယ် ဆိုပေမယ့် သူမတစ်ယောက်တည်း ကြေးခွံသားရဲ နဲ့ တိုက်ခိုက်မယ် ဆိုရင် လွယ်ကူမှာ မဟုတ်ပေ..။

သို့ပေမယ့် အတူပူးပေါင်းလိုက်တဲ့ အခါမှာတော့ သက်သက်သာသာပဲ ဖြတ်သန်းနိုင်ခဲ့ပါတယ်.. ။တစ်ခြားနည်းနဲ့ ပြောရမယ် ဆိုရင် အရေအတွက်ရဲ့ အင်အားက တစ်ဦးချင်း စွမ်းရည်ထက် ပိုပြီးသာလွန်ပါတယ်..။ဒီလိုကြည့်မယ်ဆိုရင် အဖွဲ့အစည်းတွေ အပေါ် မှီခိုတာကလည်း အားနည်းချက် တစ်ခု မဟုတ်ပါဘူး..။ဒါက ကိုယ့်ရဲ့ အင်အားကို တည်ဆောက်ဖို့ တကယ် အရေးကြီးတာကါ..။

တစ်ကောင်တည်းရှိတဲ့ ဝံပုလွေက အမြဲတမ်း အားနည်းပါတယ်..။ဒါက နောက်ထပ် သင်ယူဖို့ သင်ခန်းစာ တစ်ခုပါပဲ..။

'ဒါက ငါ့မှာ ရွေးချယ်စရာ တွေ များနေတာ မဟုတ်ဘူး..'

သူမ နစ်ဖီ ဆီကို လျောက်သွားပြီး အဆင်ပြေရဲ့လား ဆိုတာကို စစ်ဆေးကြည့်လိုက်တယ်..။သူမရဲ့ ရေမှော် အင်္ကျီတွေကို အနည်းငယ် ထိခိုက်သွားတာက လွဲလို့ သူမကြည့်ရတာ..အကုန်အဆင်ပြေနေခဲ့တယ်..။သူမ ဆန်နီီကို ကြည့်လိုက်ပြီး...

"မှတ်သားမူ ရလား "

သူ ခေါင်းခါယမ်းလိုက်တယ်..။

နစ်ဖီ သက်ပြင်းချလိုက်တယ်..။ကြည့်ရတာတော့ သူမက အကာအကွယ်အင်္ကျီ ရဖို့ကို မစောင့်နိုင်တော့တဲ့ ပုံပါပဲ..။တကယ်လို့ ဆန်နီသာ..လူကြီးလူကောင်းတစိယောက် ဆိုရင် သူ့ရဲ့ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို ခနငှားကောင်း ငှားမှာပါ..။သို့ပေမယ့် သူက အဲလိုလူ တစ်ယောက် မဟုတ်ပေ..။ဒီ အကာအကွယ်က အတော်လေးကို တန်ဖိုးရှိပြီး ၊ သူကိုယ်တိုင်လည်း ဒီအတွက် အတော် ပေးဆပ်ထားရပါတယ်..။

ထပ်ပြောရရင် ပြောင်းလဲနေတဲ့ ကြယ်ပွင့်နဲ့ မတူစွာပဲ..သူ့မှာက ဒီဟာမရှိရင် ဝတ်စရာ ရှိတာ မဟုတ်ပါဘူး..။ဒီတော့ သူ ဘာမှ မပြောတော့ပေ..။

ရဲ့အချိန်မှာတော့ နစ်ဖီဟာ သေဆုံးနေတဲ့ သားရဲ ဆီကို လျောက်သွားခဲ့ပြီး ပြန်လှည့်မကြည့်ပဲ ပြောလိုက်တယ်..။

"ကတ်စီကို ခေါ်လာခဲ့.."

ဆန်နီ သက်ပြင်းချလိုက်ပြီး နေရာလွတ်ကနေ လှည့်ထွက်သွားခဲ့ပါတယ်..။

မကြာခင်မှာပဲ သူဟာ မျက်မမြင်မိန်းကလေး သူတို့ကို စိတ်ရှည်စွာ စောင့်နေတဲ့ နေရာဆီ ပြန်ရောက်လာခဲ့တယ်..။သူ့ ခြေသံတွေကို ကြားတာနဲ့ သူမဟာ ခေါင်းမော့လာခဲ့ပြီး...

"ဆန်...ဆန်နီလား..."

'သူမက ဘယ်လိုလုပ် ငါ့ကို မှတ်မိနေတာလဲ..။ငါ လမ်းလျောက်တဲ့ ပုံကို လိုက်မှတ်ထားတာလား..'

"အင်း..ငါပါ..။အကုန်ပြီးသွားပြီ..။လာ..ငါ နင့်ကို နစ်ဖီ ဆီ ခေါ်သွားပေးမယ်.."

သစ်သား တုတ်ချောင်းလေးကို သုံးပြီး ကတ်စီဟာ မတ်တတ်ထရပ်လိုက်တယ်..။

"နင်..နင်တို့ အဆင်ပြေကြရဲ့လား.."

ဆန်နီ ပြုံးလိုက်တယ်..။

"ဒါပေါ့..ငါတို့က ခနလေးနဲ့ အဆုံးသတ်နိုင်ခဲ့တာ..။ခြစ်ရာလေးတောင် မထင်ခဲ့ဘူး.."

ကတ်စီ စိတ်သက်သာရာ သွားပြီး ပြုံးလိုက်တယ်..။

"ကောင်းတယ်..ဒါကောင်းတယ်..။အိုး..ဟုတ်သားပဲ..ကြိုး..."

ဆန်နီ ကြိုးကို ကိုင်ပြီး နေရာလွတ်ဆီကို ဦးတည်သွားလိုက်ပါတယ်..။လမ်းမှာတော့ သူ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရတယ်..။ဒီလို နူးညံ့တဲ့ မိန်းကလေးတစ်ယောက် သူ့နောက်မှာ ပါလာတာက သူ့ ညီမလေးကို သတိရစေပါတယ်..။သူမက ငယ်ရွယ်စဥ်ကတည်းက သူ့နောက်ကနေ တကောက်ကောက် လိုက်နေတတ်သူပါ..။

ရင်းနှီးတဲ့ နာကျင်မူ တစ်ခုက သူ့နှလုံးသားထဲကို ရောက်လာခဲ့တယိ..။ဆန်နီ အံကိုကြိတ်ပြီး တစ်ခြား တစ်ခုခုကိုသာ တွေးဖို့ ကြိုးစားလိုက်ပါတယ်..။ဘာပဲဖြစ်ဖြစ် ဒါတွေက အတိတ်မှာ ကျန်နေခဲ့ပါပြီ..။

နေရာလွတ်မှာတော့ နစ်ဖီဟာ သားရဲကြီးရဲ့ ကြေးခွံကို ခွာပြီးနေခဲ့ပါပြီ..။သူမရဲ့ လက်ထဲမှာတော့ တောက်ပနေတဲ့ စိတ်ဝိဥာဥ် အမြုတေ ရှိနေခဲ့တယ်..။သူမ ဘာတစ်ခုမှ မပြောပဲ ဆန်နီ ဆီကို ပစ်ပေးလိုက်ပါတယ်..။

သူ အမြုတေကို ဖမ်းလိုက်ပြီး သူမကို အံ့ဩစွာ ကြည့်လိုက်တယ်..။

"ဘာလို့ ငါ့ကို ပေးတာလဲ.."

နစ်ဖီ မျက်တောင် ခတ်ပြီး ခနလောက် ညိမ်သက် နေခဲ့ပါတယ်..။ယင်းနောက် သူမ ပြောလိုက်တယ်..။

"ငါ့မှာ အိပ်ကပ်မှ မရှိတာ.."

"အော်..."

ဆန်နီ အနည်းငယ် ရှက်ရွံ့သွားပြီး အမြုတေကို ကျော်ပိုးအိတ်ထဲ ထည့်လိုက်တယ်..။

'သူမက ဘာလို့ တစ်ခါတည်း မစုပ်ယူလိုက်တာလဲ..'

သူ ထပ်​ပြီး မေးဖို့လုပ်လိုက်တဲ့ အချိန်မှာပဲ သူမက သဘောပေါက်နေတဲ့ အလား ထပ်ပြောလိုက်တယ်..။

"ငါတို့ နောက်မှ ဝေစုခွဲကြမယ်.."

"အာ..ကောင်းပြီလေ.."

ယင်းနောက် နစ်ဖီဟာ ကတ်စီယာ ဘက်ကို လှည့်ပြီး ပြောလိုက်ပါတယ်..။

"ငါ ဂရုစိုက်ပါတယ်.."

ယင်းနောက် သူမ ပြုံးလိုက်တယ်..။

***

[ သင့်အရိပ် ပိုသန်မာလာခဲ့ပါပြီ ]

[သင့်အရိပ် ပိုသန်မာလာခဲ့ ပါပြီ ]

[သင့်အရိပ် ပိုသန်မာလာခဲ့ပါပြီ ]

ဆန်နီဟာ ကျေနပ်ပျော်ရွှင်သလို ခံစားနေခဲ့ရတယ်..။ဒီတစ်နေ့လုံး သူက နောက်ထပ် သားရဲ သုံးကောင်ကို ထပ်ပြီး သတ်နိုင်ခဲ့ပါတယ်..။အကြိမ်တိုင်းမှာလည်း နစ်ဖီကပဲ..စွန့်စားမူကို ပြုလုပ်တာပါ..။

သူတို့ လုပ်တဲ့အရာကလည်း အမြဲတမ်း တူတူပါပဲ..။သူ အရိပ်ထဲမှာ ပုန်းနေတဲ့ အချိန်မှာ နစ်ဖီက ငါးစာ အဖြစ် ပြုလုပ်ပါတယ်..။ပြီးတာနဲ့ မှန်ကန်တဲ့ အချိန်ရောက်တဲ့ အချိန်မှာ ဆန်နီက အနားကို ကပ်သွားပြီး အဇူရာဓားနဲ့ အဆုံးသတ်ပါတယ်..။

ဒါက အဓိက ဇာတ်ကောင်တွေရဲ့ သူငယ်ချင်းတွေ ခံစားရတဲ့ ခံစားချက်မျိုးလား လို့တောင် သူ သံသယဖြစ်နေခဲ့တယ်..။ကတ်စတာ က လွဲလို့ တစ်ခြားလူတွေ အတွက်ကတော့ နိုးထနေတဲ့ သားရဲနဲ့ တိုက်ခိုက်တာက ကိုယ့်ကိုကို သတ်သေတာပါပဲ..။သို့ပေမယ့် နစ်ဖီကတော့ ဒါကို အခေါက်ခေါက် အခါခါ ဖိအားမရှိပဲ လုပ်ပြနေခဲ့ပါတယ်..။

ပိုပြီးအရေးကြီးတာက သူမရဲ့ တိုက်ခိုက်မူတွေက ကျွမ်းကျင်မူ အပေါ်မှာသာ ဦးတည်ထားခဲ့ပြီး ကဏ္ဍ စွမ်းရည်တွေ ပါဝင် မနေခဲ့ပေ..။ဒီလိုအရာမျိုးကတော့ ကတ်စတာတောင် မလုပ်နိုင်လောက်ပါဘူး..။

သူမက လျင်မြန် ၊ တည်ငြိမ်ပြီး တိကျပါတယ်..။သူမရဲ့ လှုပ်ရှားမူ တစ်ခုစီတိုင်းက ချိန်သားကိုက် တွက်ချကိထားခဲ့တာပါ..။သူမကြည့်ရတာ ကိုယ်ခံပညာရဲ့ စီးဆငိးမူ နဲ့ လောဂျစ်ကို ကျေညက်အောင် သိထားသလိုပါပဲ..။သူမ ပုံစံက သားရဲတွေ နောက်တစ်ဆင့် ဘာဆက်လုပ်မလဲ ဆိုတာကိုပါ ခန့်မှန်းမိနေတဲ့ပုံပါ..။

ဆန်နီဟာ နစ်ဖီကို ကြည့်နေရင်းနဲ့ ကျွမ်းကျင်မူ နဲ့ အတွေ့အကြုံက ဘယ်လောက်တောင် အရေးပါလဲ ဆိုတာကို နားလည်သွားခဲ့တယ်..။သူတို့နှစ်ယောက်ရဲ့ ကြားမှာ ကွာဟမူက ဘယ်လောက်တောင် ကြီးမားလဲ ဆိုတာကို သူ သိရှိခဲ့ပါပြီ..။သူ့ရဲ့ နတ်ဘုရားအဆင့် စွမ်းရည်က ပြောင်းလဲနေတဲ့ ကြယ်ပွင့်ထက် ခွန်အားသာအောင် စွမ်းဆောင်ပေးနိုင်တယ် ဆိုပေမယ့် တကယ် အသေအကြေတိုကိခိုက်ကြမယ် ဆိုရင် သူ တစ်ချက်တောင် တောင့်ခံနိုင်မှာ မဟုတ်ပါဘူး..။

ဒါပေါ့ သူလည်း ကြုံတွေနေရတဲ့ အရာတွေထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်ပါတယ်..။သူ့ရဲ့ အဆုံးသတ်ရတဲ့ အလုပ်ကလည်း လူတိုင်း လိုက်လုပ်နိုငိတဲ့ အရာမဟုတ်ပါဘူး..။ဆန်နီ နည်းစနစ်တွေကို မလေ့ကျင့်ရပေမယ့် အတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေး သမားကောင်း တစ်ယောက်တော့ ဖြစ်နေပါသေးတယ်..။သူက ခန္တာကိုယ်ကြံခိုင်ပြီး..ကိုယ်ခံပညာအကြောင်း သိရုံတင်မကပဲ ပိုပြီးအရေးကြီးတဲ့အေးဆေး တည်ငြိမ်မူလည်း ရှိပါတယ်..။

သူ့ရဲ့ အရိပ်ထောက်လှမ်းရေးကြောင့် သားရဲတွေကို တစ်ပန်းအသာ နဲ့ တိုက်ခိုက်နိုင်နေတာကတော့ ပြောစရာတောင် မလိုတော့ပါဘူး..။

အကုန်ခြုံပြောရရင် မျှတတဲ့ ပူးပေါင်းမူ တစ်ခုပါ..။ဒီတော့ နစ်ဖီ တိုက်ခိုက်နေတာကိုကြည့်ပြီး ဝမ်းနည်းနေစရာ အကြောင်းမရှိပေ..။

ဆန်နီ စိတ်မကောင်းမဖြစ်အောင် ထိန်းလိုက်ရင်း အချက်အလက် ဇယားကို ဖွင့်လိုက်တယ်..။

[ အရိပ် အပိုင်းအစ : 22 /1000 ]

'ဒီနေ့ အပိုင်းအစ ၈ ခုရထားတယ်..။တကယ် ကောင်းမွန်တာပဲ...'

လက်ရှိအချိန်မှာတော့ သူတို့ဟာ ကြီးမားတဲ့ ခေါင်းပြတ် စစ်သည်ရုပ်ထု ကြီးရှိတဲ့ နေရာကို ဦးတည်သွားနေခဲ့ တယ်..။သူတို့နဲ့ ရုပ်ထုကြီး ကြားထဲမှာ ဖြတ်သွားဖြတ်လာ လုပ်နေကြတဲ့ သားရဲ တွေလည်း ရှိနေခဲ့တယ်..။

နေဝင်ချိန်က နီးလာပြီ ဆိုပေမယ့် အချိန်တော့ ရှိနေ ပါသေးတယ်..။

ဖြည်းဖြည်းချင်း မိနစ်တွေ ဖြတ်သန်းသွားခဲ့တယ်..။တစ်ချို့နေရာတွေမှာတော့ နစ်ဖီဟာ အချက်ပြနေခဲ့တယ်..။

ကတ်စီကို လမ်းပြရင်းနဲ့ ဆန်နီဟာ ပြောင်းလဲနေတဲ့ ကြယ်ပွင့် နောက်ကို လိုက်နေခဲ့တယ်..။အခုတော့ သူတို့ ရုပ်ထုကြီး ထိပ်ကို တက်ဖို့သာ ကျန်ပါတော့တယ်..။

သို့ပေမယ့် ဒါက သိပ်တော့ မလွယ်ကူပါဘူး..။မီတာ ၂၀၀ လောက် မြင့်တဲ့ အမြင့်ကို တစ်ယောက်တည်း တက်ရင်တောင် အတော်လေးကြိုးစားရမှာ ဖြစ်ပေမယ့် သူတို့က ကတ်စီကိုလည်း ဆွဲတင်ဖို့ လိုအပ်ပါသေးတယ်..။သူတို့ အပေါ်ကို မရောက်မချင်း လုံခြုံမူ မရှိသေးပါဘူး..။

အဆုံးမှာတော့ နစ်ဖီ နဲ့ ဆန်နီဟာ ၂၀ မီတာ စီတက်ပြီးတိုင်း ကတ်စီကို ဆွဲတင်ပေးနေခဲ့တယ်..။ကတ်စီကတော့ ကျောက်တုံးတွေကို ကိုင်ထားပြီး နောက်ထပ် ဆွဲတင်ပေးမယ့် အချိန်တွေကို စောင့်နေရုံပါပဲ..။ဒီအရာက ဆက်တိုက်ဖြစ်နေခဲ့တယိ..။ဒါက ဖြည်းဖြည်းချင်း နိုပ်စက်နေသလိုပါပဲ..။အဆုံးမှာတော့ ဆန်နီရဲ့ ကြွက်သားတွေဟာ ရောင်ပြီး နာကျင်နေခဲ့ပါပြီ..။

သို့ပေမယ့် အနက်ရောင် ဒီရေ တွေ မတက်လာခဲ့မှာ သူတို့ အပေါ်ကို ရောက်အောင် တက်နိုင်ခဲ့ပါတယ်..။

ညဘက် ရောက်လာတဲ့ အချိန်မှာတော့ အိပ်စက်သူ သုံးယောက်ဟာ ကျောကိပြားရဲ့ အလယ်မှာ အနားယူနေခဲ့ကြတယ်..။သူတို့က မီးဖို ဖို့ဘာပစ္စည်းမှ မယူလာခဲ့သလို အရမ်းလည်း နောက်ကျနေပြီ ဖြစ်တာကြောင့် ချက်ပြုတ်လို့ မရတော့ပေ..။ဒီတော့ သူတို့ အသားခြောက်နဲ့ အကန့်အသတ် မရှိတဲ့ ရေကိုသာ သောက်လိုက်ကြပါတယ်..။

အချိန်တစ်ချို့ ကြာပြီးတဲ့နောက်မှာ နစ်ဖီဟာ ဒီနေ့ရဲ့ အကျိုးအမြတ်တွေကို ထုတ်ဖို့ အချက်ပြလိုက်တယိ..။ဆန်နီ ဟာ တောက်ပနေတဲ့ စိတ်ဝိဥာဥ် အမြုတေ လေးခုကို ထုတ်ပြီး ကြမ်းပြင်ပေါ် ချလိုက်ပါတယ်..။

ဘာမှတောင် ဆွေးနွေးမနေတော့ပဲ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ သူ့ဘက်ကို အမြုတေ နှစိခု ပို့လိုက်ပြီး သူမက နှစ်ခုယူလိုက်တယ်..။ယင်းနောက် သူမ ဝေစုထဲက တစ်ခုကို ကတ်စီယာကို ပေးလိုက်ပါတယ်..။

ဆန်နီ တိတ်တဆိတ်သာ ကြည့်နေခဲ့တယ်..။နစ်ဖီ နဲ့ ကတ်စီယာတို့ စိတ်ဝိဥာဥ် အမြုတေကို စုပ်ယူလို့ ပြီးတဲ့ အထိ သူ မလှုပ်ခဲ့ပါဘူး..။အချိန်တစ်ချို့ကြာပြီးမှ သူ့အိတ်ထဲက နောက်ထပ် အမြုတေ တစ်ခုကိုပါ ထုတ်လိုက်ပြီး နစ်ဖီ ဘက်ကို သုံးခု ထိုးပေးလိုက်ပါတယ်..။

ငွေရောင် ဆံပင်နဲ့ မိန်းကလေးဟာ သူ့ကို အံဩစွာ ကြည့်လိုက်တယ်..။

"နင်က..မသန်မာ ချင်ဘူးလား..."

ဆန်နီ ပြုံးလိုက်တယ်..။

"ဒါပေါ့ ငါ သန်မာချင်ပါတယ်..။ဒါပေမဲ့ ဒီလောက်နဲ့ ငါက ချက်ချင်း သန်မာလာမှာ မဟုတ်ဘူးလေ..။ငါတို့ အဖွဲ့ထဲမှာ နင့်ရဲ့ တိုက်ရည်ခိုက်ရည်က အကောင်းဆုံးဆိုတာကလည်း လျို့ဝှကိချက်တစိခု မဟုတ်ဘူး.."

သူ သက်ပြင်းချလိုက်တယ်..။

"နင် ပိုပြီး သန်မာလေလေ..ငါတို့ အသက်ရှင်ဖို့ အခွင့်အရေး ပိုများလေလေပဲ..။ထပ်ပြောရရင် ဒါက လက်ဆောင်ပေးနေတာ မဟုတ်ဘူး..။ဒါက အပေးအယူ လုပ်နေတာပဲ.."

နစ်ဖီ မျက်ခုံးပင့်တင်လိုက်တယ်..။

"အပေးအယူ.._တစ်ခုလား..။နင်က ဘာလိုချင်တာလဲ.."

ဆန်နီ ပြန်မဖြေ ခင်မှာ ခနလောက် စဥ်းစားနေခဲ့ပါတယ် .။

"ဒါက ရိုးရှင်းပါတယ်..။ငါ နင့်ကို ဒီအမြုတေ တွေနဲ့ ရဲတိုကိကို သွားတဲ့ လမ်းတစ်လျောက်လုံးက ရမယ့် အမြုတေတွေကိုပါ ပေးမယ်... "

ယင်းနောက် သူ ...သူမရဲ့ မျကိလုံးတွေကို ကြည့်လိုက်ပြီး...

"အပြန်အလှန် အနေနဲ့ ..နင်က ငါ့ကို ဘယ်လိုတိုက်ခိုက်ရမလဲ ဆိုတာကို သင်ပေး..."

All Chapters