← Chapters

ကိုယ်ခံပညာရဲ အနှစ်သာရ

Vol. 3 Ch. 42

ကိုယ်ခံပညာရဲ အနှစ်သာရ

Vol. 3 Ch. 42

#ဘာသာပြန် = စနိုးဝှိုက်

နစ်ဖီဟာ သူ့ကိုကြည့်ပြီး စဥ်းစား ချင့်ချိန်နေခဲ့တယ်..။ဒီတစ်ကြိမ်မှာတော့ သူမက ခါတိုင်းထက်ပိုပြီး ကြာနေခဲ့ပါတယ်..။

သူမ ရဲ့ အကြည့်တွေအောက်မှာ ဆန်နီ ပိုပြီး ကြောက်မိသလိုတောင် ခံစားလိုက်ရတယ်..။ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ရဲ့ ကျွမ်းကျင်မူနဲ့ အမြင်ရှိမူ တွေကို ကြည့်ရင် သူမက သူ့ရဲ့ အခြေအနေတွေကိုလည်း မြင်နိုင်မှာ သေချာပါတယ်..။သူ့ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ အနာဂတ် အလားအလာကတော့ သူမရဲ့ ရှေ့မှာ ဘာမှ မဟုတ်ပါဘူး..။သူ့ရဲ့ ကမ်းလှမ်းမူ တွေက သူမကို သင်ကြားစေဖို့ လုံလောက်ပါ့မလား..။

ခနကြာပြီးတဲ့ နောက်မှာတော့ သူမ ခေါင်းညိမ့်ပြီး စိတ်ဝိဥာဥ် အမြုတေကို ယူလိုက်တယိ..။

"ကောင်းပြီလေ.."

ဆန်နီ ပြုံးလိုက်တယ်..။သူက အောင်မြင်တဲ့ အပေးအယူ တစ်ခုကို လုပ်နိုင်ခဲ့တာပါ..။ဒါက သူဘာမှ မဆုံးရှုံးယုံတင် မကပဲ..နစ်ဖီ နဲ့ ကတ်စီယာ တို့ရဲ့ မျက်လုံးထဲမှာပါ အထင်မြင်ကောင်းကို ရစေပါတယ်..။သူတို့ရဲ့ အရည်အချင်းတွေ တိုးတက်လာလေလေ..ပိုကောင်းလေးပါပဲ..။

"ဒီတော့ ငါတို့ ဘယ်ချိန်လောက် စကြမလဲ.."

နစ်ဖီ ပုခုံးတွန့်လိုက်တယ်..။

"အခုပဲ.."

အခုလား...

ဆန်နီ..ပျောက်ကွယ်ခါနီး ဖြစ်နေပြီဖြစ်တဲ့ နေကို ကြည့်လိုက်တယ်..။သူတို့က အမှောငိထဲမှာ လေ့ကျင့်ကြမှာလား..။သူ့အတွက်တော့ ဒါက ပြသနာ တစ်ခု မဟုတ်ပါဘူး..။ဒါပေမယ့် ပြောင်းလဲနေတဲ့ ကြယ်ပွင့်က...

"ငါတို့ စကားလုံး နည်းနည်းပါးပါးနဲ့ စတင်ကြမယ်..။ဒါက ဒီနေ့အတွက် လုံလောက်တယ်.."

ခနလောက် တွေဝေပြီးကာမှ သူမ ထပ်ပြောလိုက်တယ်..။

"ကတ်စီ..နင်လည်း နားထောင်ထား.."

ဆန်နီ နဲ့ ကတ်စီယာဟာ နစ်ဖီ ဖက်ကို လှည့်ပြီး နာခံတတ်တဲ့ ကျောင်းသားတွေလိုပဲ နားထောင်နေခဲ့ကြပါတယ်..။သူတို့ရဲ့ အသက်တွေက အတူတူပဲ ဆိုပေမယ့် ကိုယ်ခံပညာနဲ့ ပတ်သက်လာရင်တော့..သူတို့က နဂါးတစ်ကောင်နဲ့ သိုးငယ်လေးတွေ လို ကွာခြားတယ် ဆိုတာကို သိထားကြပြီးသားပါ..။

နစ်ဖီ ခနလောက် တွေးပြီးမှ ပြောလိုက်တယ်..။

"ကိုယ်ခံပညာရဲ့ ကျွမ်းကျင်မူ ကို နှစ်ပိုင်း အဖြစ်ခွဲခြားထားတယ်..။တစ်ခုက ခန္တာကိုယ် ဖြစ်ပြီး နောက်တစ်ခုက စိတ် ပဲ.။ခန္တာကိုယ်ကို လေ့ကျင့်ဖို့ ဆိုတာက မလွယ်ကူဘူး..။ဒါပေမဲ့ အတော်လေး ရိုးရှင်းတယ်..။နင်တို့ လုပ်ဖို့ လိုတာက ထပ်ကာထပ်ကာ လေ့ကျင့်နေပြီး အတွေ့အကြုံတွေ ရယူဖို့ပဲ..။တိုက်ခိုက်မူတွေ ဖြစ်ပြီဆိုရင် အခြေအနေ တွေက အရမ်းကို မြန်ဆန်လွန်းတာကြောင့် အသေးစိတ်တွေကို တွေးဖို့ မဖြစ်နိုင်ဘူး..။ဒါကြောင့် နင်တို့ရဲ့ နည်းစနစ် တွေက ကြွက်သားတွေ အရိုးတွေ ထဲမှာ ရှိနေရမယ်..။ဒါမှသာ ပြိုင်ဘက်ကို အလျင်အမြန် တုန့်ပြန်နိုင်မှာ.."

သူမ ခနရပ်လိုက်တယ်..။

"ဒီလို အခြေအနေကို ထပ်ကာ ထပ်ကာ လေ့ကျင့်ရင်း နဲ့ ရနိုင်တယ်လေ..။ပြီးတော့ ဒါက အတွေ့အကြုံတွေ ပေါ်မှာလည်း မူတည်နေသေးတယ်..။တိုက်ပွဲ အတွေ့အကြုံ ပိုပြီးများလာလေလေ..ဒီနည်းစနစ်တွေက ခန္တာကိုယ်ထဲမှာ စွဲမြဲလာလေလေ ပဲ..။ပြီးတော့ နောက်ထပ် တစ်ခု ရှိသေးတယ်..။နာရီပေါင်း တစ်ထောင်လောက် လေ့ကျင့်တာက အစစ်အမှန် တိုက်ပွဲ တစ်ခုလောက် အကျိုးမရှိစေနိုင်ဘူး..။မရေမတွက်နိုင်တဲ့ တိုက်ပွဲ တွေကနေ ရှင်သန်လာနိုင်ခဲ့တဲ့ သူကမှ သူ့ရဲ့ ခန္တာကိုယ်ကို အစစ်အမှန် အမိန့်ပေးနိုင်တာ.."

ဒီစကားကတော့..အဓိပ္ပါယ် ရှိသလို.. အဓိပ္ပါယ်လည်း မရှိပါဘူး..။တစ်ဖက်မှာတော့ နည်စနစ်တကျ လေ့ကျင့်ရင်း တိုးတက်အောင် လုပ်တယ် ဆိုတာက အတော်လေးကို နည်းလမ်းကျပါတယ်..။တစ်ဖက်ကကြည့်ရင် ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ရဲ့ စကားအရ ..နှစ်ပေါင်းများစွာ ကိုယ်ခံပညာ လေ့ကျင့်လာကြတဲ့ ဆက်ဆံသူတွေက ဘာမှ မဟုတ်ကြတဲ့ သနားစရာ လေးတွေပါ..။နောက်ဆုံးမှာ သူတို့ဘယ်လောက်ပဲ ဆရာကောင်းတွေ ရှိရှိ အစစ်အမှန် တိုက်ပွဲ အတွေ့အကြုံ မရှိကြပါပေ..။

သို့ပေမယ့် သူမက ကတ်စတာကလွဲလို့ တစ်ခြား ဆက်ဆံသူတွေ အကုန်လုံးကို အမှောက်သိပ်ခဲ့တာပါ..။ဒီတော့ သူမရဲ့ စကားက မှန်ကန်လောက်ပါတယ်..။ဒါပေမဲ့ မေးခွန်းထုတ်စရာက..အစစ်အမှန် တိုက်ပွဲအတွေ့အကြုံတွေ အများကြီး ရှိရလောက်အောင် နစ်ဖီက ဘယ်လို ဘဝကို ဖြတ်သန်းခဲ့ရတာလဲ..။

'သူမကို မင်းသမီး လို့ရော ဆက်ခေါ်သင့်သေးလား..'

အဲ့အချိန်မှာပဲ နစ်ဖီဟာ ဆက်ပြောလိုက်တယ်..။

"ဒါပေမဲ့ စိတ်ကို လေ့ကျင့်တယ် ဆိုတာက လုံးဝ မလွယ်ကူဘူး..။ဘာလို့လဲ ဆိုတော့ နင့်ရဲ့ ကျွမ်းကျင်မူက အဆင့်တစ်ခုထိ ရောက်သွားမယ် ဆိုရင် ကိုယ်ခံပညာဆိုတာက စိတ်ထဲမှာပဲ နေရာယူထားတော့တာ..။ရလာဒ်အနေနဲ့ ခန္တာကိုယ် မလှုပ်ရှားခင်တိုင်းမှာ ဆုံးဖြတ်နိုင်စွမ်းရှိတယ်လေ..။ပြီးတော့ စိတ်ပိုင်းဆိုင်ရာကို မာစတာဖြစ်ဖို့ဆိုရင် ပထမအဆင့်က ကိုယ်ခံပညာရဲ့ အနှစ်သာရကို နားလည်ထားဖို့ပဲ..။ဒါပေမဲ့ လူအနည်းငယ် လောက်ပဲ ဒီလိုလုပ်နိုင်ကြတာ.."

သူမ သူတို့ကို ကြည့်ပြီး မေးလိုက်တယ်..။

"အဲဲဒီ အနှစ်သာရက ဘာလို့ ထင်ကြလဲ.."

ဆန်နီ တွေဝေသွားခဲ့တယ်..။ကိုယ်ခံပညာရဲ့ အနှစ်သာရ လား..။ဘာ ဖြစ်နိုင်မလဲ....

တစ်ကယ်လို့ ဒီနေရာမှာသာ ဆက်ခံသူ တစ်ယောက်ယောက် ဆိုရင် ဂုဏိသိက္ခာ ၊ ဝတ္တရား ၊ တာဝန် ...စတဲ့ တုံးအတဲ့ စကားတွေကို ထပြောမှာပါ..။သို့ပေမယ့် သူ့စိတ်ထဲမှာ နစ်ဖီက ဒီလိုလူမျိုး မဟုတ်တာကို သူသိထားပြီးသားပါ..။သူက ဒီလို အရေးမပါတဲ့ စကားလုံးတွေကို ဂရုစိုက်မယ့်လူ မဟုတ်ပါဘူး..။

တစ်မိနစ် လောက် ကြာပြီးကာမှ ကတ်စီဟာ ပြောလာခဲ့တယိ..။

"အောင်မြင်မူ "

ပြီးတော့ တစ်ချိန်တည်း နီးပါးပဲ ဆန်နီ ပြောလိုက်တယ်..။

"ရှင်သန်ဖို့ "

ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ဟာ ခေါင်းခါယမ်းလိုက်ပါတယ်..။

"မဟုတ်ဘူး "

ယင်းနောက် သူမ လည်ပင်းကို လက်နဲ့ ထိကာ လှီးဖြတိသလို လုပ်လိုက်တယ်..။

"ကိုယ်ခံပညာရဲ့ အဓိက အနှစ်သာရက သတ်ဖြတ်ဖို့ပဲ.."

ကတ်စီ ရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားခဲ့တယ်..။ဆန်နီလည်း မျက်မှောင်ကျုတ်လိုက်ပါတယ်..။သို့ပေမယ့် နစ်ဖီကတော့ ဂရုစိုက်တဲ့ပုံ မပေါ်ခဲ့ပေ..။တည်ငြိမ်တဲ့ လေသံနဲ့အတူ ပဲ သူမဟာ ဆက်ပြောလိုက်တယ်..။

"အဓိက နေရာမှာ ဒီတစ်ခုပဲ ရှိတယိ..။နင်တို့က ရန်သူကို သတ်ရင်သတ် မဟုတ်ရင် ရန်သူက နင်တို့ကို သတ်သွားလိမ့်မယ်..။အဆုံးမှာတော့ တစ်ယောက်က အသတ်ခံရပြီး တစ်ယောက်က သတ်ရမှာပဲလေ..။တစ်ခြားဟာတွေက အပိုစာသားတွေပဲ.."

သူမရဲ့ စကားလုံးတွေက ဆန်နီ ရဲ့ နှလုံးသားထဲအထိ ဝင်ရောက်သွားပြီး အတွေးနက်နေစေခဲ့ပါတယ်..။ဒီစကားလုံးတွေက သူ့ကို အလင်းပွင့်သွားစေသလိုပါပဲ..။

"ဘယ်လိုသတ်လဲ အရေးမကြီးဘူး..။လက်နက် အရေးမကြီးဘူး..။အကြောင်းပြချက်နဲ့ ရည်ရွယ်ချက်တွေကလည်း အရေးမကြီးဘူး..။အရေးကြီးတဲ့ အရာက တစ်ခုတည်းပဲ ရှိတယ်..။ဒီနည်းလမ်းနဲ့ နင်တို့ လေ့ကျင့်မယ့် ကိုယ်ခံပညာက ရည်ရွယ်ချက် တစ်ခု နှစ်ခု လောက်ပဲ ရှိတော့မယ်လေ..။ဒါက ရန်သူကို သတ်မှာလား..ဒါမှမဟုတ် ရန်သူ လာသတ်တာကို တားဆီးမှာလား ."

နစ်ဖီ ခေါင်းကို ငုံ့လိုက်ပြီး..

"နင်တို့ ဒါကို နားလည်ထားမယ် ဆိုရင် စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် လုံလောက်ပါတယ်.."

***

ပြီးဆုံးသွားတဲ့ နောက်မှာတော့ ဆန်နီဟာ တော်တော်နဲ့ အိပ်မပျော်ခဲ့ပေ..။သူ အေးစက်တဲ့ ကျောက်တုံးပေါ်မှာ လဲလျောငိးရင်း အမှောင်ထဲကို သာ ကြည့်နေခဲ့တယ်..။သူက နစ်ဖီ သင်ကြားပေးခဲ့တာတွေအတွက် အတွေးနက်နေခဲ့တာပါ..။

'ထပ်ခါထပ်ခါ လေ့ကျင့်မူ ၊ အတွေ့အကြုံ ၊ ပြတ်သားမူ '

အကြောက်အလန့် မရှိတဲ့ စစ်သည်တော် ဖြစ်လာဖို့ အတွက် ဒါက အဓိက သော့ချက်သုံးခု ပါပဲ..။သုံးခုလုံးက အရေးကြီးပေမယ့် နောက်ဆုံးတစ်ခုက အရေးကြီးဆုံးပါပဲ..။

ဒါက တကယ်ပဲ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ပြောသလိုပဲလား..။အေးစက်စွာ သတ်ဖြတ်ဖို့က လွဲပြီး စစ်သည်တော် တစ်ယောက်မှာ တစ်ခြား အဓိက အကြောင်းအရာတွေ မရှိတော့ဘူးလား..။တွေးကြည့်ရင်တော့ သူလည်း အဲလိုပဲ ခံစားရပါတယ်..။ဒီရက်စက်တဲ့ အမှန်တရားက သူ့ရဲ့ အတွေ့အကြုံတွေနဲ့ပါ ထပ်တူကြနေခဲ့တာပါ..။

ဘာပဲဖြစ်ဖြစ် သူ့လိုလူတစ်ယောက်အတွက်တော့ ဘဝက ရှင်သန်ဖို့အတွက် တိုက်ခိုက်နေရတာပါ..။တစ်ယောက်က အမြဲတမ်း အနိုင်ရပြီး ..တစ်ယောက်က အမြဲတမ်း ကျရှုံးနေတဲ့ သူ..။

ဒါပေါ့..ဘဝက ဘဝ...ကိုယ်ခံပညာက ကိုယ်ခံပဘာ ပါပဲ.. ။လူတွေအများကြီးကတော့ အမြင်ချင်း တူညီကြမှာ မဟုတ်ပေ..။ဒါပေမဲ့ နိုးထသူ တွေ ကြတော့ရော..။သူတို့ တည်ရှိနေတဲ့ အဓိက ရည်ရွယ်ချက်က အိပ်မက်ဆိုး သားရဲတွေကို တိုက်ခိုက်ဖို့ပါ..။လူနည်းစုလောက်ပဲ ဒီကံတရားကနေ လွတ်မြောက်နိုင်ပါလိမ့်မယ်..။

အကယ်ဒမီကို ရောက်ပြီးတဲ့နောက်မှာ ဆန်နီဟာ သူ အမြဲတမ်း အသက်ရှင်သန်အောင် ရုန်းကန်နေရတဲ့ ဘဝကနေ လွတ်ပြီလို့ တွေးမိခဲ့တာပါ..။သို့ပေမယ့် အခုကြည့်ရတာတော့ တိုက်ပွဲ တစ်ခုကနေ နောက်တစ်ခုကို ပြောင်းတိုက်ရတာနဲ့ ဘာမှ မထူးပါဘူး..။

ဒါက မသက်မသာ ဖြစ်စေတဲ့ အတွေးတစ်ခုပါ..။

သို့ပေမယ့် တစ်ဖက်ကနေ တွေးကြည့်ရင် သူ့မှာ တကယ်ပဲ အားသာချက်တွေ ရှိနေတာလား..။အခိုက်အတန့်ကနေ ရွေးချယ်လိုက်တဲ့ လူတိုင်းက ရက်စက်တဲ့ လမ်းကြောင်းပေါ်မှာ ဘဝကို ရှင်သန်ကြရတာပါ..။သို့ပေမယ့် ဒါက ဆန်နီ အမြဲတမ်း ရှင်သန်လာခဲ့တဲ့ ပုံစံပါပဲ..။

သူက နိုးထသူဖြစ်ဖို့ ပြီးပြည့်စုံတဲ့ သင့်တော်သူ တစ်ယောက်များဖြစ်နေမလား..

ဒီအတွေးနဲ့အတူပဲ..ဆန်နီ အိပ်ပျော်သွားခဲ့တယ်..။

မနက်အစော ရောက်တဲ့ အချိန်မှာတော့..သူဟာ နားစည်ကွဲမတတ် အော်သံတစ်ခု ကြောင့် လန့်နိုးလာခဲ့ပါတယ်..။

All Chapters