ထပ်ကာ ထပ်ကာ လေ့ကျင့်မူ
Vol. 3 Ch. 43
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ အိပ်ယာ ကောင်းကောင်း မနိုးသေးပေ
မယ့်..မတ်တတ်ရပ် နေခဲ့ပါပြီ..။ထပ်ပြောရရင် သူ့လက်ထဲမှာ အဇူရာ ဓား ပါ ရောက်နေခဲ့တယ်..။သူ့ အရိပ်က ဘေးနားကို ခွဲထွက်လာပြီး ဓား ဒါမှမဟုတ် သူ့ရဲ့ ခန္တာကိုယ်ကို လှည့်ပတ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်..။
သူ ဘာတွေဖြစ်နေလဲ ဆိုတာကို နားလည်ဖို့ ကြိုးစားလိုက်တယ်..။နစ်ဖီကတော့ ဘေးနားမှာ ရှိနေပြီး သူမရဲ့ ဓားရှည်ကို ခုခံတဲ့ ပုံစံ မြှောက်ထားခဲ့ပါတယ်..။
'ကတ်စီက ဘယ်မှာလဲ '
သူတို့ ဘေးနားမှာ ကြီးမားတဲ့ သားရဲကြီးတွေများ ရောက်နေလားဆိုပြီး သူ ဘေးပတ်လည်ကို ကြည့်လိုက်တယ်..။အရှေ့ဘက် ကောင်းကင်မှာတော့ အညိုရောင် အလင်းသေးငယ်စွာ ထွက်ပေါ်နေခဲ့ပါပြီ..။အမှောင်ထု ထဲမှာတော့ ဘာအန္တရာယ်မှ ရှိမနေခဲ့ပေ..။
နောက်ဆုံးတော့ သူ ကတ်စီကို တွေ့လိုက်တယ်..။
မျက်မမြင် မိန်းကလေးဟာ..အဝိုင်းပြားရဲ့ ထောင့်စွန်းနားမှာ ကြောက်ရွံ့တဲ့ အမူအရာနဲ့ တုန်ရီနေခဲ့ပါတယ်..။သူမရဲ့ ရွှေရောင် ဆံပင်တွေက ရှုပ်ထွေးနေပြီး..လက်တွေကတော့ ဦးတည်ရာ မဲ့နေခဲ့တယ်..။ဒါပေါ့..သူမ ရှာတွေ့ဖို့ အတွက် ဒီမှာ ဘာနံရံမှ ရှိမနေခဲ့ပါဘူး..။တကယ်လို့ သူမသာ ရှေ့ကို ဆက်တိုးမယ် ဆိုရင် သူမကို စောင့်နေတာက..အနက်ရောင် ရေတွေ ပဲ ရှိပါတယ်..။
ဆန်နီ သူ ကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ ရှေ့ကို ပြေးတက်သွားခဲ့တယ်..။ဒါက လုပ်သင့်တဲ့ အရာတစ်ခုတော့ မဟုတ်ပေ..။ဘာပဲဖြစ်ဖြစ် သူက ကတ်စီယာ ဘာကို ထိပ်လန့်နေတာလည်း ၊ အနီး အနားမှာ သားရဲတွေ ရှိနေလား ဆိုတာကိို သိသေးတာ မဟုတ်ပါဘူး..။ထပ်ပြောရရင် နစ်ဖီ ရဲ့ အမြင်အာရုံကို ပြန်ရဖို့ အတော်မှောင်နေပါသေးတယ်..။
သူ့ရဲ့ ရုတ်တရက် လှုပ်ရှားမူကြောင့် သူမ ဘာမှမမေးပဲ ဓားနဲ့ ခုတ်ပိုင်းလာရင် ဘယ်လိုလုပ်မလဲ..
ဒီအရာတွေကြောင့် သူ ခနလောက်စောင့်ပြီး အခြေအနေကို အရင်လေ့လာသင့်တာပါ..။သို့ပေမယ့် ခါတိုင်းနဲ့မတူညီစွာပဲ..ဆန်နီဟာ ဘာမှ မတွေးခင် တုန့်ပြန်လိုက်တယ်..။
သူက ကတ်စီ ရှေ့ကို နောက်တစ်လှမ်း ထပ်မတိုးခင်မှာပဲ..လက်ကိုဆုပ်ကိုင်လိုက်ပြီး..နောက်ပြန်ဆွဲထားလိုက်ပါတယ်..။
"ငါ သူမဆီ ရောက်နေပြီ.."
ဆန်နီ အော်ပြောပြီး ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို အသိပေးလိုက်တယ်..။ဒါဆိုရင် သူမလည်း ဓားနဲ့ခုတ်ဖို့ မလိုအပ်တော့ပါဘူး..။
ယင်းနောက် သူ ကတ်စီနား ကပ်ပြီး တီးတိုး ပြောလိုက်ပါတယ်..။
"ငါ ရှိတယ်..။အကုန် အဆင်ပြေသွားမှာပါ..စိတ်ကို အေးအေးထား.."
သူ မိန်းကလေး ရဲ့ ခန္တာကိုယ် တုန်ရီနေတာကို သတိထားမိတာကြောင့် သူမကို ဘယ်အရာက ကြောငိ့လန့်စေတာလဲဆိုတာကို နားလည်အောင် လုပ်လိုက်တယ်..။သို့ပေမယ့် ဘေးပတ်ပတ်လည် မှာလည်း ဘာမှ ရှိမနေခဲ့ပါဘူး..။
နစ်ဖီဟာ လည်း..ပင်လယ်ရေကို ဂရုတစိုက် နားထောင်နေခဲ့တယ်..။စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာမှ သူမ မေးလိုက်ပါတယ်..။
"နင် တစ်ခုခု မြင်လား.."
ဆန်နီ အကူညီမဲ့စွာ ခေါင်းခါယမ်းလိုက်တယ်..။
" ဟင့်အင် "
သူ ကတ်စီကို ကူတွဲပြီး ကျောက်ပြားရဲ့ အလယ်ကို ပြန်ပို့ပေးလိုက်ပါတယ်..။နစ်ဖီ ကင်စောင့်ပေးနေတုနိးမှာပဲ..မိန်းကလေးမှာ ဘာအနာတရမှ မရှိတာ သေချာရဲ့လား ဆိုတာကို ဆန်နီ စစ်ဆေးကြည့်လိုက်တယ်..။အရာရာတိုင်းက အကုန်အဆင်ပြေနေခဲ့တာပါ..။
"သူမမှာ ဘာဒဏ်ရာမှ မရှိဘူး.."
ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ဟာ အောက်ကို ကြည့်လိုက်တယ်..။သူမရဲ့ မျက်နှာက ပုံမှန်အတိုင်းရှိနေပေမယ့် သူမလည်း စိတ်ရှုပ်ထွေးနေတဲ့ ပုံပါပဲ..။စက္ကန့်အနည်းငယ် ကြာပြီးမှ သူမ ဟာ ပုံမှန်အသံနဲ့ မေးလိုက်တယ်..။
"ကတ်စီ ..ဘာဖြစ်တာလဲ.."
မှော်ဆန်စွာပဲ..ဒီအသံကြောင့် မျက်မမြင် မိန်းကလေးက အနည်းငယ် တည်ငြိမ်သွားခဲ့သလိုပါပဲ..။အနည်းဆုံးတော့ သူမက တုန်ရီ နေတဲ့ အသံနဲ့ ပြောနိုင်ခဲ့ပါပြီ..။
ကတ်စီ လက်တစ်ဖက်ကို ဆန့်တန်းပြီး အောက်ကို ညွှန်ပြလိုက်တယ်..။
"ခေါင်း...ခေါင်းကြီး...ငါ မြင်တာ...အို..နတ်ဘုရားတွေ.."
ဆန်နီ မျက်မှောင်ကျုတ်ပြီး နစ်ဖီကို ကြည့်လိုက်တယ်..။
"သူမက အမြင်တစ်ခု ရခဲ့တာလား..။အတိတ်ကိုလား.."
အရပ်ရှည်ရှည် မိန်းကလေးဟာ ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။
"ငါလည်း မသိဘူး..ဒါပေမဲ့ အရင်က အဖြစ်ဖူးဘူး.."
သူတို့နှစ်ယောက်လုံး ကတ်စီ ဖက်ကို လှည့်လိုက်ပြီး ဘာလုပ်ရမလဲ ဆိုတာကို မသေချာခဲ့ပေ..။
အနီးဝနိးကျင်မှာ ဘာအန္တရာယ်မှ မရှိတာကြောင့် သူတို့ ကြောက်လန့်နေတဲ့ မိန်းကလေးကိုသာ တည်ငြိမ်စေဖို့ ကြိုးစားလိုက်ပါတယ်..။သို့ပေမယ့် ဒီတစ်ကြောင်းပြောပြီးတဲ့ နောက်မှ သူမဘာမှ ထပ်မပြောတော့ပါဘူး..။
ခနကြားပြီးတဲ့နောက်မှာ နစ်ဖီ သက်ပြင်းချလိုက်တယ်..။
"သူမကို အခုတော့ ဒီတိုင်းထားလိုက်ဦး..။သူမ အချိန်လိုတာ ဖြစ်လောက်မယ်.."
ဆန်နီ တစ်ခုခု ပြန်ပြောချင်ပေမယ့်..အမှန်အတိုင်းပြောရရင် သူလည်း ဘာဖြစ်နေမှန်း မသိပါဘူး..။အဆုံးမှာတော့ သူ ခေါင်းကိုသာ ညိမ့်လိုက်တယိ..။
"ကောငိးပြီ..ငါ သူမကို ကြည့်ထားပေးမယ်.."
***
နေရောင်ထွက်လာတဲ့ အချိန်မှာတော့..နစ်ဖီဟာ ကတ်စီယာကို တစ်ယောက်တည်း ထားထားစေပြီး ဆန်နီ ကို အဝိုင်းပြားရဲ့ အစွန်နားဆီခေါ်သွားလိုက်ပါတယ်..။သို့ပေမယ့် မျက်မမြင် မိန်းကလေးကို သူမ မျက်စိအောက်မှာသာ ထားထားခဲ့တယ်..။
ကတ်စီယာ ကတော့ သူမရဲ့ ဒူးတွေကို ဖက်ထားပြီး ထိုင်နေခဲ့တယ်..။သူမရဲ့ မျက်လုံးတွေကို ပိတ်ထားပေမယ့်..သူမရဲ့အနည်းငယ် တုန်ရီနေတဲ့ ခန္တာကိုယ်က သူမ မအိပ်ပျော်ဘူးဆိုတာ ပြသနေခဲ့ပါတယ်..။
ဆန်နီ တစ်ဖက်လှည့်လိုက်ပြီး..
"သူမကို ဒီတိုင်းထားလို့ အဆင်ပြေမယ်ဆိုတာ သေချာရဲ့လား.."
နစ်ဖီ သူ့ကို စိတ်ရှုပိထွေးစွာ ကြည့်လိုက်ပြီး
" အင်း.."
ခနလောက်တွေးပြီးမှ သူမ ထပ်ပြောလိုက်ပါတယ်..။
"ကတ်စီက သန်မာတယ်.."
ဆန်နီ ဘယ်လိုပြန်ဖြေရမလဲ ဆိုတာကို မသိပေ..။တကယ်လို့ ပြောင်းလဲ နေတဲ့ ကြယ်ပွင့်က သန်မာတယ်လို့ သုံးသပ်ရင် သူမက တကယ် သန်မာ လောက်မှာပါ..။ဒါပေမဲ့ သူမက သူတို့ရဲ့ အကူအညီကိုပဲ ယူနေရတာ မဟုတ်ဘူးလား..။
သို့ပေမယ့်..သန်မာတယ် ဆိုတာမှာလည်း အမျိုးမျိုး ရှိနေပြန်ပါတယ်..။ကတ်စီယာက သူမရဲ့ စိတ်ပျက်စရာ အားနည်းချက်က လွဲရင် အကုန်အဆင်ပြေနေပါသေးတယ်..။
"ဒါဆိုလည်း ပြီးတာပဲ.."
ယင်းနောက် နစ်ဖီဟာ သူ့ရဲ့ အဇူရာ ဓားကို ထုတ်ခိုင်းခဲ့တယ်..။ခနလောက် သေချာလေ့လာပြီးနောက်မှာတော့ ခေါင်းညိမ့်ပြီး သူမရဲ့ ဓားကို ထုတ်လိုက်ပါတယ်..။
အရွယ်အစားကလွဲလို့ ဒါက တကယ်ကို လှပတဲ့ ဓားတစ်ချောင်းပါ..။ကျဥ်းမြောင်းတဲ့ အစွန်းနှစ်ဖက် အသွားတွေနဲ့အတူပဲ..အဇူရာ ဓား ထက်တော့ ပိုပြီး ရှည်ပါတယ်..။သူမရဲ့ ဓားက ပိုထက်မြက်ပြီး ထိပ်ပိုင်း ပိုချွန်တယ်လို့ ပြောရင်လည်း မမှားပါဘူး..။ဒီဓားကို ငွေ နဲ့ ပြုလုပ်ထားပုံရပြီး..မနကိခင်း အလင်းရောင်အောက်မှာ တောက်ပ နေခဲ့ပါတယ်..။
ဓားနှစ်ချောင်းကို ဘေးချင်းယှဥ်ထားပြီး နစ်ဖီဟာ ပြောလိုက်တယ်..။
"နင့်အနေနဲ့ ဓားကို လက်တစ်ဖက်တည်းနဲ့ ကိုင်လို့ ရတယ်..။ဒါပေမဲ့ သူမရဲ့ အစစ်အမှန် သက်ရောက်မူက လက်နှစ်ဖက်နဲ့ ကိုင်တဲ့ အချိန်ကျမှ ပေါ်ထွက်လာတာ..။ဒါက အခြေခံအားဖြင့် ခုတ်တာ နဲ့ ဖြတ်တောက်တာတွေ အတွက် ဖန်တီးကြတာ..။ဒါပေမဲ့ ထိုးဖောက်တာ တွေအတွက်လည်း ဖန်တီးကြတယ်.."
ယင်းနောက် သူမ ရဲ့ဓားကို ညွှန်ပြလိုက်ပြီး
"ငါ့ဓားကတော့ အမျိုးမျိုး သုံးလို့ရတယ်..။ဒါက ခုတ်တာနဲ့ ထိုးဖောက်တာ အတွက် ဖန်တီးထားပြီး အသွားကလည်း နှစ်ဖက်ပါတယ်..။ဒါပေမဲ့ ဓားနှစ်လုံးရဲ့ သုံးစွဲတဲ့ နည်းလမ်းတွေကတော့ အတူတူပဲ.."
သူမ ဟာ ဓားကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်တယ် ။သူမရဲ့ လက်တစ်ဖက်ကို ဓားခွေ မှာကိုင်ထားပြီး တစ်ဖက်ကို ဓားနောင့်မှာ ကိုင်ထားခဲ့ပါတယ်..။ယင်းနောက် သူမဟာ အောက်ဘက်ကို ခုတ်ပြတ်တဲ့ ပုံစံ သရုပ်ပြလိုက်တယ်..။
"နှစ်ချောင်းစလုံးက တွန်းကန်အားက်ို အသုံးပြုထားတဲ့ လက်နက်တွေချည်းပဲ..။လက်နှစ်ဖက်နဲ့ ကိုင်ထားတဲ့ အချိန်ကျရင် လက်တစ်ဖက်ကို တွန်းထားရမယ်.."
သူမဟာ ဓားနောင့်ကို ကိုင်ထားတဲ့ လက်ကို တွန်းပြီး ပြောလိုက်တယ်..။
"အဲ့အချိန် နောက်တစ်ဖက်က ဆွဲထားပေးရမယ်.."
ဓားခွေမှာ ကိုင်ထားတဲ့ လက်က ချက်ချင်း ပြန်ဆွဲလိုက်တဲ့ အချိန်မှာ ဓားရဲ့ အရှိန်က အတော်လေး မြင့်တက်သွားခဲ့ပါတယ်..။
"ဓားက ခွန်အားကို ဖန်တီးပြီး ..အင်အားပြင်းတဲ့ ဓားချက်တွေကို ဖော်ထုတ်တဲ့ နည်းလမ်းပဲ..။အခု..နင့် အလှည့်..."
ဆန်နီ သူ့ဓားကို ကြည့်ပြီး လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ကာ..နစ်ဖီ လုပ်ခဲ့တဲ့ ကိုယ်နေဟန် အတိုင်းလုပ်လိုက်ပါတယ်..။ယင်းနောက် သူ အောက်ဘက်ကို ခုတ်ပိုင်းလိုက်ပါတယ်..။ဒီအချိန့် မှာတော့ သူ့ရဲ့ အောက်လက် လက်က ဓားချက် အတွက် အားထည့်ပေးထားတာ သေချာအောင် ဂရုစိူက်နေခဲ့ရပါတယ်..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကတော့ သူ့ကို လေ့လာနေခဲ့တယ်..။
"ဓားချက်က နင့်ရဲ့ လက်တွေကနေ လာတာ မဟုတ်ဘူး ဆိုတာကို နားလည်ထားဖို့ လိုတယ်..။ဒါက ခန္တာကိုယ် တစ်ခုလုံးဆီကနေ လာတာပဲ..။အင်အား တွေက..နင့်ရဲ့ ခြေထောက် ၊ တင်ပါး ၊ အမြုတေ နဲ့ ပုခုံးတွေ ဆီကနေ လက်ကို ပို့ပေးလိုက်တာ..။ဒီလို မျိုး..."
သူမ အောက်ကို ခုတ်ဖြတ်တဲ့ ဓားချက်ကို နောက်တစ်ကြိမ် ပြသလိုက်တယ်..။ဒီတစ်ကြိမ်တော့ ဆန်နီဟာ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ ခန္တာကိုယ်တစ်ခုလုံးကို အာရုံစိုက်ပြီး ကြည့်နေခဲ့ပါတယ်..။
သူက တိုက်ခိုက်မူ တွေနဲ့ မစိမ်းပါဘူး..။သူ့ ခန္တာကိုယ်မှာ အားအင်တွေ မရှိတုန်းကတောင် သူက ဘယ်လို လက်သီးထိုးရမလဲ ဆိုတာကို သိထားပြီးသားပါ..။ဒီတော့..နစ်ဖီ ရဲ့ နည်းစနစ်တွေအောက်မှာ သူ အလျင်အမြန်ပဲ နားလည်သွားခဲ့ပါတယ်..။
သူ ရိုးရှင်းတဲ့ ဓားခုတ်ချက်ကို နောက်ထပ် အကြိမ်အနည်းငယ် လုပ်လိုက်တယ်..။တစ်ကြိမ်စီတိုင်းမှာတော့ နစ်ဖီက သူ့အမှားတွေကို ကြည့်ပြီး ပြင်ဆင်ပေးနေခဲ့ပါတယ်..။အချိန်တစ်ချို့ ကြာပြီးတဲ့ နောက်မှာတော့ သူမက သူ့ရဲ့ ပုံစံကို ကျေနပ်သွားခဲ့ပါပြီ..။
"ကောင်းတယ်.."
ဆန်နီ သူ့ရဲ့ အောင်မြင်မူကို ဂုဏ်ယူစွာပဲ ပြုံးလိုက်တယ်..။
နစ်ဖီ သူ့ကို ကြည့်နေရင်း ခေါင်းညိမ့်လိုက်ပြီး
"အခု အဲတာကို အကြိမ်တစ်ထောင်လောက် လေ့ကျင့်..."
ဆန်နီ မျက်နှာပေါ်က အပြုံးဟာ အေးခဲသွားခဲ့တယ်..။
"တစ်..တစ်ထောင်လား..။သူမက တစ်ထောင်လို့ ပြောလိုက်တာလား..."
သူ မျက်တောင်ခတ်လိုက်တယ်..။
"အာ..စိတ်မရှိပါနဲ့..ဘယ်လောက်လို့ ပြောလိုက်တာ.."
ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ဟာ ခေါင်းကို အနည်းငယ် ပွတ်ပြီး တွေးလိုက်တယ်..။
"ကောင်းပြီလေ..ဒီနေ့က ငါတို့မှာ အချိန်သိပ်ရှိတာ မဟုတ်ဘူး..။ဒီတော့..ဟုတ်တယ်...အကြိမ်တစ်ထောင် လောက်ပဲ..လေ့ကျင့်..."
'ဟား..ဟား ..ဟား..အကြိမ် တစ်ထောင် လောက် ပဲ တဲ့လား..."
ဆန်နီ သူ့အသံကို သူ ယဥ်ကျေးအောင် ကြိုးစားလိုက်ပြီး..
" နားလည်ပါပြီ..."
နစ်ဖီ ..ကတ်စီနားကို သွားပြန်ထိုင်တဲ့ အချိန်မှာ သူ ပင်လယ်ဘက်ကို လှည့်လိုက်ပြီး ဓားကို မြှောက်လိုက်တယ်..။
'တစ် '
အဇူရာ ဓားဟာ လေကို ခုတ်ပြတ်သွားခဲ့တယ်..။သူ ပြန်မြောက်လိုက်ပါတယ်..။
' နှစ် '
တွန်းပြီး ဆွဲထား..။ဒါက အားပြင်းတဲ့ ဓားချက်ကိုဖန်တီးတဲ့ ပုံစံပဲ..။
' သုံး '
ဓားချက်ကို ခန္တာကိုယ်တစ်ခုလုံးနဲ့ ခုတ်..လက်တွေနဲ့တင် မဟုတ်ဘူး..။
'လေး..'
ဆန်နီ သူ့ဓားကို မြောက်ပြီး ထပ်ခါထပ်ခါ ခုတ်နေခဲ့တယ်..။သူ့စိတ်ထဲမှာတော့ အတွေး တစ်ခုတည်းသာ ရှိနေခဲ့ပါတယ်..။
'ထပ်ခါထပ်ခါ လေ့ကျင့်မူ , အတွေ့အကြုံ , ပြတ်သားမူ..။ ထပ်ခါထပ်ခါ လေ့ကျင့်မူ...."
သူ အကြိမ်တစ်ထောင် လေ့ကျင့်လို့ ပြီးသွားတဲ့ အချိန်မှာတော့..ကတ်စီဟာ နောက်ဆုံးမှာ စကားပြောဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။