ကတ်စီ ရဲ့ အိပ်မက်
Vol. 3 Ch. 44
#ဘာသာပြန် = စနိုးဝှိုက်
ခန္တာကိုယ်တစ်ခုလုံးက ကြွက်သားတွေ နာကျင်စွာပဲ ဆန်နီဟာ မိန်းကလေးတွေ ဆီကို လျောက်သွားပြီး ထိုင်ချလိုက်တယ်..။အသက်ဝအောင်ရူ ပြီးတဲ့ နောက်မှာတော့ သူ ကတ်စီယာကို ကြည့်လိုက်ပါတယ်..။
"ကတ်စီ..နေရတာ အဆင်ပြေသွားပြီလား.."
စက္ကန့်အနည်းငယ် ကြာပြီးတဲ့ နောက်မှာမှ မျက်မမြင်မိန်းကလေးဟာ ဖြေးညှင်းစွာ ခေါင်းညိမ့်လိုက်ပါတယ်..။
'ဒါက စိတ်သက်သာစရာပဲ..'
သူ့ အကြည့်တွေကို တစ်ဖက်လွှဲပြီး ခနလောက် တွေးလိုက်တယ်..။ကတ်စီယာက သိပ်တော့ ကောင်းသေးပုံ မရပါဘူး..။သူမရဲ့ မျက်နှာက ဖြူဖျော့နေတုန်းဖြစ်ပြီး..အမူအရာက ကြောင်တောင်တောင် ဖြစ်နေတုန်းပါပဲ..။အနည်းဆုံးတော့ သူမရဲ့ ခန္တာကိုယ်က တုန်ရီ မနေတော့ပေ..။
ဆန်နီ အနေနဲ့ သူတို့ကို စိတ်သက်သာအောင် လုပ်ပေးဖို့ မပြောနဲ့ ပုံမှန်စကားပြောတာတောငိ ကောင်းအောင် ပြောတတ်တာမဟုတ်ပါဘူး..။သူ ဘာပြောပေးရမလဲ ဆိုတာ မသိပေ..။
သူ နစ်ဖီ ဆီလှမ်းကြည့်လိုက်ပြီး..ရှက်ရွံ့စွာ သက်ပြင်းချလိုက်တယ်..။တစ်နေ့မှာ သူက တစ်စုံတစ်ယောက်ရဲ့ မျက်လုံးထဲမှာ စကားပြောကောင်းတဲ့ လူတစိယောက်ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ..။
"ငါ ရေနည်းနည်းလောက် သောက်လို့ ရမလား."
ကတ်စီဟာ သူ့ဘက်ကို လှည့်ပြီး မေးခွန်းကို နားမလည်သလို မျက်နှာသုန်မုန်နေခဲ့တယ်..။ယင်းနောက် သူမ တစ်ခုခုကို ဖမ်းဆုပ်မိလိုက်ပြီး မျက်လုံးပြူးကျယ်သွားခဲ့ပါတယ်..။
"အိုး..အိုး..ဆောရီး..ဒါပေါ့...ရတယ်လေ.. "
သူမ ရေအကန့်အသတ် မရှိတဲ့ ပုလင်းလေးကို ထုတ်ပြီး ဆန်နီကို ကမ်းပေးလိုက်ပါတယ်..။
သူ ကျေးဇူးတင်တဲ့ အပြုံးနဲ့ လှမ်းယူလိုက်ပြီး အားရပါးရ သောက်ကာ..နစ်ဖီ ဆီကို ကမ်းပေးလိုက်တယ်..။ဒီလိုနဲ့ပဲ..ရေပုလင်းက ကတ်စီဆီကို ပြန်ရောက်သွားခဲ့ပါတယ်..။
"နင်လည်း နည်းနည်းသောက်လေ.."
ဒါကိုပြောပြီးတဲ့ နောက်မှာတော့ သူ မိန်းကလေးရဲ့ ပုခုံးကို ရှက်ရွံ့စွာ ပုတ်လိုက်တယ်..။
"အရာရာ အဆင်ပြေသွားတဲ့ ပုံပဲ..။အာ..နင့်ရဲ့ အိပ်မက်က နောက်ထပ် အမြင်တစ်ခုလား..။ငါတို့ကို ပြောလို့ရတယ်လေ..။ပြောချင်ရင်ပေါ့..."
ကတ်စီ မပြောခင် ခနလောက် တွေဝေနေပြီးမှ..
"ငါလည်း မသိဘူး..ဖြစ်နိုင်တာက ဒီတိုင်း အိပ်မက်ဆိုးပဲ ထင်တယ်.."
ဆန်နီ နဲ့ နစ်ဖီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြတယ်..။ကတ်စီရဲ့ အိပ်မက်က သာမန်တော့ မဖြစ်နိုင်ဘူးဆိုတာ သူတို့နှစ်ယောက်လုံးသိကြပါတယ်..။ဘာပဲဖြစ်ဖြစ် လူတွေက ပုံမှန်အားဖြင့် အိပ်မက်ကမ္ဘာထဲမှာ အိပ်မက်မမက်ကြပေ..။
မျက်မမြင် မိန်းကလေးဟာ ဆက်ပြောလိုက်တယ်..။
"ငါ သေချာတော့ မမှတ်မိဘူး..။အကုန်းလုံးက တစ်ပိုင်းတစ်စ တွေချည်းပဲ.."
ဆန်နီဟာ ကတ်စီကို ဖိအားမပေးချင်တာကြောင့် ဂရုစိုက်ပြီးသာ သုံးသပ်နေခဲ့ပါတယ်..။
"ဒီတိုင်း မှတ်မိတာကိုပဲ ပြောပြလေ..။ငါတို့လည်း ကူပြီး စဥ်းစားပေးလို့ရတာပေါ့.."
ကတ်စီယာ သက်ပြင်းချပြီး ခေါင်းညိမ့်လိုက်တယ်..။ခနဘောက် ရပ်တန့်နေပြီးကာမှ သူမ သတ္တိမွေးပြီး ပြောလိုက်ပါတယ်..။
"ပထမတော့..ငါ မြင်တာက တံဆိပ်တော် ခုနှစ်ခု ရဲ့ နောက်မှာ ရှိနေတဲ့ အမှောင်ထုကြီးပဲ..။တစ်ခုခု ကြီးမားတဲ့ အရာကြီးက အမှောင်ထုထဲမှာ ရုန်းကန်ခဲ့တယ်..။ငါ ခံစားရတာတော့ တကယ်လို့ငါ သာ အဲဒီအရာကို ကိုယ်တိုင်မြင်ရမယ် ဆိုရင် ရူးသွပ်သွားလောက်တယ်..။ငါ မြင်ရတာကတော့ အဲဲဒီ တံဆိပ်တော်တွေက တစ်ခုပြီးတစ်ခု ကျိုးပျက်သွားပြီး နောက်ဆုံးတစ်ခုပဲ ကျန်ခဲ့တော့တာပဲ..။ပြီးတော့ အဲဲဒီတစ်ခုလည်း ကျိုးပျက်သွားခဲ့တယ်.."
သူမ အနည်းငယ် တုန်ရီနေခဲ့တယ်..။
"ပြီးတဲ့နောက်မှာ..ငါလည်း မသိဘူး..။ငါ့ရဲ့ စိတ်တွေက အပိုင်းအစ တစ်ထောင်လောက် ကွဲထွက်သွားပြီး တစ်ခုချင်းစီမှာ ပုံရိပ်တွေ ပေါ်နေခဲ့တယ်..။သူတို့ တစ်ခုချင်းစီတိုင်းက ကြောက်စရာ တွေချည်းပဲ..။တစ်ချို့ကိုတော့ ငါ မေ့သွားပြီ..။တစ်ချို့ကတော့..."
ကတ်စီ တိတ်ဆိတ်သွားပြီး မှတ်မိအောင် ကြိုးစားနေခဲ့တယ်..။
"ငါ လူသားရဲတိုက်ကို ပြန်မြင်ခဲ့တယ်..။ဒီတစ်ခါက ညဘက်အချိန်ပဲ..။အထီးကျန်နေတဲ့ ကြယ်တစ်ပွင့်က ကောင်းကင်မှာ တောက်ပနေပြီး ...သူ့ရဲ့ အလင်းရောင်အောက်မှာ ရဲတိုက်ကြီး ရုတ်တရက် မီးလောင်ပြီး တောင်ကုန်းပေါ်ကနေ သွေးချောင်းတွေ စီးဆင်းလာခဲ့တယ်..။ပလ္လင်ပေါ်မှာ ရွှေရောင် အကာအကွယ်အင်္ကျီနဲ့ အလောင်းတစ်လောင်းကို တွေ့ရတယ်..။ကြေးနီရောင် လှံနဲ့ မိန်းမတစ်ယောက်က သားရဲတွေ ကြားထဲမှာ နစ်မြုပ်နေပြီး..လေးသည်တော်တစ်ယောက်က..ကောင်းကင်ကို သူ့ရဲ့ မြားတွေနဲ့ ပစ်ခွင်းဖို့ လုပ်နေတယ်.."
နောက်ဆုံးတော့ သူမရဲ့ မျက်နှာမှာ ထိပ်လန့်မူတွေ ပြည့်နှက်လာခဲ့ပါတယ်..။
"အဆုံးမှာ အရမ်းကို ကြီးမားပြီး ကြောက်ဖို့ကောင်းတဲ့ အချွန်ကြီးကို တွေ့ရတယ်..။သူ့ရဲ့ အောက်ဘက်မှာ ကျွန်ခုနှစ်ယောက်က သော့ခုနှစ်ခုကို ကာကွယ်နေကြတယ်..။ပြီးတော့ ထိပ်မှာရှိနေတာက သေအံ့ဆဲဆဲ နတ်သမီး တစ်ယောက် က..ဆာလောင်နေတဲ့ အရိပ်တွေရဲ့ ဝါးမြိုခြင်းကို ခံနေရတာပဲ..။နတ်သမီး သွေးထွက်နေတာကို မြင်နေရတဲ့ အချိန်မှာ..ရုတ်တရက် ..စကားလုံးနဲ့ ဖော်ပြလို့မရလောက်အောင် တန်ဖိုးရှိတဲ့ အရာတစ်ခုကို ငါ့ ..ငါ့ ဆီကနေ လုယူသွားသလို ခံစားနေရတယ် .."
သူမရဲ့ အသံက ပိုပိုပြီး တိတ်ဆိတ်လာခဲ့တယ်..။
"ပြီးတဲ့နောက်မှာ..ငါ ဝမ်းနည်းမူ ၊ နာကျင်မူ နဲ့ ဒေါသထွက်မူ တွေကို ခံစားရပြီး..ငါ့ရဲ့ နောကိဆုံးကျန်နေတဲ့ အသိစိတ်လေးတောင် ပျောက်ကွယ်သွားတော့ မလိုပဲ..။ဒါကြောင့် ငါ ပြန်နိုးလာခဲ့တာ..ထင်တယ်.."
နစ်ဖီ နဲ့ ဆန်နီတို့ဟာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီး..ကတ်စီပြောတာတွေကို စုစည်းနေခဲ့ကြပါတယ်..။နစ်ဖီကတော့ အကြံတစ်ခုခု ရှိတယ် ဆိုရင်တောင် ထုတ်မပြပါဘူး..။တစ်ဖက်မှာတော့ ဆန်နီဟာ လမ်းပျောက်နေခဲ့တယ်..။ဒီ အမြင်ရဲ့ နောက်က အဓိပ္ပါယ်ကို ဖော်ထုတ်ဖို့ မပြောနဲ့ သူ့က တစ်ခုတည်းဖြစ်အောင်တောင် ဆက်စပ် မတွေးနိုင်ခဲ့ပါဘူး..။
အစတုန်းကတော့ ကတ်စီယာရဲ့ အမြင်က အတော်လေးကို တည့်တည့် ဖြစ်တာပါ..။ဒါက သူမကို လူသားတွေ ဆီရာကို ပြသပြီး နေရာတောင်မှ အတိအကျပေးထားပါတယ်..။သို့ပေမယ့် ဒီတစ်ကြိမ်တော့ သူမရဲ့ အိပ်မက်က ထူးဆန်းပြီး အဆက်ပြတ်နေခဲ့ပါတယ်..။မသေချာတဲ့ ပုံရိပ်တွေ အပြည့်နဲ့..အမြင်တစ်ခုထက်ကယောင်ကတမ်း မက်နေတဲ့ အိပ်မက် နဲ့တောင် တူနေပါသေးတယ်..။
နောက်ဆုံးတော့ သူ သက်ပြင်းချလိုကိတယ်..။
"ဒါက အိပ်မက်ဆိုး မက်နေတာလည်း ဖြစ်နိုင်တာပဲလေ..။နင့်ရဲ့ အရင်တစ်ခေါက် အမြင်က အဲလို မဟုတ်ဘူးမလား.."
ကတ်စီ ခေါင်းခါယမ်းလိုက်တယ်..။
ဆန်နီ သူ့ရဲ့ နောက်စေ့ကို ကုတ်လိုက်ပြီး..
"ကောငိးပြီ..လူတွေက ပုံမှန်အားဖြင့် ဒီမှာ အိပ်မက်မမက် ကြပေမယ့် နင့်ကတော့ မက်တယ်လေ..။ဖြစ်နိုင်တာက တစ်ခါတစ်လေ ဒီလိုအိပ်မက်ဆိုးမက်တာက ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နေနိုင်တာပဲမလား.."
မျက်မမြက် မိန်းကလေးဟာ သူ့ဘက်ကို လှည့်လာခဲ့ပြီး အနည်းငယ် စိတ်သက်သာရာရသွားခဲ့တယိ..။
"နင် တကယ် အဲလိုထင်တာလား.."
သူ ခနလောက် တွေဝေပြီး မှန်ကန်တဲ့ စကားလုံးတွေကို ရှာဖွေလိုက်တယ်..။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ..။ဒါက ဖြစ်နိုင်ချေရှိတယ်လေ.."
သို့ပေမယ့် သူကိုယ်တိုင်ကတော့ မသက်မသာ ခံစားရဆဲပါ..။
'သေအံ့ဆဲဆဲ နတ်သမီးကို အရိပ်တွေက ဝါးမြိုသွားတာလား..။ဒီအသံက ဘာလို့ နိမိတ်သိပ်မကောင်းတာလဲ..။ငါ အနာဂတ်မှာ နတ်သမီးတွေ နဲ့ ဝေးဝေးမှာ နေသင့်လား..။ချီး..ငါ့ဘဝက ဘာဖြစ်လာမှာလဲ..။ဒီလို စာသားမျိုးက..တကယ် နိမိတ်မကောင်းတာပဲ..'
ဒီလိုနဲ့ပဲ..သူတို့က နေ့ရက်အသစ်အတွက် အဆင်သင့်ဖြစ်နေကြပါပြီ..။
***
အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့ သူတို့ ကျောက်ပြားကြီးရဲ့ အစွန်းကနေပြီး အောက်က သားရဲတွေကို ကြည့်နေခဲ့တယ်..။ဆန်နီ ရဲ့ အရိပ်ကတော့ နောက်ထပ် အမြင့်တစ်နေရာရဲ့ လမ်းကြောင်းတွေကို ရှာဖွေရင်း အလုပ်ရှုပ်နေခဲ့ပါတယ်..။
"အမြဲတမ်း ဒီလောက် များနေတာလား.."
ဆန်နီ နစ်ဖီကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
"မဟုတ်ဘူး ပိုပြီးတော့ များတယ်..။သူတို့ကြည့်ရတာ အလောင်းကောင်ကြီးက စားလို့ပြီးတော့မယ် ထင်တယ်..။ဒီည မတိုင်ခင်မှာ သူတို့ စားလို့ ပြီးကြမှာပဲ.."
ဒါက မနက်ဖြန်ဆိုရင် ဒီသားရဲတွေ အကုန်လုံး ဝင်္ကပါထဲမှာ လှည့်ပတ်သွားလာကြတော့မယ် လို့ ဆိုလိုတာပါ..။သူတို့ အနေနဲ့ ဒီနေ့ အမြန်ထွက်ပြီး သားရဲတွေနဲ့ အကွာအဝေးကို ဖြတ်ထားတာ အကောင်းဆုံးပါပဲ..။
သို့ပေမယ့် လမ်းကြောင်းကို မစစ်ဆေးပဲ သွားမယ် ဆိုရင် သူတို့ အချိန်မှီရောက်ဖို့ မသေချာပါဘူး..။ရွေးချယ်စရာ နှစ်ခုစလုံးက အန္တရာယ်များပါတယ်..။
နစ်ဖီလည်း မျက်မှောင်ကျုတ်ပြီး ဒါကိုတွေးနေခဲ့တယ်..။
ခနကြာပြီးမှ သူမ ပြောလိုက်တယ်..။
"ငါကတော့ ကတ်စီကို ဒီရုပ်ထုကြီးပေါ်မှာ ဆက်မနေစေချင်ဘူး..။အခုပဲ သွားကြရအောင်.."
ဆန်နီ ခနလောက်တွေးပြီး သူ့ အကြံဥာဏ်ကို ပြောဖို့ လုပ်လိုက်ပါတယ်..။သ်ို့ပေမယ့် အောက်ဘက်က ရုတ်တရက် ဆူညံသံတွေက သူ့ကို ဖြတ်တောက်သွားခဲ့တယ်..။
ပင်လယ်ကြီး ကွယ်ပျောက်သွားတဲ့ အောက်ဘက် တစ်နေရာမှာတော့..ကြီးမားတဲ့ ငါးမန်းပုံစံ သားရဲကြီးရဲ့ ခန္တာကိုယ်တစ်ဝက်မှာ အသားတွေ ကုန်သလောက် ရှိနေခဲ့ပါပြီ..။ပြီးတော့ သူ့ရဲ့ အဖြူရောင် အရိုးတွေရဲ့ ကြားထဲမှာ တစ်ခုခုက တောက်ပနေခဲ့တယ်..။
အရမ်းကို ကြီးမားပြီး တောက်ပနေတဲ့ အမြုတေ..။
ဆန်နီ မျက်လုံး ပြူးကျယ်သွားခဲ့တယ်..။
"အဲတာက..."
"ဟုတ်တယိ..အထွပ်အထိပ်အဆင့် စိတ်ဝိဥာဥ် အမြုတေ နှစ်ခုပဲ..."
အထွပ်အထိပ် အဆင့်...နှစ်ခုတောင်....
ရုတ်တရက် သူ လောဘ နဲ့ ကြောက်ရွံ့မူ တစ်ပြိုင်တည်း ဖြစ်ပေါ်လာခဲ့တယ်..။လောဘ တက်လာတာက အထွပ်အထိပ် အဆင့်..အမြုတေ ဘယ်လောက်တောက် ရှားပါးလဲ ဆိုတာကို သူ သိနေလို့ပါ..။ကြောက်ရွံ့မူ ကဝာ့ ဒီ ငါးမန်းပုံစံ သားရဲကြီးက အနည်းဆုံးတော့ ပျက်ပြားခြင်း အဆင့်ပါပဲ..။
ပျက်ပြားခြင်း အဆင့် သားရဲတစ်ကောင်ကို သူတော်စင် ဒါမှမဟုတ် နိုးထသူ တွေ အများကြီးက မတားဆီးရင် တစ်မြို့လုံးကိုတောင် ဖျက်ဆီးနိုင်ပါတယ်..။ဆန်နီဟာ သူ့ရဲ့ ပထမဆုံးနေက သေဖို့ ဘယ်လောက်တောင် နီးကပ်ခဲ့လဲဆိုတာကို နားလည်သွားခဲ့တယ်..။
"ငါတို့...."
"ခန..နားထောင်ဦး.."
သူ နစ်ဖီကို စိုက်ကြည့်လိုက်ပြီး..သားရဲတွေရဲ့ အသံတွေကို နားထောင်နေခဲ့တယ်..။
ခနအကြာမှာတော့..သူ တစ်ခုခု အဆင်မပြေဖြစိနေတာကို သတိထားမိလိုက်တယ်..။
နစ်ဖီ ရုတ်တရက် သတိကြီးသွားခဲ့ပြီး..
"ဟိုမှာပဲ.."
သူမ ဝင်္ကပါ ထဲက နေရာတစ်ခုကို ညွှန်ပြလိုက်တယ်..။ဆန်နီ သေချာကြည့်လိုက်တဲ့ အချိန်မှာတော့ ကြီးမားတဲ့..အရိပ်ကြီးနှစ်ခုဟာ လမ်းကြောင်းတစ်ခုကနေ ထွက်လာနေတာကို တွေ့လိုက်ရတယ်..။
ခနအကြာမှာတော့ ဒီသားရဲတွေဟာ မြင်ကွင်းထဲကို ရောက်လာခဲ့ပါပြီ..။ဆန်နီ တံတွေးမြိုချလိုက်တယ်..။
'ချီးပဲ..'
ဒီမွန်းစတားတွေက ကြေးခွံသားရဲတွေလို ထင်ရပေမယ့် သိပ်တော့ မတူပါဘူးး..။သူတို့က အကောင်ပိုကြီးပြီး အမြင့်ကလည်း သုံးမီတာ စီလောက် ရှိပါတယ်..။သူတို့ရဲ့ ကြေးခွံတွေကလည်း ပိုထူ နေခဲ့တယ်..။သူတို့ရဲ့ ကြေးခွံပေါ်မှာလည်း အချွန် အထက်တွေ ရှိနေပြီး..သူတို့ရဲ့ လှုပ်ရှားမူ တစ်ခုစီတိုင်းက အန္တရာယ် များမယ့်ပုံပါပဲ..။
ထပ်ပြောရရင် ကြီးမားတဲ့ ညှပ်ကြီးတွေအစား..သူတို့ရဲ့ အပေါ်ဘက်တွေက ကြောက်စရာ အရိုးဆူးချွန်ကြီးတွေ ရှိနေခဲ့တယ်..။
ဆန်နီ ချွေးစေးတွေ ပျံလာသလိုတောင် ခံစားနေခဲ့ရတယ်..။
"ဒီ သောက်ကျိုးနဲ အကောင်တွေက ဘာတွေလဲ.."
နစ်ဖီ ခေါင်းကို ပွတ်လိုက်ပြီး..
"မွန်းစတား တွေ ထင်တာပဲ.."
အမြုတေ တစိခုပဲ ရှိတဲ့ အိပ်မက်ဆိုး သတ္တဝါတွေက သားရဲ တွေပါ..။သူတို့က အန္တရာယ်များပြီး သန်မာပြပေမယ့် ဥာဏ်ရည် မမြင့်ပါဘူး..။သို့ပေမယ့် သူတို့ ဒုတိယ အမြုတေ ရလာရင်တော့ မွန်းစတား တွေ ဖြစ်လာကြပါပြီ..။မွန်းစတား တွေက ပိုသန်မာပြီး ဥာဏ်ရည်ပိုကောင်း ကြပါတယ်..။
ဆန်နီ နဲ့ နစ်ဖီ တို့ဟာ ဒီ မွန်းစတားနှစိကောင် အလောင်းဆီကို လျောကိလာနေတာကို ကြည့်နေခဲ့ကြတယ်..။ကြေးခွံသားရဲတွေဟာ ကြောက်လန့်တကြားနဲ့ လမ်းဖယ်ပေးလိုက်ကြပါတယ်..။လမ်းဖယ်ဖို့ နှေးကွေးနေကြတဲ့ သားရဲတွေကတော့ အရိုးချွန်ကြီးတွေနဲ့ ရက်ရက်စက်စက် ထိုးခံရပြီး ဘေးကို ဖယ်ထုတ်ခံလိုက်ရတယ်..။အဇူရာ သွေးတွေဟာ..ချက်ချင်းပဲ ပျံ့ကြဲသွားခဲ့တယ်..။
'သူတို့ ဘာတွေ လုပ်နေကြတာလဲ..။သူတို့က စိတ်ဝိဥာဥ် အမြုတေကို စုပ်ယူဖို့အတွက် လာကြတာလား.."
နောက်ဆုံးမှာတော့..မွန်းစတားတွေဟာ..အလောင်း ဆီကို ရောက်လာခဲ့ကြတယ်..။သို့ပေမယ့် အမြုတေကို စုပ်ယူရမယ့် အစား..သူတို့ဟာ အဖိုးတန်တဲ့ အမြုတေ တွေကို ယူဆောင်သွားခဲ့ကြတယ်..။ကြေးခွံသားရဲ တွေဟာ သူတို့ကို ချက်ချင်းပဲ လမ်းဖယ်ပေးလိုက်ကြပါတယ်..။
ဆန်နီ မျက်တောင်ခတ်ပြီး နစ်ဖီကို ကြည့်လိုက်တယ်..။
"ငါတို့ ဒီနေ့ သွားဦးမှာလား.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ မျက်မှောင်ကျုတ်ပြီး တွေဝေ နေခဲ့တယ်..။ခနကြာပြီးနောက်မှ သူမ ခေါင်းခါယမ်းလိုက်ပါတယ်..။
"ဟင့်အင်..ငါတို့ မနက်မှ သွားကြမယ်.."
ယင်းနောက် သူမ အနောက်ဘက်ကို လှည့်ပြီး ပြန်သွားကြတဲ့ မွန်းစတားတွေကို ကြည့်နေကြတယ်..။
"...နင့်ရဲ့ အရိပ်ကို ဒီနှစ်ကောင် နောက်ကို လိုက်ခိုင်းထားလိုက်..."