← Chapters

ရယ်မောသည့် အသံများ

Vol. 3 Ch. 45

ရယ်မောသည့် အသံများ

Vol. 3 Ch. 45

#ဘာသာပြန် = စနိုးဝှိုက်

လွန်ခဲ့တဲ့ ရက်တွေက ဆန်နီ စုပ်ယူခဲ့တဲ့ အရိပ် အပိုင်းအစတွေကြောင့်..အရိပ် ထိန်းချုပ်မူရဲ့ အသုံးပြုနိုင်တဲ့ အကွာအဝေးက အနည်းငယ်တိုးလာခဲ့တယ်..။သိူ့ပေမယ့် ဒါက ဝင်္ကပါတစ်ခုလုံးကို ဖြန့်ကျတ်ထားဖို့တော့ မလုံလောက်ပါဘူး..။သူ မွန်းစတားနှစ်ကောင် ထွက်သွားတဲ့ ယေဘုယျ လမ်းကြောင်းကိုသာ ခန့်မှန်းနိုင်ခဲ့ပါတယ်..။

သူတို့က အနောက်ဘက်ကို သွားကြတာပဲ..။

နစ်ဖီကို ပြောပြပြီး နောက်မှာတော့..သူ့မှာ လုပ်စရာ ဘာမှ မရှိတော့ပေ..။အဆုံးမှာတော့ ဆန်နီ အနားယူဖို့သာ ဆုံးဖြတ်လိုက်ပါတယ်..။နောက်နေ့ကျရင် သူတို့က ခက်ခဲမူတွေ အန္တရာယ် တွေနဲ့ ရင်ဆိုင်ကြရတော့မှာပါ..။ဒီတော့ သူခန္တာကိုယ်ကို ပြန်လည်ကောင်းမွန်လာအောင် အနားပေးထားတာ အကောင်းဆုံးပါပဲ..။

အချိန်ခနကြာပြီးနောက်မှာတော့ ဆန်နီဟာ လဲလျောင်းရင်း အညိုရောင် ကောင်းကင်ကြီးကို ကြည့်နေခဲ့တယ်..။ကတ်စီကတော့ သူ့ဘေးနားမှာ ရှိနေရင်း အတွေးနက်နေခဲ့ပါတယ်..။နစ်ဖီ ကတော့ တရားထိုင်နေခဲ့တယ်..။သူမက တရားထိုင်တဲ့ ပုံစံ ပေါက်နေပေမယ့်လည်း..အိပ်နေတာလည်း ဖြစ်နိုင်တာပါပဲ..။

ခနကြာပြီးနောက်မှာတော့ ကတ်စီယာဟာ သူ့ဆီကို လှည့်လာခဲ့တယ်..။

"ဆန်နီ.."

သူ ခေါင်းကို လှည့်ပြီး ကြည့်လိုက်တယ်..။

"ဟင်..."

မျက်မမြင် မိန်းကလေးဟာ တွေဝေနေခဲ့ပြီးမှ.

"ငါ...ငါတို့..အိမ်ကို ပြန်နိင် လိမ့်မယ်လို့ နင်ထင်လား..."

ဆန်နီ သူမကို ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။စက္ကန့်အနည်းငယ် ကြာပြီးကာမှ သူ ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်..။

"သေချာတာပေါ့.."

ကတ်စီ ပြုံးလိုက်တယ်..။

"နင်တကယ်ပဲ အဲလိုထင်တယ်ပေါ့..။ဘာလို့လဲ.."

'ဒါက ဘယ်လို မေးခွန်းမျိုးတွေလဲ..'

သူ သက်ပြင်းချပြီး အနည်းငယ် စဥ်းစားလိုက်တယ်..။

"သူမ ကြောင့်ပဲ.."

ကတ်စီ မမြင်နိုင်တာ သိပေမယ့်လည်း သူ နစ်ဖီကို လက်ညိုးထိုးပြလိုက်ပါတယ်..။ဒီပေါ်မှာ သူတို့က လွဲပြီး ဘယ်သူမှ မရှိတာကြောင့် သူ ဘယ်သူ့ကို ပြောချင်တာလဲ ဆိုတာကို သူမ သိမှာပါ..။

"ငါကလည်း လွယ်လွယ်နဲ့ သေမယ့်လူ မဟုတ်ဘူး..။တကယ်တော့ ဒီအိပ်မက်ကမ္ဘာထဲကနေ နင့်ကို ခေါ်ထုတ်သွားပေးဖို့ ငါတို့ နှစ်ယောက်ထက် ပိုပြီး သင့်တော်တဲ့လူ မရှိဘူးဆိုတာကို ငါ လောင်းရဲတယ်..။တကယ်လို့ တစ်ယောက်ယောက်က ရှင်သန် နိုင်ခဲ့တယ် ဆိုရင် အဲတာ ငါတို့ပဲ..။ဒီတော့..ငါတို့ရဲ့ အိမ်ပြန်နိုင်မယ့် အခွင့်အရေးက အတော်လေးကို များတယ်လို့ ထင်တယ်.."

ကတ်စီဟာ ရုတ်တရက် တခစ်ခစ် ရယ်မောလိုက်တယိ..။

"နင်က ကိုယ့်ကိုကို အထင်ကြီးနေတာ မဟုတ်ဘူးလား..။နင်က နောက်ဆုံးကနေ ရေတွက်ရင် ဒုတိယ နေရာမှာနော်..."

ဆန်နီ ပုခုံးတွန့်လိုက်တယ်..။

"ဒါကလည်း ဥာဏ်ကောင်းတဲ့ တစ်စုံတစ်ယောက်က ငါ့ကို နိမ့်ချပြီး နေခိုင်းထားလို့..။မဟုတ်ရင် ငါ့အဆင့်က ပိုပြီး မြင့်လိမ့်မယ်.."

ယင်းနောက် သူ ပြုံးပြီး ထပ်ပြောလိုက်တယ်..။

"ဖြစ်နိုင်တာက..အနည်းဆုံးတော့ တတိယ နေရာလောက်ပဲ.."

မျက်မမြင် မိန်းကလေးကတော့ သဘောကျစွာ ရယ်မောနေခဲ့ပါတယ်..။သူမရဲ့ ရယ်မောနေတဲ့ အသံတွေက ဆန်နီကိုတောင် စိတ်ခံစားချက် ကောင်းမွန်စေခဲ့တယ်..။သူ အိပ်မက်ကမ္ဘာထဲ ဝင်လာကတည်းက ဒီလို ရယ်မောသံတွေကို မကြားခဲ့ရပါဘူး..။

ထပ်​ပြီးပြောရရင်..ဒါက ကတ်စီ ရယ်မောနေတာကို ပထမဆုံးအကြိမ် ကြားရတာပါ..။အကယ်ဒမီ တုန်းက ဆိုရင်လည်း သူမက အမြဲတမ်း ညိုးငယ်ပြီး နေခဲ့ရပါတယ်..။

ဒီလို ရယ်မောပြီး နောက်မှာတော့ ကတ်စီယာ ရဲ့ အမူအရာဟာ ဖြည်းဖြည်းချင်း ကြေကွဲတဲ့ ပုံစံဖြစ်သွားခဲ့တယ်..။စက္ကန့်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ သူမ မေးလိုက်ပါတယ်..။

"နင် အိမ်နဲ့ ပတ်သက်ပြီး ဘယ်ဟာကို အလွမ်းဆုံးလဲ .."

ဆန်နီ တွေးဖို့ ကြိုးစားလိုက်ပေမယ့်လည်း ကျရှုံးခဲ့တယ်..။အစစ်အမှန်ကမ္ဘာမှာ သူ့အတွက် အိမ်တစ်လုံးရှိရဲ့လား ဆိုတာတောင် သူ မသေချာပါဘူး..။သူ ငှားရမ်းထားတဲ့ သေးငယ်တဲ့ အခန်းလေးက..ဘာမှမဟုတ်ပေမယ့် မိုးရေတွေကိုတော့ တစ်ခနလောက် ကာကွယ်ပေးထားနိုင်ပါတယ်..။အစစ်အမှန် ကမ္ဘာထဲမှာတော့ သူ့အတွက် ပျော်ရွှင်မူဘဆိုတာ မရှိခဲ့ပေ..။

နောက်ဆုံး သူ ပြောလိုက်တယ်..။

"ငါ ဘာကိုမှ ထူးထူးခြားခြားကြီး သတိမရပါဘူး.."

ကတ်စီ အံ့ဩသွားခဲ့ပါတယ်..။

"တကယ်ကြီးလား..။နင့် မိသားစုကို သတိမရဘူးလား.."

ဆန်နီ ပြုံးလိုက်တယ်..။

"ငါ့မှာ မိသားစု မရှိဘူး..။ကောင်းပြီ..ညီမလေး တစ်ယောက်တော့ ရှိတယ် ထင်တာပဲ..။ဒါပေမဲ့ ငါတို့ မတွေ့ရတာ နှစိပေါင်းများစွာ ရှိပြီ.."

"အိုး "

မျက်မမြက် မိန်းကလေးဟာ တိတ်ဆိတ်သွားခဲ့တယ်..။စက္ကန့် အနည်းငယ် ကြာပြီးကာမှ သူမ တီးတိုး ပြောလိုက်ပါတယ်..။

"ငါ့ မိသားစုကို အရမ်းလွမ်းတာပဲ.."

သူမရဲ့ အသံထဲမှာတော့ လွမ်းဆွတ် ဝမ်းနည်းမူတွေ ရှိနေခဲ့ပါတယိ..။ဆန်နီ ဘာပြောရမှန်း မသိတာကြောင့် တိတ်ဆိတ်ပြီးသာ နေခဲ့တယ်..။

"အမေ နဲ့ အဖေက..ငါ့ကို အတော်လေး စိုးရိမ်နေကြလောက်ပြီ..။မဟုတ်ဘူး..တကယ်တော့ သူတို့က စိုးရိမ်နေမှာ မဟုတ်ဘူး..။သူတို့က အသဲနှလုံးတွေ ကွဲကြေနေကြမှာ..။သူတို့က ငါ့ကို သေပြီလို့တောင် တွေးနေကြလောက်ပြီ.."

ဆန်နီ သူမကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်..။

"နင်က သူတို့ကို အတော်ဂရုစိုက်တဲ့ ပုံပဲနော်.."

ကတ်စီ သူ့ဘက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး...

"ဒါပေါ့..ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား.."

ဆန်နီ မီးခိုးရောင် ကောင်းကင်ကြီးကို ကြည့်နေခဲ့တယ်..။လေထုက မိုး ရဲ့ ရနံ့ အနည်းငယ် ပါဝင်နေခဲ့ပါတယ်..။

အတော်ကြာပြီးတဲ့ နောက်မှ သူ ပြန်ဖြေလိုက်ပါတယ်..။

"ငါ မသိတော့ပါဘူး.."

***

ညနေဘက်မှာတော့ နစ်ဖီဟာ.. ဆန်နီကို နောက်ထပ် ဓားချက် တစ်ထောင် လေ့ကျင့်ခိုင်းခဲ့တယ်..။ပြီးတဲ့ နောက်မှာတောာ့ သူတို့ရဲ့ နောက်ဆုံးကျန်တဲ့ အသားခြောက်ကို စားပြီး..အလှည့်ကျ အိပ်ကြပါတယ်..။

ကျေးဇူးတင်စွာပဲ ဒီညမှာတော့ ဘာမှဖြစ်မလာခဲ့ပေ..။

မနက်ခင်း ရောက်လာပြီး..ပင်လယ်ရေ တွေ ကျဆင်းသွားတဲ့ အချိန်မှာတော့..သူတို့ ရုပ်ထုကြီးကို စွန့်ခွာဖို့ ပြင်ဆင်လိုက်ကြတယ်..။နစ်ဖီက ပထမဆုံး အောက်ကို ဆင်းတဲ့လူပါ..။မဆင်းခင်မှာတော့ သူမ စကားအနည်းငယ် ပြောသွားခဲ့တယ်..။

"ဒီနေ့က အရင်နေ့တွေကနဲ့ မတူဘူး..။ဝင်္ကပါထဲမှာ သားရဲတွေ အများကြီး လှည့်ပတ်သွားနေကြလိမ့်မယ်..။အရေအတွက် အရမ်းများမယ် ဆိုရင် ငါတို့ ခြုံခိုတိုက်ခိုက်လို့ ရမှာမဟုတ်ဘူး.."

သူမ ဆန်နီကို ကြည့်လိုက်ပြီး..

"တကယ်လို့ တစ်ခုခုဖြစ်လာတယိ ဆိုရင် နင့်ရဲ့ အလုပ်က ကတ်စီကို ခေါ်ပြီး အဝေးကို ပြေးဖို့ပဲ..။ငါတို့က သားရဲတွေအတွက် အရမ်းကို ကျဥ်းမြောင်းလွန်းတဲ့ လမ်းကြောင်းတွေကို အသုံးပြုပြီး ထွက်ပြေးလို့ရတယ်..။တကယ်လို့ ငါတို့ လူချင်းကွဲသွားမယ် ဆိုရင် အမြင့်ဆုံးနေရာ ရောက်အောင် ကိုယ့်နည်းကိုယ့်ဟန် နဲ့ကိုယ် သွားကြ..။ငါ့ကို စောင့်မနေကြနဲ့..။နားလည်လား..."

သုန်မှုန်းနေတဲ့ အမူအရာနဲ့ သူ ခေါင်းညိမ့်ပြလိုက်တယ်..။

"ကောင်းတယိ..။အချိန်က အရေးကြီးဆုံးပဲ..သွားကြရအောင်.."

ဒီလိုနဲ့ သူမက အောက်ကို ဆင်းသွားခဲ့တယိ..။နစ်ဖီ ဟာ မီတာ ၂၀ လောက် ရောက်တဲ့ အချိန်မှာတော့ သူတို့ကို ပြန်စောင့်နေခဲ့တယ်..။ဆန်နီဟာရွှေရောင်ကြိုးကို အသုံးပြုပြီး ကတ်စီကို အောက်ကို ဆင်းဖို့ ကူညီပေးလိုက်ပါတယ်..။ကံကောင်းချငိတော့ အောက်ကို ဆင်းတဲ့ အချိန်မှာတော့ တက်ရတာထက် အများကြီး ပိုလွယ်ကူနေခဲ့တယိ..။

မကြာခင်မှာပဲ သူတို့ မြေကြီးပေါ်ကို ရောက်လာခဲ့ကြပါပြီ..။

သူတို့ သုံးယောက်ဟာ ဝင်္ကပါထဲကို အမြန်ဝင်သွားခဲ့ကြတယ်..။အရိပ်ကတော့ သူတို့ရဲ့ ရှေ့ကနေပြီး မွန်းစတားတွေနဲ့ လမ်းကြောင်းတွေကို ကြိုတင် ကြည့်ရူနေခဲ့တယ်..။သူတို့အနေနဲ့ သားရဲအုပ်စုတွေကို ရှောင်ဖို့ မကြာခန ဦးတည်ချက် ပြောင်းနေကြရပါတယ်..။

ကြိုတင်ထောက်လှမ်းရတဲ့ တာဝန်ကိုယူထားရတဲ့ ဆန်နီကတော့ သူ့ ဦးနှောကိတွေ အရည်ပျော်တော့မလိုတောင် ခံစားနေခဲ့ရတယ်..။

အဲ့အချိန်မှာပဲ သူတို့က တိုက်ခိုက်ဖို့ မရှောင်လွှဲနိုင်တော့တဲ့ အခြေအနေတွေကို ရောက်ရှိလာခဲ့ပါတယ်..။

သူတို့ရဲ့နောက်မှာက လှည့်လည်သွားလာနေတဲ့ သားရဲအုပ်စု ရှိနေပြီး..သူတို့ရှေ့မှာတော့ သားရဲ နှစ်ကောင်ဟာ ပိတ်ဆို့ထားခဲ့တယ်..။ဒီအုပ်စု နှစ်ဖက်လုံးက အိပ်စက်သူတွေကို အခုထိ သတိမထား မိကြသေးပါဘူး..။သို့ပေမယ့်..ရှောင်ကွင်းသွားဖို့ လမ်းလည်း မရှိတော့တာကြောင့် အခုက အချိန်ကျပါပြီ..။

နစ်ဖီဟာ အခြေအနေကို ခနလောက် သုံးသပ်နေခဲ့တယိ..။သူမက မျက်မှောင်ကျုတ်နေရင်းကနေ နောက်ဆုံးမှာ ပြောလာခဲ့ပါတယိ..။

"တကယ်လို့ နှစ်ကောင်ပဲ ရှိတယ် ဆိုရင် ငါတို့ အနိုင်ယူနိုင်လိမ့်မယ်.."

ဆန်နီ မသေချာ မရေရာ မူတွေနဲ့ သူမကို ကြည့်လိုက်တယ်..။

"ဒါပေမဲ့ ငါတို့ ခြုံခိုတိုက်ခိုက်မူ လုပ်ဖို့ အချိန်မရှိတော့ဘူးလေ.."

သူတို့ သားရဲနှစ်ကောင်ကို တစ်ခါတည်း ဘယ်လိုတိုက်ခိုကိမှာလဲ ဆိုတာကို ဆန်နီ သေချာ မသိပါဘူး..။ဆရာ နစ်ဖီက ဘယ်လောက်ပဲ တော်နေပါစေ..သူက ဓားနဲ့ တစ်ရက်ပဲ လေ့ကျင့်ထားရသေးတာပါ..။ကြေးခွံသားရဲ တစ်ကောင်ကို သူတစ်ယောက်တည်း တိုက်ခိုက်ရမှာက အရမ်းကို စွန့်စားလွန်းပါတယ်..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ပုခုံးတွန့်လိုကိတယ်..။

"ဒါက အတူတူပဲ..။ငါ အရင်တိုကိခိုက်မယ်..။နင်က နောက်ကနေ တိတ်တဆိတ်လိုက်လာပြီး သူတို့ နောက်ဘက်လှည့်တာနဲ့ တစ်ကောင်ကို အဆုံးသတ်လိုက်..။ပြီးရင် ဒုတိယတစ်ကောင်ကို တူတူ သတ်ကြမယ်.."

အစီစဥ် တစ်ခုလုံးက..နစ်ဖီဟာ ကြေးခွံသားရဲ နှစ်ကောင်ရဲ့ တစ်ပြိုင်နက် တိုက်ခိုက်မူကနေ အသက်ရှင်နိုင်ပါ့မလား ဆိုတဲ့ အပေါ်မှာပဲ မူတည်နေပါတယ်..။ဆန်နီဟာ သူမရဲ့ စွမ်းဆောင်ရည်တွေကို လေးစားမိပေမယ့် ဒီတစ်ခါတော့ သိပ်မသေချာခဲ့ပေ..။

ဒီတိုင်း တိုက်ခိုက်မယ်ဆိုရင် နစ်ဖီ သေဆုံးဖို့ ဖြစ်နိုင်ချေက အရမ်းကို အားသာနေခဲ့ပါတယိ..။

ကတ်စီ ရဲ့ အမြင်အာရုံ ထဲမှာလည်း သူမ မပါဘူးဆိုတာကို သူ အခုထိ မှတ်မိနေပါသေးတယ်..။

ဒါပေမယ့် သူက ဘာတတ်နိုင်မှာလဲ...

အနည်းငယ် တုန်လှုပ်စွာပဲ..ဆန်နီ သွားကိုကြိတ်ထားခဲ့တယိ..။

"ကောငိးပြီ.."

ခနကြာပြီးတဲ့ အခါမှာတော့ နစ်ဖီဟာ သူမရဲ့ ဓားကို ထုတ်လိုက်တယ်..။

ယင်းနောက် သူမ ရှေ့ကို ထွက်သွားခဲ့ပါတယ်..။

အလင်းမှ ​​ေ​ပျာက်ဆုံးသူ

စာစဥ် ( ၃ )

All Chapters