အပိုင်း(၁၂၂)-တည်ဆောက်မှုသခင်၊ နေရာအား ချိပ်ပိတ်ခြင်း
Vol. 002 Ch. 122
“မင်းမြင်ရတဲ့နေရာက ဘယ်လောက်ကျယ်လဲ” ဖန်ကျိရှင်းမေးလိုက်သည်။
ရှီမာယူယူ သူမပတ်ဝန်းကျင်အားကြည့်ကာ ပြောလိုက်သည် “ဘယ်လောက်ကြီးလဲဟုတ်လား၊ ကျွန်တော်အဆုံးကိုတောင် မမြင်ရဘူး၊ အဆုံးမရှိပဲ”
ဖန်ကျိရှင်း၏ အံ့သြမှုသည် တုန်လှုပ်မှုသို့ပြောင်းသွားလေသည်။ သူ ရှီမာယူယူအား စကားမပြောမိပဲ အချိန်အတော်ကြာ ကြည့်နေမိသည်။
အချိန်တစ်ခုအကြာစောင့်ပြီးချိန်တွင်တာ့ ဖန်ကျိရှင်းသည် ဘာမှမပြောသည့်အတွက် ရှီမာယူယူ သူမမျက်လုံးဖွင့်ကာ ရှုပ်ထွေးစွာပြောလိုက်သည်။
“ဆရာ”
ဖန်ကျိရှင်း သေတ္တာကိုသိမ်းကာ ပြောလိုက်သည် “ဒါက လူတစ်ယောက်ရဲ့ ထိုးထွင်းမြင်တဲ့အဆင့်ကိုစမ်းတာ”
“လူတစ်ယောက်ရဲ့ ထိုးထွင်းမြင်တဲ့နေရာဟုတ်လား”
သူ့ရဲ့ ရည်ရွယ်ချက်က သူမအားစမ်းသပ်ဖို့လား။
“ဟုတ်တယ်” ဖန်ကျိရှင်းပြောလိုက်သည် “ငါမင်းကို ပညာတစ်ခုခုသင်ပေးမယ်လို့ပြောခဲ့တယ်မလား၊ ဒါပေမယ့် ငါက အဂ္ဂိရတ်ဆရာမဟုတ်တော့ မင်းကိုအဂ္ဂိရတ်ပညာသင်မပေးနိုင်ဘူး၊ ဒါပေမယ့် ငါမင်းကို တည်ဆောက်တာတွေကိုသင်ပေးလို့ရတယ်”
“တည်ဆောက်တာတွေဟုတ်လား၊ ဆရာက တည်ဆောက်မှုသခင်လား” ရှီမာယူယူသည် မယုံကြည်နိုင်လောက်အောင် အံ့သြသွားရသည်။ သူသည် တည်ဆောက်မှုသခင်ဖြစ်ကြောင်းကို သူမ မသိခဲ့ပေ။
သူမ ဖြတ်လမ်းတည်ဆောက်မှုကို အကြိမ်အနည်းငယ်သုံးဖူးသော်လည်း တည်ဆောက်မှုသခင်ကိုတော့ မတွေ့ဖူးပေ။ တည်ဆောက်မှုသခင်သည် မြို့တော်တွင် အဂ္ဂိရတ်ပညာရှင်နှင့် လက်နက်ပညာရှင်တို့ထက် ရှားပါးသည်ဟုပြောကြသည်။ ဖန်ကျိရှင်းသည် တည်ဆောက်မှုသခင်ဖြစ်ကြောင်းကို သူမကြားသိရချိန်တွင်တော့ သူမမျက်လုံးများသည် အံ့သြမှုများနှင့်အတူ တောက်ပလာပြီး စိတ်အားထက်သန်လာသည်။
ဖန်ကျိရှင်းခေါင်းညိတ်ကာ ပြောလိုက်သည် “မင်း တည်ဆောက်မှုသခင်ဖြစ်ချင်ရင် စိတ်စွမ်းအင်အများအပြားပိုင်ဆိုင်ရမယ့်အပြင် နေရာကိုလည်း ထိုးဖောက်မြင်ရဖို့လိုသေးတယ်၊ မင်းအဂ္ဂိရတ်ပညာရှင်တောင် ဖြစ်လာမှတော့ မင်းရဲ့ စိတ်စွမ်းအင်ကပြောစရာမရှိပါဘူး၊ အခုစမ်းသပ်တဲ့ရလဒ်အရတော့ မင်းရဲ့ထိုးဖောက်မြင်နိုင်တဲ့အဆင့်ကတော့ မဆိုးပါဘူး၊ မင်းကောင်းကောင်းနားလည်သွားရင် မင်းသောချာပေါက် တည်ဆောက်မှုသခင်ဖြစ်သွားမှာပဲ”
“တည်ဆောက်မှုသခင်ဖြစ်ဖို့က ခက်လား” ရှီမာယူယူမေးလိုက်သည်။
“တည်ဆောက်မှုသခင်၊ အဂ္ဂိရတ်ပညာရှင်နဲ့ လက်နက်ပညာရှင်ကြားက ကွာခြားချက်ကို မင်းစဉ်းစားကြည့်လိုက်ရင် တည်ဆောက်မှုသခင်ဖြစ်ဖို့က ဘယ်လောက်ခက်လဲဆိုတာ မင်းခန့်မှန်းမိလိမ့်မယ်” ဖန်ကျိရှင်းပြောလိုက်သည် “အဂ္ဂိရတ်ပညာရှင်က စိတ်စွမ်းအင်အများကြီးရှိတဲ့အပေါ်မှာမူတည်တယ်၊ ဒါပေမယ့် တည်ဆောက်မှုသခင်အတွက်တော့ အဲဒါက အခြေခံအဆင့်ပဲရှိသေးတယ်၊ ဘာလို့လဲဆိုတော့ နေရာက အဆုံးမရှိလို့ပဲ၊ အရေးအကြီးဆုံးက စိတ်စွမ်းအင်မဟုတ်ပဲ နားလည်မှုနဲ့ ထိုးဖောက်မြင်ရတာပဲ၊ မင်းအဲနှစ်ချက်ကို ရအောင်မလုပ်နိုင်ဘူးဆိုရင် မင်းရဲ့စိတ်စွမ်းအင် တိုးလာပါစေဦး၊ မင်းဘယ်တော့မှ တည်ဆောက်မှုသခင်ဖြစ်မလာနိုင်ဘူး”
“အဲဒါကြောင့်မို့လို့ မြို့တော်မှာ တည်ဆောက်မှုသခင်ရှိတယ်လို့မကြားဖူးတာကိုး၊ တည်ဆောက်မှုသခင်ဖြစ်ဖို့က အဲလောက်ခက်လို့လေ” ရှီမာယူယူ နားလည်သွားသဖြင့်ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ အဲဒါကြောင့်ပဲ တည်ဆောက်မှုသခင်တွေက အဆင့်အတန်းမြင့်ကြပြီး လွှမ်းမိုးနိုင်ကြတာ၊ မင်းတည်ဆောက်မှုသခင်ဖြစ်လာမယ်ဆိုရင် မင်းကိုတွေ့တာနဲ့ ဘယ်သူမဆိုအရိုအသေပေးရလိမ့်မယ်” ဖန်ကျိရှင်းပြောလိုက်သည်။
“ဟုတ်လား တည်ဆောက်မှုသခင်ဖြစ်ရတာအဲလောက်ကောင်းတာလား”
“အဲဒါအစပဲရှိသေးတယ်” ဖန်ကျိရှင်းပြောလိုက်သည် “ဖြတ်လမ်းတည်ဆောက်မှုတွေက အကြီးအသေး အမျိုးမျိုးရှိကြတယ်၊ ငါနေတဲ့နေတွေမှာ တခြားနိုင်ငံက ကျူးကျော်လာတဲ့သူတွေကို ထိန်းချုပ်ဖို့ တည်ဆောက်မှုအပေါ်မှာ မူတည်တယ်၊ မြို့တိုင်းမှာ ဖြတ်လမ်းတည်ဆောက်မှှုတွေရှိကြတယ်၊ ဒါပေမယ့်အဲဒါ ပုံမှန်ပါပဲ၊ တည်ဆောက်မှုသခင်ရဲ့ အားကတော့မကြီးဘူး၊ ဒါပေမယ့် တည်ဆောက်မှုခုခံတဲအပေါ်အာရုံစိုက်တာတွေက သူများတွေကိုကူညီလိမ့်မယ်၊ ပြီးတော့ ထင်ယောင်ထင်မှားတည်ဆောက်မှုက ရှုပ်ထွေးသွားစေပြီး လမ်းပျောက်စေလိမ့်မယ်၊ လူဝင်လာတာနဲ့ သူတို့ဆီက စွမ်းအင်တွေကိုစုပ်ယူမယ့် တည်ဆောက်မှုတွေလည်းရှိသေးတယ်”
ဖန်ကျိရှင်း တတွတ်တွတ်ပြောနေသည်ကို ရှီမာယူယူနားထောင်နေကာ နောက်ဆုံးတွင် သူမနှုတ်ခမ်းနှစ်ကြိမ်တွန့်လိုက်ကာ ပြောလိုက်သည် “တည်ဆောက်မှုအမျိုးအစားတွေက အများကြီးရှိတာပဲ”
“တည်ဆောက်မှုအမျိုးအစားတွေအများကြီးရှိတယ်၊ မင်းနောက်ကို တဖြည်းဖြည်းသိလာမှာပါ” ဖန်ကျိရှင်းပြောလိုက်လေသည် “ပြီးတော့ အဆင့်မြင့်တဲ့တည်ဆောက်မှုသခင်က တည်ဆောက်မှုသခင်တွေထဲမှာတောင် အရမ်းထူးခြားတယ်”
“ဘယ်လိုထူးခြားတဲ့အပိုင်းတွေရှိတာလဲ” ရှီမာယူယူ စပ်စုစွာမေးလိုက်သည်။
ဖန်ကျိရှင်း အိမ်အားသိမ်းကျုံးကြည့်လိုက်သည်။ သူမီးအိမ်အားမြင်သည်နှင့် ပြောလိုက်သည် “အဲ ဖယောင်းတိုင်ကိုယူပြီး မီးထွန်းကြည့်”
ရှီမာယူယူ မီးအိမ်ဆီသို့သွားပြီးဖယောင်းတိုင်အားယူလိုက်သည်။ သူမထုတ်ယူလိုက်ကာ စားပွဲပေါ်သို့တင်လိုက်သည်။
ဖန်ကျိရှင်း ဖယောင်းတိုင်ကိုကြည့်ကာ ပြောလိုက်သည် “ဖယောင်းတိုင်ကိုမှုတ်ကြည့်”
ရှီမာယူယူ ကုန်းကာ ဖယောင်းတိုင်အားမှုတ်လိုက်သည်။ အတွေ့အကြုံအရ ထိုအကွာအဝေးအနည်းငယ်မှ မှုတ်ခြင်းသ်ည သေချာပေါက်မီးငြှိမ်းရမည်ဖြစ်သည်။ သို့သော် ဖယောင်းတိုင်ပေါ်မှ မီးသည် ငြှိမ်းမသွားပေ။ သူမ မမှုတ်ခဲ့သလိုပင်
“အင်…”
ရှီမာယူယူထပ်မှုတ်သော်လည်း ဖယောင်းတိုင်ပေါ်မှ မီးတောက်သည် လှုပ်တောင်မလှုပ်ပေ။
“ဘာဖြစ်နေတာလဲ” ရှီမာယူယူမေးကာ ဖန်ကျိရှင်းအားကြည့်လိုက်သည်။
သူ လှုပ်ရှားမှုမရှိပေ၊ ဒါဆို သူမ ဘယ်လိုလုပ်မှုတ်လို့မရတာလဲ။
“မင်းလက်ကိုထုတ်ပြီး ထိကြည့်လိုက်” ဖန်ကျိရှင်းပြောလိုက်သည်။
ရှီမာယူယူ လက်ချောင်းများကိုထုတ်ကာ ဖယောာင်းတိုင်အားဆော့ကစားရန် စဉ်းစားလိုက်သည်။ သို့သော် အနည်းငယ်ကွာဝေးသော်လည်း သူမဖယောင်းတိုင်အား ထိမရပေ။
“ဆရာ ဘာတွေဖြစ်နေတာလဲ” ရှီမာယူယူအံ့သြစွာမေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ဖယောင်းတိုင်ပတ်ပတ်လည်ကနေရာတွေကို ငါချိပ်ပိတ်လိုက်လို့ပဲ မင်းထိလို့မရတာ” ဖန်ကျိရှင်းပြောရင်းနှင့် လက်ကိုဆန့်ထုတ်ကာ ဖယောင်းတိုင်အားထိလိုက်သည်။
ရှီမာယူယူ၏ လက်သည်မူလနေရာတွင်ရှိနေကာ ကြားမှ ပိတ်ဆို့ထားသော အလွှာအားရှင်းရှင်းလင်းလင်းခံစားလိုက်ရသည်။ သို့သော် ဖန်ကျိရှင်း ဖယောင်းတိုင်အားတိုက်ရိုက်ထိလိုက်သည်။
“အဲဒါဖြစ်နိုင်တာလား၊ ထူးဆန်းလိုက်တာ” ရှီမာယူယူသည်မျက်လုံးပွတ်ကာ စိတ်ဝင်တစားဖြင့် ထပ်ခါထပ်ခါ ကြည့်နေလိုက်သည်။ “ဒါပေမယ့် ဒီလိုလုပ်ဖို့ဘာသုံးလိုက်တာလဲ”
“နေရာက ချိပ်ပိတ်ခံလိုက်ရတော့ တခြားသူတွေက အဲနေရာကိုဝင်လို့မရတော့ဘူး၊ မင်းတခြားသူတွေနဲ့တိုက်ခိုက်ရင် ပြိုင်ဘက်က အပြင်ကနေ မင်းရဲ့ကန့်သတ်နယ်မြေကို အရင်ဖောက်ပြီးမှ ဝင်လာမယ်၊ ပြီးတော့ မင်းရဲ့နေရာမှာဆိုရင် ပြိုင်ဘက်ရဲ့ အားကအကန့်အသတ်ဖြစ်လိမ့်မယ်၊ အဲလိုဆိုရင် မင်းရဲ့ အဆင့်တစ်ဆင့်လုံးကို ပြောင်းနိုင်သွားမယ်” ဖန်ကျိရှင်းသူမအား ဖြေးညင်းစွာရှင်းပြသည် “ထပ်ပြောရမယ်ဆိုရင် ပြိုင်ဘက်က မင်းကိုတိုက်ဖို့ကြိုးစားရင် မင်းရဲ့ပတ်ပတ်လည်ကနေရာတွေကို ချိပ်ပိတ်လို့ရတယ်၊ အဲကျရင် သူမင်းကို တိုက်ခိုက်လို့မရနိုင်ဘူး”
“တခြားသူရဲ့ တိုက်ခိုက်မှုကို အပြင်မှာတင်ထိန်းချုပ်ထားတာ အဲဒါ အဲလောက်အားကောင်းတာလား၊ ကျွန်တော်သာ တခြားသူနဲ့တိုက်ခိုက်ရင် ပတ်ပတ်လည်ကို ပိတ်ထားပြီး သူတို့ဘယ်လောက်ပဲ တိုက်တိုက် ကျွန်တော်ဘာမှမဖြစ်နိုင်ဘူးပေါ့” ရှီမာယူယူပြောလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မလဲ အဲဒါက တည်ဆောက်မှုသခင်ရဲ့အားနဲ့ဆိုင်သေးတယ်” ဖန်ကျိရှင်းပြောလိုက်သည် “တည်ဆောက်မှုသခင်ရဲ့ စွမ်းအင်ရယ် နားလည်မှုရယ်က နေရာချိပ်ပိတ်မှုမှာ သူ့စွမ်းရည်ကို ပိုအားကောင်းစေတယ်၊ ပိုအားသန်လေ ကိုယ့်နယ်မြေပိုခိုင်လေပဲ၊ တိုက်ခိုက်မှု ခံနုင်ရည်ကလည်း ကြီးမှဖြစ်မှာ… ပြီးတော့ နေရာချိပ်ပိတ်တာက မင်းရဲ့အားဘယ်လောက်ရှိလဲပေါ်မှာမူတည်ပြီး ကြီးတာသေးတာ ကွာသွားမှာ၊ အိမ်အရွယ်အစားလောက် နေရာချိပ်ပိတ်နိုင်တဲ့ တည်ဆောက်မှုသခင်တော့ တချို့ရှိတယ်၊ ဒါပေမယ့် လက်သီးဆုပ်နေရာအကျယ်လောက်ကိုပဲ ချိပ်ပိတ်နိုင်တဲ့သူလည်းရှိတယ်”
“ကျွန်တော်သာ နေရာကိုချိပ်ပိတ်နိုင်ရင် အရမ်းမိုက်မှာပဲ” ရှီမာယူယူပြောလိုက်သည်။
“တည်ဆောက်မှုသခင်ရဲ့ ထူးခြားတဲ့အရည်အချင်းကတော့ နေရာချိပ်ပိတ်တာမှာ အားကောင်းတာရယ်၊ နေရာထိန်းချုပ်တာရယ်ပဲ၊ ပိုပြီးအားကောင်းတာက နေရာခွဲပစ်တာပဲ၊ ဘယ်အရည်အချင်းပဲဖြစ်ဖြစ် အကုန်လုံးက နေရာကိုနားလည်တဲ့အပေါ်မှာပဲမူတည်တယ်” ဖန်ကျိရှင်းပြောပြသည် “ဒါတွေမင်းကို ငါပြောပြနေရတာက ဒီကမ္ဘာမှာ တည်ဆောက်မှုသခင်ရဲ့ တည်ရှိမှုကို နားလည်စေချင်လို့ပဲ၊ မင်းရှေ့လျောက်အားပိုထည့်ရမယ့် နေရာဆိုလည်းဟုတ်တယ်”
“ကျွန်တော်နားလည်ပါတယ်” ရှီမာယူယူခေါင်းညိတ်ကာ သူမတွင် တည်ဆောက်မှုသခင်ရှိနေပြီကို နှစ်သက်ကာ စိတ်ထဲမှ ရိုသေလေးစားမိသည်။
“ငါ့မှာ လက်သစ်တွေအတွက် တည်ဆောက်မှုစာအုပ်နှစ်အုပ်ရှိတယ်၊ တစ်အုပ်ကတည်ဆောက်မှုကို အခြေခံဗဟုသုတဖြစ်ပြီးနောက်တစ်အုပ်က တည်ဆောက်မှုပုံစံအမျိုးမျိုးတွေပဲ၊ ငါအဲဒါတွေကို မှတ်စုထုတ်ထားတယ်၊ မင်းဖတ်ကြည့်ရင်တော့ မခက်လောက်ပါဘူး” ဖန်ကျိရှင်း စာအုပ်နှစ်အုပ်အားထုတ်ကာ ရှီမာယူယူကိုပေးလိုက်သည်။ “ငါခုနကပြောခဲ့သလိုပဲ မင်း တည်ဆောက်မှုသခင်ဖြစ်ချင်ရင်၊ မင်းရဲ့နေရာကို ကိုင်တိုင်နားလည်မှရမယ်၊ ဒီတည်ဆောက်မှုစာအုပ်က ဒီအခြေခံအတွက်အသုံးဝင်ပါလိမ့်မယ်”