← Chapters

ဧကရာဇ်ကို တွေ့ရန် နန်းတွင်းသို့ ဝင်သည်

Vol. 77 Ch. 999

ဧကရာဇ်ကို တွေ့ရန် နန်းတွင်းသို့ ဝင်သည်

Vol. 77 Ch. 999

လျန်းဟွာဟွန် ရောက်လာသည့်အခါ ကျွယ်ဝူချိန်နှစ်ယောက် မြင်လိုက်ရသဖြင့် မှင်သက်သွားသည်။

“ဒီမိန်းမပျက်နှစ်ယောက်က....”

လျန်းဟွာဟွန်က စိတ်ထဲတွင် အေးစက်စက် ရယ်လျက် လျန်းဟွာဟွန်ကို ကြည့်နေသည်။ “အပျက်မက တကယ်တော့ နှစ်ယောက်ပါ... ဘယ်လောက်က အစစ်လဲတော့ မဟုတ်ဘူး”

လူအယောက်နှစ်ရာနှင့်အတူ လော့ဝူရွှမ်နှင့် ချင်မူ မဟာလေဟာနယ်သို့ သွားသည့်အချိန်တုန်းက ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်သည် တစ်ဖက်လူ၏ ရုပ်ရည်သွင်ပြင်မှတစ်ဆင့် တစ်ယောက်၏ သရုပ်မှန်အား တစ်ယောက် သိထားပြီးဖြစ်၏။

ချင်မူမှာ မိန်းမသုံးယောက်ကြားတွင် ဗျာများနေသည်။ ‘နတ်ဘုရင်လန်ဝူ လျန်းဟွာဟွန်နဲ့ ယွင်ချွီးရှို့ကိ အသိစိတ်အလျဉ်နဲ့ မရှာပါစေနဲ့... မဟုတ်ရင် ငါတောင် သူ့ကို မကာကွယ်နိုင်ဘူး’

ထိုနှစ်ယောက်သည် ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မု ဖြစ်၏။ ရှေးဟောင်းနတ်ဘုရားတို့၏ အစစ်အမှန်ခန္ဓာကိုယ်များ မရှိကြသော်လည်း ရှေးဟောင်းနတ်ဘုရားတို့၏ အချုပ်အနှောင်များကြားမှ လွတ်မြောက်လာပြီး ကောင်းကင်နတ်အရှင်များအကြား၌ ပုံးနေကြသူများ ဖြစ်သည်။

နတ်ဘုရင်လန်ဝူသာ သူ့စိတ်သူ မထိန်းနိုင်ဘဲ အသိစိတ်အလျဉ်မှတစ်ဆင့် သူတို့၏ မှတ်ဉာဏ်များအား ရှာဖွေလျှင် သူမအား သတ်ရန် ထိုကောင်းကင်နတ်အရှင်နှစ်ယောက်အား လက်ယပ်ခေါ်နေသလို ဖြစ်လိမ့်မည်။

နတ်ဘုရင်လန်ဝူအနေဖြင့် ခိုင်ဧကရာဇ်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သော်လည်း ကောင်းကင်နတ်အရှင်နှစ်ယောက်အား ပြိုင်တူ ရင်ဆိုင်ရလျှင် အသေဆိုးနှင့် သေရလိမ့်မည်။ အထူးသဖြင့် နတ်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ရင်ဆိုင်ရလျှင်ပင်။

နတ်ဘုရင်လန်ဝူသည် ဖန်ဆင်းရှင်မျိုးနွယ်၏ နတ်ဘုရင်တစ်ပါး ဖြစ်သည့်အလျောက် မည်သို့ပြုမူသင့်မှန်း သိတန်ရာ၏။

“ကောင်းကင်နတ်အရှင်ူမူ၊ ဒီနှစ်ယောက်က ဘယ်သူတွေလဲ” လျန်းဟွာဟွန်က ချင်မူ့ကို အရိုအသေပေးပြီးနောက် မေးသည်။

ချင်မူမှာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရသည်။ “ဒါက ယွင်မိသားစုရဲ့ ယွင်ချွီးရှို့... ဒါက နတ်ဘုရင်လန်ဝူ... အားလုံး အေးအေးဆေးဆေး စကားပြောကြဦးနော်... ကျွန်တော် လပ်စရာလေး ရှိလို့...”

“ကောင်းကင်နတ်အရှင်မူ၊ ကျေးဇူးပြုပြီး မသွားပါနဲ့”

ယွင်ချွီးရှို့က သူ့လက်မောင်းကို လှမ်းဆွဲ၍ သူမရင်သားကြား ညှပ်လိုက်ကာ အပြုံးလေးဖြင့် ပြောသည်။ “ငါ သူစိမ်းတွေကို ကြောက်တယ်.... ကောင်းကင်နတ်အရှင်မူ မသွားရင် ကောင်းမှာပဲ... မေးစရာလည်း ရှိသေးလို့ပါ... ကောင်းကင်နတ်အရှင်၊ မဟာလေဟာနယ်ဆီ သွားပြီးပြီလား... ဘယ်တုန်းက ပြန်လာတာလဲ... ကောင်းကင်နတ်အရှင်၊ အဲဒီမှာ ဘာတွေ တွေ့ခဲ့လဲ”

ချင်မူ မျက်နှာတည်တည်ဖြင့် ပြောလိုက်။ “ညီမလေး၊ နင်လည်း မဟာလေဟာနယ်ဆီ ရောက်ခဲ့တာပဲလေ.... အဲဒီမှာ ဖြစ်ခဲ့တာကို ဘာလို့ မသိဘဲ နေမှာလဲ.... ငါ့မှာ လုပ်စရာလေးတွေ တကယ် ရှိလို့ပါ”

ယွင်ချွီးရှို့သည် မျက်တောင်ပုတ်ခတ်၍ တခစ်ခစ် ရယ်၏။ “ကောင်းကင်နတ်အရှင် မေ့သွားပြီလား... ငါတို့ မဟာလေဟာနယ်ကို ဝင်ဝင်ချင်း အဆက်အသွယ်ပြတ်သွားတာလေ... ဒါကြောင့် ညီမလေး ကောင်းကင်နတ်အရှင်မူရဲ့ အတွေ့အကြုံတွေကို မသိပါဘူး”

“အပျက်မ”

လျန်းဟွာဟွန်က နှာ‌ခေါင်းရှုံ့ကာ မှင်သေသေ ပြောသည်။ “နင့်မိသားစု နင့်ကို ဘယ်လိုသင်ထားလဲ... ကောင်းကင်နတ်အရှင်တစ်ယောက်အပေါ် ဒီလောက် ရိုင်းပျရဲရတယ်လို့”

ယွင်ချွီးရှို့က စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်ပြီးနောက် နတ်ဘုရင်လန်ဝူဆီ လှမ်းကြည့်ကာ သံသယဝင်နေသည်။ ‘ဒီအပျက်မ လျန်းဟွာဟွန်ရဲ့ အပြုအမူတွေက အစ်မတော်အတိုင်းပဲ... ဒီလန်ဝူကရော ဘယ်လိုပါလိမ့်... သူ ဘယ်က ရောက်လာတာလဲ... သူ့အရှိန်အဝါက ငါ့အစ်မတော်အောက် မနိမ့်ကျဘူး... ဘယ်ကောင်းကင်နတ်အရှင်က ကျွယ်ဝူချိန်ကို ဖန်ဆင်းခဲ့တာလဲ”

ရုတ်တရက် နတ်အရာရှိတစ်ပါး ရောက်လာကာ ကောင်းကင်နတ်ဧကရာဇ်၏ အမိန့်တော်ကို ထုတ်ပြန်သည်။ “ကောင်းကင်နတ်အရှင်မူ နန်းတွင်ကို လာခဲ့ပါ”

ချင်မူမှာ စိတ်သက်သာရာရသွားသော်လည်း ရင်ထဲ တင်းကြပ်သွား၏။ “ကောင်းကင်နတ်ဘုံထဲက ကောင်းကင်နတ်ဧကရာဇ်ကလည်း ဖန်ဆင်းနတ်လက်နက်နဲ့ ဖန်ဆင်းထားတဲ့ အတုကြီးပဲ... ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာက ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းထဲမှာ ပိတ်မိနေတာ.... ဒါဆို ဘယ်ကောင်းကင်နတ်အရှင်က ငါ့ကို ဆင့်ခေါ်လိုက်တဲ့ ကောင်းကင်နတ်ဧကရာဇ် ဖြစ်နေမလဲ”

ထိုနတ်အရာရှိက ပြောသည်။ “ကောင်းကင်နတ်အရှင်က မဟာလေဟာနယ်မှာ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပြီး တာဝန်ကျေပွန်ခဲ့ပါတယ်... အရှင်မင်းကြီးရဲ့ အမိန့်တော်အရ ကောင်းကင်နတ်အရှင်ကို အဖိုးတန်ကျောက်တုံးတွေနဲ့ မိန်းမလှ‌တွေ ချီးမြှင့်လိုက်ပါတယ်” သူ စကားပြောပြီးသည်နှင့် အတူပါလာသည့် နတ်ဘုရားများသည် နန်းတွင်းသူများ၊ အဖိုးတန်ကျောက်တုံးများနှင့် ရတနာများ ခေါ်ဆောင်သယ်ယူလာကြ၏။

ချင်မူက ဟူလင်းအာကို ခေါ်ကာ လက်ဆောင်များ လက်ခံခိုင်းသည်။ ထို့နောက် ကောင်းကင်နတ်ဧကရာဇ်နှင့် တွေ့ရန် နတ်အရာရှိနှင့်အတူ လိုက်သွား၏။

ယွင်ချွီးရှို့က ဟိုကြည့်သည်ကြည့် ကြည့်နေပြီးနောက် နတ်ဘုရင်လန်ဝူ၏ လက်ကို ဆွဲကာ ပြုံးနေသည်။ “မမလန်ဝူ၊ ကျွန်မတို့က တော်တော်ဆင်တယ်နော်.... ကွဲကွာသွားတဲ့ အမြွှာညီအစ်မတွေ အတိုင်းပဲ... မမ၊ ကျွန်မတို့ စကားပြောမှဖြစ်မယ်... ဘယ်သူသိနိုင်မလဲ... တကယ် ကွဲသွားတဲ့ ညီအစ်မတွေ ဖြစ်နေမလား ဆိုတာ”

လျန်းဟွာဟွန်သည် အေးစက်စက် နှာခေါင်းရှုံ့၍ အနိမ့်အမြင့်မရှိသော အသံဖြင့် ပြော၏။ “အေး ညီအစ်မတွေ ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ညီအစ်မဆိုတိုင်း မပေါ့လေနဲ့... အဲဒီညီမကပဲ နောက်ကျော ဓားနဲ့ ထိုးတာ”

နတ်ဘုရင်လန်ဝူက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “အစ်မတော်လျန်း၊ ဘာလို့ အဲဒီလိုပြောတာလဲမသိဘူး... ကျွန်မက အစ်မတော်တို့နှစ်ယောက်ကို မြင်လိုက်ကတည်းက တစ်ဝမ်းထဲက ဆင်းသက်လာတဲ့ ညီအစ်မတွေလို ခံစားလိုက်ရတာပါ... ဒါကြောင့် အစ်မတော်တို့နဲ့ ရင်းနှီးချင်မိတယ်”

ချင်မူမှာ ခပ်သွက်သွက် လျှောက်ကာ ကောင်းကင်နတ်အရှင်အိမ်တော်မှ မြန်မြန် ထွက်လာခဲ့၏။

သူက နတ်အရာရှိနှင့်အတူ ကောင်းကင်နတ်ဘုံ၏ အတွင်းမြို့ထဲသို့ လိုက်သွားသည်။ ထိုနတ်အရာရှိက ပြောလေသည်။ “လက်ရှိအချိန်က ညီလာခံအချန် မဟုတ်တော့ အရှင်မင်းကြီးက ကောင်းကင်နတ်အရှင်ကို မဟာအားဖြည့်ခန်းမမှာ စောင့်နေတော်မူပါတယ်”

ချင်မူ မျက်လုံးများကျဉ်းမြောင်းကာ တွေးလိုက်မိသည်။ ‘မဟာအားဖြည့်ခန်းမတဲ့လား... အမျိုးသမီး ကောင်းကင်နတ်အရှင်တစ်ယောက်က ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်နေတာလား... ဒါဆို အမျိုးသမီးကောင်းကင်နတ်အရှင်လေးယောက်ထဲက ဘယ်သူများ ဖြစ်မလဲ’

သူတို့ မဟာအားဖြည့်ခန်းမသို့ ရောက်သည့်အခါ နတ်အရာရှိသည် ချင်မူ့ကို အပြင်၌ နေခဲ့ရန် လက်ဟန်ပြပြီးနောက် ခန်းမထဲ ဝင်သွား၏။ “အရှင်မင်းကြီး၊ ကောင်းကင်နတ်အရှင်မူ ရောက်ပါပြီ”

“ဝင်စေ” ကောင်းကင်နတ်ဧကရာဇ်၏ အသံ ပျံ့လွင့်လာသည်။

နတ်အရာရှိသည် ခြေလှမ်းစိပ်စိပ်များဖြင့် ခန်းမအပြင် ပြန်ထွက်လာကာ ချင်မူ့ကို ပြုံးပြ၏။ “ကောင်းကင်နတ်အရှင်မူ၊ ကြွပါ”

ချင်မူ ခန်းမထဲ ဝင်လိုက်သည်။ သူ မော့ကြည့်လိုက်သည့်အခါ မဟာအားဖြည့်ခန်းမအတွင်းရှိ ပလ္လင်ပေါ်တွင် မတ်မတ် ထိုင်နေသော ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်အား မြင်လိုက်ရသည်။ သူ၏ရုပ်ခန္ဓာသည် ဧရာမကြီးမားပြီး သူက မျက်လုံးများပိတ်ထား၏။

နတ်ဘုရားများက ကျောက်စိမ်းသားဖြင့် လုပ်ထားသော လင်ဗန်းများကို သယ်ဆောင်ထားကြသည်။ ၎င်းတို့အပေါ်တွင် ဝိညာဉ်လိမ်းဆေးများ၊ ဆေးပင်များ ရှိနေသည်။

နတ်ဘုရားမများသည် ကောင်းကင်နတ်အရှင်ဧကရာဇ်ကို လှည့်ပတ်ပျံဝဲနေကြသဖြင့် သူတို့ပဝါစများ လှုပ်ခတ်နေကြ၏။ ကောင်းကင်နတ်ဧကရာဇ်၏ အရေပြားပေါ်သို့ ဝိညာဉ်လိမ်းဆေးများ လိမ်းနေကြစဉ် သူတို့၏လှုပ်ရှားမှုများက တင့်တယ်လှပနေသည်။ တချို့နတ်ဘုရားမများက သူ့ဆံပင်ကြား၌ လမ်းလျှောက်ရင် ဆံသားအတွက် ဆေးရည်များ သုတ်လိမ်းနေကြသည်။

ကောင်းကင်နတ်ဧကရာဇ်၏ ခြေထောက်တွင် ဝိညာဉ်ဆေးပင်များကို ကျိတ်ဆုံဖြင့် ကျိတ်ရင်း ကျောက်စိမ်းစမ်းချောင်းမှ ရေဖြင့် ဆေးရည်ဖော်စပ်နေကြသော နတ်ဘုရားမများ တွေ့မြင်ရသည်။ သူတို့က ဆေးရည်ကို ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ခြေထောက်အပေါ် သုတ်လိမ်းနေကြသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ သင်္ကေတအမှတ်အသားများအား သေသေချာချာ ဆေးရည်လိမ်းပေးနေကြသော မိန်းမလှလေးများကိုလည်း မြင်ရသည်။

ခန်းမထဲတွင် သာယာနာပျော်ဖွင် သီချင်းသံ ပျံ့လွင့်နေသည်။ နတ်ဘုရားမများက တူရိယာများ တီးခတ်ရင်း သံစဉ်များ ဖော်ကျူးနေကြခြင်း ဖြစ်မည်။

“ကောင်းကင်နတ်အရှင်မူ၊ ထိုင်ပါ” ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က မျက်လုံးဖွင့်၍ လက်မြှောက်လိုက်သည်။ သူ့လက်သည်းများအား တိပေးနေသော နတ်ဘုရားများမှာ မြောက်တက်လာသော သူ့လက်ဝါးနှင့်အတူ အလျင်အမြန် ပျံတက်လိုက်ကြသည်။

သူ့မျက်ခုံးကို တိပေးနေသည့် နတ်ဘုရားမများလည်း ယောက်ယက်ခတ်သွားပြီးနောက် သူမျက်ခုံးပေါ် ပြန်ဆင်းကာ တစ်မျှင်ချင်း သပ်သပ်ရပ်ရပ် လုပ်ပေးနေသည်။

ချင်မူက ထိုင်ရင်း ဤရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်အား အကဲခတ်နေသည်။

သူ၏အသွင်အပြင်အရ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းထဲတွင် ပိတ်မိနေသော ကောင်းကင်နတ်ဧကရာဇ်နှင့် အလွန်တူသည်။ သူ့တွင် တာအိုတစ်သောင်း၏ ဆရာသခင်အဟန့်အထည်နှင့် စကြဝဠာတစ်ခုလုံးကို အုပ်စိုးထားသော အရှင်သခင်တစ်ပါး၏ အငွေ့အသက် ရှိသည်။

သူ့ခေါင်းနောက်တွင် နတ်ဘုရားမများသည် သူ၏ရောင်ခြည်တော်များ ပိုမိုတောက်ပလာအောင် သန့်ရှင်းရေး လုပ်ပေးနေကြ၏။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကလည်း ချင်မူ့ကို အကဲခတ်နေသည်။ အတန်ကြာသော် သူက ပြောသည်။ “ကောင်းကင်နတ်အရှင်မူက မဟာလေဟာနယ်မှာ ကြိုးကြိုးစားစားနဲ့ တာဝန်ကျေပေးခဲ့ပါတယ်... ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှု၊ ဘယ်ရောက်နေလဲ သိလား”

“အရှင်မင်းကြီး၊ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုက မဟာလေဟာနယ်မှာ ပိတ်မိနေခဲ့ပါတယ်... ဒါပေမဲ့ လွတ်မြောက်လာကြပါပြီ”

ချင်မူက ပြောသည်။ “မဟာလေဟာနယ်ခရီးစဉ်ကနေ ကျွန်တော် ဖန်ဆင်းရှင်မျိုးနွယ်နဲ့ ရွှင်ပျော်ပျော်ကျေးရွာရဲ့ တည်နေရာကို ရှာတွေ့ခဲ့ပါတယ်”

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ အမူအရာ လှုပ်ရှားသွားပြီး သူ့ခေါင်းနောက်ရှိ ရောင်ခြည်တော်များ အနည်းငယ် လှုပ်ခတ်သွား၏။ ရောင်ခြည်တော်များ ရှင်းလင်းပေးနေသော နတ်ဘုရားမများမှာ အလွန်ပင်ပန်းနေကြသဖြင့် အမှီမလိုက်နိုင်တော့ပေ။

ကောင်းကင်နတ်ဧကရာဇ်၏ ပါးစပ်အနား၌ နှုတ်ခမ်းများ သန့်ရှင်းပေးနေသည့် နတ်ဘုရားမများလည်း အလျင်အမြန် ပျံထွက်သွားကြသည်။ မဟုတ်လျှင် ကောင်းကင်နတ်ဧကရာဇ်၏ ဝင်လေ၊ ထွက်လေကြောင့် လွင့်ထွက်လျှင် လွင့်ထွက်၊ မလွင့်ထွက်လျှင် အဆုတ်ထဲသို့ စုပ်ယူခံလိုက်ရလိမ့်မည်။

ချင်မူက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ အမူအရာကို အကဲခတ်နေသည်။ ဤမျှနှင့် ဘယ်ကောင်းကင်နတ်အရှင်က သူ့ရုပ်ခန္ဓာထဲတွင် ရှိနေသည်လဲ ပြောရခက်လေသည်။

“ကောင်းကင်နတ်အရှင်မူ၊ ကျေးဇူးပြုပြီး အသေးစိတ် ပြောပြပါ” ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ပြောသည်။

ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ပြော၏။ “ကျွန်တော် မဟာလေဟာနယ်ထဲ ဝင်တုန်းက ဖရိုဖရဲ ဖြစ်နေတဲ့ အသိစိတ်အလျဉ်တွေ တွေ့ခဲ့ရတယ်... အဲဒီအသိစိတ်အလျဉ်က ကမ္ဘာဦးအစက ဖန်ဆင်းရှင်တွေနဲ့ ပတ်သက်နေတာကြောင့် ဖန်ဆင်းရှင်တွေရဲ့ ခေါင်းဆောင်၊ မဟာဧကရာဇ်ကို ရှာတွေ့ခဲ့တာပါ... သူ့ရုပ်ခန္ဓာက မဟာလေဟာနယ်မှာ ပိတ်မိနေတယ်.... အရှင်မင်းကြီး မဟာဧကရာဇ်နဲ့တော့ ရင်းနှီးတယ်မဟုတ်လား”

သူက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ အမူအရာကို အကဲခတ်နေသည်။

သို့‌သော် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ အမူအရာကား မပြောင်းလဲသဖြင့် ချင်မူမှာ ဤရုပ်ခန္ဓာကို ထိန်းချုပ်နေသော ကောင်းကင်နတ်အရှင်၏ စိတ်အခြေအနေအား မမြင်ရပေ။

“မဟာဧကရာဇ်က ပုန်ကန်သူတစ်ယောက်ပဲ”

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ပြောသည်။ “ကောင်းကင်နတ်အရှင်၊ ကျေးဇူးပြုပြီး ဆက်ပြောပါ”

ချင်မူက အကြည့်လွှဲကာ ပြောသည်။ “မဟာဧကရာဇ်ရဲ့ ရုပ်ခန္ဓာက အဆင့်မြင့်အသိစိတ်အလျဉ်ထဲမှာ တောင့်တင်းနေတယ်... သူ့ရုပ်ခန္ဓာက ပြိုင်ဘက်ကင်းလောက်အောင် သန်မာပြီး အသိစိတ်အလျဉ်က အားကောင်းတယ်... ကျွန်တော်တို့ ကောင်းကင်နတ်ဘုံရဲ့ အာဏာနဲ့ အင်အားကို ပြသတဲ့အနေနဲ့ သူ့ရုပ်ခန္ဓာကို ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်သင့်တယ် ထင်ပါတယ်”

ရှေးဟောင်းနတ်ဧကရာဇ်က သူ၏အမြင်ကို မပြောပေ။

ဤအခိုက်အတန်တွင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ အရှိန်အဝါ လှုပ်ရှားသွားသည်ကို ချင်မူ ခံစားလိုက်ရသည်။ စွမ်းအားစီးကြောင်းတစ်ကြောင်းက ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲ ဝင်ရောက်လာခဲ့၏။

သူ့ကို သန့်ရှင်းပေးနေသော နတ်ဘုရားမများမှာ မည်သည်ကိုမှ မခံစားရသော်လည်း ချင်မူ့အသိစိတ်အလျဉ်က လျင်သည့်အတွက် အရှိန်အဝါလှုပ်ရှားမှုကို ချက်ချင်း ခံစားလိုက်ရသည်။

‘ဒီကောင်းကင်နတ်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကောင်းကင်နတ်အရှင်နှစ်ယောက် ဖြစ်သွားပြီ’

ချင်မူ မျက်ခုံးပင့်တက်သွားသော်လည်း အမူအရာမပျက် ဆက်ပြောသည်။ “တခြားရှာတွေ့ခဲ့တာတွေလည်း ရှိပါတယ်... မဟာဧကရာဇ်က မသေသေးဘူး.. မဟာလေဟာနယ်က သူ့ရုပ်ခန္ဓာကိုပဲ ပိတ်လှေင်ထားတာ.. သူ့အသိစိတ်အလျဉ်က မဟာလေဟာနယ်ရဲ့ အပြင်ထွက်လာတဲ့အပြင် အဲဒီအသိစိတ်အလျဉ်က စိတ်ကူးယဉ်ကြည့်လို့မရလောက်အောင် သန်မာအားကောင်းတယ်... သူ့အသိစိတ်အလျဉ်တစ်စိတ်တစ်ပိုင်းက ကောင်းကင်နတ်ဘုံမှာ ပုန်းရင်ပုန်း၊ မပုန်းရင် တခြားကမ္ဘာလောကတွေမှာ ပုန်းနေလောက်ပြီ”

ရှေး‌ဟောင်းကောင်းကင်နတ်ဧကရာဇ်သည် ချိုသာစွာ ပြုံး၍ ပြော၏။ “ကောင်းကင်နတ်အရှင်မူ ရှာတွေ့ခဲ့တာတွေက အမှန်တကယ် အံ့ဩစရာတွေပါပဲ... ကောင်းကင်နတ်ဘုံရဲ့ အာဏာကို ပြသတဲ့အနေနဲ့ မဟာဧကရာဇ်လို သူပုန်တစ်ယောက်ကို ဆွဲထုတ်ပြီး ကွပ်မျက်သင့်တယ်... ကောင်းကင်နတ်အရှင်မူ၊ မဟာဧကရာဇ်က ကောင်းကင်နတ်ဘုံမှာ ပုန်းနေတယ်ထင်လား.. ကမ္ဘာတစ်ကမ္ဘာမှာ ပုန်းနေတယ်ထင်ထား”

ချင်မူ အလေးအနက် ဖြေလိုက်သည်။ “ကျွန်တော် အတပ်မပြောနိုင်ဘူး”

ဤအခိုက်အတန့်တွင် အရှိန်အဝါတစ်ခုက ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။

တတိယကောင်းကင်နတ်အရှင် ဝင်လာချေပြီ။

“မဟာဧကရာဇ်က အသက်ရှင်နေသေးတယ်... ဒီကိစ္စက အရေးကြီးတော့ သူ့ကို ငါတို့ သတိထားရမယ်... ဟီးဟီး၊ ဟာသပဲ.. ငါ့ပိုက်နက်တွေကို တောင့်တနေတဲ့ သူပုန်တွေက အမြဲ ရှိနေပါလား”

လက်ရှိကောင်းကင်နတ်ဧကရာဇ်၏ လေသံအနေအထားသည် စောစောကနှင့် မတူတော့ပေ။ စကားပြောနေသူက တတိယကောင်းကင်နတ်အရှင် ဖြစ်၏။ “ကမ္ဘာလောကတွေ ငြိမ်းချမ်းနေတာဖြင့် မကြာသေးဘူး... အခု ပြဿနာထပ်ဖြစ်ပြီ... ငါ လူမသတ်ဘူးလို့ သူပုန်တွေ ထင်နေတာလား”

ရုတ်တရက် အရှိန်အဝါလှိုင်းတစ်ခုက ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲ ဝင်လာသည်။ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ရယ်လိုက်၏။ “ကောင်းကင်နတ်အရှင်မူက မဟာဧကရာဇ်အကြောင်းကို ရှာတွေ့တဲ့အထိ ကြိုးစားပေးခဲ့ပါပေတယ်.. ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူ၊ ရွှင်ပျော်ပျော်ကျေးရွာနဲ့ ဖန်ဆင်းရှင်တွေအကြောင်း ထပ်ပြောပြလို့ ရမလား”

ချင်မူက တည်ငြိမ်စွာ ပြောသည်။ “ကျွန်တော် မဟာလေဟာနယ်ထဲမှာ ရှိနေတုန်းက သူပုန်ချင်ယဲ့နဲ့ တွေ့ခဲ့ပါတယ်... သူက ကောင်းကင်နတ်အရှင်ဟွေ့နဲ့ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရထားတယ်”

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏အမူအရာက ကျေနပ်သွားသော အမူအရာ ဖြစ်သွားသည်။ သူက အမူအရာပြောင်းနေသဖြင့် သူ့မျက်နှာကို သန့်ရှင်းပေးနေသော နတ်ဘုရားမများမှာ ကြောင်နေကြလေသည်။

ချင်မူ ထိုအခြင်းအရာကို သတိထားမိလျှင် စိတ်ထဲတွင် အေးစက်စက် ရယ်လိုက်သည်။ “သူပုန်ချင်ယဲ့က ရွှင်ပျော်ပျော်ကျေးရွာရဲ့ ခေါင်းဆောင် အဖြစ်နဲ့ မဟာလေဟာနယ်မှာ လျှောက်သွားနေတာပါ... ကောင်းကင်နတ်အရှင်ဟွေ့ မဟာလေဟာနယ်ကနေ ထွက်လာပြီးဆို‌တော့ ကောင်းကင်နတ်ဘုံဆီ မကြာခင် ပြန်ရောက်မယ် ထင်ပါတယ်... ရွှင်ပျော်ပျော်ကျေးရွာနဲ့ ချင်ယဲ့ ဘယ်မှာရှိလဲဆိုတာတော့ ကောင်းကင်နတ်အရှင်ဟွေ့က ပိုသိလိမ့်မယ်”

ဤအခိုက်အတန့်တွင် အရှိန်အဝါနောက်တစ်ခုသည် ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်လာ၏။ “ဖန်ဆင်းရှင်တွေနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း လှုပ်ရှားနေတာ ရှိလား”

ချင်မူက ပြောသည်။ “ဖန်ဆင်းရှင်တွေက မျိုးမတုံးသေးဘူး... လေဟာနယ်ရဲ့ တစ်ဖက်ခြမ်းကို ရွှေ့ပြောင်းသွားတဲ့ အဖွဲ့နဲ့ တွေ့ခဲ့တယ်... သူတို့ရဲ့ ရန်လိုတတ်တဲ့ သဘာဝက ထိန်းချုပ်ဖို့ ခက်တယ်... ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပါတယ်.. ဒါပေမဲ့ ကျွန်တော့်အစွမ်းအစတွေက အားနည်းတော့ သူတို့ဆီ သွားမကြည့်ရဲခဲ့ဘူး.... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ရှုက ဖန်ဆင်းရှင်တွေနဲ့ တွေ့ဖို့ ကြိုးစားနေတာတော့ မြင်ခဲ့ရပါတယ်”

ခြောက်ခုမြောက် အရှိန်အဝါ ထွက်‌ပေါ်လာပြီး ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲ ဝင်သွားသည်။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ အမူအရာသည် အနည်းငယ် ရွှင်ပျလာ၏။ “ကောင်းကင်နတ်အရှင်မူတော့ ခရီးပန်းနေတော့မှာပဲ... မဟာလေဟာနယ်ဆီ ကောင်းကင်နတ်အရှင်မူနဲ့ အတူသွားခဲ့တဲ့ လူတွေ ဘာဖြစ်သွားလဲ”

ချင်မူ သက်ပြင်းချလိုက်သည်။ “ကောင်းကင်က ပါရမီရှင်တွေကို မနာလိုစမြဲ မဟုတ်လား... မဟာလေဟာနယ်မှာ အသက်ရှင်ကျန်ခဲ့တဲ့သူတွေက ယွင်မိသားစုရဲ့ ယွင်ချွီးရှို့နဲ့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တပည့်လျန်းဟွာဟွန်ပဲ ရှိပါတယ်.. ကျန်တဲ့သူတွေက မဟာလေဟာနယ်မှာ သေသွားကြပြီ”

“ကောင်းကင်ဓားမလော့ရော သေသွားပြီလား”

ချင်မူက ခေါင်းယမ်းကာ ပြောလိုက်၏။ “မဟာလေဟာနယ်ဆီ ရောက်သွားကတည်းက ကောင်းကင်ဓားမလော့နဲ့ အဆက်အသွယ် ပြတ်သွားတာပါ... သူ ဘယ်ရောက်နေလဲ ကျွန်တော် မသိဘူး”

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် သက်ပြင်းချနေစဉ် အရှိန်အဝါ နောက်တစ်ုခု ထွက်ပေါ်လာသည်။ ယခုတွင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ကောင်းကင်နတ်အရှင်ခုနစ်ယောက်က ထိန်းချုပ်နေချေပြီ။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ပြောသည်။ “ကောင်းကင်နတ်အရှင်မူ ရွှင်ပျော်ပျော်ကျေးရွာကို တကယ် ရှာမတွေ့ခဲ့တာလား”

ချင်မူ အလေးအနက် ဖြေလိုက်၏။ “အခုထိ မတွေ့သေးပါဘူး.. ဒါပေမဲ့ မဟာလေဟာနယ်ရဲ့ မြေပြင်မှာ လျှောက်သွားခဲ့ပြီး မြေပုံတစ်ခု ဆွဲထားခဲ့ပါတယ်”

“ပြပါ”

ချင်မူ မြေပုံထုတ်လိုက်သည့်အခါ နတ်ဘုရားမတစ်ပါးက လက်ခံရန် ထွက်လာသည်။ ထို့နောက် သူမကတစ်ဆင့် ရှေးဟောင်းနတ်ဧကရာဇ်ဆီ ဆက်သလိုက်၏။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က မြေပုံကို ဖွင့်ကြည့်ရင်း တိတ်ဆိတ်နေသည်။

ရုတ်တရက် ရှစ်ခုမြောက်အရှိန်အဝါကလည်း ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ မဟာလေဟာနယ်၏ မြေပုံအား ကြည့်နေသည်။

ချင်မူ့မျက်ဝန်းများ လှုပ်ခတ်သွား၏။ သူက ရုတ်တရက် ထပြောလိုက်သည်။ “မဟာဧကရာဇ်က ကောင်းကင်နတ်ဘုံမှာလို့ ကျွန်တော် သံသယဝင်မိတယ်... ကောင်းကင်နတ်အရှင်တွေကြားမှာတောင် သူ ပုန်းနေနိုင်တယ်”

ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါများ ရုတ်ခြည်းဆိုသလို ယောက်ယက်ခတ်သွားသည်။ သူ့ဆံပင်များ ထောင်မတ်သွားပြီး အင်္ကျီလက်အိုးများ လှုပ်ခတ်သွား၏။ သူ့ခေါင်းနောက်ရှိ ရောင်ခြည်တော်များလည်း လျင်မြန်စွာ လှည့်ပတ်သွားသည်။

ချင်မူက ဤအရာအားလုံးကို ပြုံးလျက် ကြည့်နေသည်။ ဤအချိန်တွင် ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နတ်အရှင်ရှစ်ယောက်ကား တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြချေပြီ။

All Chapters