← Chapters

အပြောင်းအလဲမရှိ

Vol. 77 Ch. 1003

အပြောင်းအလဲမရှိ

Vol. 77 Ch. 1003

ကောင်းကင်နတ်အရှင်ချန်းက နူးညံ့ချိုသာစွာ ပြောသည်။ “ဧကရာဇ်၊ ကျွန်မနေရာဆီ သွားချင်လား”

ချင်မူ့မျက်ဝန်းများ လှုပ်ခတ်သွား၏။ သူက ခေါင်းတခါခါဖြင့် ရှေ့လျှောက်သွားကာ ငြင်းသည်။ “ကိုယ်တော် ပင်ပန်းနေလို့ မဟာအားဖြည့်ဆောင်မှာ သွားနားတော့မယ်... မိဖုရားရဲ့ နေရာဆီ နောက်ရက်မှပဲ လာပါတော့မယ်”

နတ်အရှင်မချန်းသည် သူ့လက်ဝါးထက်သို့ ပျံသန်းလာကာ ကောင်းကင်နတ်ဧကရာဇ်၏ မျက်နှာအား မော့ကြည့်၏။ သူမက နှစ်လို့ဖွယ်ကောင်းစွာ ပြုံးလိုက်လေသည်။ “ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာ သေဆုံးသွားကတည်းက ကျွန်မတို့ ကောင်းကင်နတ်အရှင်ဆယ်ယောက်ကြား စိတ်ဝမ်းကွဲသထက် ကွဲလာခဲ့တယ်... ဒီတိုင်း ဆက်သွားရင် မကောင်းတော့ဘူး.... ကောင်းကင်နတ်အရှင်မူ ပြောခဲ့တာကို ရှင် တကယ် ယုံလို့လား”

‘သူက ငါ့ကို ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲက တစ်ယောက်လို့ ထင်နေတာပဲ... ကောင်းကင်နတ်အရှင်မူမှန်း မသိဘူး’

ချင်မူ ရင်တဒိန်းဒိန်း ခုန်နေသော်လည်း ရှေ့ဆက်လျှောက်သွားရင်း ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “အကြောင်းရှိလို့ အကျိုးဖြစ်လာတာပါ... ကောင်းကင်နတ်အရှင်မူမှာ ဉာဏ်နီဉာဏ်နက်တွေ ပြည့်နေတာမလို့ အပြည့်အဝ ယုံကြည်လို့မရမှန်း သိတယ်... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ရှုနဲ့ ကောင်းကင်နတ်ဟွေ့ ပြန်ရောက်လာတော့မှာဆိုတော့ သူ လိမ်နေတာဟုတ်မဟုတ် သိရအောင် သူတို့ကို မေးရမယ်”

နတ်အရှင်မချန်းသည် မျက်ခုံးများ ပင့်တက်သွားပြီး ခပ်တိုးတိုး မေး၏။ “ဒါဖြင့် မဟာဧကရာဇ်က ဘယ်သူဖြစ်မယ် ထင်လဲ”

ချင်မူ မေးလိုက်မိသည်။ “ကောင်းကင်နတ်အရှင်ချန်း၊ ကျုပ်ကို သွေးတိုးစမ်းနေတာလား”

နတ်အရှင်မချန်းသည် သူ့လက်ဝါးပေါ်တွင် ဘေးစောင်းလှဲချလိုက်ရာ သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းများက ထင်းလင်းမြင်သာစွာ ပေါလွင်လာသည်။ “ကောင်းကင်မဟာမိတ်အဖွဲ့သားအားလုံး ယောက်ယက်ခတ်နေကြတယ်... ကောင်းကင်နတ်အရှင်အားလုံး တစ်ယောက်ကိုတစ်ယောက် သံသယဝင်နေကြတယ်... ရှေးဟောင်းနတ်ဘုရားတွေကို အပြီးတိုင် မနှိမ်နင်းရသေးခင် မဟာဧကရာဇ်ကိစ္စက ပေါ်လာပြန်တယ်.. ချင်ယဲ့ဆိုတဲ့ သူခိုးကလည်း ရွှင်ပျော်ပျော်ကျေးရွာရဲ့ အမှောင်ထုထဲကနေ ချောင်းနေတယ်... ကောင်းကင်နတ်ဘုံ ရှင်သန်မလား ၊ သေဆုံးမလား ဆိုတာက ဒီအခိုက်အတန့်နဲ့ သက်ဆိုင်သွားပြီ... ကောင်းကင်နတ်ဘုံဟာ တောင့်တင်းခိုင်မာပုံရပေမယ့် အားနည်းချက်တွေလည်း ရှိတာကြောင့် ကျွန်မ စိုးရိမ်မိတယ်.... စိတ်တူကိုယ်တူ မိတ်ဆွေတစ်ယောက်နဲ့ မဟာမိတ်ဖွဲ့ချင်လို့ပါ”

“အဲဒီမိတ်ဆွေက ကျုပ် မဟုတ်ဘူး”

ချင်မူက အေးစက်စက် ရယ်လိုက်သည်။ “ခင်ဗျား လူမှားသွားပြီ ကောင်းကင်နတ်အရှင်ချန်း.... ကျုပ် ခင်‌ဗျားကို တစ်စက်မှ မယုံဘူး... ခင်ဗျားရဲ့ ဇစ်မြစ်က ထူးဆန်းတယ်... ဒါကြောင့် ခင်ဗျားက မဟာဧကရာဇ် ဖြစ်နိုင်ခြေအများဆုံးပဲ”

နတ်အရှင်မချန်းက အေးစက်စက် နှာခေါင်းရှုံ့၍ ပြန်ထကာ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအား ရပ်တန့်သွားအောင် ဖိအားပေးလိုက်သည်။

ချင်မူ မျက်ခုံးများ ပင့်လိုက်ကာ ခပ်မာမာ မေးလိုက်၏။ “ကောင်းကင်နတ်အရှင်ချန်း၊ ခင်ဗျား မိတ်ဆွေရှာနေတာလား... ရန်သူ ရှာနေတာလား... ခင်ဗျား တကယ်ပဲ ကျုပ်နဲ့ ရန်သူ ဖြစ်ချင်တာလား”

နတ်အရှင်မချန်းသည် ပြုံးလျက် သူ့လက်ဝါးပေါ်မှ ပျံထွက်သွားကာ လှမ်းပြော၏။ “ကျွန်မကလည်း ကောင်းကင်နတ်အရှင်တစ်ယောက်ပါ... ရှင့်ထက်တော့ အားမနည်းပါဘူး... ရှင် ကျွန်မနဲ့ ပူးပေါင်းချင်ရင် ရှင့်ကို ကျွန်မ အခွင့်အရေးပေးမယ်”

ချင်မူမှာ သူမထွက်သွားမှ ရင်ဘတ်ထဲက အလုံးကြီးကျသွားပြီး မဟာအားဖြည့်ခန်းမသို့ ဆက်လက်လျှောက်သွားရင်း တွေးနေသည်။ ‘သောက်ချီးတဲ့မှ... ကောင်းကင်နတ်အရှင်ဆယ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် သံသယဝင်နေကြပေမယ့် တိုးတိုးတိတ်တိတ် မဟာမိတ်ဖွဲ့နေကြတယ်... အခု နတ်အရှင်မချန်းက ငါ့ဆီ လာတယ်ဆိုတော့ တခြားကောင်းကင်နတ်အရှင်တွေလည်း လာမှာပဲ... ငါ အခုတော့ လွတ်သွားပေမယ့် နောက်လည်း လွတ်မယ် မပြောနိုင်ဘူး... ဒီရုပ်ခန္ဓာထဲက မြန်မြန်ထွက်မှ”

သူက နံ့သာခန်းမသို့လည်း မသွားတော့သလို၊ ဖန်ဆင်းဂိုဏ်းချုပ်နန်းဆောင်သို့လည်း မသွားတော့ပေ။ ကျန်ကောင်းကင်နတ်အရှင်များ ရှာမတွေ့ခင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲမှ ထွက်သွားချင်သည့်စိတ်သာ ရှိသည်။

သူသည် ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှ တစ်ယောက် မဟုတ်သည် မဟုတ်ပါလော။

သူ မဟာအားဖြည့်ခန်းမအနား ရောက်တော့မည့်အချိန် အသံတစ်သံ ထွက်လာသည်။ “ဘယ်က ပြန်လာတာလဲ ဧကရာဇ်”

ချင်မူ ရပ်တန့်လိုက်၏။ သူ့မှာ ထိတ်လန့်နေသော်လည်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “အရှင်မန်ပါလား.... ကိုယ်တော် အရှင်မချန်းရဲ့ နေရာက ခုပဲ ပြန်လာတာပါ”

မေးလိုက်သူမှာ နတ်အရှင်မယန်၊ ကောင်ကင်နတ်အရှင်ဆယ်ယောက်ထဲမှ ကောင်းကင်နတ်အရှင်ယန် ဖြစ်သည်။ သူမသည် တင့်တယ်ခံ့ညားသော အဟန့်အထည် ရှိပြီး အဖြူရောင်ကြောင်တစ်ကောင်က သူမနှင့်အတူ ရှိနေ၏။ သူမကို ခစားနေသည့် နန်းတွင်းသူများက ဆယ်ယောက်ကျော် ရှိလေသည်။

ကြောင်ဖြူ၏ အမွှေးများသည် နှင်းသဖွယ် ဖြူဆွတ်နေ၏။ ကြောင်က သူမ၏ရင်ခွင်ထဲတွင် မျက်ခုံးများမှေးစင်းလျက် ပျင်းရိပျင်းတွဲ မှိန်းနေပြီးနောက် ချင်မူ့ဆီ လှမ်းကြည့်သည်။

နတ်အရှင်မလန်က စိတ်ကောက်သွားသည့်အလား ပြောသည်။ “ရှင် ကျွန်မကိုကျ လျစ်လျူရှုထားပြီး အစ်မတော်ချန်းဆီ သွားတယ်ပေါ့... “

ချင်မူ ခေါင်းကိုက်လာသည်။

နတ်အရှင်မလန်သည် မျှော်လင့်ချက်များဖြင့် နူးညံ့ချိုသာစွာ မေးလေ၏။ “ဧကရာဇ်၊ ကျွန်မရဲ့ ထာဝရပျော်ရွှင်နန်းဆောင်က ဒီနားလေးမှာပဲ... သွားချင်လား”

သူမရင်ခွင်ထဲရှိ ကြောင်က အနီရောင်လျှာကို ထုတ်၍ ခြေဖဝါးအပေါ်ရှိ အမွှေးများကို လျက်နေသည်။ ထို့နောက် ချင်မူ့အား လှမ်းကြည့်ကာ ညောင်ဟု အော်ရင်း နတ်အရှင်လန်၏ ရင်သားကြားထဲ တိုးဝှေ့နေ၏။

ချင်မူ ချီတုံချတုံဖြင့် ပြောလိုက်သည်။ “ကိုယ်တော် အားဖြည့်ဖို့ မဟာအားဖြည့်ခန်းမဆီ သွားရဦးမယ်... မလိုက်တော့ပါဘူး ကျေးဇူးပါပဲ”

နတ်အရှင်မလန်က ပြုံးသည်။ “ဧကရာဇ်၊ ကျွန်မကြောင့် အားမပြည့်သွားဘူးလား”

ချင်မူ အံ့အားသင့်သွားသည်။ ‘ဒါဆို ငါ့ကို မဟာအားဖြည့်ခန်းမဆီ ဆင့်ခေါ်ခဲ့တဲ့ တစ်ယောက်က နတ်အရှင်မလန်ပေါ့... ဒီကောင်းကင်နတ်အရှင် ငါ့ကို ဆင့်ခေါ်ပေးပြီးတော့မှ ကျန်တဲ့လူတွေက မဟာလေဟာနယ်နဲ့ ရွှင်ပျော်ပျော်ကျေးရွာအကြောင်း ငါ့ မေးကြာတာ... သူက တခြားကောင်းကင်နတ်အရှင်တွေထက် သတင်းရတာ ပိုမြန်တာပေါ့’

နတ်အရှင်မလန်သည် သူ၏ခြေထောက်ကို ကြည့်၍ သွေးစွန်းနေသည်ကို မြင်လျှင် ပြုံးကာ ပြော၏။ “အစ်မတော်ချန်းရဲ့ နေရာဆီ သွားပြီးတော့ ဒီလောက် သွေးသံရဲရဲ ဖြစ်လာတယ်လား... တကယ် ကိုယ့်ကိုယ်ကို အားဖြည့်ဖို့ လိုနေတာပဲ... သူ အဲဒီလိုကြမ်းတမ်းလိမ့်မယ် ကျွန်မ မထင်ထားဘူး... ကျွန်မ ဧကရာဇ်ကို မနှောင့်ယှက်တော့ပါဘူး”

ချင်မူ တဟားဟား ရယ်ကာ ပြောလိုက်သည်။ “မပူပါနဲ့ ... ကိုယ်တော် မင်းရဲ့ နေရာဆီ ရက်အနည်းငယ်နေရင် လာခဲ့ပါမယ်” ပြောပြီးသည်နှင့် သူက မဟာအားဖြည့်ခန်းမဆီ ဆက်လျှောက်သွားသည်။

နတ်အရှင်မလန်က သူ ထွက်သွားသည်ကို ကြည့်ရင်း ပြုံးနေသည်။ “ဒီလူက ငါ့ကို လှည့်စားရဲတဲ့အထိ သတ္တိကောင်းတာပဲ.. ရှောင်ချီ၊ သူ့ကိုယ်ထဲမှာ ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲက ဘယ်တစ်ယောက် ပုန်းနေတာလဲ... သူ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ ရှေးဟောင်းမြေမှာ ဘာလုပ်နေတာလဲ ငါ သိချင်တယ်”

ကြောင်ဖြူသည် သူ့အပေါ်မှ ခုန်ချပြီး လမ်းလျှောက်၏။ ကြောင်တစ်ကောင် ဖြစ်သော်လည်း ၎င်းလမ်းလျှောက်နေသော ပုံစံက တင့်တယ်ကြော့ရှင်းနေသည်။

ရှောင်ချီဆိုသော ကြောင်က ပြောသည်။ “သူက ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲက တစ်ယောက် မဟုတ်ဘူး... သူ့ကို တစ်ခါမှ မမြင်ဖူးတော့ ဘယ်သူမှန်း မပြောတတ်ဘူး ဖြစ်နေတယ်... ဒါပေမဲ့ သူ့ကို ထပ်တွေ့ရရင် ပြောနိုင်လိမ့်မယ်”

နတ်အရှင်မလန်မှာ မျက်တောင်ပုတ်ခတ်ရင်း တွေးနေသည်။ ‘ကောင်းကင်နတ်အရှင်မူများလား... ဒါပေမယ့် သူမှ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို မထိန်းချုပ်နိုင်တာ... သူ မဟုတ်ရင် ဘယ်သူ ဖြစ်မလဲ’

ကြောင်ဖြူ၏ ခန္ဓာကိုယ်သည် ကြီးမားလာပြီး ရုတ်တရက် ငွေရောင်ချပ်ဝတ်၊ အဖြူရောင်ဝတ်ရုံနှင့် လူသားစစ်သူကြီးတစ်ယောက်အသွင် ပြောင်းလဲသွား၏။ သူကား ခံ့ညား‌ချောမောလှချေသည်။ “ကျွန်တာ် သူ့နောက် လိုက်သွားပြီး ဘယ်သူလဲ ကြည့်လိုက်မယ်”

နတ်အရှင်မလန်က လက်ကို ဆန့်ထုတ်ကာ ပြုံးလိုက်သည်။ “ဒီလူက ပုံမှန်မဟုတ်ဘူး... ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို မောင်းနှင်နိုင်တဲ့သူတွေက သန်မာအားကောင်းတယ်... မင်း သူ့နောက် လိုက်သွားရင် အန္တရာယ်များလိမ့်မယ်.... လာပါ ရင်ခွင်ထဲ ပြန်လာ”

ချောမောခံ့ညားသော စစ်သူကြီးသည် ကြောင်ဖြူလေးအဖြစ် သူမရင်ခွင်ထဲ ပြန်လည်ပြေးသွား၏။ သူက သူမရင်ခွင်ထဲတွင် ကွေးလျက် ပျင်းရိပျင်းတွဲ အိပ်နေတော့သည်။

နောက်ဆုံးတော့ ချင်မူ မဟာအားဖြည့်ခန်းမသို့ ရောက်သွားပြီး ဝင်လိုက်လျှင်ချင်း လက်နှစ်ဖက် ကျောနောက်ပစ်လျက် သူ့အား စောင့်နေသော ကောင်းကင်နတ်အရှင်ဟောင်အား မြင်လိုက်ရသည်။

ချင်မူ ရင်ထဲ ထိတ်သွားသည်။ သူက ကောင်းကင်နတ်အရှင်ဟောင်ကို အဖက်မလုပ်ဘဲ ဘေးမှ ဖြတ်လျှောက်သွား၏။ သူ့အသွင်မှာ တည်ငြိမ်နေသယောင် ထင်ရသော်လည်း သူ့နှလုံးသားမှာ ရင်ဘတ်ထဲမှ ပေါက်ထွက်တော့မည့်အလား တဒိန်းဒိန်း ခုန်နေချေသည်။

ချင်မူက တည်ငြိမ်အေးဆေးစွာ ထိုင်ချရင်း မေးလိုက်သည်။ “ဘာလာလုပ်တာလဲ ကောင်းကင်နတ်အရှင်ဟောင်”

ကောင်းကင်နတ်အရှင်ဟောင်သည် မော့ကြည့်ပြီး ခပ်မာမာ ပြော၏။ “မင်ရက မင်းကို လာရှာလို့ မင်းက သူ့ကို ရှေးဟောင်းမြေဆီ ခေါ်သွားတယ် ကြားတယ်... မင်းတို့နှစ်ယောက်လုံး အတော်ကြာမှ ပြန်ထွက်လာတာဆိုတော့ ဘာလုပ်နေကြတာလဲ”

‘မင်ရ ဟုတ်လား’

ချင်မူ မှင်သက်သွားကာ ပြုံးလိုက်သည်။ ‘မင်ရက အရှေ့နန်းတော်ရဲ့ အိမ်ရှေ့မင်းသား နာမည် ဖြစ်လိမ့်မယ်.. အခုတော့ သူ့နာမည်ကို ငါ သိပြီ’

သူက အေးအေးလူလူ ပြန်ဖြေ၏။ “အိမ်ရှေ့မင်းသားက မင်ရက ကောင်းကင်နတ်ဧကရာဇ်ရဲ့ မျိုးဆက်ပဲ... သူ့မှာ ရှေးဟောင်းမြေဆီ သွားပိုင်ခွင့် ရှိတယ်... ကောင်းကင်နတ်အရှင်ဟောင်၊ ငါတို့နှစ်ယောက်လုံးက ကောင်းကင်နတ်အရှင်တွေပါ... ငါက မင်းဆီ ဖြစ်ကြောင်းကုန်စင် တင်ပြနေရမှာလား”

ကောင်းကင်နတ်အရှင်ဟောင်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ “မင်းတို့တွေ ငါ့အကူအညီပါလို့သာ ဒီလိုနေရာအထိ ရောက်လာတာ မမေ့နဲ့... မင်းတို့ထဲက ဘယ်တစ်ယောက်က ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်လင်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့ကို တိုက်ခိုက်နိုင်လို့လဲ.. ငါ့ကြောင့်သာ မင်းတို့အားလုံး ကောင်းကင်နတ်အရှင်အဖြစ် နေရာရလာပြီး အခုလို အာဏာတွေ ရှိလာကြတာကွ”

ချင်မူ ပြုံးလိုက်သည်။ “မင်းကြောင့်ပဲ မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်လာတာ မဟုတ်လား.... ကောင်းကင်နတ်အရှင်ဟောင်၊ မင်းက အင်အားကြီးကောင်း အင်အားကြီးပေမယ့် ငါက မင်းရဲ့ အစေခံ မဟုတ်ဘူး... ငါ့ကို အဲဒီလို အထက်စီးက လာမ‌ဟောက်နဲ့”

ကောင်းကင်နတ်အရှင်ဟောင်က လက်သီးတင်းတင်း ဆုပ်လျက် သူ့ကို စိုက်ကြည့်နေသည်။ ချင်မူမှာ ကြောက်စိတ်ကို မနည်းတွန်းလှန်၍ သူ့အား ပြန်စိုက်ကြည့်နေရ၏။

ကောင်းကင်နတ်အရှင်ဟောင်က လက်သီးဆုပ်ကို ပြန်ဖြေကာ ခပ်ပြတ်ပြတ် ပြောသည်။ “မဟာဧကရာဇ်က ငါတို့ကြားမှာ ရှိနေတယ်လို့ ချင်မူ ပြောခဲ့တာ ယုံလား.... သူက ငါတို့ အချင်းချင်း တိုက်ခိုက်ရအောင် သွေးခွဲနေတာ... သူ မဟာလေဟာနယ်ထဲက လွတ်မြောက်လာတာ မထင်မှတ်ထားစရာ ကောင်းပေမယ့် သူက မှန်ကန်နေတဲ့လူ မဟုတ်ဘူး... ငါတို့ မသိအောင် လျှိုထားတာတွေ အများကြီးပဲ”

ချင်မူ ကောင်းကင်နတ်ဧကရာဇ်ကို ပလ္လင်ကို မှီထိုင်လိုက်ပြီး ပျင်းရိပျင်းတွဲ တုံ့ပြန်လိုက်၏။ “သူက တကယ် မှန်ကန်နေတဲ့လူ မဟုတ်ပေမယ့် မကြာခင် ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှု ပြန်လာတော့မှာ မဟုတ်လား... သူတို့ ပြန်ရောက်ရင် ချင်မူ့စကားက တကယ်ဟုတ်မဟုတ် သိရလိမ့်မယ်”

ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်သည် ကောင်းကင်နတ်ဧကရာဇ်၏ ခြေထောက်ပေါ်ရှိ ဒဏ်ရာများအား မြင်သွား၏။ သူက မျက်မှောင်ကြုတ်ကာ မေးသည်။ “မင်း အိမ်ရှေ့မင်းသားမင်ရကို ခေါ်သွာပြီး သူ့သွေးနဲ့ ရှေးဟောင်းမြေထဲက အဖိုးထိုက်ရတနာတွေ ယူခဲ့တာလား... အဲဒါတွေက ငါ့အပိုင်၊ ငါ့မိသားစုအပိုင်တွေကွ... မင်း ယူလို့ မရဘူး”

ချင်မူက စနောက်သလို ပြောလိုက်သည်။ “မင်းက အိမ်ရှေ့မင်းသားမင်ရနဲ့ ပတ်သက်ပြီး တော်တော်လေး စိုးရိမ်နေပုံပေါ်တယ်... မင်းတို့ပတ်သက်မှုက ညီအစ်ကိုတွေထက် ပိုလောက်မယ်”

ကောင်းကင်နတ်အရှင်ဟောင်က အင်္ကျီလက်အိုးများကို ခါကာ ထွက်သွားသည်။ သူ့အသံသည် အဝေးမှ ပျံ့လွင့်လာ၏။ “မင်း ဒီခန္ဓာကိုယ်ကို ပြုပြင်ထားတာ ကောင်းမယ်... ပြီးတော့ အိမ်ရှေ့မင်းသားမင်ရကလည်း ငါ့ညီအစ်ကိုပဲ... မင်း သူ့ကို တစ်ခုခုလုပ်ရင် မင်းက ဘယ်ကောင်းကင်နတ်အရှင်ပဲ ဖြစ်နေပါစေ ငါ မင်းကို သတ်ပစ်မယ်”

ချင်မူလည်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သော်လည်း သူ ထွက်သွားသည့်အခါမှ စိတ်အေးသွား၏။ သူက ဧကရာဇ်ပလ္လင်ထက်တွင် ငေးငိုင်လျက်သား ထိုင်နေသည်။

‘ကောင်းကင်နတ်အရှင်ဟောင်နဲ့ အိမ်ရှေ့မင်းသားမင်ရရဲ့ ပတ်သက်မှုက မူမမှန်ဘူး... သူ့ညီမဟုတ်ဘဲ သူ့သားလို သဘောထားနေတဲ့အတိုင်းပဲ’

ကောင်းကင်နတ်ဧကရာဇ်၏ နဖူးသည် ကွဲထွက်သွားပြီး ချင်မူ ပျံထွက်လာ၏။ ‘တော်ဝင်မိသားစုရဲ့ ပတ်သက်မှုတွေက ပရမ်းပတာတွေပဲ... ငါ ဒီရုပ်ခန္ဓာထဲမှာ ထပ်နေလို့ မဖြစ်ဘူး... ဒီမဟာအားဖြည့်ခန်းမကလည်း အမြန်ဆုံး ထွက်သွားရမယ်’

ချင်မူက ခန္ဓာကိုယ်ကို လှုပ်ခါကာ နန်းတွင်းသူတစ်ယောက်အသွင်ဖြင့် ခန်းမအပြင် ထွက်လိုက်သည်။

အပြင်ရောက်သည်နှင့် သူ့ဆီ လျှောက်လာသော ကောင်းကင်နတ်အရှင်ဟုန်အား မြင်လိုက်ရ၏။ သူက အလွန်ကြီးမားသေ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

သူက လျော့တိလျော့ရိ အင်္ကျီလက်အိုးများ ရှိသည့် အဖြူရောင်ဝတ်ရုံနှင့် အကြီးအကဲတစ်ယောက်အလား ထင်ရ၏။ သူ၏မုတ်ဆိတ်မွှေးများလည်း ဖြူဆွတ်နေပြီး သူ၏အသွင်အပြင်မှာ ကြင်နာတတ်သောဟန်ပင် ထင်ဟပ်နေသည်။

“ကလေးမ၊ ဧကရာဇ် အထဲမှာလား” ကောင်းကင်နတ်အရှင်ဟုန်က ပြုံးနေသည်။

“မှန်လှပါ.. အထဲမှာ ရှိပါသေးတယ်ရှင့်” ချင်မူ ရိုရိုးကျိုးကျိုး ဖြေလိုက်ရင်း ခပ်သုတ်သုတ် ထွက်လာကာ စင်္ကြံလမ်း၏ တစ်ဖက်သို့ ရောက်လျှင် မြွေအသွင် ပြောင်းလိုက်သည်။ မြွေက အရှေ့ထဲ ချုံပစ်ထဲမှတစ်ဆင့် ရေထဲ ဆင်းသွားရင်း ခွန်ကြီးအသွင်ဖြင့် မိဖုရားဆောင်ဆီ စီးဆင်းနေသော မြစ်နှင့် အပြိုင်ကူးခတ်သွား၏။

သူ ဆက်လက်ကူးခတ်လာရင်း တော်ဝင်ပန်းခြံသို့ ရောက်သည့်အခါ အစိမ်းရောင်အခိုးအငွေ့များ ဖြစ်သွားသည်။ ကမ်းစပ်သို့ ရောက်သည့်အချိန်တွင် ကြောင်တစ်ကောင်အသွင်ဖြင့် သစ်ပင်နောက်သို့ ပြေးသွား၏။ ထို့နောက် နန်း‌တောင်တံတိုင်းများတစ်လျှောက် လမ်းလျှောက်သွားရင်း ခန်းမများကို ခုန်ကျော်သွားသည်။

မကြာမီ ကြောင်လေးချင်မူသည် တံတိုင်းအောက်ရှိ အရိပ်ထဲသို့ ခုန်ဆင်းလိုက်၏။

သူက အနက်ရောင်အရိပ်အသွင်ဖြင့် မြေပြင်တွင် ဖြတ်ပြေးသွားပြီး ကျောက်စိမ်းမြို့တော်အပြင်နားရှိ သူ၏ နေအိမ်ဆီ ရောက်သည့်အခါမှ အရိပ်ထဲမှ ထွက်လာသည်။

မဟာအားဖြည့်ခန်းမထဲတွင် ကောင်းကင်နတ်အရှင်ဟုန်မှာ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ကြည့်ရင်း မှုပ်ကုပ်နေသည်။ ဤရုပ်ခန္ဓာ၏ ခြေထောက်တွင် ဒဏ်ရာများ ပြည့်နှက်နေသဖြင့် သူက ခေါင်းယမ်းလိုက်သည်။ ‘ဒီကောင်တွေကတော့ ဘယ်လိုကောင်း‌ကောင်းမွန်မွန် ပြုမူသင့်မှန်း မသိကြဘူး... ဒီခန္ဓာကိုယ်က ကောင်းကင်နတ်ဘုံရဲ့ မျက်နှာပဲလေ... ဘယ်သူက ဒီရုပ်ခန္ဓာကို ရှေးဟောင်းမြေဆီ မောင်းနှင်သွားတာလဲ... နေဦး စောစောက နန်းတွင်းသူက ထူးဆန်းတယ်... ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို စောင့်ရှောက်နေတာက နန်းတွင်းသူတစ်ယောက်ထဲမှ မရှိနိုင်တာ”

သူ့အသိစိတ်အလျဉ်သည် ဖြာထွက်သွားပြီး မဟာအားဖြည့်ခန်းမပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်ကာ သဲလွန်စများ လိုက်ရှာတော့၏။ သူ့အသိစိတ်အလျဉ်က သန်မာအားကောင်းသောကြောင့် အတော်လေး ဂယက်ရိုက်သွားစေသည်။ ချက်ချင်းဆိုသလို ကျန်အသိစိတ်အလျဉ်များလည်း အဝေးမှ ရောက်ရှိလာကာ သူ့အသိစိတ်အလျဉ်နှင့် ဝင်တိုက်သွားကြသည်။

မဟာအားဖြည့်ခန်းမပတ်ဝန်းကျင်တွင် မိုးကြိုးလျှပ်စီးများ ပွင့်ထွက်သွား၏။ ကောင်းကင်နတ်အရှင်မတို့၏ အသိစိတ်အလျဉ်အချင်းချင်း ပွတ်တိုက်သွားမှုကြောင့် ထိုသို့ ဖြစ်သွားခြင်းပင်။

ကောင်းကင်နတ်အရှင်ဟုန်က အသိစိတ်အလျဉ်ကို ရုတ်သိမ်း၍ ရယ်လိုက်သည်။ “တာအိုမိတ်ဆွေတို့၊ ငါက မဟာဧကရာဇ်လို့ ထင်နေကြတာလား.. ဘာလို့ ဒီလို နည်းလမ်းနဲ့ စမ်းသပ်ကြတာလဲ.. ငါတို့က အမြဲတမ်း ညီအစ်ကိုမောင်နှမတွေပါ... ဘယ်တုန်းက တစ်ယောက်ကို တစ်ယောက် သံသယဝင်ပြီး စိတ်ဝမ်းကွဲကုန်ကြတာလဲ”

လေထဲရှိ အသိစိတ်အလျဉ်များ ပြိုကွဲသွားကာ ပြန်လည်တည်ငြိမ်သွား၏။

ကောင်းကင်နတ်အရှင်ဟုန်မှာ မျက်မှောင်ကြုတ်လျက် တွေးနေသည်။ ‘စောစောက သံသယဝင်စရာ နန်းတွင်းသူ သူတို့ကြောင့် လွတ်သွားပြီ... သူက ရုပ်ခန္ဓာကို ရှေးဟောင်းမြေဆီ မောင်းနှင်သွားတဲ့ တစ်ယောက်ပဲ... သူ ခိုးကြောင်ခိုးဝှက်ဖြစ်နေတာက ရှေးဟောင်းမြေ....”

သူက မဟာအားဖြည့်ခန်းမမှ ကပျာကယာ ထွက်ပြီး ကောင်းကင်နတ်ဧကရာဇ် မွေးဖွားရာနေရာဆီ ပျံသန်းသွားသည်။

ကောင်းကင်နတ်အရှင်ဟုန်မှာ ထိုနေရာသို့ ရောက်သည့်အခါ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ကုန်း၊ ကောင်းကင်နတ်အရှင်ချန်း၊ ကောင်းကင်နတ်အရှင်ယန်နှင့် ကျန်ရှိသူများလည်း ရောက်နှင့်နေကြောင်း မြင်လိုက်ရသည်။

သူတို့၏အမူအရာများသည် လေးနက်နေပြီး မဟာတာအို ခရမ်းရောင်အလင်းထဲသို့ ကြည့်နေကြ၏။ ဥခွံ၏ တစ်စိတ်တစ်ပိုင်းကား မရှိတော့ပေ။

“ဘယ်သူ ယူသွားတာလဲ”

ကောင်းကင်နတ်အရှင်ဟောင်က အေးစက်စက် မေးသည်။ “အခု ပြန်ပေးရင် ငါ ခွင့်လွှတ်ပေးမယ်”

All Chapters