← Chapters

သခင်အဆင့်ပစ္စည်းနှင့် ကျေးဇူးပြန်ဆပ်ခြင်း

Vol. 52 Ch. 1021

သခင်အဆင့်ပစ္စည်းနှင့် ကျေးဇူးပြန်ဆပ်ခြင်း

Vol. 52 Ch. 1021

သေချာပေါက်ပင် ပေထင်းဟွမ်သည် ရှေးသားရဲထိန်းဆိုသည်ကိုမသိပေ။ ရှေးသားရဲထိန်းသည် သခင်အဆင့်သားရဲများကို ထိန်းကျောင်းနိုင်သူဟုသာ သူမ တွေးခဲ့သည်။ သူမအတွက် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ခန္ဓာ ကိုယ်အတွင်းရှိနေသဖြင့် သခင်အဆင့်သားရဲမဆိုထားနှင့် မင်ကဲ့သို့သော အဆင့်မြင့်သားရဲဆိုလျှင်တောင် ထိန်းကျောင်းနိုင်သည်။

ရှေးသားရဲထိန်းလုပ်နိုင်သည့် တစ်စုံတစ်ရာကိုလုပ်နိုင်လျှင် သူမသည် ရှေးသားရဲထိန်းဖြစ်သည်။

“ညီအစ်ကို ဒီလူကသားရဲဆိုတာ သေချာရဲ့လား” ပေထင်းဟွမ်သည် မြေ ပေါ်မှ အနီရောင်ဝတ်ထားသည့် မိန်းကလေးကို စိုက်ကြည့်လေသည်။ သူမ၏ မျက်လုံးထဲတွင် ထိုမိန်းကလေးသည် လူတစ်ယောက်ပင်။

ရှီရှောင်မိုသည် ထိုစကားကိုကြားသောအခါ ရယ်မောလေသည်။ သူမသည် ထိုမိန်းကလေး၏ မေးရိုးကိုနင်းပြီး အချိန်မရွေးသတ်မိကာ နောင်တ ရသွားမည်ကို ကြောက်နေသည်။ “သူမက သန့်စင်တဲ့လိပ်မျိုးပဲ ကာကွယ်ရေး က အရမ်းသန်မာတာ၊ ငါ့လက်ထဲက လက်သည်းကို အဖေက တခြားကမ္ဘာက ဥက္ကာခဲနဲ့လုပ်ပေးထားတာ အဲဒါနဲ့တောင် သူမရဲ့ ကာကွယ်မှုကို မထိုးဖောက်နိုင် ဘူး၊ ဒီလိပ်ရဲ့ခွန်အားက သခင်အဆင့်ကိုရောက်နေပြီ၊ ပင်မခန္ဓာကိုယ်ရဲ့ တိုက်ခိုက်မှုစွမ်းအားကလည်း သန်မာတယ်၊ မင်းသာ သူမနဲ့စာချုပ် တည်ထောင်လိုက်ရင် ငါ့ကိုကယ်ခဲ့တဲ့ကျေးဇူးကို ပြန်ဆပ်ပြီးသားဖြစ်တာပေါ့”

ပေထင်းဟွမ်သည် မျက်ခုံးများကိုပင့်ကာ ရှီရှောင်မိုအား အပြုံးသဲ့သဲ့ဖြင့် ကြည့်လေသည်။ သူတို့သည် တခြားသူအပေါ်ကျေးဇူးကြွေးတင်သည်ကို မကြိုက်ကြပေ။ ထို့ကြောင့် ဤအရာသည် သူမအတွက် အလွန်လိုက်ဖက်သည့် အပေးအယူပင်။

ပေထင်းဟွမ်ပြောပြီးသည်နှင့် ဆောင့်ကြောင့်ထိုင်ကာ အနီရောင်ဝတ် ထားသောမိန်းကလေး၏ ဦးခေါင်းပေါ်သို့ လက်တင်လိုက်သည်။ ကစဥ့်ကလျား နတ်အရင်းအမြစ်နှင့်ရောယှက်ထားသည့် ကမ္ဘာဦးစွမ်းအင်လှိုင်းသည် သူမ၏ ဝိညာဉ်စွမ်းအင်ကို ရစ်ပတ်ကာ မြောက်ပိုင်းရေခဲလိပ်၏ ဝိညာဉ်ပင်လယ်ဆီသို့ ဦးတည်လေသည်။

ရှီရှောင်မိုသည် ခေတ္တမျှမှင်တက်မိသည်။ ပေထင်းဟွမ်၏ စကားလုံးများ သည် ဘာကြောင့် ထိုမျှထူးဆန်းနေသနည်း။ သူမ သိသွားပြီးနောက်တွင် ပေထင်းဟွမ်၏စကားများသည် သူမအသက်တန်ဖိုးမဲ့သည်ကို လှောင်ပြောင် နေခြင်းဖြစ်သည်။ သူမသည် ဒေါသထွက်လွန်းသဖြင့် ပေထင်းဟွမ်အား ကန် လိုက်ချင်မိသည်။

မျက်နှာဖုံးဝတ်ထားသည်မှာ ခိုးကြောင်ခိုးဝှက်နိုင်လှသည်။ သူမ၏ အသက်ကိုကယ်ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ရှီရှောင်မိုသည် သူမကို ကောင်း ကောင်းပညာပေးချင်သည်။

ရှီရှောင်မိုသည် နှုတ်ခမ်းဆူလေသည်။ သူမ ဘာကြောင့် သခင်အဆင့် သားရဲနှင့် ယှဉ်ရမည်နည်း။ သူမသည် ၃၃ ကောင်းကင်ဘုံမှ ဧကရာဇ်မို၏ မင်းသမီးဖြစ်သည်။ “ငါ့အမေကလွဲပြီး ဘယ်သူကမှ အဆင့်အတန်းမမြင့်ဘူးလို့ အဖေပြောဖူးတယ်၊ ငါ့အသက်ကိုကယ်မှတေ့ သခင်အဆင့်သားရဲနဲ့ ကျေးဇူးပြန် ဆပ်တာ မမှားပါဘူး”

ရှီရှောင်မိုသည် ပေထင်းဟွမ်နှင့် စကားမများရန် ဆုံးဖြတ်လိုက်သည် “သူ က တကယ်ကို ကောက်ကျစ်တဲ့မြေခွေးပဲ၊ စကားကို သွယ်ဝိုက်ပြောတာ၊ အမေ လောက်ကိုဆိုးတာပဲ”

သူမ၏အမေ စူးမိုသည် အချိန်တိုင်းပင် ဤနည်းလမ်းကိုသုံးပြီး သူမကို ကိုင်တွယ်ခဲ့သည်။ သူမသည် ထိုအရာကိုသိရန် အချိန်ယူရသည်။ သူမ၏ အမေ ဖြစ်သူသည် သူမကို အမြဲတမ်းကြိမ်းမောင်းခြ့သည်။

ရှီရှောင်မိုသည် မြေပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စိတ်ရှည်လက်ရှည်နှင့် စောင့်သည်။ ပေထင်းဟွမ် သခင်အဆင့်သားရဲကို ထိန်းကျောင်းသည်မှာ အနည်းဆုံး ညသန်းခေါင်ထိရောက်မည်ဟု သူမ ထင်ထားသည်။ သားရဲထိန်း လုပ်ငန်းစဉ်တွင် အမှားမလုပ်မိလျှင် သေသည်အထိမဖြစ်နိုင်ပေ။ ရှီရှောင်မို သည် တစ်ရေးအိပ်ချင်မိသည်။

ပေထင်းဟွမ်သည် အလွန်ပင် သတိထားသည်။ ထို့အပြင် တစ်ဖက်မှာ သခင်အဆင့်သားရဲဖြစ်သည်။ သူမသည် လက်ရှိတွင် ဓား ၃ လက်ဝိညာဉ်ဂိုဏ်း သာရှိရာ သူမနှင့် တစ်ဖက်ကြားမှ ကွာခြားမှုသည် မသိနိုင်ပေ။ သူမသည် ပေပင်း၏မျက်လုံးထဲမှ မလိုလားမှုနှင့် အထင်သေးမှုများကိုမြင်နေရသည်။ ရှီရှောင်မိုသာ သူမကို ချက်ချင်းစိုက်မကြည့်လိုက်လျှင် ပေပင်းသည် ထရပ်ပြီး ခုခံမည်ဖြစ်သည်။

နတ်ဘုရားပင်မဟုတ်သေးသည့် အားနည်းသောလူသားတစ်ယောက်ကို အဘယ်ကြောင့် သူမ၏သခင်ဖြစ် သတ်မှတ်နိုင်မည်နည်း။

သို့သော် ပေထင်းဟွမ်သည် ကောင်းကင်ပေါ်မှကျလာသည့် ဤမှော်သားရဲကို အနိုင်ယူရမည်။ သူမ အဆင့်တက်ခဲ့သည်မှာ မည်မျှကြာနေပြီ နည်း။ နတ်ဘုရားအဆင့်.. သူမသည် ဖြစ်နိုင်သလောက်မြန်မြန် နတ်ဘုရား အဆင့်ကိုတက်ရမည်။ ငွေလမြို့ကို ဝိညာဉ်နတ်ဘုရားမျိုးနွယ်မှ တမန်တော် များဖျက်ဆီးခဲ့သည်။ တာဝမြို့ကို ဝိညာဉ်နတ်ဘုရားမျိုးနွယ်မင်ဟုန်းမှ ဝိညာဉ် စွမ်းအင်နတ်အာရုံနှင့် ခြိမ်းခြောက်ခဲ့သည်။ ထိုအရာများသည် သူမကို ပိုသန်မာ လိုစိတ်ဖြစ်စေသည်။

းတောက်များကို တားရန်ကြိုးစားလေသည်။

All Chapters