ပြေးနိုင်သလောက်ဝေးဝေးပြေး
Vol. 52 Ch. 1022
နတ်ဘုရားအဆင့် ပေထင်းဟွမ်အတွက်တော့ ထိုအရာသည် အဆုံးသတ် မျဉ်းဖြစ်သည်။ သူမသည် လက်ရှိတယင် ဓား ၃ လက်ဝိညာဉ်ဂိုဏ်းအဆင့်သာ ရှိသေးသော်လည်း ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို ထိပီးသားဖြစ်သည်။ သူမ လိုအပ်နေသည်မှာ စွမ်းအားဖြစ်သည်။ သခင်အဆင့်သားရဲနှင့် စာချုပ် တည်ထောင်ခြင်းသည် ကြီးမားသောစွမ်းအားကို ရနိုင်ပြီး အဆင့်မြင့်ဓားဝိညာဉ် ဂိုဏ်းကိုဖြတ်ကျော်နိုင်သည်မှာ သံသယဝင်ဖွယ်ရာမရှိပေ။
ပေထင်းဟွမ်သည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကိုမမှီခိုဘဲ သခင် အဆင့် သားရဲကို ထိန်းကျောင်းနိုင်မည်ဟု မထင်ပေ။ နတ်ဘုရားအဆင့်သည် ဝိညာဉ်အဆင့်ကိုရောက်ပြီးနောက် ဝိညာဉ်စွမ်းအားကိုသာ ကျင့်ကြံကြသည်ဟု ယန်ယဲ့ပြောခဲ့သည်။ ထိုကဲ့သို့စွမ်းအားသည် သူမကဲ့သို့ ချီဝိညာဉ်ကိုကျင့်ကြံသူ နှင့် မယှဉ်နိုင်ပေ။
သူမ၏အကြောသည် ကြယ်စိမ်းများစွာနှင့် စီးဆင်းနေပြီး ထူထဲစွာပင် အကြောတစ်ခုလုံးကို ဖုံးအုပ်လေသည်။ သူမ၏ မူလစွမ်းအားကို ထုတ်ရင်းနှင့် ကစဥ့်ကလျားနတ်အရင်းအမြစ်သည်လည်း တစ်ဖက်လူ၏ ဝိညာဉ်ပင်လယ်ဆီ သို့ ရစ်ပတ်လေသည်။ ထိုအချိန်တွင် ပေပင်း စိတ်အားထက်သန်စွာ ခုခံနေ သည့် စိတ်စွမ်းအင်ကို ကစဥ့်ကလျားနတ်အရင်းအမြစ်၏ ရစ်ပတ်ခြင်းကိုခံရပြီး တစ်ချီမှပင် မခုခံလိုက်ရပေ။
“ဖန်ဆင်းရေးနတ်ဘုရားရဲ့ ကစဥ့်ကလျားနတ်အရင်းအမြစ်နဲ့ဆိုရင် ကမ္ဘာ ကြီးကိုထိန်းချုပ်နိုင်တယ်၊ သခင်အဆင့်သားရဲကိုမပြောနဲ့ အဲထက်မြင့်တဲ့ သားရဲဆိုရင်တောင် ငါ့အတွက်ပြဿနာမရှိဘူး” ပေထင်းဟွမ်သည် တိတ်တိတ် လေးဝမ်းသာမိသည်။ သို့သော် သူမ၏လက်ထဲမှ ထွက်နေသည့် ကစဥ့်ကလျား နတ်အရင်းအမြစ်သည် မရပ်တန့်သွားပေ။ ပေပင်းသည် မျက်လုံးပင်မဖွင့်နိုင် လောက်အောင် လေးလံနေပြီး စိတ်စွမ်းအင်အတားအဆီးတစ်ခုလုံးမှာ ပေထင်းဟွမ်၏ချိုးနှိမ်ခြင်းကိုခံလိုက်ရသည်။ သူမသည် တစ်ဖက်လူနှင့် စတင် တိုက်ခိုက်နေရတော့သည်။
ပေပင်း၏ခန္ဓာကိုယ်မှ ကြီးမားသောစွမ်းအင်ထွက်ပေါ်လာသည်။ ပေထင်းဟွမ်၏လက်နှင့် လက်မောင်းမှ အကြောတစ်လျှောက်မှတစ်ဆင့် ခန္ဓာ ကိုယ်ဆီသို့ သွားလေသည်။ ပေထင်းဟွမ်၏ခန္ဓာကိုယ်မှအကြောများသည် ပြဲလုမတတ်ပင်။ ထိုခံစားချက်သည် ပေထင်းဟွမ် မိုးကြိုးပစ်ခံလိုက်သည်နှင့် တူသည်။ ကံကောင်းစွာပင် သူမသည် မိုးကြိုးအပစ်ခံရဖူးသည်။ ကြီးမားသော စွမ်းအားထိုးဝင်လာချိန်တွင် ပေထင်းဟွမ်သည် ပျာသွားခြင်းမရှိဘဲ ပေါက်ကွဲ မည့်ခန္ဓာကိုယ်နာကျင်မှုကို သည်းခံကာ ထောက်ပံ့ရန် ရုန်းကန်နေရသည်။
ရှီရှောင်မိုသည် ပေထင်းဟွမ်၏ဘေးတွင်ရှိနေသည်။ တစ်စုံတစ်ရာ မှားယွင်းနေပြီဟု ခံစားရသဖြင့် သူမ၏ ငေးငိုင်သောမျက်လုံးများသည် လရောင်အောက်တွင် ပွင့်လာသည်။ ပေထင်းဟွမ်၏တစ်ကိုယ်လုံးတွင် ချွေးများဖြင့်ပြည့်နေပြီး သူမ၏ခန္ဓာကိုယ်မှ အင်္ကျီများတွင် ချွေးအေးများစိုရွဲနေ သည်ကို မြင်လိုက်ရသည်။ စွမ်းအားများဖောင်းပွတက်ပြီး လေရဟတ်များကဲ့သို့ တိုက်ခတ်လာသည်။ သူမ ထိုနေရာသို့သွားမည်အပြုတွင် အားကောင်းသော စွမ်းအားတစ်ခုမှ တွန်းကန်လေသည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် ကောင်းကင်ပေါ်မှကျလာပြီး သူတို့နှစ်ယောက်ကို လွှမ်းမိုးလေသည်။
“ဟေး ညီအစ်ကို အဆင်ပြေရဲ့လား” စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု ပြီးသည်နှင့် ရှီရှောင်မိုသည် ပေထင်းဟွမ်ဆီသွားရန် ဆုံးဖြတ်လိုက်သည်။ သူမ၏အကြံဆိုးကြောင့် ပေထင်းဟွမ် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သဖြင့် စိတ်မအေးနိုင်ဖြစ်နေသည် “အင်း မင်းတစ်ခုခုဖြစ်သွားရင် လက်စားမချေဘူး မလား ငါဘာလုပ်ရမလဲ”
ပေထင်းဟွမ်နှင့် ပေပင်းတို့သည် ကြီးစွာသောဆင်းရဲကိုခံနေရပြီး မိနစ် ပိုင်းအတွင်း သေသွားနိုင်သည်ကိုကြည့်ပြီး ရှီရှောင်မိုသည် စိုးရိမ်ကြီးစွာနှင့် ထခုန်ပြီး ချီဖေးနှင့် ချီလန်တို့ကိုအော်လေသည် “အစ်ကိုဖေး အစ်ကိုလန်၊ ဒီမှာ ဘာတွေလုပ်နေတာလဲ အဲဒီကွမ်ယန်းကို ဒီတစ်ခါမသတ်နိုင်ရင် နောက်တစ်ခါ မှ အတူသတ်ကြမယ် ဒီကိုလာမြန်မြန်”
ကွမ်ယန်းသည် ချီဖေးနှင့်ချီလန်တို့ ညီအစ်ကိုနှစ်ယောက်၏ ဖိအားကြောင့် ထွက်လမ်းမရှိတော့ပေ။ သူသည် သူ၏စွမ်းအားခန္ဓာကိုယ်ကို စတေးရန်ဟန်ပြင်လေသည်။ ကံကောင်းစွာပင် မင်းသမီးလေးသည် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းအကြောင်း ပြောနေသည်။ ထိုနှစ်ယောက် သည် သူ့အသက်ကိုမယူနိုင်ကြတော့ပေ။ သူတို့သည် ဓားရှည်ကိုပြန်ရုတ်က ရှီရှောင်မိုရှိရာဘက်သို့ ပြေးလေသည်။
ကွမ်ယန်းသည် ရူးရူးမိုက်မိုက်နှင့် ချောင်းမြောင်းတိုက်ခိုက်မည်မဟုတ် ပေ။ အကောင်းဆုံးအချိန်မှာ ကျော်လွန်သွားပြီဖြစ်သည်။ ဧကရာဇ်မို၏ သမီး တစ်ယောက်အနေနှင့် ဧကရာဇ်မိုသန့်စင်ထားသော အမြင့်ဆုံးလက်နက်ကို ကိုင်ဆောင်နိုင်သည်။ ရှီရှောင်မိုတွင် အသက်ကယ်နိုင်မည့် ပစ္စည်းများစွာရှိ၏။ သူသည် သူမကိုထပ်ပြီး ရန်မစချင်တော့ပေ။
ယခုအချိန်တွင် ပြေးနိုင်သလောက်မြန်မြန်ပြေးရမည်။