← Chapters

ဒီမိန်းကလေးက ယောက်ျားဖြစ်နေတာပဲ

Vol. 52 Ch. 1023

ဒီမိန်းကလေးက ယောက်ျားဖြစ်နေတာပဲ

Vol. 52 Ch. 1023

လူသုံးယောက်သည် ပေထင်းဟွမ်ကိုဝိုင်းလိုက်ကြသည်။ ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းသည် ထွက်ပေါ်လာပြီဖြစ်ကာ အထဲမှလူနှစ်ယောက်ကို လွှမ်းမိုးနေပြီဖြစ်သည်။ ငွေရောင်အလင်းတန်းမှဖြတ်ပြီး အထဲမှပေထင်းဟွမ်၏ သေသည်ထက်ပိုဆိုးသော နာကျင်မှုကိုမြင်နေရသည်။

“ငါဂရုမစိုက်တော့ဘူး ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုကယ်ဖို့ နည်းလမ်းရှာပေး ရမယ်” ရှီရှေင်မိုသည် စိတ်ပူပန်စွာနှင့် ထခုန်လေသည် “သူက ငါ ညီအစ်ကို အဖြစ်သတ်မှတ်ဖို့ဆုံးဖြတ်လိုက်တဲ့သူပဲ”

ချီလန်သည် ထိတ်လန့်သွားကာ အထဲမှပေထင်းဟွမ်ကို လက်ညှိုးထိုးပြ လေသည် “မင်း သူ့ကို ညီအစ်ကိုအဖြစ် သတ်မှတ်မယ်ဟုတ်လား၊ မင်းက ယောက်ျားလေးလို့ အထင်မှားနေတာလား”

“ငါ့ကို ဂရုမစိုက်နဲ့ ငါက ယောက်ျားလေးမဟုတ်ဘူးလို့ မင်းပြောရရင် မင်း ယောက်ျားလေးမဖြစ်အောင်လုပ်ပစ်လိုက်မယ်” ရှီရှောင်မိုသည် လုံးဝန်းသော မျက်လုံးများဖြင့် စိုက်ကြည့်ပြီး ချီလန်အား အားပါပါသတိပေးလေသည်။

ချီလန်သည် ကြောက်လန့်မှုကြောင့် တုန်သွားကာ ချီဖေးနောက်သို့ ပုန်း လေသည် “အစ်ကို ဒီမိန်းကလေးက တကယ်ယောက်ျားကြီးပဲ”

အလွန်ရက်စက်လွန်းသည်။ ပုံမှန်မိန်းကလေးများသည် ဤကဲ့သို့မဟုတ် ပေ။

ချီဖေးသည် သူတို့နှစ်ယောက်ကို ဂရုမစိုက်တော့ပေ။ သူသည် ပေထင်းဟွမ်အားစိုက်ကြည့်နေသည်။ ပေထင်းဟွမ်မှာ မျက်လုံးများကို ပိတ်ထားပြီ နှုတ်ခမ်းကိုတင်းကြပ်စွာ စေ့ထားပြီး မျက်နှာနှင့် ခန္ဓာကိုယ်တွင် ချွေးများစီးကျ၍နေသည်။ ရုတ်တရက်ဆိုသလိုပင် သူမ၏ မျက်နှာထား သက်တောင့်သက်သာဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ မျက်နှာထားပြေကျ သွားသည်နှင့် သူမ အလျင်အမြန်ပြောလိုက်သည် “အဆင်ပြေသွားပြီ သူ မကြာခင်ပြန်ကောင်းသွားမှာ”

ချီလန်နှင့် ရှီရှောင်မိုတို့ အလျင်အမြန်ပြေးသွားပြီး ပေထင်းဟွမ်အား အားပါးတရစိုက်ကြည့်ကြလေသည်။

ထိုအချိန်တွင် ပေပထင်းဆီမှလာသော ကြီးမားသောစွမ်းအင်သည် ပေထင်းဟွမ်၏ တစ်ကိုယ်လုံးရှိအကြောများကို ထိမှန်သွားပြီး သူမ၏ အကြော ဆီသို့ ပြေးဝင်ကာ သူမ၏ခန္ဓာကိုယ်သည် ပေါက်ကွဲလုမတတ်ဖြစ်သည့် ကြောက်စရာကောင်းသော ခံစားချက်မျိုးရလေသည်။ ထိုစွမ်းအားသည် မိုးကြိုး နှင့်လျှပ်စီးကို သယ်ဆောင်လာသော ကောင်းကင်နှင့်မြေကြီးစွမ်းအားနှင့် မယှဉ်နိုင်သော်ပေ။ မိုးကြိုးအပစ်ခံရပြီးနောက် အသက်အနည်းငယ်သာရှူနိုင် လေသည်။ သို့သော် သခင်အဆင့်စွမ်းအင်ကြောင့် ပေါက်ကွဲရန် အနည်းငယ် ကြာရှည်သဖြင့် ပေထင်းဟွမ်ကို ပိုပြီးနာကျင်စေသည်။

ကံကောင်းစွာပင် ကစဥ့်ကလျားနတ်အရင်းအမြစ် လှုပ်ရှားနိုင်သည်ကို ပေထင်းဟွမ်သိသဖြင့် သူမသည် ၎င်းကိုခေါင်းမာမာနှင့် ထောက်ပံ့နေသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် သူမကို စိတ်မပျက်စေပေ။ သူမ အကြော ထဲသို့ စွမ်းအင်များအားလုံး ထည့်လိုက်ချိန်တွင် ကစဥ့်ကလျားနတ်အရင်းအမြစ် ကိုလှုံ့ဆော်မိလိုက်သည့်ပုံပင်။ မြန်ဆန်သောလှည့်ပတ်သည့်အကြားတွင် ကြီးမားသောစုပ်ယူမှု ရောက်လာပြီး ပေထင်းဟွမ်၏ တစ်ကိုယ်လုံးတွင် သွားစု လေသည်။ အကြောထဲမှ စွမ်းအင်သည် ကစဥ့်ကလျားနတ်အရင်းအမြစ်ဆီသို့ အရှိနှင့်ပြေးသွားလေသည်။

ပေထင်းဟွမ်သည် လုံးဝစိတ်မပူပေ။ ကစဥ့်ကလျားနတ်အရင်းအမြစ် သည် ထိုစွမ်းအားများနှင့် ယှဉ်ရန်မဖြစ်နိုင်ပေ။ မိုးကြိုးနှင့်လျှပ်စီး၏စွမ်းအား ကောင်းသော စွမ်းအားသည် ကစဥ့်ကလျားနတ်အရင်းအမြစ်မှ စုပ်ယူ ပြီးနောက်တွင် ပြောင်းလဲမှုမရှိတော့ပေ။ စွမ်းအင်ကိုစုပ်ယူပြီနောက် ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် ဗလာကျင်းသွားပြီး ဖောင်းကားနေသော စွမ်းအားသည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ထောက်ပံ့ပေးနေသည်။ ပေထင်းဟွမ်သည် တစ်ကိုယ်လုံး ရေပူစမ်းထဲစိမ်လိုက်သလိုခံစားရလေသည်။

ပေထင်းဟွမ် ထိန်းကျောင်းသည်ဖြစ်စေ စာချုပ်တည်ထောင်သည်ဖြစ် စေ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း၏ အသိအမှတ်ပြုခြင်းကိုခံရသည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် လေဟာနယ်များ၏ ခွဲဝေမှုကိုဂရုမစိုက် ပေ။ ပတ္တမြားကမ္ဘာတွင် လုပ်ဆောင်မှုများပြီးစီးသည်နှင့် ပတ္တမြားကမ္ဘာ၏ စည်းမျဉ်းနှင့် ချည်နှောင်နိုင်သည်။ထို့ကြောင့် ပေပင်းသည် ဝိညာဉ်ခန္ဓာကိုယ် သာဖြစ်သော်လည်း ပေထင်းဟွမ်နှင့် ပေပင်းတို့ကြားမှ စာချုပ်ကို သက်ရောက် မှုမရှိနိုင်ပေ။

သို့သော် ယခုအခါ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းထွက်ပေါ်လာပြီး ငွေရောင်အလင်းတန်း လင်းလက်နေသည်။ စာချုပ်ဖြစ်ပေါ်သွားသည်။ စည်းမျဉ်းများအရ ပေပင်းသည် သူ့အလိုလိုပြသသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်သည် ၃၃ ကောင်းကင်ပေါ်တွင်သာရှိနေတုန်းပင်။ မိုးပေါ်တွင် အက်ကြောင်းတစ်ခုထွက်ပေါ်လာပြီး အက်ကြောင်းထဲသို့ သူမကိုသယ်ဆောင် လေသည်။ သူမသည် ၃၃ ကောင်းကင်ဘုံသို့ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း ၏ ပို့ဆောင်ခြင်းကိုခံရလေသည်။

စာချုပ်တည်ထောင်ခြင်းလုပ်ငန်းစဉ်အတွင်းတွင် ပေထင်းဟွမ်သည် ပေပင်း၏ ကြီးမားသောစွမ်းအားကို စိုက်ကြည့်နေသည်။ ပေပင်းသည်လည်း ကစဥ့်ကလျားနတ်အရင်းအမြစ်၏ ပြောင်းလဲခြင်းကိုခံရပြီးနောက် တိုးတက်မှု အတွက် များစွာအကျိုးဖြစ်ထွန်းသည်ကို ခံစားမိလိုက်သည်။

ပေထင်းဟွမ်သည် သူမကို ချက်ချင်းဂရုမစိုက်နိုင်ပေ။ သူမတွင် ဝမ်းတွင်း ပါ သားရဲအနေနှင့် မင်ရှိသည်။ ပေပင်းသည် သခင်အဆင့်သားရဲဖြစ်လျှင် တောင် သူမနှင့် ဝမ်းတွင်းပါစာချုပ်မတည်ထောင်နိုင်ပေ။ သခင်အစေခံစာချုပ် သာတည်ထောင်နိုင်မည်။ ပေထင်းဟွမ်သည် သူမအား ကစဥ့်ကလျားနတ် အရင်းအမြစ်နှင့် ထိန်းကျောင်းလိုက်သော်လည်း သူမ၏လျှို့ဝှက်ချက်ကို ဖော်ထုတ်မည်ကို စိတ်ပူခြင်းမရှိပေ။

All Chapters