ငါ့ညီကိုလူလိမ်လို့ခေါ်ရဲတာလား
Vol. 52 Ch. 1024
ဤသားရဲသည် မြူဖုံးမြေမှသားရဲဖြစ်သည်။ ၃၃ ကောင်းကင်ဘုံမှ မိသားစုကြီးလေးခုအတွက် ထွက်လာသော သားရဲဖြစ်သည်။ မိသားစုကြီးလေး ခုကို ဂရုစိုက်သဖြင့် အနည်းဆုံးတော့ နှစ်ဦးနှစ်ဖက်သည် ရန်လိုခြင်းမရှိပေ။ ပေပင်း ၃၃ ကောင်းကင်ဘုံသို့ ပြန်သွားခြင်းသည် တခြားသူများ၏ ဖိနှိပ်ခြင်းကို မခံရနိုင်ပေ။ ထိုသို့ဆိုလျှင် သူမ သေသွားလျှင်တောင် ပေထင်းဟွမ်အတွက် အကျိုးမယုတ်နိုင်ပေ။
သခင်အစေခံစာချုပ်ကိုပြောရမည်ဆိုလျှင် သခင့်ကိုသစ္စာဖောက်လိုက် သည်နှင့် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း၏ ချေဖျက်ခြင်းကိုခံရနိုင်သည်။
ရှီရှောင်မိုနှင့်တခြားသူများ သူမဘေးတွင်ရှိနေသေးသည်ကို ပေထင်းဟွမ် မေ့နေသည်မှာ ကြာပြီဖြစ်သည်။ ထိုအချိန်တွင် သူမသည် ဤစွမ်းအင်ကိုသာ သန့်စင်ချင်သဖြင့် တင်ပျဉ်ခွေထိုင်လိုက်သည်။ ကစဥ့်ကလျားနတ်အရင်းအမြစ် ထဲတွင် ရွေ့လျားနေသော စွမ်းအင်များသည် သူမအကြောနောက်လိုက်ကာ သန့်စင်ပြီးနောက် အကြောသို့ပြန်ပို့လေသည်။ ပြီးနောက် စွမ်းအင်ဘီးလုံးဆီသို့ ပို့လေသည်။
ပေထင်းဟွမ်၏တစ်ကိုယ်လုံး စိုရွှဲနေပြီး ဆံပင်များသည်လည်း ရေထဲမှ ခေါ်ထုတ်လိုက်သလို ရွှဲနစ်နေသည်။ သို့သော် သူမသည် ကျင့်ကြံခြင်း အဆင့် သို့ရောက်သွားသည်ကို မသိသည့်ပုံပင်။ ရှီရှောင်မိုတို့သုံးယောက်သည် တစ် ယောက်နှင့်တစ်ယောက် လေးစားစွာကြည့်ကြလေသည်။
ဤအရာသည် ကျင့်ကြံခြင်း ကနဦးအဆင့်လား။ ပင်မတိုက်ကြီး၏ ရောင်ဝါသည် ပါးလွှာသည်မှာလည်း မထူးဆန်းပေ။ ဤလူငယ်သည် ငယ်လွန်း သော်လည်း ခွန်အားသည် သန်မာသည်။
ချင်းယွိတို့သည် အဝေးမှပြေးလာသည်။ နှစ်ဖက်လုံးသည် ပေထင်းဟွမ်၏ သူငယ်ချင်းများဖြစ်သဖြင့် မိတ်ဆက်ပြီးနောက်တွင် ချင်းယွိသည် ဦးဆောင် ပြောသည့်တာဝန်ကိုယူလိုက်သည် “ဒီမှာ အကုန်လုံးကို စားသောက်ကြဖို့ ဖိတ်လိုက်ရင်ရော”
သူတို့ဤနေရာသို့ရောက်နေရသည့်အကြောင်းအရင်းမှာ ပေထင်းဟွမ် သည် ကျင့်ကြံသည့် အခြေအနေတွင်ရှိနေခြင်းကြောင့်ပင်။ သူတို့သည် ပေထင်းဟွမ်ကို ထားပြီးထွက်သွားမည်မဟုတ်ပေ။ ဤနေရာတွင် စားသောက် ရင်းနှင့် ပေထင်းဟွမ်ကိုစောင့်ကြမည်။
“ဟုတ်ပြီ ဟုတ်ပြီ” ရှီရှောင်မိုသည် ပင်မတိုက်ကြီးသို့ ရောက်ကတည်းက ပင် ဘာကိုမှမကြည့်ရသေးပေ။ ထို့အပြင် ပေထင်းဟွမ်မှလွဲပြီး မိတ်ဆွေမဖွဲ့ရ သေးပေ။ ချင်းယွိကဲ့သို့ သဘောထားပြည့်ဝပြီး ချောမောသောယောက်ျားမျိုးကိ ကိုကြည့်ပြီး သူမစိတ်ထဲမှ သက်ပြင်းချမိသည် “ညီအစ်ကိုသူငယ်ချင်းရှိတ ကောင်းတယ်၊ ညီအစ်ကိုရှိတာ ကောင်းတဲ့ကိစ္စပဲ”
မကြာမီတွင်တဲများဆောက်ပြီး မီးပုံဖိုလိုက်သည်။ အသားကင်များကို သယ်လာပြီး ဟင်းခတ်အမွှေးအကြိုက်များဖြူးကာ မီးပုံပေါ်တင်လိုက်သည်။ မီးပုံဘေးတွင် လူခြောက်ယောက်သည် ထိုင်ပြီး စကားပြောကြသည်။ ဤ အတွေ့အကြုံသည် ရှီရှောင်မိုမကြုံဖူးသည့်အရာပင်။
“ကောင်းလိုက်တာ ညီအစ်ကိုတွေရှိတာကောင်းတယ်” ရှီရှောင်မိုသည် သက်ပြင်းချပြီးနောက် ပေထင်းဟွမ်ကိုလှည့်ကြည့်လေသည်။
“ဘာကောင်းတာလဲ” အရူးအဘိုးကြီးသည် ထိုလူသုံးယောက်မှာ ၃၃ ကောင်းကင်ဘုံမှလာသည်ဖြစ်စေ၊ မန္တလာမြေမှလာသည်ဖြစ်စေ ဂရုစိုက်ပေ။ တစ်ဖက်လူသည် နတ်ဘုရားအဆင့်ဖြစ်လျှင်တောင်ဂရုစိုက်မည်မဟုတ်ပေ။ သူ သည် စိတ်ဆိုးဆိုးနှင့်ပြောလေသည် “လူလိမ် လူလိမ်ပဲ၊ ငါ့အတွက် မီးသားရဲ ဖမ်းပေးဖို့ သဘောတူထားပြီး နောက်ဆုံးကျ သူပဲသားရဲနဲ့ စာချုပ်တည်ထောင် လိုက်တယ်”
“ဘယ်သူ့ကို လူလိမ်လို့ခေါ်နေတာလဲ၊ ငါ့ညီကို လူလိမ်လို့ခေါ်ရဲတယ်ပေါ့” ရှီရှောင်မိုသည် မတ်တတ်ထကာ မျက်နှာချင်းဆိုင်မှ အဘိုးကြီးကို လက်ညှိုးထိုး ပြီးပြောလေသည် “မီးအမျိုးအစားသားရဲပဲမလား ငါ့ညီအစ်ကိုက ခင်ဗျားကို အခုအချိန်မပေးနိုင်လို့၊ ငါလည်း သားရဲထိန်းပဲ ခင်ဗျားကိုကူပြီးထိန်းကျောင်း ပေးမယ် သွားဖမ်းလိုက်”
“ဟင်း ငါ့ဒေါ်လေး ထပ်ပြီးတော့ စာချုပ်သားရဲမရှာပါနဲ့တော့ ခုနကနဲ့ တင် မလန့်သေးဘူးလား” ရှီရှောင်မိုသည် အရူးအဘိုးကြီးအတွက် မီးအမျိုးအစား သားရဲထိန်းကျောင်းပေးမည်ဟု ကြားသည်နှင့် ချီလန်သည် ကြောက်လွန်းသဖြင့် ထခုန်မတတ်ပင်။
ထိုအချိန်တွင် ချီဖေးပင် နောင်တရနေပြီဖြစ်သည်။ သူသည် ရှီရှောင်မို အား စောင့်ကြည့်ပြီး သူမကို သားရဲထိန်းကျောင်းခွင့်မပေးဟု ဧကရာဇ်မိုရှေ့ တွင် ရင်ဘတ်ပေါ်လက်တင်ပြီး ကတိမပေးခဲ့သင့်ပေ။ ၃၃ ကောင်းကင်ဘုံတွင် သူမ၏ဖင် ရှီချန်းမိုသည် သူမတစ်ခုခုဖြစ်မည်ကို စိုးရိမ်သဖြင့် သူမကို သားရဲထိန်းကျောင်းခွင့်မပေးပေ။
“ဘာတွေကြောက်နေတာလဲ ငါအဲလောက်လွယ်လွယ်နဲ့သေမယ်လို့ထင် နေတာလား၊ ငရဲမင်းကဘာဖြစ်နေလို့လဲ၊ ငါ့ခွင့်ပြုချက်မရှိဘဲ ငါ့အသက်ကိုယူ ရဲလို့လား၊ ခုနက အန္တရာယ်များသွားတာက ငါ့ညီအစ်ကိုကို ကယ်လိုက်လို့လေ ကျွတ်ကျွတ်ကျွတ် ငါ့ကိုပြောပါဦး မင်းတို့နှစ်ယောက်က ယောက်ျားတွေရော ဟုတ်ရဲ့လား” ရှီရှောင်မိုသည် အမှုမထားသလိုပြောပြီးနောက် အရူးအဘိုးကြီး ကိုပြောလေသည် “သွား မီးအမျိုးအစားသားရဲ သွားရှာလာခဲ့”