← Chapters

သားရဲဖမ်းဖို့ အဖော်ပြုပေးရင်ရော

Vol. 52 Ch. 1025

သားရဲဖမ်းဖို့ အဖော်ပြုပေးရင်ရော

Vol. 52 Ch. 1025

အရူးအဘိုးကြီးသည် ဒေါသထွက်သွားသည်။ သူ့ဘာသာ မီးသားရဲသွားရှာ မယ်လို့ ဘယ်သူပြောလိုက်တာလဲ။ ချင်းယွိတို့ပါ အတူသွားရှာမှာလေ ဟုတ်ပြီ လား။ သူသည် ချင်းယွိအား ဝံပုလွေကဲ့သို့မျက်လုံးများနှင့် စိုက်ကြည့်လေသည်။ သို့သော် ချင်းယွိသည် ထိုအချိန်တွင် လက်ကိုဖြန့်ကာ ပေထင်းဟွမ်အား ကြည့် လေသည် “အရူးကြီး ရှောင်ကျို့သာ မနိုးရင် ကျုပ် မသွားဘူး” ဆိုလိုသည်မှာ သွားချင်လျှင် တစ်ယောက်တည်း သွားဟူ၍ပင်။

ချင်းယွိသည် အလွန်သစ္စာရှိသည်။ အရူးအဘိုးကြီးသည် သူ၏အသက်ကို ကယ်ခဲ့သဖြင့် နှစ်ပေါင်းများစွာ ကျိုးနွံစွာနှင့် ကြင်နာမှုကို ပြန်ပေးဆပ်ခဲ့သည်။ သို့သော် ယနေ့ညတွင် ရှင်းယွဲ့မြေရှိ မီးသားရဲကိုဖမ်းရန် ချင်းယွိသည် မဆင်မခြင် ရောက်လာခဲ့သည်။

ထိုလူငယ်သည် ဝိညာဉ်အဆင့်ခွဲဆေးကဲ့သို့အရာမျိုးကို ချင်းယွိအား မျက်တောင်မခတ်ဘဲ ပေးနိုင်လောက်အောင် ရက်ရောသည်။ သူမသည် သူ၏ အသက်ထက်ပိုအရေးကြီးသည်ဟု ချင်းယွိထင်မိသည်။

“ဟင်း ဟေ့ကောင်လေး မင်းက ငါအသက်ကယ်ခဲ့တာကို မဆပ်ချင်တော့ ဘူးလား၊ ဒီနေ့ည မင်း မီးသားရဲဖမ်းမိရင် အခုကစပြီး မင်းကို ငါလာမရှာတော့ ဘူး” အဘိုးကြီးသည် စမ်းကြည့်ချင်သေးသည်။

ချင်းယွိသည် ခေါင်းခါလေသည် “ကျွန်တော့်အသက်ကိုကယ်ခဲ့တဲ့ အတွက် အကြွေးပဲအတင်ခံလိုက်မယ်၊ ဒီနေ့ည ရှောင်ကျို့ကို စောင့်ကြည့်ဖို့ ကျွန်တော် ဒီမှာပဲနေမယ်၊ သူတစ်ခုခုဖြစ်ရင် ကျွန်တော်တစ်ယောက်တည်းနေ နိုင်မှာမဟုတ်ဘူး”

ချင်းယွိ၏စကားများကိုကြားပြီးနောက် ချင်းသွမ့်သည် တောင်ပေါ်မှ ခုန် ဆင်းပြီး သေလိုက်ချင်သည်။ အတူတကွ သေခြင်းရှင်ခြင်းသည် ယောက်ျားနှင့် မိန်းမအကြားသာရှိသည်။ သူ၏သားဖြစ်သူသည် မျှော်လင့်ချက်မဲ့နေပြီဖြစ်၏။

ချီလန်နှင့် ချီဖေးတို့သည် ပေထင်းဟွမ်နှင့် ချင်းယွိတို့အား အံ့အားသင့် သည့် မျက်လုံးများနှင့် ကြည့်ကြလေသည်။ ဒီလူနှစ်ယောက်ကြားက ဆက်ဆံ ရေးက ဘာလို့ ဒီလောက်ထူးဆန်းနေတာလဲ။

“အိုး အရူးအဘိုးကြီး သားရဲဖမ်းဖို့ ဘာလို့ ကျွန်တော်အဖော်မပြုပေးနိုင်ရ မှာလဲ” ရှီရှောင်မိုသည် ထပ်မစောင့်နိုင်တော့ပေ။ သူမသည် ၃၃ ကောင်းကင် ဘုံတွင် လှုပ်ရှားရန်အခွင့်အရေးမရခဲ့သည့် သားရဲထိန်း သူမကိုယ်သူမ သနားမိ သည်။

ကြယ် ၇ ပွင့်သားရဲကို ထိန်းကျောင်းရသည့်အကြောင်းအရင်းသည် သူတို့ ပင်မတိုင်းပြည်သို့ရောက်သည်နှင့် သားရဲထိန်းအစည်းအရုံးသို့သွားခဲ့ရာမှ အစည်းအရုံးဥက္ကဌထိန်းကျောင်းထားသော ကြယ် ၇ ပွင့်သားရဲကို မတော်တဆ လွှတ်မိလိုက်ခြင်းကြောင့်ပင်။ သူမနှင့် သူမ၏အပေါင်းအဖော်နှစ်ယောက်သည် ရွေးချယ်စရာမရှိဘဲ ရှင်းယွဲ့မြေသို့သွားကာ သားရဲဖမ်းပြီး သားရဲထိန်းအစည်း အရုံးကို ပြန်ပေးဆပ်ခြင်းပင်။

ရှီရှောင်မိုကဲ့သို့လူမျိုးသည် ဧကရာဇ်မိုကိုယ်တိုင် ပင်မတိုက်ကြီးသို့ လွှတ် လိုက်ခြင်းမဖြစ်နိုင်ပေ။ သို့သော် ၃၃ ကောင်းကင်ဘုံ၌ဆိုလျှင်တောင် ယခုအချိန်ဆိုလျှင် မှော်စွမ်းအင်ကုန်ခမ်းနေလောက်ပြီဖြစ်သည်။ မှော် အရင်းအမြစ်ကျောက်တုံးတွင် စွမ်းအင်အရင်းအမြစ်ဖြစ်လာနိုင်သည်။ နတ်မိစ္ဆာဧကရာဇ်ကဲ့သို့ အားကောင်းသောယောက်ျားသားပင်လျှင် မှော်စွမ်းအင် ကုန်ခမ်းသည့်ကိစ္စကို လျစ်လျူရှု၍မရပေ။ စွမ်းအားအရာတွင် သူသည် အမြင့်ဆုံးရောက်နေသော်လည်း သမီးဖြစ်သူသည် ရင့်ကျက်ရန်လိုနေ သေးသည်။

ရှီရှောင်မို၏ဖျောင်းဖျမှု၊ ချီဖေးတို့ညီအစ်ကို၏ ကတိကဝတ်တို့ကြောင့် သာ ဧကရာဇ်မိုသည် ရွေးချယ်စရာမရှိတော့ဘဲ သူမကို လွှတ်ကာ အမှောင် နတ်မိစ္ဆာဘုံသို့ဝင်ရန်ပြင်ဆင်ပြီး ပင်မတိုက်ကြီးသို့ ဝင်ခွင့်ပေးလိုက်ခြင်းပင်။

ဧကရာဇ်မို၏ စိတ်နူးညံ့မှုသည် ချီဖေးတို့ညီအစ်ကိုကို သေချင်စိတ်ဖြစ်စေ သည်ကို မည်သို့သိမည်နည်း။

အစောက ကွမ်ယန်းတို့အဖွဲ့၏ ချောင်းမြောင်းတိုက်ခိုက်မှုနှင့်အတူ ချီဖေး တို့ညီအစ်ကိုသည် မီးသားရဲဖမ်းရန် ရှီရှောင်မိုအား သူစိမ်းနှင့်နှစ်ယောက်တည်း မလွှတ်နိုင်ပေ။ ချီဖေးသည် ညီဖြစ်သူအားကြည့်လိုက်သည်။ ချီလန်သည် ရွေး ချယ်စရာမရှိတော့ဘဲ လက်ထဲမှ သေရည်ခွက်ကိုချလိုက်သည် “ထားလိုက်ပါ တော့ ရှောင်မို မင်းခုနက ကြယ် ၇ ပွင့်သားရဲကို ထိန်းကျောင်းရတာနဲ့တင် ပင်ပန်းနေပြီ ငါပဲသွားလိုက်တော့မယ်”

ချီလန်သည် ပင်မတိုက်ကြီးဆီသို့ နတ်ဘုရားတစ်ပါးအနေနှင့်လာခဲ့ သည်။ သို့သော် ရှင်းယွဲ့မြေတွင် အရူးအိုကြီးနှင့် ပတ်သွားရတော့မည်။ ကံကောင်းစွာပင် သူသည် အမြီး ၃ ချောင်းမီးမြေခွေးကို အချိန်တိုအတွင်း ဖမ်း နိုင်ခဲ့သည်။ မီးတောက်များသည် အမြီး ၉ ချောင်းမီးမြေခွေးလောက် အားမကောင်းသော်လည်း မြေကြီးမီးအဆင့်ဖြစ်သည်။

အရုးအိုကြီးသည် အဆင့်မြင့်သားရဲဖမ်းချင်သော်လည်း သူ ကံမကောင်း လှပေ။ သူသည် မီးမြေခွေးနှင့်အတန်ကြာအောင် လှည့်ပတ်သွားနေ သော်လည်း ပိုအားကောင်းသောမီးအမျိုးအစားသားရဲကို ရှာမတွေ့ခဲ့ပေ။

All Chapters