← Chapters

သန့်စင်သောသားရဲပါပဲ

Vol. 52 Ch. 1026

သန့်စင်သောသားရဲပါပဲ

Vol. 52 Ch. 1026

“အိုး ခင်ဗျားကံက ကောင်းတာပဲ၊ ဒီမီးမြေခွေးက သွေးသားသားရဲမဟုတ် ပေမဲ့ ခင်ဗျား နတ်ဘုရားအဆင့်တက်ရင် သူမလည်း နတ်သားရဲအဖြစ် အဆင့် တက်ပြီး ကောင်းကင်မီးရလာမှာပဲ၊ အဲဒါကောင်းတာပဲ” ရှီရှောင်မိုသည် လူများကို မည်သို့နှစ်သိမ့်ပေးရမည်ကိုမသိသောကြောင့် အရူးအဘိုးကြီးကို ထိုးနှက်သလိုဖြစ်သွားသည်။ သူသည် မီးမြေခွေးကိုကိုင်ထားပြီး လှည့်ပတ် ကြည့်ပြီးနောက် အသက်လှောင်အိမ်ထဲသို့ ထည့်လိုက်သည်။

“အိုး သန့်စင်သောသားရဲပါပဲ၊ ငါက အဆင့်မြင့်နတ်သားရဲဖမ်းချင်တာ” အရူးအိုကြီးသည် မလိုမလားဖြစ်နေတုန်းပင်။

“အဆင့်မြင့်နတ်သားရဲဟုတ်လား၊ ဒါက ရွှံ့နွံချောက်လို့ထင်နေတာလား၊ နတ်သားရဲတွေက အုပ်လိုက်နေပါ့မလား” ချင်းသွမ့်သည် စိတ်ဆိုးဆိုးနှင့် ပြော လေသည် “ဒါဝိညာဉ်သားရဲမဟုတ်ရင်တောင် ပျော်လိုက်စမ်းပါ”

မည်သို့ပင်ဖြစ်စေ မြေကြီးမီးနှင့်သားရဲဖြစ်သည်။ သူ၏သားဖြစ်သူသာ ဤနေရာတွင်မရှိလျှင် ထိုဆက်ခံသူသုံးယောက်နှင့် သူသည် အရူးအိုကြီးကို သားရဲကူဖမ်းပေးမည်ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်းတွင် အရူးအိုကြီးသည် မီးသားရဲကိုမဖမ်းဖူးခြင်းမဟုတ်ပေ။ ပထမအနေနှင့် သူတို့ကိုဖမ်းရသည်မှာ လွယ်ကူလှသည်မဟုတ်ပေ။ ဒုတိယအနေနှင့် သူတို့ကိုဖမ်းမိလျှင်တောင် သားရဲထိန်းအစည်းအရုံးသို့ ရောင်းကြသည်။ တစ်ဖက်လူသည် သူတို့ကို ထိန်းကျောင်းချင်စိတ်လည်းမဖြစ်ကြပေ။

ဝမ်းတွင်းပါမီးတောက်နှင့် ဆာလောင်နေသောသားရဲကို ထိန်းကျောင်းရ သည်မှာ တခြားသာမန်သားရဲများကို ထိန်းကျောင်းရသည်ထက် အန္တရာယ်များ သည်။ အခန့်မသင့်လျှင် မီးလောင်ပြီး သားရဲထိန်းအစည်းအရုံးလည်း တစ်စုံ တစ်ရာဖြစ်သွားနိုင်သည်။ ကုန်သွယ်ရေးအစည်းအရုံးဥက္ကဌ၏သားသည် မီးလောင်ထားသည့်မျက်နှာနှင့် လျှောက်သွားရာ သူ၏မိဘများပင်မမှတ်မိ သည့်အဖြစ်ဖြစ်ဖူးသည်။

ကြယ် ၇ ပွင့်သန့်စင်သောသားရဲကိုထိန်းကျောင်းရသည်မှာ ကြယ် ၇ ပွင့် နတ်သားရဲကိုထိန်းကျောင်းရသည်ထက်လွယ်သည်။ သို့သော် ရှီရှောင်မို အတွက် စိတ်စွမ်းအင်များစွာသုံးရသည်။ အချိန်တိုအတွင်းမှာပင် သူမသည် ကြယ် ၇ ပွင့်နတ်သားရဲကို ထိန်းကျောင်းခဲ့ပြီး သန့်စင်သောသားရဲကို အောင်မြင်စွာထိန်းကျောင်းနိုင်ခဲ့ပြန်သည်။ ပင်မတိုက်ကြီးမှ သားရဲထိန်းများ နှင့် ယှဉ်လျှင် သူမ၏ဝိညာဉ်စွမ်းအားသည် အဆပေါင်းများစွာသန်မာသည်။ တစ်ခုတည်းသောအရာမှာ သူမသည် ပေထင်းဟွမ်နှင့်မယှဉ်နိုင်ပေ။

အမြီး ၃ ချောင်းမြေခွေးကိုအောင်မြင်စွာထိန်းကျောင်းပြီးသည့်နောက် အရူးအိုကြီးသည် တာဝမြို့သို့ လေဟုန်အလား အမြန်ပြန်လေသည်။ သူ ဝမ်းတွင်းပါမီးတောက်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် စမ်းကြည့်ရန် အလောမကြီးပေ။ သူသည် အရူးအိုကြီးအဖြစ်မခံနိုင်တော့ပေ။

ရှီရှောင်မို ထိန်းကျောင်းပြီးနောက်တွင် အနည်းငယ်လေးလံသွားသည့်ပုံ နှင့် ချီဖေး၏ပခုံးပေါ်တွင် အိပ်ပျော်သွားလေသည်။ ချီလန်သည် ကြမ်းပြင်ပေါ် တွင် သွားရည်များကျလောက်သည်အထိ အိပ်မောကျနှင့်နေပြီဖြစ်သည်။ ဘာမှ မဖြစ်သည်ကိုကြည့်ပြီး ချင်းသွမ့်သည် ပြန်သွားလေသည်။ ချင်းယွိသည် ပေထင်းဟွမ်အား မျက်တောင်မခတ်ကြည့်နေတုန်းပင်ဖြစ်သည်။

ပေထင်းဟွမ် မျက်လုံးဖွင့်လိုက်ချိန်တွင် နေထွက်နေပြီဖြစ်သည်။ ရွှေရောင်ခပ်ဖျော့ဖျော့အလင်းသည် သူမ၏မျက်လုံးထဲသို့ဝင်လာသည်။ ချင်းယွိ သည် ရုတ်တရက်ထခုန်သေလည်။ ဒီကောင်လေးက အသံမထွက်ဘဲ နတ်ဘုရားအဆင့်ကို တက်သွားတာလား။ သို့သော် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းကျမလာပေ။ သူမသည် မြေကြီးအဆင့်သာရှိသေးသည်ဟု တွေးနေ သည့်အချိန်တွင် သူမသည် အပြာနုရောင်စွမ်းအင်ထုတ်လိုက်ရာ ကောင်းကင် အဆင့်သို့ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏မျက်လုံးထဲမှ အလင်း လက်သွားသည်နှင့်အတူ ကောင်းကင်ကို စိန်ခေါ်ခြင်းမျိုး မဖြစ်သင့်ပေ။

ပေထင်းဟွမ်နှင့် အချိန်အတော်ကြာအောင်ရှိပြီးနောက်တွင် ပေထင်းဟွမ် ဆီမှ ပုံမှန်မဟုတ်သည့်ကိစ္စများကို မည်မျှပင်မြင်စေကမူ ပုံမှန်ဖြစ်သည်ဟု ခံစားရလိမ့်မည်ဟု ချင်းယွိထင်မထားပေ။

သူမသည် ကျင့်ကြံသည့်အခြေအနေတွင်ရှိသေးသော်လည်း ပေထင်းဟွမ် သည် သူမအနားမှ ကိစ္စများကို အသိစိတ်ဖြင့်အာရုံစိုက်ထားသည်။ မနေ့ညက ကိစ္စများကို သူမ သိသည်။ အစ်ကိုကြီးချင်းယွိသည် သူမကို စောင့်ကြပ်နေပြီး တွေ့သည်မှာမကြသေးသည့် ညီအစ်ကိုများသည်လည်း သူမကို စောင့်ကြည့် နေခဲ့သည်။ ထို့နောက် အရူးအိုကြီး၏ ကျေးဇူးကိုကူဆပ်ပေးခဲ့သည်။ သူမ၏ နှလုံးသားထဲတွင် နွေးထွေးသွားသည်။

တကယ်တော့ သူတို့မရှိလျှင်တောင် ပေထင်းဟွမ် ဤနေရာတွင် နေပြီး လေ့ကျင့်ရန်ဖြစ်နိုင်သည်။ သူမ၏ နေရာထဲတွင် အဂူးရှိသည်။ သူမ အန္တရာယ် ဖြစ်လျှင် သူထွက်လာပြီး သူမကို အချိန်မရွေးကာကွယ်နိုင်သည်။ သို့သော် သူငယ်ချင်းများ စောင့်ကြပ်ပေးသည့် ခံစားချက်သည်မတူပေ။

“ရှောင်ကျို့ မင်း အခု ဘယ်ခွန်အားရောက်သွားပြီလဲ အစ်ကိုကြီးကြည့် မယ်” ချင်းယွိသည် အလွန်ပင် သတိရှိလှသည်။

All Chapters