ညီအစ်ကိုအဖြစ် သစ္စာဆိုခြင်း
Vol. 52 Ch. 1028
ပေထင်းဟွမ်သည် ဓား ၉ လက်ခွန်အားရောက်သွားသည့်အတွက် ပျော်ရွှင်မိသည်။ ပေထင်းဟွမ်သည် နဂိုက ဓား ၃ လက်ဝိညာဉ်ဂိုဏ်းမှ ဓား ၉ လက် ဝိညာဉ်ဂိုဏ်းအဖြစ် ခုန်တက်သွားသည်ဟု ရှီရှောင်မို ကြားသောအခါ အံ့ဩနေမိသည်။ “မိုးနတ်မင်းရေ ညီလေး မင်းအတွက် အဆင့်တက်တာ တော် တော်အဆင်ပြေတာပဲ နောက်တစ်ခါ သခင်ကြီးတစ်ကောင်လောက်ကို ဖမ်းရ အောင်၊ စာချုပ်တည်ထောင်ပြီး နတ်ဘုရားဆင့်တက်သွားနိုင်တယ်”
ချီလန်သည်မျက်လုံးများကို လှိမ့်မိသည် “ဘာလို့ အမြင့်ဆုံးသားရဲကို ဖမ်း ပြီးစာချုပ်မတည်ထောင်တာလဲ၊ မင်းနဲ့ငါက လျှို့ဝှက်ဆန်းကြယ်တဲ့သခင် သုံးယောက်ပဲ၊ လိပ်မည်းထက်တောင် ပိုကောင်းသေးတယ် မင်းလည်း ညီအစ်ကို ရှောင်ကျို့နဲ့ စာချုပ်တည်ထောင်လို့ရတာပဲ”
“မင်းက အမြင့်ဆုံး ချီရှောင်ရဲ့သားလေ ကွမ်ယန်းရဲ့သားမဟုတ်သလို အမြင့်ဆုံးနဂါးသားမှမဟုတ်တာ ဘယ်လိုလုပ် စာချုပ်တည်ထောင်လို့ရမှာလဲ” ရှီရှောင်မိုသည် နှုတ်ခမ်းဆူလေသည် “ပြီးတော့ ငါ့အဖေနဲ့အမေက အကုန် လူသားတွေချည်းပဲ၊ ဘယ်လိုလုပ် လူသားရဲ့စာချုပ်သားရဲဖြစ်နိုင်မှာလဲ”
ဆိုလိုသည်မှာ ရှီရှောင်မိုသည် သားရဲမဟုတ်သည့်အတွက် ပေထင်းဟွမ် နှင့် စာချုပ်မတည်ထောင်နိုင်သည်ကို နောင်တရနေပုံပင်။
ပေထင်းဟွမ်သည် နိုးလာပြီဖြစ်ရာ ရှီရှောင်မိုသည် ပင်မတိုက်ကြီးသို့ ရောက်ပြီးကတည်က အချိန်ကောင်းကောင်း မကုန်ဆုံးရသေးဟုဆိုကာ ပေထင်းဟွမ်အား ဆွဲပြီး အတန်ကြာအောင် စကားပြောလေသည်။ အနာဂတ် တွင် တွေ့ဆုံရန် အချိန်းအချက်လုပ်ခြင်းမှလွဲပြီးမရှိပေ။ “ငါ မီးတောက်မြို့ကို သေချာပေါက်သွားမျာ၊ အဖေနဲ့ နတ်မိစ္ဆာဧကရာဇ်တို့က ဒီနယ်မြေကို ဆင်းလာ တယ်လို့ကြားတယ်၊ ဒါပေမဲ့ ငါတို့လို စွမ်းအင်ခန္ဓာကိုယ်နဲ့မဟုတ်ဘူး”
ပေထင်းဟွမ် ခေါင်းညိတ်ကာ သူမ စကားကို ဆက်နားထောင်နေလိုက် သည် “သူက ၃၃ ကောင်းကင်ဘုံမှာ ဧကရာဇ်အမြင့်ဆုံးနဲ့ အနေနီးဆုံးဖြစ်ခဲ့တာ၊ သူ့မိန်းမကိုရှာဖို့အတွက် မရေမတွက်နိုင်တဲ့မြေတွေကို ဆင်းသွားခဲ့တာ၊ သူက သူ့မိန်းမပြန်မွေးဖွားဖို့အတွက် ဘုံသုံးဘုံကို ကျောက်တွေချခဲ့တာလို့ အဖေက ပြောခဲ့တာ၊ ငါ အဲလူကို ဘယ်လောင်တောင် သဘောကျလဲသိလား၊ ပင်မတိုက် ကြီးတစ်ခုလုံးမှာ ယန်ချန်းရဲ့သခင်က သူနဲ့ အလိုက်ဖက်ဆုံးဆိုတာတွေ့ခဲ့ရ တယ်၊ တော်တော်ဆန်းကြယ်တယ် နောက် ၂ လနေရင် ယန်ချန်းမှာ ပွဲကြီးတစ်ခုရှီလိမ့်မယ်၊ ညီအစ်ကို အဲအချိန်ကျရင် မင်းလည်းသွားသင့်တယ်၊ နတ်မိစ္ဆာဧကရာဇ်ရဲ့ ကိုယ်ပြောပုံဆိုပုံကိုအတူ သွားကြည့်ကြမလား”
နှစ်လကြာပြီးနောက် ယန်ချန်းတွင် အမှန်တကယ်ပင် ပွဲကြီးတစ်ပွဲ ကျင်းပမည်ဖြစ်သည်။ ဖြစ်တန်သည်မှာ ထို ၃၃ ကောင်းကင်ဘုံမှ ဆင်းသက် လာသူများလည်း ထိုနေရာသို့သွားမည်လား။
ပေထင်းဟွမ်သည် ရင်ဘတ်ထဲမှ ရွှေရောင်ဇာမဏီတံဆိပ်ပြားကိုထုတ်ပြီး ရှီရှောင်မိုအား ပေးလိုက်သည် “ရှောင်မို ငါက ဇာမဏီမြို့ရဲ့ မြို့စား လက်ရှိ မဟာမိတ်အင်ပါယာရဲ့ ခေါင်းဆောင်၊ မင်း ရှန်းယွမ်မြို့ဖြတ်သွားရင် ဒါကိုသုံးပြီး ဟွမ်ချန်းကိုသွားပါ၊ မင်းကို ဧည့်ခံမယ့်သူရှိလိမ့်မယ်၊ ငါ့ဆရာ အဘိုးနဲ့ အစ်ကို ကြီးတို့က မင်းကို ကောင်းကောင်းဆက်ဆံပေးပါလိမ့်မယ်”
တံဆိပ်ပြားကိုကိုင်ပြီး ရှီရှောင်မိုသည် ဘယ်ညာကိုသေချာကြည့်ကာ လေဟာနယ်လက်စွပ်ထဲထည့်ပြီး ပေထင်းဟွမ်အား လေးစားစွာပြောလေသည် “မိုးနတ်မင်းရေ ညီအစ်ကို မင်းမှာ အဲလိုမျိုးသရုပ်မှန်ရှိတယ်ပေါ့ မဟုတ်သေး ဘူး ငါ မင်းနဲ့အတူရှိမှဖြစ်မယ် သွေးသောက်ညီအစ်ကိုဖွဲ့မယ်”
ပြောပြီးနောက်တွင် သူမသည် ပေထင်းဟွမ်အား အတူဒူးထောက်ခိုင်း လေသည်။ ပေထင်းဟွမ် စကားမပြောနိုင်ခင်မှာပင် သူမသည် ကျယ်လောင်စွာ ပြောလေသည် “ကောင်းကင်အထက် မြေကြီးအောက်မှာ ကျွန်မရှီရှောင်မိုသည် ပေထင်းဟွမ်နဲ့ ညီအစ်ကိုဖြစ်ဖို့ ကျိန်ဆိုပါတယ်၊ ပျော်ရွှင်မှုကို ဝေမျှပြီး အခက်အခဲတွေကို ဝေမျှမယ် တစ်ယောက်နဲ့တစ်ယောက်ထောက်ပံ့ပြီး လက် မလျှော့ဘူး”
ရှီရှေင်မို၏နာမည်အရင်းမှာ ရှီမူချင်းဖြစ်သည်။ ပေထင်းဟွမ်သည် စိတ်ထဲ မှ တွေးနေမိသည်။ မည်သို့သောလူမျိုးသည် ဤကဲ့သို့ကျောကြားမှု၊ သက်တောင့်သက်သာရှိလှသော အကျင့်၊ လွတ်လပ်မှုနှင့် တားမရသောအကျင့် မျိုးရှိနေသနည်း။ သို့သော် ပေထင်းဟွမ်သည် ကမ္ဘာမြေမှလာသည့် စုံတွဲကို စိတ်ဝင်စားမိသည်။
ရှီရှောင်မို သစ္စာဆိုပြီးနောက်တွင် အချိန်ကြာသည်အထိစောင့်သည်။ သို့သော် ပေထင်းဟွမ် တစ်ပုံစံတည်း သစ္စာဆိုသည်ကို မကြားရပေ။ ပေထင်းဟွမ် မမှတ်မိ၍မပြောခြင်းဟု ထင်ထားပြီး ထပ်ခါပြောလေသည်။ သူမ ခေါင်းလှည့်ကြည့်ရာ ပေထင်းဟွမ်သည် ငေးငိုင်နေသည်ကို မြင်လိုက်ရသည်။ သူမသည် မပျော်မရွှင်ဖြစ်လာသဖြင့် ပေထင်းဟွမ်အား တံတောင့်နှင့်တွတ်လေ သည် “ပြောပါဦး ဘာလို့လဲ ငါ့ကိုအထင်သေးတာလား”
“မဟုတ်ဘူး” ပေထင်းဟွမ်သည် ပြုံးပြီးပြောလေသည် “မိုလေး ငါက ပင်တိုက်ကြီးက သာမန်လူဆိုတာကို သိထားရမယ်၊ မင်းက ၃၃ ကောင်းကင်ဘုံ က အမြင့်ဆုံးရဲ့ သမီးလေ၊ ငါနဲ့ သွေးသောက်ညီအစ်ကိုဖွဲ့ချင်တာသေချာရဲ့လား”
တကယ်တော့ သူတို့နှစ်ယောက်လုံးသည် မိန်းကလေးများဖြစ်ကြသည်။
ထုတ်ပြီး မီ