ငါ့ညီအစ်ကိုနာမည်က ရှီရှောင်မို
Vol. 52 Ch. 1029
သို့သော် ရှီရှောင်မိုသည် သူမ မိန်းကလေးဖြစ်ကြောင်းကို ပေထင်းဟွမ် အား ဘယ်သောအခါမှပြောမည်မဟုတ်ပေ။ မဟုတ်လျှင် ပေထင်းဟွမ်သည် သူမ သေသွားလျှင်တောင် သွေးသောက်ညီအစ်ကိုဖွဲ့မည်မဟုတ်ပေ။
ပေထင်းဟွမ်ပြောသည့်စကားကိုကြားပြီးနောက် ရှီရှောင်မိုသည် မပျော် မရွှင်နှင့် ခေါင်းညိတ်ပြီး ပေထင်းဟွမ်အား ထူးဆန်းသည့်မျက်လုံးတစ်စုံနှင့် ကြည့်ကာ နှာရှုတ်လေသည် “ဟင်း မင်းက ပင်မတိုက်ကြီးမှာ အရမ်းကိုအံ့ဩဖို့ ကောင်းတဲ့လူဆိုတာကိုသိလား၊ အင်ပါယာတစ်ခုရဲ့ခေါင်းဆောင်က ၃၃ ကောင်းကင်ဘုံမှာ ငါ့အဖေနဲ့ညီမျှတယ်၊ ငါ မင်းအသက်ကို အသက်စစ် သလင်းကျောက်နဲ့ မသိအောင်တိုင်းကြည့်လိုက်တယ်၊ မင်းက ၁၅ နှစ်တောင် မပြည့်သေးဘူး ငါက အသက် နှစ်ပေါင်းနှစ်ထောင်ကျော်နေပြီ ဒါပေမဲ့ မင်း လောက်တောင်မကောင်းဘူး”
တခြားသူတစ်ယောက်၏ အသက်ကို အသက်စစ်သလင်းကျောက်နှင့် လျှို့ဝှက်စစ်ဆေးသည်မှာ အမှန်တကယ်ပင် မယဉ်ကျေးသောလုပ်ရပ်ပင်။ ထို့နောက် ရှီရှောင်မိုကဲ့သို့လူမျိုးသည် ထိုသို့ပြောလသည်။ သို့သော် ပေထင်းဟွမ်သည် ထိုကိစ္စကို ဂရုမစိုက်တော့ပေ။
“ဖူး အဟွတ် အဟွတ်” ရှီရှောင်မိုအား ထူးဆန်းသောမျက်လုံးများနှင့် ကြည့်လာသည်မှာ ပေထင်းဟွမ်အလှည့်ဖြစ်လေသည်။ မိုးနတ်မင်းရေ နှစ်ပေါင်းနှစ်ထောင်ကျော်နေပြီ။ ကမ္ဘာမြေပေါ်ဆိုလျှင် တရုတ်အင်ပါယာသည် ချင်နှင့်ဟန်မင်းဆက်လောက်ဖြစ်မည်။ သူမနှင့် သက်တူရွယ်တူထင်ရသည့် ဤ လူငယ်လေးသည် အမှန်တကယ်ပင် နှစ်ပေါင်းနှစ်ထောင်ရှိနေပြီလား။
“ငါ့ကို ဘာလို့အဲလိုကြည့်နေတာလဲ၊ မင်းက ၃၃ ကောင်းကင်ဘုံကို နားမလည်လို့လေ၊ နတ်ဘုရားအဆင့်ကိုရောက်ပြီးရင် အသက်က အကန့်အသတ်မရှိ ရှည်သွားပြီ၊ ငါက အရည်အချင်းပညာ ၃ မျိုးကျွမ်းကျင်တဲ့ သခင်တစ်ယောက်ပဲရှိသေးတယ်” ရှီရှောင်မိုသည် နှုတ်ခမ်းဆူလေသည်။ သူမ သည် မည်သို့များ ယောက်ျားလေးတစ်ယောက်နှင့်တူမည်နည်း။
ပေထင်းဟွမ်သည် ဘာမှထပ်မပြောတော့ဘဲ ရှီရှောင်မို၏ စကားများ အတိုင်း လိုက်လရွတ်လေသည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကျမလာ ပေ။ ရှီရှောင်မိုသည် နတ်ဘုရားအဆင့်အထက်ရောက်နေသည်ကို ပေထင်းဟွမ် သိသည်။ သာမန်သစ္စာဆိုခြင်းများသည် သူမအပေါ်သက်ရောက်မှုမရှိနိုင်တော့ ပေ။ ရှီရှောင်မိုကဲ့သို့လူမျိုးသည် သစ္စာဆိုလိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းထက်ပင် ပို၍သက်ရောက်မှုရှိနိုင်သည်။ သူတို့ ကတိဖောက်ဖျက်သည် နှင့် ကောင်းကင်နှင့်မြေကြီးစည်မျည်း၏ အပြစ်ပေးခြင်းကိုမခံရဘဲ သူတို့၏ နှလုံးသားထဲတွင် တစ်စွမ်းတစ်စတော့ကျန်ခဲ့သည်။ ထိုလက္ခဏာများသည် နတ်မိစ္ဆာများဖြစ်လာပြီး သူတို့၏လေ့ကျင့်မှုလည်း တန့်သွားနိုင်သည်။
ရှီရှောင်မိုသည် ပေထင်းဟွမ်နှင့် ညီအစ်ကိုဖွဲ့မည်ဟုကြားသည်နှင့် ချီလန် သည် စိုးရိမ်ပြီး သူမကိုတားချင်သည်။ သို့သော် ချီဖေးမှ တားလေသည်။ ချီလန် သည် နားမလည်နိုင်ပေ။ သို့သော် အစ်ကိုဖြစ်သူ၏ဝိညာဉ်ထဲမှ ကူးပြောင်းလာ သည့် အသံကိုကြားလိုက်ရသည် “ဒီကောင်လေးက ရှောင်မိုပြောသလိုမျိုး ပင်မတိုက်ကြီးမှာ ထူးချွန်တဲ့ပါရမီရှင်ပဲ၊ ၁၄ နှစ်အရွယ် ဝိညာဉ်ဂိုဏ်းကို ဘယ်တုန်းကမြင်ဖူးလို့လဲ၊ ၃၃ ကောင်းကင်ဘုံလိုမျိုး ရောင်ဝါသန်မာတဲ့နေရာ မှာတောင် မလုပ်နိုင်ဘူး၊ ဒါပေမဲ့ သူလုပ်နိုင်တယ်၊ သူ ၃၃ ကောင်းကင်ဘုံကို အနှေးနဲ့အမြန်သွားလိမ့်မယ်၊ ၃၃ ကောင်းကင်ဘုံမှာ ကျိန်းသေပေါက် တောက်ပလိမ့်မယ်၊ မင်း ဧကရာဇ်မိုကို မေ့သွားပြီလား ဖုန်းတိကိုမေ့သွားပြီ လား”
မှန်သည်။ ဧကရာဇ်မိုနှင့် ဧကရီတို့သည် မန္တလာမြေမှ ၃၃ ကောင်းကင်ဘုံ သို့ ဝင်လာခဲ့သည်။ နောက်ဆုံးတွင် ၃၃ ကောင်းကင်ဘုံတွင် နယ်ပယ်ကို တာဝန်ယူသည့် ဧကရာဇ်ဖြစ်လာခဲ့သည်။ တူညီသောအရာမှာ ဧကရာဇ်ဖုန်း လည်း ထိုနည်းလည်းကောင်းပင်။ သူ၏ကိုယ်ပိုင်ခွန်အားနှင့် ဝိညာဉ်နတ်ဘုရား မျိုးနွယ်၏ လက်မှထွန်းလင်းဗိမာန်ကို ပြန်ယူကာ ရှောင်ဖုန်းထျန်းယွိကို ဖန်တီး ခဲ့သည်။
သူတို့ရှေ့မှလူငယ်သည် ထိုလူများနှင့်တူညီနိုင်သည်။ မိုးနတ်မင်းသည် ဇွဲကြီးပြီး လက်မလျှော့တတ်သူတို့ကို မျက်နှာသာပေးတတ်သည်။
ချီလန်သည် ပေထင်းဟွမ်၏မျက်လုံးထဲမှ အကြည့်ကိုမြင်သည်။ အေးစက်မှုထဲတွင် ခက်ထန်သော မဆုတ်မနစ်ကြိုးပမ်းမှုတို့ရှိနေပြီး တောက်ပ သောမျက်လုံးများသည် သက်တန့်တစ်ခု ရောင်ပြန်နေသလိုပင်။ ဇွဲကြီးသည် ဆိုသည့်အဓိပ္ပာယ်မှာ ရင်ထဲကိုထိလောက်သည်။
ရှီရှောင်မိုသည် သစ္စာမဆိုမရမချင်း စိတ်မအေးနိုင်ပေ။ သူမ ထွက်မသွား ခင်တွင် ပေထင်းဟွမ်အတွက် တံဆိပ်ပြားတစ်ခုချန်ထားခဲ့သည်။ ၎င်းကို ကမ္ဘာ မြေတွင်သာတွေ့နိုင်သော ရွှေနှင့်ပြုလုပ်ထားသော သော့ခလေက်ဖြစ်သည်။ မိုယွိဆိုသည့်စာလုံးကို အရှေ့တွင် ထွင်းထုထားပြီး ဖူရှို့ယုံချန်းဆိုသည့် စကား လေးလုံးကို ရေးထားသည်။ စာလုံးတစ်လုံးစီသည် ရွှေရောင်နှင့်ငွေရောင် တောက်နေသည်။ ထိုကဲ့သို့စာလုံးမျိုးကိုရေးနိုင်သည့်လူသည် မည်မျှပင် အံ့ဩ ဖို့ကောင်းပြီး လှပမည်ကို မသိနိုင်တော့ပေ။
“ဒါကို ငါ့အစ်ကို သူငယ်ငယ်တုန်းကရေးခဲ့တာ နောက်ပိုင်း မင်း ၃၃ ကောင်းကင်ဘုံကိုသွားမယ်ဆိုရင် မန္တလာမြေကို ဖြတ်ရမှာပဲ၊ ငါ့အစ်ကိုက အခု မန္တလာမြေမှာရှိတယ်၊ မင်းသွားရင်တော့ သူ့ဆီကိုသွားလို့ရတယ်၊ သူ့နာမည်က ရှီမိုယွိ ငါ့နာမည်က ရှီရှောင်မိုပါ” ရှီရှောင်မို ညွှန်ကြားလေသည်။ သူမသည် အမှန်တကယ်ပင် ကတိတည်ပြီး တစ်ယောက်နှင့်တစ်ယောက် ထောက်ပံ့မည် ဖြစ်သည်။
“ဟုတ်ပြီ” သူမ ငြင်းလိုက်လျှင် အတုအယောင်ဆန်သွားမည်ကို ပေထင်းဟွမ်သိသည်။