← Chapters

ထျန်းလင်အသီးလောက်အတွက်နဲ့

Vol. 52 Ch. 1030

ထျန်းလင်အသီးလောက်အတွက်နဲ့

Vol. 52 Ch. 1030

သူတို့သုံးယောက်ကိုပို့ပြီးနောက်တွင် ပေထင်းဟွမ်သည် ချင်းယွိနောက် သို့လိုက်ပြီး တာဝမြို့သို့ ပြန်လာခဲ့လိုက်သည်။ နှင်းဝံပုလွေဌာနချုပ်သို့ပြန်သွား ရာ ဌာနချုပ်တစ်ခုလုံးသည် လစ်ဟာနေပြီး အားကောင်းသော အစောင့်အကြပ် အနည်းငယ်သာ တံခါးကိုစောင့်ကြပ်နေကြသည်။ ပေထင်းဟွမ်သည် အနည်း ငယ် စိုးရိမ်သွားကာ မုချင်းလင်တစ်ခုခုဖြစ်နေပြီလားဟု သိချင်သွားသည်။

ချင်းယွိပြန်လာသည်ကိုကြည့်ပြီး ကြေးစားအဖွဲ့၏ နေ့စဉ်ကိစ္စများကို စီမံသူသည် အမြန်ပြေးလာသည်။ ချင်းယွိသည် စိတ်မရှည်စွာနှင့်မေးလိုက် သည် “တပ်စုက တစ်ခုခုဖြစ်လို့လား ပြီးတော့ မိန်းကလေးမုရော၊ သူမ တစ်ခုခု ဖြစ်တာလား”

ကြေးစားအဖွဲ့သည် လစ်ဟာနေသည်။ ကြေးစားအဖွဲ့၏သခင်လေးတစ် ယောက်အနေနှင့် သူသည် ကြေးစားအဖွဲ့ တစ်စုံတစ်ခုဖြစ်သွားမည်ကို အလွန် စိတ်ပူသည်။ သို့သော် သူသည် မုချင်းလင်ကို အရင်မေးလိုက်ရာ ပေထင်းဟွမ် ရင်ထဲထိမိလေသည်။

ကြေးစားများသည် အမြန်ပင် လက်များဝေ့ယမ်းပြီးပြောလေသည် “မဟုတ်ဘူး မဟုတ်ဘူး မိန်းကလေးမုက ဘာမှမဖြစ်ဘူး၊ တပ်စုထဲမှာ ကြေးစား အစည်းအရုံးဥက္ကဌက အဖွဲ့ခေါင်းဆောင်ကိုဖတ်ပြီး ဆွေးနွေးစရာရှိတယ်လို့ ပြောတယ်၊ အဖွဲ့ခေါင်းဆောင်က တပ်စုထဲမှာနေတဲ့လူအကုန်လုံးကို ခေါ်သွား တာပဲ၊ မိန်းကလေးမုကလည်း လိုက်သွားပြီးကြည့်ချင်တယ်ဆိုလို့ အတူသွားကြ တယ်”

“ကြေးစားအစည်းအရုံးဥက္ကဌလား” ချင်းယွိသည် မျက်မှောင်ကြုတ်ပြီး ပေထင်းဟွမ်ဘက်သို့ ခေါင်းလှည့်ကာပြောလေသည် “ရှောင်ကျို့ ပြဿနာ တော့ ရောက်လာပြီ၊ မဟာမိတ်မြို့မှာတုန်းက အရင်က မင်း အသီးတစ်သုတ် ပေးခဲ့တာ လူတွေအများကြီးလာဝယ်ကြတယ်၊ အဲဒါကို ငါ ဘယ်လိုရောင်းနိုင် မှာလဲ၊ အကုန်လုံးကို ငြင်းခဲ့တာ၊ တခြားအင်အားစုတွေက အဆင်ပြေတယ်၊ သူတို့တွေက အသိပညာရှိကြတယ် လာရန်မစရဲကြဘူး၊ အဆိပ်ပျားကြေးစား အဖွဲ့တစ်ခုတည်းကသာ နေ့တိုင်းလာတောင်းပန်နေတာ၊ နောက်ဆုံးတစ်ခေါက် ကြေးစားအစည်းအရုံးဥက္ကဌခေါ်တုန်းက ငါ တောင်းပန်ခဲ့တာ ဒါပေမဲ့ ဒီတစ် ခေါက်တော့ ဘာဖြစ်မလဲမသိဘူး”

သူတို့နှစ်ယောက်သည် လမ်းလျှောက်ရင်း စကားပြောလာကြသည်။ သူ ထွက်သည်နှင့် မြို့အရှေ့ဘက်ခြမ်းမှ ဟိန်းသံနှင့် ဆဲဆိုသံများကြားနေရသည်။ မြေကြီးသည် တဒင်္ဂလှုပ်ခါသွားသည်။ ကြီးမားသောစွမ်းအင်အတက်အကျရှိ လာသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ခြေဖျားနှင့်မြေကြီးထောက်ကာ ထိုဘက်သို့ပျံသွားလိုက်သည်။

မြို့၏အရှေ့ဘက်တွင် ကြေးစားအစည်းအရုံးတည်ရှိသည်။ အစည်းအရုံး ၏ ဝင်ပေါက်တွင် ကွင်းပြင်တစ်ခု အထူးတည်ဆောက်ထားသည်။ ရင်ပြင် အလယ်တွင် စည်းဝိုင်းတစ်ခုရှိသည်။ ထိုနေရာတွင် လူအများအပြားလည်းရှိနေ ပြီး တခြားကြေးစားအဖွဲ့မှအဖွဲ့ဝင်များလည်း ကြည့်ရှုရန် စိတ်လှုပ်ရှားနေကြ သည်။ မုချင်းလင်ကို မူရှီနှင့် ထောင်နောင့်တို့နှစ်ယောက်ညှပ်ပြီး ကာကွယ်ထား သည်ကို အဝေးမှမြင်နေရသဖြင့် စိုးရိမ်စရာမရှိတော့ပေ။

သူတို့နှစ်ယောက် ထိုနေရသို့ရောက်ပြီးနောက် နှင်းဝံပုလွေရှိရာနေရာ သည် တိတ်ဆိတ်နေသည်ကိုတွေ့ရသဖြင့် အသံမထွက်ဘဲချည်းကပ်သွားလိုက် သည်။ ထိုအချိန်တွင် စည်းဝိုင်းထဲ၌ နှင်းဝံပုလွေကြေးစားအဖွဲ့ခေါင်းဆောင်နှင့် တခြားဝိညာဉ်ဂိုဏ်းမှသခင်တစ်ယောက်တို့သည် တိုက်ခိုက်နေကြပြီဖြစ်သည်။ အစောက စွမ်းအင်အတက်အကျတို့သည် ထိုလူနှစ်ယောက်ကြောင့်ဖြစ်နိုင်၏။ အတန်ကြာအောင်တိုက်ခိုက်ပြီးနောက်တွင် တစ်ဖက်လူ၏ အားနည်းချက်ကို ရှာရန်အခွင့်အရေးကို စောင့်နေကြပုံပင်။

စည်းဝိုင်းထဲတွင် ချင်းသွမ့်သည် အသက် ၄၀၊ ၅၀ အရွယ်ရှိ သခင်တစ် ယောက်နှင့် တိုက်ခိုက်နေသည်။ သူသည် ကြေးစားအစည်းအရုံးဝတ်ရုံကို ဝတ် ဆင်ထားကာ လက်ကောက်ဝတ်ကို အနည်းငယ်လှုပ်ရှားပြီး ချင်းသွမ့်အား သိမ်းငှက်မျက်လုံးနှင့်ကြည့်ကာ မပျော်မရွှင်ပြောလေသည် “သခင်ကြီးချင်းသွမ့် တန်ဖိုးသတ်မှတ်တာပေါ့၊ နှင်းဝံပုလွေကြေးစားအဖွဲ့က ပြည်မကြီးမှ ရှားပါးတဲ့ အေအဆင့်ကြေးစားအဖွဲ့ဖြစ်ရင်တောင် ကြေးစားအစည်းအရုံးရဲ့ အောက်မှာပဲ ရှိတာပဲ၊ ခင်ဗျားသိတဲ့အတိုင်း တခြားအက်စ်အဆင့် တာဝန်လုပ်ရင် ကြေးစား အစည်းအရုံးကို အဆင့်တက်နိုင်တယ်၊ ဝိညာဉ်သစ်သီးလေးတစ်ခုအတွက် ကြောင့်နဲ့ ကျုပ်တို့ရဲ့ ကြေးစားအစည်းအရုံးနဲ့ ကွဲပြဲတော့မှာလား”

ထိုလူသည် ကြေးစားအစည်းအရုံးမှဖြစ်သည်။ ပေထင်းဟွမ်သည် သူ့ကို မသိပေ။ မုံ့နှင့်ယှဉ်လျှင် ဤလူသည် ရာထူးမြင့်သည်။ ပေထင်းဟွမ်သည် မပျော်ရွှင်နိုင်တော့ဘဲ လက်ပိုက်ကာ မေးလိုက်သည် “အစ်ကိုချင်းယွိ ဒီ အဆိပ် ပျားကြေးစားအဖွဲ့ရဲ့ နောက်ခံကဘာလဲ၊ ကြေးစားအစည်းအရုံရဲ့ ဥက္ကဌကို ဘယ်လိုခန့်နိုင်တာလဲ အက်စ်အဆင့်ကြေးစားအဖွဲံလား”

“မဟုတ်ဘူး ပြည်မကြီးမှာ သံမဏိသွေးအပြင် အက်စ်အဆင့်ကြေးစား အဖွဲ့ရှိသေးတယ်” ချင်းယွိသည် စိုးရိမ်နေသော်လည်း ပေထင်းဟွမ်ကို ပြုံးပြနေ တုန်းပင်။

All Chapters