← Chapters

အားကောင်းတဲ့နောက်ခံကလည်း ကပ်ဘေးကိုယူလာ နိုင်တယ်

Vol. 52 Ch. 1031

အားကောင်းတဲ့နောက်ခံကလည်း ကပ်ဘေးကိုယူလာ နိုင်တယ်

Vol. 52 Ch. 1031

ပေထင်းဟွမ်သည် သူ၏မျက်လုံးထဲမှ စိုးရိမ်မှုများကို လက်လွှတ်မခံပေ။ ထင်ရှားစွာပင် ကိစ္စသည် နှင်းဝံပုလွေကို ပြဿနာများစွာဖြစ်စေနိုင်သည်။ သူမ မဟာမိတ်မြို့တွင်နေစဉ်က ပြည်မကြီးတွင် နာမည်ကျော်အောင်လုပ်ရန် တိုက် ကြီးတစ်ခုလုံးရှေ့တွင် အစ်ကိုကြီးချင်းယွိအား ဝိညာည်သစ်သီးပေးခဲ့သည်။ ထိုအမှန်တရားသည် ယေက်ျားတစ်ယောက်ကို အပြစ်မကင်းစိတ်ဖြစ်စေလိမ့် မည်ဟု လုံးဝထင်မထားခဲ့ပေ။

အစ်ကိုကြီးချင်းယွိကဲ့သို့ စေ့စပ်သောလူမျိုးသည် လောဘကြီးသည့်လူ ဖြစ်လိမ့်မည်ဟု ဘယ်သောအခါမှမထင်ခဲ့ပေ။ သို့သော် သူ ယူလိုက်ရသည်မှာ လည်း သူမ၏ဆန္ဒကို ဖြည့်ဆည်းပေးချင်၍ဖြစ်သည်။

ထိုအကြောင်းအားတွေးပြီး ပေထင်းဟွမ်သည် ရင်ထဲထိသွားသလို အပြစ် မကင်းစိတ်လည်းဖြစ်မိသည်။

“စင်ပေါ်ကလူက တာဝမြို့ ကြေးစားအစည်းအရုံးခွဲရဲ့ ဥက္ကဌပဲ နာမည်က ဖေးကာ သူက အဆိပ်ပျားကြေးစားအဖွဲ့ရဲ့ တကယ့်ခေါင်းဆောင်ပဲ လက်ရှိ အဆိပ်ပျားခေါင်းဆောင်ကို သူပြခန့်ထားတာ၊ အဆိပ်ပျားကြေးစားအဖွဲ့က အခု ဘီအဆင့်ကြေးစားအဖွဲ့ပဲရှိသေးတယ်၊ အေအဆင့်တာဝန်နှစ်ခုပြီးသွားပြီ အေ အဆင့်တာဝန်နောက်တစ်ခုပြီးသွားတာနဲ့ အေအဆင့်တက်သွားတော့မှာ၊ အဲဒါ ကြောင့် ငါတို့ကို ပြဿနာလာလာရှာနေကြတာ” ချင်းယွိသည် အသံကိုနှိမ့်ပြော လေသည်။

ထိုအခါမှပင် ထျန်းလင်သစ်သီးသည် နတ်သားရဲများမှကာကွယ်ပေးသည့် ကောင်းကင်ပစ္စည်း၊ မြေကြီးရတနာဖြစ်သည်ကို ပေထင်းဟွမ် အမှတ်ရသွား တော့သည်။ ဘီအဆင့်ကြေးစားတပ်စုတစ်ခုမှ တာဝန်ပြီးမြောက်အောင် လုပ် ချင်သည့်ကိစ္စပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဖေးကာသည် နှင်းဝံပုလွေကို မျက်စိ ကျနေခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် စင်ပေါ်၌ တခြားထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပေါ်လာ သည်။ ၎င်းသည် ဝိညာဉ်ဂိုဏ်းနှစ်ယောက်ကြားမှ ခန္ဓာကိုယ်ထည်အရ ရင်ဆိုင် ခြင်းဖြစ်သော်လည်း စွမ်းအင်အတက်အကျသည် အလွန်ပင်ထိတ်လန့်စရာ ကောင်းလှသည်။ ဖေးကာ၏ခွန်အားသည် ဓား ၉ လက် ဝိညာဉ်ဂိုဏ်းအဆင့်ဖြစ် ကာ ချင်းသွမ့်သည် ဓား ၃ လက်ဝိညာဉ်ဂိုဏ်းသာဖြစ်သည်။ အဆင့်နိမ့်ဓားနှင့် အဆင့်မြင့်ဓားတို့အကြားတွင် မယှဉ်နိုင်လောက်အောင် ကွာခြားချက်ရှိသည်။ ချင်းသွမ့်သည် ထင်ရှားစွာပင် အရေးနိမ့်နေပြီဖြစ်သည်။

ချင်းသွမ့်၏မျက်လုံးများသည် လူသတ်မည့်ရောင်ဝါများပြည့်နေသည်။ သူသည် အဆင့်နိမ့်ဓားသမားဖြစ်သော်လည်း ပြည်မကြီးရှိ ပထမကြေးစားတပ် စု၏ခေါင်းဆောင်အနေနှင့် ချင်းသွမ့်၏လက်ထဲတွင်လည်း ဝှက်ဖဲတချို့ရှိသည် “ဥက္ကဌဖေးကာ ကြေးစားအစည်းအရုံးခွဲရဲ့ ဥက္ကဌအနေနဲ့ ခင်ဗျားက စည်းမျဉ်း တွေချိုးဖောက်ပြီး ကြေးစားအဖွဲ့ သီးသန့်ဖွဲ့ထားတာ၊ အဆိပ်ပျားက တာဝမြို့ က ကြေးစားအစည်းအရုံးရဲ့ အကျိုးအမြတ်တစ်ဝက်ကို ရနေပြီးပြီ၊ ခင်ဗျားက ထျန်လင်သစ်သီးအတွက်နဲ့ နှင်းဝံပုလွေကို လာစော်ကားနေတာ၊ ကျုပ်တို့ရဲ့ နှင်းဝံပုလွေခွန်အားကို တကယ်လျစ်လျူရှုရဲတာလား”

“ခင်ဗျားတို့နှင်းဝံပုလွေမှာ ထျန်လင်အသီးတွေအများကြီးရှိတာပဲ၊ ခင်ဗျားတို့နှင်းဝံပုလွေရဲ့ နောက်ကွယ်မှာ အရင်ဇာမဏီမြို့၊ အခုမဟာမိတ် အင်ပါယာရှိတာကို ကျုပ်သိတယ်၊ ဒါပေမဲ့ မမေ့လိုက်နဲ့ ဇာမဏီမြို့ဖြစ်ဖြစ်၊ မဟာမိတ်အင်ပါယာဖြစ်ဖြစ် စီရင်ချက်ဗိမာန်ရဲ့ အကြီးဆုံးရန်သူပဲ သန်မာတဲ့ နောက်ခံက ခင်ဗျားကိုဂုဏ်ယူလာပေးလိမ့်မယ် ဒါပေမဲ့ ကပ်ဘေးကိုလည်း ယူလာပေးမှာပဲ၊ သခင်ကြီးချင်းသွမ့်၊ လက်ရှိကိစ္စကိုသိတဲ့လူက သူရဲကောင်းပဲ၊ ကျုပ်က တာဝမြို့က ကြေးစားအဖွဲ့ဥက္ကဌပဲ၊ ခင်ဗျားသာ ထျန်လင်အသီးကို အဆိပ်ပျားဆီကိုရောင်းတာနဲ့ ခင်ဗျားရဲ့ ကြေးစားအခကြေးငွေကို ၁၀ ရာခိုင်နှုန်း လျှော့ပေးနိုင်တယ်” ဖေးကာသည် အအခိုက်အတန့်ကိုမေ့သွားလေ သည်။ တာဝမြို့တစ်ခုလုံးတွင် ကြေးစားအဖွဲ့၏ အဖွဲ့ဝင်ရာချီရှိနေသည်။ ထိုင်းမှိုင်းသောမျက်နှာနှင့် သူသည် မရှက်မရွံ့ပြောနေသည်။

နှင်းဝံပုလွေကြေးစားအဖွဲ့သည် ဖေးကာ၏ကမ်းလှမ်းချက်ကို မည်သို့ လက်ခံရဲမည်နည်း။ သဘောတူလိုက်သည်နှင့် လူထုသည် ထကြွလိမ့်မည်။ ဖေးကာ၏ လှုပ်ရှားမှုသည် သူ့အိတ်ကိုဖြည့်ကာ ကြေးစားအစည်းအရုံး၏ အကျိုးအမြတ်ကို ကိုယ့်အကျိုးအတွက် သုံးနေခြင်းဖြစ်သည်။ နှင်းဝံပုလွေ ကြေးစားအဖွဲ့သည် ပြည်မကြီးတွင် နံပါတ်တစ် ကြေးစားအဖွဲ့ဖြစ်ခဲ့ဖူးသည်။ သူတို့၏ စီးပွားရေးနယ်ပယ်မှာလည်း မည်မျှကြီးမားလိုက်သနည်း။ သံမဏိ သွေးနှင့် မဟာမိတ်ဖွဲ့ပြီးနောက် ၎င်း၏ဂုဏ်သတင်းကို သက်ရောက်သည်သာ မကဘဲ ဆန့်ကျင်ဘက်အနေနှင့် ၎င်း၏ခွန်အားမှာလည်းများစွာတိုးတက်လာခဲ့ သည်။ အဓိကအင်အားစုများ ပို့ပေးသည့် တာဝန်များကိုရလာသည်။

နှင်းဝံပုလွေ၏ကုန်ကျစရိတ်များ လျှော့ချခံရသည်နှင့် ကြေးစားအစည်း အရုံးသည် ဌာနချုပ်ဆီသို့ စီးပွားရေးများ ကူးပြောင်းရန် ဖြန့်လိုက်မည်ဖြစ်၏။

ဖေးကာစကားမဆုံးခင်မှာပင် ရင်ပြင်တစ်ခုလုံးသည် ပွက်လောညံသွား သည်။ ထိုနေရာတွင် ကြေးစားတပ်ဖွဲ့တစ်ရာကျော်ရှိသည်။ ထိုအချိန်တွင် အားလုံး၏မျက်နှာများသည် အကျည်းတန်သွားကာ မျက်လုံးထဲတွင် ဒေါသ မီးတောက်များဖြစ်ပေါ်လာသည်။ ဖေးကာ၏လှုပ်ရှားမှုသည် လူထု၏ဒေါသကို ဆွပေးလိုက်ခြင်းပင်။

All Chapters